Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, February 5, 2018

ငွေစုဆောင်းတာ ချွန်သူတို့ရဲ့ အတုယူဖွယ် အလေ့အထများ

ငွေစုဆောင်းတာ ချွန်သူတို့ရဲ့ အတုယူဖွယ် အလေ့အထများ

“ချွေတာစုဆောင်း သူဋ္ဌေးလောင်း” ဆိုတဲ့ စကားက ဒီခေတ်ကြီးထဲမှာ မှန်ပါသေးရဲ့လား။ ချွေတာစုဆောင်းတတ်ရုံနဲ့ သူဋ္ဌေးဖြစ်တဲ့ ခေတ်မဟုတ်တော့တာတော့ သေချာပါတယ်။ ဒါပေမယ့် သူဋ္ဌေးဖြစ်ချင်ရင်တော့ ချွေတာစုဆောင်းတာကပဲ စရမှာပါပဲ။ နေရာတကာမှာ လက်ဖွာပြီး အသုံးအဖြုန်းကြမ်းတဲ့ သူကတော့ (မွေးရာပါ ကျိကျိတက်ချမ်းသာတဲ့သူမှတပါး) သူဋ္ဌေးဘဝကို ရောက်မှာတော့ မဟုတ်ပါဘူး။

ဒါပေမယ့် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ သေချာကြည့်တတ်ရင် ငွေစုဆောင်းတာ တော်တဲ့သူတွေ အများကြီးပါပဲ။ အဲဒီသူတွေမှာ ထူးခြားတဲ့ ဝိသေသလက္ခဏာလေးတွေလည်း ရှိပါတယ်။ အဲဒါတွေကတော့…
၁။ နေ့ရွှေ့ညရွှေ့ မလုပ်ဘူး
play

ပိုက်ဆံစုမယ်ကွာ ဆိုတဲ့စိတ်လေးတော့ ဝင်လာပါရဲ့။ “အင်း ဒါလေးဝယ်ပြီးမှ စစုပါတော့မယ်” တို့၊ “ဟိုဟာလေး ဝယ်ပြီးမှ စစုပါတော့မယ်” တို့ လုပ်နေရင်တော့ ဘယ်တော့မှ စုဖြစ်မှာမဟုတ်တော့ပါဘူး။ တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲဆိုတဲ့ စကားပုံအတိုင်း နည်းနည်း၊ နည်းနည်းလေးက စစုသွားရင် တဖြည်းဖြည်းနဲ့ ပမာဏတစ်ခု ရလာပြီး ငွေကြေးဥစ္စာလည်း တိုးပွားလာမှာပါ။ အကောင်းဆုံးကတော့ “ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်” ထဲကလို ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို မရရအောင် စုတာက စတာပါပဲ။
၂။ အနားယူချိန်အတွက် ဘဏ်အကောင့်သက်သက် ဖွင့်ထားတယ်
play

ငွေစုတာ တော်တဲ့သူတွေက အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှု အားကောင်းကြပါတယ်။ ငယ်ရွယ်စဉ်က မစုဆောင်းခဲ့တဲ့အတွက် ကြီးလာမှ ဘိုးဘွားရိပ်သာရောက်ရတာတို့၊ သားသမီးမျက်နှာ ကြည့်နေရတာတို့က တကယ်တော့ သိပ်စိတ်ညစ်ဖို့ကောင်းပါတယ်။ ကိုယ်ပိုက်ဆံရှာနိုင်သေးချိန်မှာ ပြဿနာမရှိပေမယ့် အငြိမ်းစားယူခါနီးကျမှ စုထားဆောင်းထားတာလေး မရှိရင်တော့ တော်တော်လေး တိုင်ပတ်ပါလိမ့်မယ်။ ဒါကြောင့် အနာဂတ်အတွက် ပြင်ဆင်ထားပြီး အနားယူချိန်အတွက် ဘဏ်အကောင့်သက်သက်တစ်ခု ဖွင့်ထားသင့်ပါတယ်။
၃။ လိုအပ်တာနဲ့ လိုချင်တာကြားက ကွာခြားချက်ကိုသိတယ်
play

ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ကော ပြန်မေးမိကြပါသလား။ ကျွန်တော်တို့တွေ နေ့စဉ်ဝယ်နေမိတဲ့ ပစ္စည်းအသုံးအဆောင်တွေက တကယ်ကော ကိုယ့်အတွက် မရှိမဖြစ်လိုအပ်ပါသလားဆိုပြီး။ ဥပမာ လက်ရှိကိုင်နေတဲ့ ဖုန်းလေး မော်ဒယ်အောက်နေလို့ အသစ်လဲချင်တယ်ဆိုရင် ကျွန်တော်တို့တွေ နှစ်ခါမစဉ်းစားဘဲ အသစ်တစ်လုံး ဝယ်လိုက်မိကြတယ်။ ဖုန်းအသစ်တန်ဖိုးက ကျွန်တော်တို့ တတ်နိုင်တဲ့ အတိုင်းအတာထဲမှာ ရှိနေတယ်ဆိုရင်တောင် မရှိမဖြစ်မလိုအပ်သေးသရွေ့ မဝယ်သင့်သေးပါဘူး။ ငွေစုဆောင်းတတ်သူကတော့ ဒီနှစ်ခုကြားက ကွာခြားချက်ကို ကောင်းကောင်းနားလည် ပါလိမ့်မယ်။
၎။ ဘတ်ဂျက်သတ်မှတ်ထားတယ်
play

ငွေစုဆောင်းတာာ တော်တဲ့သူတွေဟာ နေ့စဉ်အသုံးစရိတ်တွေအတွက် ဘတ်ဂျက်သတ်မှတ် သုံးစွဲပါတယ်။ ဥပမာ တစ်လလုံးမှာ စားစရိတ် (၁) သိန်း သတ်မှတ်ထားရင် အဲဒီ (၁) သိန်းနဲ့ မလောက် လောက်အောင် သုံးပါတယ်။ သုံးပြီးသမျှ ပိုက်ဆံကိုလည်း ငါးဆယ်၊ တစ်ရာကအစ မှတ်သားပြီး ဘတ်ဂျက်ထဲမှာ မှတ်တမ်းတင်ထားတတ်ပါတယ်။ မိမိရဲ့ဝင်ငွေ၊ ထွက်ငွေ စီးဆင်းမှု (Cash flow) ကို မိမိကိုယ်တိုင်ကပဲ နားလည်နေရင် ဝင်ငွေပိုကောင်းလာဖို့၊ စုဆောင်းငွေ ပိုများလာဖို့ လမ်းကြောင်းတွေကိုလည်း မြင်တတ်လာပါလိမ့်မယ်။
၅။ စုဆောင်းဖို့ကိုပဲ ဦးစားပေးတယ်
play

ငွေစုဆောင်းတတ်သူတွေရဲ့ သိသာထင်ရှားတဲ့ အချက်တစ်ချက်ကတော့ ငွေစုဆောင်းခြင်းကို နံပါတ်တစ်ဦးစားပေးအဖြစ် သတ်မှတ်ထားခြင်းပါပဲ။ ဘာကိုလည်း လိုချင်လိုချင်၊ ဘာကိုပဲ ဝယ်ချင်ဝယ်ချင် စုဆောင်းဖို့ သတ်မှတ်ထားတဲ့ ပမာဏတစ်ခုကို ရောက်ပြီးမှ ဝယ်ပါတယ်။ ဥပမာ တစ်လကို တစ်သိန်းစုကိုစုမယ်လို့ မှန်းထားရင် လစာထုတ်ပြီးတာနဲ့ အဲဒီတစ်သိန်းကို ရအောင်အရင်စုပါတယ်။ နောက်မှ ကျန်တဲ့ ပိုက်ဆံတွေကို သုံးတန်တာသုံး၊ စားတန်တာစားဖို့ ဘတ်ဂျက်ထဲထည့်ပါတယ်။

Source: Reader’s Digest

credit to duwun news

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။