အောင်လအန်ဆန်း
ကို အားလုံးသိကြမှာပါ။ သူ့ရဲ့ ဒုတိယမြောက် ချန်ပီယံခါးပတ်ကို ၅၈ စက္ကန့်နဲ့
အလဲထိုး အနိုင်ယူခဲ့ပါတယ်။ မိနစ် ၉၀ ဘောလုံးပွဲကို
ကြည့်ပြီးအားပေးတာအသားကျနေတဲ့ မြန်မာတွေအတွက်တော့ အားမရပါဘူး။ သိပ်မြန်လွန်းနေပါတယ်။
ပွဲအပြီးမှာ အောင်လအန်ဆန်းက ဒီလိုပြောပါတယ်။
"အများအမြင်မှာ စက္ကန့်ပိုင်းလောက်လေးနဲ့ ပွဲပြီးသွားတယ်ဆိုပေမယ့် အဲ့လိုဖြစ်လာဖို့ ကျွန်တော်အချိန်တွေများကြီး ပေးပြီး ကြိုးစားခဲ့ရတယ်။ ဒီပွဲအတွက် မိသားစုနဲ့တောင် မတွေ့နိုင်ပဲ တစ်ယောက်တည်းလေ့ကျင့်နေခဲ့ရ တယ်"
ဒီလိုပါပဲ။ မပြင်မဆင်ဘဲ နေ့ချင်းညချင်းအောင်မြင်သွားတဲ့ ဘုရားရဲ့လူ ဆိုတာ ကျမ်းစာထဲမှာမတွေ့ဖူးဘူး။
သမိုင်းထဲမှာလည်းမရှိဘူး။
နောဧဟာ သဘောင်္တည်ဆောက်တာ ပြီးဖို့ ၇၅ နှစ်လောက် အချိန်ယူခဲ့ရတယ်။
အဗြံဟံဟာ ၇၅ နှစ်မှာ ကတိစကားရခဲ့ပေမယ့် အသက် ၁၀၀ ရောက်မှ သားဣဇက်ကိုရခဲ့တယ်။
ယောသပ်ဟာ သူ့အိပ်မက်အကောင်အထည်ပေါ်ဖို့  ၁၅ နှစ်တာ ဒုက္ခများစွာကို ကျော်ဖြတ်ခဲ့ရတယ်။
မောရှေဟာ အသက် ၄၀ ဆယ်မှာ လောကီပညာစုံလင်ပေမယ့် အသက် ၈၀ ရောက်မှ ဘုရားစသုံးခဲ့တယ်။
ယောရှု နဲ့ ကာလက်ဟာ ယုံကြည်ခြင်းအပြည့် နဲ့ ကတိတော်ပြည်ဝင်ဖို့ အဆင်သင့်ဖြစ်နေပေမယ့် ကန္တာရထဲမှာ နှစ် ၄၀ နီးပါးစောင့်နေခဲ့ရတယ်။
ဒါဝိဒ်ဟာ ဘိသိက်ရတဲ့အချိန်ကစလို့ ရှင်ဘုရင်ဖြစ်ဖို့ နှစ် ၂၀ လောက်တိုက်ပွဲတွေရင်ဆိုင်ခဲ့ ရတယ်။
တစ်ချို့တွေက ကိုယ့်ကိုယ်ကို အဆင်သင့်ဖြစ်နေပြီလို့ထင်နေ ပေမယ့်...
မိမိနဲ့ သက်ဆိုင်တဲ့ ဘုရားရဲ့အချိန်မရောက်သေးတြာ ဖစ်နိုင်တယ်။
သင့်အချိန်များ ရောက်လာခဲ့မယ်ဆိုရင် သင်ဘာတွေလုပ်မှာလဲ။
လုံလောက်တဲ့ လေ့ကျင့် ပြင်ဆင်မှုမျိုးနဲ့ စောင့်နေတာဟုတ်ရဲ့လား။
100%Love
Leadership & Mentoring
ပွဲအပြီးမှာ အောင်လအန်ဆန်းက ဒီလိုပြောပါတယ်။
"အများအမြင်မှာ စက္ကန့်ပိုင်းလောက်လေးနဲ့ ပွဲပြီးသွားတယ်ဆိုပေမယ့် အဲ့လိုဖြစ်လာဖို့ ကျွန်တော်အချိန်တွေများကြီး
ဒီလိုပါပဲ။ မပြင်မဆင်ဘဲ နေ့ချင်းညချင်းအောင်မြင်သွာ
သမိုင်းထဲမှာလည်းမရှိဘူး။
နောဧဟာ သဘောင်္တည်ဆောက်တာ ပြီးဖို့ ၇၅ နှစ်လောက် အချိန်ယူခဲ့ရတယ်။
အဗြံဟံဟာ ၇၅ နှစ်မှာ ကတိစကားရခဲ့ပေမယ့် အသက် ၁၀၀ ရောက်မှ သားဣဇက်ကိုရခဲ့တယ်။
ယောသပ်ဟာ သူ့အိပ်မက်အကောင်အထည်ပေါ်ဖို
မောရှေဟာ အသက် ၄၀ ဆယ်မှာ လောကီပညာစုံလင်ပေမယ့် အသက် ၈၀ ရောက်မှ ဘုရားစသုံးခဲ့တယ်။
ယောရှု နဲ့ ကာလက်ဟာ ယုံကြည်ခြင်းအပြည့် နဲ့ ကတိတော်ပြည်ဝင်ဖို့ အဆင်သင့်ဖြစ်နေပေမယ့် ကန္တာရထဲမှာ နှစ် ၄၀ နီးပါးစောင့်နေခဲ့ရတယ်။
ဒါဝိဒ်ဟာ ဘိသိက်ရတဲ့အချိန်ကစလို့ ရှင်ဘုရင်ဖြစ်ဖို့ နှစ် ၂၀ လောက်တိုက်ပွဲတွေရင်ဆိုင်ခဲ
တစ်ချို့တွေက ကိုယ့်ကိုယ်ကို အဆင်သင့်ဖြစ်နေပြီလို့ထင်နေ
မိမိနဲ့ သက်ဆိုင်တဲ့ ဘုရားရဲ့အချိန်မရောက်သေးတြာ
သင့်အချိန်များ ရောက်လာခဲ့မယ်ဆိုရင် သင်ဘာတွေလုပ်မှာလဲ။
လုံလောက်တဲ့ လေ့ကျင့် ပြင်ဆင်မှုမျိုးနဲ့ စောင့်နေတာဟုတ်ရဲ့လား။
100%Love
Leadership & Mentoring
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။