Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, February 10, 2018

သင်ဟာ ရှုံးနိမ့်မှာကို ကြောက်တတ်သူလား၊ ဒါလေးကို ဖတ်ကြည့်ပါ


လူတိုင်းကတော့ ရှုံးရမှာကို ကြောက်တတ်သူတွေ ချည်းပါပဲ။
ဘယ်သူမဆို ပြိုင်ရင်လည်း နိုင်ရမှ၊ လုပ်ငန်းတစ်ခုခု လုပ်ရင်လည်း ဖြစ်ဖြစ်မြောက်မြောက် ဖြစ်ရမှကို ကျေနပ်ကြသူတွေပါ။ ဒါပေမဲ့ ရှုံးမှာ၊ အဆင်မပြေဖြစ်မှာကို ကြောက်လို့ အစကတည်းက မကြိုးစားဘဲ လက်လျှော့မယ်ဆိုရင်တော့  ဘယ်ဖြစ်ဦးမလဲ။


အောင်မြင်တဲ့ သူတွေမှာလည်း လူသိနည်းခဲ့တဲ့ ရှုံးနိမ့်မှုတွေ ရှိပါတယ်။ ဘတ်စ်ကတ်ဘော ချန်ပီယံ မိုက်ကယ်ဂျော်ဒန်ဆိုရင် ဘတ်စ်ကတ်ဘော သမိုင်းတလျှောက်မှာ အကောင်းဆုံးစာရင်းဝင် အားကစားသမားတစ်ဦးပါ။ ဒါပေမဲ့ သူဟာ အထက်တန်းကျောင်းတုန်းက ဘတ်စ်ကတ်ဘော အသင်းကနေ ထုတ်ပယ်တာ ခံခဲ့ရဖူးပါတယ်။ အကြောင်းအရင်းကတော့ သူ့ နည်းပြ အမြင်မှာ မိုက်ကယ်ဂျော်ဒန် ဟာ အရည်အချင်း မပြည့်မီတဲ့ အားကစားသမား ဖြစ်နေလို့ပါ တဲ့။  မိုက်ကယ်ဂျော်ဒန်သာ စိတ်ဓာတ်ကျပြီး ဘတ်စ်ကတ်ဘောအားကစားကို စွန့်လွှတ်ခဲ့ရင် ဘယ်လို ဖြစ်သွားနိုင်မလဲ … ။

ဒီလို ပြောတာဟာ ရှုံးနိမ့်ဖူးတိုင်း အောင်မြင်လာမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ အရှုံးကို ကျော်လွှားတဲ့ အခါ၊ ရှုံးနိမ့်မှာကို ကြောက်တဲ့ စိတ်ကို ရင်ဆိုင်တဲ့ အခါမှာ သုံးရမယ့် နည်းစနစ်တွေ ရှိပါတယ်။

၁) ပျင်းတာလား၊ အချိန် ဆွဲတာလား၊ တကယ်ကြောက်တာရော ဟုတ်ရဲ့လား -  လူဆိုတာက ကိုယ့်ကိုယ်ကို အသိဆုံးပါ။ တစ်ခါတစ်လေမှာ ကိုယ် လုပ်ချင်တဲ့ အလုပ်ကို လုပ်တော့မယ် ဆိုရင်တောင်မှ အချိန်ဆွဲတဲ့ စိတ်၊ ပျင်းတဲ့ စိတ်နဲ့ အပျက်ဘက်က ရွေးတွေးပြီး လက်လျှော့ ပစ်လိုက်ကြပါတယ်။ ရှုံးမှာ ကြောက်လို့ မလုပ်တာလား၊ ပျင်းလို့ မလုပ်တာလား ဆိုတာ ကိုယ့်ဘာသာကိုယ် ရှင်းလင်းအောင် လုပ်ပါ။

၂) ထပ်တလဲလဲ လုပ်မနေပါနဲ့ - “ သနားစရာကောင်းအောင် မိုက်မဲတဲ့ သူ ဆိုတာ အလုပ်တစ်ခုကို ပုံစံတစ်မျိုးထဲနဲ့ပဲ အကြိမ်ကြိမ် လုပ်နေပြီး မတူတဲ့ ရလဒ်တွေ ထွက်လာမယ်လို့ မျှော်လင့်နေတဲ့သူပဲ “ ဆိုတဲ့ ဆိုရိုးစကားတစ်ခု ရှိပါတယ်။ ဇွဲရှိရင် အောင်မြင်တယ်ဆိုပေမယ့် နေရာတိုင်းတော့ မဟုတ်ပါဘူး။ ဆင်ခြင်ဉာဏ်မပါတဲ့ ဝီရိယဆိုတာ အချိန်ဖြုန်းတာ သက်သက်ပါ။  ပြီးခဲ့တဲ့ ရှုံးနိမ့်မှုတွေမှာ ဘာတွေ မှားခဲ့သလဲ၊ အခြေအနေ၊ အချိန်အခါက ဘယ်လို ရှိနေခဲ့သလဲ ဆိုတာကို လေ့လာပါ။ နောက်တစ်ခေါက် အဲဒါတွေ ထပ် မဖြစ်ရအောင် ပြင်ဆင်ပါ။

၃)  ပြင်ဆင်ပါ ၊ ပြင်ဆင်ပါ ၊ ပြင်ဆင်ပါ - ဖြစ်လာနိုင်သမျှ အခြေအနေအားလုံးကို ကြိုတွက်ဆပါ ။ လစ်ဟာမှု မရှိအောင် ကြိုတွက်ထားပါ။ ပြီးတော့ ကိုယ် ကြိုးစားတဲ့ လမ်းကြောင်းတစ်ခုက လက်တွေ့ဖြစ်မလာဘူးဆိုရင် တခြား ဘယ်လို လုပ်မလဲ ဆိုတဲ့ အရံ လမ်းကြောင်း (Plan-B) ကိုလည်း ပြင်ဆင်ထားပါ။ ကိုယ့် အနေနဲ့ ထောင့်စေ့နေအောင် ပြင်ဆင်ထားတာကို ကိုယ့်ဘာသာကိုယ် သိနေရင် ယုံကြည်မှုလည်း ပို တိုးပွားလာစေပါတယ်။

၎) အကောင်းမြင်ပါ - ဒီစကားက လူပြောသူပြောများလို့ ရိုးအီသွားလောက်ပေမယ့် တကယ်တမ်းမှာ အသုံးဝင်လှပါတယ်။ အရှုံးကို ကြောက်တဲ့ စိတ် ဆိုတာမျိုးမှာ အရှုံးရဲ့ နောက်ဆက်တွဲ ရလဒ်တွေကို ကြောက်တဲ့ စိတ်လည်း ပါ ပါတယ်။ “ ငါ ဒီတစ်ခါ ရှုံးသွားရင် ပတ်ဝန်းကျင်က လူတွေကို ဘယ်လို မျက်နှာပြရမလဲ” ၊ “ ဒီကိစ္စမှာ အဆင်မပြေ ဖြစ်သွားရင် ငါ့ကို အသုံးမကျတဲ့ သူ ဆိုပြီး ဝိုင်းကဲ့ရဲ့ကြတော့မှာပဲ “ ဆိုပြီး ကြောက်တဲ့ စိတ်မျိုးပါ။

မြန်မာစကားမှာ “ ချီးမွမ်း ခုနစ်ရက် ၊ ကဲ့ရဲ့ ခုနစ်ရက် “ ဆိုတဲ့ စကားပုံ ရှိပါတယ်။ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှု တစ်ခု ဟာ ဖြစ်ထွန်းသည် ဖြစ်စေ ၊ မဖြစ်ထွန်းသည် ဖြစ်စေ အချိန်တစ်ခု ကြာရင်တော့ လူတွေက မေ့သွားကြမှာပါ။ ဒါပေမဲ့ ကာယကံရှင်ဖြစ်တဲ့ ကိုယ့်အတွက်တော့ အောင်မြင်မှုတစ်ခု၊ မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ရင် ဒါ အမှတ်တရပါပဲ။ ဒါကြောင့် နောက်ဆက်တွဲတွေကို တွေးပြီး အဆိုးမြင်နေတဲ့ အကျင့်ကို ဖျောက်ပါ။

လူ့ဘဝဆိုတာ တိုတောင်းလှပါတယ်။ ရှုံးနိမ့်မှာကို ကြောက်တဲ့ စိတ်တွေကြောင့် ကိုယ် လုပ်ချင်တာကို မလုပ်လိုက်ရဘူးဆိုရင် အသက်ရှင်ရတာ မတန်ပါဘူး။ 

ကျော်သန့် (ရိုးရာလေး)
 http://yoyarlay.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။