Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, February 27, 2018

#ငွေကြေးချမ်းသာကြွယ်ဝချင်သူတိုင်း #သိထားသင့်တဲ့စီးပွားရေးမြေပုံ_၇ခု

 
 
#ငွေကြေးချမ်းသာကြွယ်ဝချင်သူတိုင်း
#သိထားသင့်တဲ့စီးပွားရေးမြေပုံ_၇ခု
**************************
၁။ မင်းပိုင်တဲ့တောင်းထဲမှာ
ကြက်ဥ ၁၀လုံး ရှိတယ်။
တစ်နေ့ကို ၉လုံးစားပြီး
၁လုံးချန်ထားလို့
၁၀ရက်ကြာရင် ဘာဖြစ်မလဲ။
ကြက်ဥ ၁၀လုံးရောက်နေပြီပေါ့။
တစ်လုံးလျှော့စားလိုက်တဲ့အတွက်
မင်းလည်း ဘာမှမသိသာပါဘူး။
အဲတော့ အလုပ်လုပ်မယ်ဆိုရင်
ကိုယ့်ဝင်ငွေ ၁၀ပုံ ၁ပုံကို
အမြဲချန်ထားရမယ်ကွ။
၉ပုံတောင်သုံးရတဲ့အတွက်
ဒီလောက်ကြီးလည်း
ခြိုးခြံစရာမလိုဘူးမလား။
ဒါ ငါပြောချင်တဲ့ မြေပုံ ၁ ကွ။

၂။ နောက်တစ်ခုက
မင်းရဲ့ဝင်ငွေထွက်ငွေတွေကို
သေသေချာချာသိထားဖို့လိုတယ်။
မလိုအပ်ပဲနဲ့ ထွက်နေတဲ့
လမ်းကြောင်းတွေရှိရင်
အမြန်ပိတ်ပစ်ပေတော့။
အဲလိုမှ မလုပ်ရင် အိတ်ပေါက်နဲ့
ဖားကောက်သလို ဖြစ်နေလိမ့်မယ်ကွ။
ဒါငါပြောချင်တဲ့ မြေပုံ ၂ ပဲ။

၃။ တတိယတစ်ခုက
ငွေကိုစုပေမယ့် သက်မဲ့လို
သဘောမထားရဘူး။
နွားတွေ ကြက်တွေ မွေးသလိုပေါ့။
အကောင်တွေပွား ၊ ဥတွေဥ
အကောင်ထပ်ပွားပေါ့ကွာ။
ငွေကိုငွေချင်းထပ်ပွားနိုင်ဖို့
အကျိုးရှိတဲ့နေရာတွေမှာ
ထည့်ဝင်မြုပ်နှံကွ။ အဲလိုမှမလုပ်ပဲငွေကို
သေတ္တာထဲ ထည့်သိမ်းထားမယ်ဆိုရင်
ငွေတေဟာအကြောသေသွားလိမ့်မယ်
လေဖြတ်တဲ့လူလို မင်းငွေတွေဟာ
အင်အားမရှိတော့ဘူး ပေါ့။
ဥပမာကွာ ငါ့သားမွေးတုန်းက
ငါငွေလေးနည်းနည်းအတိုးချထားတယ်။
ရတဲ့အတိုးတွေကိုမသုံးပဲ အရင်းထဲ
ထပ်မြုပ်တယ်။ အဲဒီကနေ
အတိုးပြန်ဖြစ် ငါ့သား ၁၂နှစ်ရောက်လို့
ကျောင်းပို့မယ်လုပ်တော့ ငွေကို
ပြန်ထုတ်လိုက်တာ မနည်းပါဘူးကွာ။
ဒါဟာမြေပုံ ၃ပေါ့။

၎။ နောက်တစ်ခုက
အလုပ်လုပ်တဲ့အခါမှာ
လောင်းကစား မဆန်ရဘူးကွ။
မြတ်ချင်မြတ် မမြတ်ရင်သွားဟ
ဆိုတဲ့သဘောမျိုးမလုပ်ရဘူး။
သေချာတာလောက်
ကိုယ်ကျွမ်းကျင်သလောက်
နိုင်သလောက်ပဲလုပ်ရမယ်။
လောင်းကစားလုပ်လို့ကတော့
ရလည်းခဏပဲ။
မွဲစရာရှိရင် မြန်မြန်မွဲသွားလိမ့်မယ်။
တစ်ခါက မိုးကြိုးသွားတစ်ခုကို
ငါ့လာရောင်းဖူးတယ်။
အပြောကလည်းကောင်း
လက်တွေ့စမ်းပြတော့လည်း
လျှပ်စစ်မီးလည်းငြိမ်း၊
ရေဒီယိုလည်းရပ်သွားတော့
အစစ်လို့ယုံသွားတယ်။
အစစ်ဆိုရင်ပြန်ရောင်းရင်
သိန်း၂၀လောက်ရမှာကိုး။
ဒါနဲ့ ၁သိန်းနဲ့ဝယ်လာပြီး
အိမ်ရောက်တော့
လျှပ်စစ်ဓာတ်မီးမပြောနဲ့၊
လက်နှိပ်ဓာတ်မီးတောင် မငြိမ်းဘူး။
စနစ်တကျစီစဉ်ပြီး လိမ်သွားတာကွ။
တစ်သိန်းမို့ပေါ့။
၁၀သိန်းဆိုရင်ငါခွက်ဆွဲနေလောက်ပြီ။
အဲဒီတော့ ပြောချင်တဲ့ လေးအချက်က
ကိုယ်မသိတဲ့ မပိုင်တဲ့အလုပ်၊
မကျွမ်းကျင်တဲ့အလုပ်မှာ
ဘာရင်းနှီးမြုပ်နှံမှု မှမလုပ်ရဘူး။
ဒါက မြေပုံ ၄ ကွ။

၅။ နောက်တစ်ခုက
လူတစ်ယောက်ဟာ
အိမ်ငှားနေတာ မသင့်တော်ဘူး။
အခြေအနေအရ ငှားနေရင်လည်း
ကိုယ်ပိုင်အိမ်ဖြစ်အောင်ကြိုးစားရမယ်။
အိမ်ငှားစရိတ်ဟာ ကြာလာရင်
အိမ်တစ်လုံးစာလောက်ရှိလာတယ်
စိတ်ရှုပ်ရတယ်။
သေးတာကြီးတာမဓာန မဟုတ်ဘူး။
ကိုယ်ပိုဖြစ်အောင်ကြိုးစားဖို့ပဲ။
အဲဒီအပေါက်က ငွေအထွက်ဆုံးပဲ။
အဲဒီတော့ ကားပဲမောင်းမောင်း၊
စက်လှေပဲထောင်ထောင်
ကိုယ်ပိုင် ဖြစ်အောင်အရင်ဆုံးကြိုးစား။
ဒါ ငါးခုမြောက်မြေပုံပဲ။

၆။ တို့မြန်မာစကားမှာ
မတ်တတ်စာပဲရှိတယ်၊
တုံးလုံးစာမရှိဘူး ဆိုတဲ့စကားရှိတယ်။
စကားပဲရှိတာကွ မလိုက်နာကြဘူး။
ဒါကြောင့် မမျှော်မှန်းနိုင်တဲ့
အနာဂါတ်အတွက် ပြင်ဆင်မှုတွေ
လုပ်ထားရမယ်။
ရုတ်တရက်ကိုယ်သေသွားရင်
ကျန်ရစ်သူမိသားစုကို မထိခိုက်စေဖို့၊
ရုတ်တရက်ထိခိုက်မိလို့ ဒုက္ခိတ
ဖြစ်သွားရင် ဆက်လက်အသက်ရှင်
နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရမယ်။
ဒါ ခြောက်ခုမြောက်မြေပုံပဲ။

၇။ ၇ချက်မြောက်ကတော့
ကြိုးစားမှုကို မလျှော့ဖို့ပဲ၊
ကိုယ်နဲ့လုပ်ငန်းတူတွေရှိနေတယ်ကွ၊
ကိုယ်ကရပ်ပေမဲ့သူတို့ကကြိုးစားနေမှာ၊
ကိုယ်လုပ်တဲ့ အလုပ်မှာ
အစွမ်းထက်လေလေ
ဝင်ငွေကောင်းလေလေပေါ့ကွာ။
မင်းသဘောပေါက်ဖို့က ကိုယ့်ဆီကို
အားပေးတဲ့ဖောက်သည်တို့
အားပေးတဲ့ ပရိသတ်တို့ဆိုတာ
စိတ်ချရတာမဟုတ်ဘူး။
ကိုယ့်ထက်သာတဲ့လူ၊
တော်တဲ့သူရှိရင် အဲဒီကိုသွားကြမှာ။
အဲဒါတော့မြဲမြဲမှတ်ထား။
ငါပြောချင်တဲ့ ၇ခုမြောက်မြေပုံကဒါပဲ။

မင်းသဘောပေါက်ဖို့ကတော့
__________________________________
#အလုပ်တစ်ခုမှာသဘာရင့်ဝါရင့်တာနဲ့
__________________________________
မကြီးပွားဘူးနော်။ တော်မှကြီးပွားတာ။
ကုလို့ပျောက်တဲ့ဆရာဝန်ဆီကိုပဲ
လူနာက သွားမှာနော်။
သဘာရင့်ဝါရင့်တယ်ဆိုပြီး
သွားမှာမဟုတ်ဘူး။

ဒီအချက်ကိုမြဲမြဲသဘောပေါက်စမ်းပါ။

#မင်းသိင်္ခ

"ပျားသားချောင်းက
ရေမျှောကမ်းတင် အောင်ဗဒင် "
စာအုပ်ထဲက တရုတ်ကြီးအဖောက်က
စီးပွားရေးလုပ်ဖို့ကြိုးစားနေတဲ့
အောင်ဗဒင်ကို အကြံပေးနေတာကို
ကောက်နှုတ်ဖော်ပြတာဖြစ်ပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။