Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, March 31, 2016

“ အဓိက နှင့် သာမည ”

“ အဓိက နှင့် သာမည ”
===============

လူသားတိုင်းတွင် နေ့စဉ်နှင့်အမျှ လိုအပ်ချက်များ၊ လိုချင်မှုများ မြောက်များစွာကို ကြုံတွေ့ ကြရပါသည်။
ထိုသို့ တွေ့ကြုံကြရာ တွင် အချို့သည် မရှိမဖြစ် အရေးကြီးသော်လည်း၊ အချို့မှာကား မရှိမဖြစ်
အရေးမကြီးပါ။ မရှိမဖြစ် ( essential ) အရေးကြီးသော
ကိစ္စများကို လိုအပ်ချက် ( need ) ဟု သတ်မှတ်နိုင်ပြီး၊
အရေး မကြီးသော ( extra )၊ မိမိဆန္ဒရှိသော ကိစ္စများကို
( want ) ဟု သတ်မှတ်နိုင်ပါသည်။

ကိုယ်ဝန်ဆောင် စဉ် ဖြည့်စွက်အစာ နှင့် ဆေးများ

ကိုယ်ဝန်ဆောင် စဉ် ဖြည့်စွက်အစာ နှင့် ဆေးများ

..

ကိုယ်ဝန်ဆောင်မိခင် အဟာရဓါတ် ပြည့်ဝစေရန် ဖြည့်စွက် စားနိုင်ပါတယ် ။

..

~ သံဓါတ်အားဆေး စားနိုင်ပါတယ် ။ သံဓါတ်က ခလေးဖွံ့ ဖြိုးဖို့ အတွက်

အရေးကြီးပါတယ် ။

တွေ့ ရှိမှုတခု ( Another study published in the BMJ ) က နေ့ စဉ်

သံဓါတ်ထိုးဆေးများ ပေးခြင်းအားဖြင့် ပေါင်ချိန်မပြည့်သည့်ခလေးများ

မွေးဖွားခြင်းကို လျော့ကျစေကြောင်း တွေ့ ရပါတယ် ။

အေပရယ်ဖူး

"ဖွားဒေါသ"
အသက် ၆ဝ လောက်ရှိတဲ့ ဖွားဇူတစ်ယောက် လူသတ်မှုနဲ့ တရားရုံးရောက်နေတယ်။
တရားသူကြီးက မေးတယ်... ...

"အဲဒီကောင်လေးကို ဘာလို့သတ်ရတာလဲဆိုတာ ရှင်းပြပါ ဖွားဇူ"
"အဲဒီနေ့မနက်စောစော အိမ်ရှေ့တံခါးခေါက်သံကြားလို့ ဖွင့်ကြည့်လိုက်တော့ သူ မောင်မြတ်သူ ဖြစ်နေတယ်"
"အင်း..."

"သူ့လက်ထဲမှာလည်း ပန်းစည်းလေးကိုင်လို့"
"ဟုတ်ကဲ့ ဆက်ပြောပါ ဖွား"

အိမ်ရှင်မ မမတို့ဒါလေးဖတ်ဖြစ်အောင်ဖတ်လိုက်နော်

 
အိမ်ရှင်မ မမတို့ဒါလေးဖတ်ဖြစ်အောင်ဖတ်လိုက်နော်
-------
အိမ်ဦးခန်းဘုရားစင်ဝေယျာဝစ္စမှစ၍၊ အိမ့်နောက်ဖေးမီးဖိုချောင်မ ကျန်၊ ရေချိုး ခန်း(သန့် စင်ခန်း)အဆုံး အိမ် ရှင်မတစ်ဦး၏ တာဝန်များမှာ မရေမတွက်နိုင်အောင် များပြားလှပါတယ်။ ဒါကြောင့်လည်း ရှေးလူကြီး များက “အိမ်မှုကိစ္စဝေယျာဝစ္စ” ရယ် လို့  အမည်တပ်ခဲ့ကြပါတယ်။ နေ့ တဓူဝ ကြုံတွေ့ နေရတဲ့ သမရိုးကျအိမ်
ထောင့် တာဝန်များ ကို ပုံမှန် နည်း ဖြင့်ဖြေ ရှင်းနိုင်သော်လဲ၊ တခါတရံ မထင်မှတ်တဲ့ အခက် အခဲ လေးတွေ အတွက် ဖြတ်ထိုးဥာဏ်သုံးတတ်ဖို့ လိုပါတယ်။

ကိုယ်တိုင်လည်း ညှစ်ပေးရပါမည်

ကိုယ်တိုင်လည်း ညှစ်ပေးရပါမည်

|| မောင်ဟစ် ||

မောင်ဟစ်တို့တွင် အတွင်းတန်ဖိုးများ တကယ်ရှိပါသည်။ ခေါင်းဆောင်ကောင်းတွေလည်း ရှိပါသည်။ သို့သော် ကိုယ်တိုင်လည်း ညှစ်ပေးရပါမည်။

** ( ၁ ) **

မောင်ဟစ်တို့ မြန်မာနိုင်ငံကို ဧပြီတစ်ရက်နေ့ကစပြီး ပြည်သူ့အစိုးရ အုပ်ချုပ်တော့ပါမည်။ ဒီအတွက် ၀မ်းသာစရာ ကောင်းပါသည်။ သို့သော် ကျွန်တော်တို့ ကိုယ်တိုင်လည်း အားထုတ်ရပါမည်။ မမင်းမှန်အပျိုကြီးလိုတော့ လုပ်၍မရပါ။ ပုံပြင်ထဲတွင် မမင်းမှန်သည် ယောက်ျားလိုချင်သောကြောင့် ဗေဒင်ဆရာဆီ ယတြာသွားတောင်းသည်။ ဗေဒင်ဆရာက ယတြာကောင်းကောင်း ပေးလိုက်သည်။ အင်ကိုဆောင်ဖို့ အင်းကွက်လေး ပေးလိုက်သည်။

မင်းကိုငါမကြိုက်ဘူး

မင်းကိုငါမကြိုက်ဘူး
************

သိပ်လှပေမဲ့ စိတ်မလှရင် မင်းကိုငါမကြိုက်ဘူး၊

အပြောကောင်းပေမဲ့ အကောင်းမပြောရင်လည်း
မင်းကိုငါမကြိုက်ဘူး၊

ပြုံးပြတတ်ပေမဲ့ ဆုံးမတတ်တဲ့သူမဟုတ်ရင်လည်း
မင်းကိုငါမကြိုက်ဘူး၊

သဒ္ဓါရှိပေမဲ့ တဏှာရှိနေရင်လည်း
မင်းကိုငါမကြိုက်ဘူး၊

ဗိုလ်ချုပ်အောင်ဆန်းကို စာစတင်သင်ကြားပေးတဲ့ ရွာကျောင်းဆရာတော်ပေါ့ !

 
 
ဗိုလ်ချုပ်အောင်ဆန်းကို စာစတင်သင်ကြားပေးတဲ့ ရွာကျောင်းဆရာတော်ပေါ့ !

ဗိုလ်ချုပ်က ငယ်ကတည်းကနေ အကြောက်တရား လုံးဝမရှိဘူး။ အရမ်း အမေးအမြန်း ထူပြောတတ်တယ် !

ဆရာတော်ဆီမှာ စာသင်ကြားနေရင်း တစ်ခါတစ်လေ ဆရာတော်ရဲ့မေးခွန်းက ဗိုလ်ချုပ်ပြန်မေးမှုတွေမှာ ဆရာတော်ခဗျာ သူ့တပည့်ကို ပြန်မဖြေနိုင်ပဲ အခက်တွေ့ ချောင်ပိတ်စေခဲ့တယ် !

အိတ်ဆောင်စမတ်ဖုန်းတလုံးပုံစံ ကွယ်ဝှက်ဒီဇိုင်းထုတ်ထားတဲ့ သေနတ်

 Sai Kham Leng added 4 new photosfeeling thoughtful.
ဒီသေနတ်ဟာ ယေဘုယျကြည့်ရုံနဲ့ သေနတ်တလက်လို့ ထင်စရာမရှိပါဘူး။ အိတ်ဆောင်စမတ်ဖုန်းတလုံးပုံစံ ကွယ်ဝှက်ဒီဇိုင်းထုတ်ထားတဲ့ အပြင်အဆင်ကြောင့်ပါပဲ။
အမေရိကန်နိုင်ငံအခြေစိုက် Ideal Conceal က ပွိုင့်-၃၈၀ ဒီပစ္စတိုသေနတ်ကို တီထွင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မှတ်ပုံတင်မူပိုင်ခွင့်အတွက် စောင့်ဆိုင်း နေတယ်လို့ ဆိုပါတယ်။

ဦးသန့်  အကြောင်း

ဦးသန့်  အကြောင်း
**************

မြန်မာနိုင်ငံ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့ မြေပိုင်ရှင်၊ ဆန်စက် ပိုင်ရှင် အဖ ဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင်း တို့ က ၁၉ဝ၉ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မွေးဖွားသည်။ မွေးချင်း ၄ ဦး ရှိသည်။ ပန်းတနော်မြို့ဆရာကြီး ဦး ဘဟန် မြန်မာကျောင်းကို ဦးသန့် အသက် ၅ နှစ် အရွယ်တွင် စတင် တက်ရောက် ပညာ သင်ကြားသည်။ အ င်္ဂ လိပ် – မြန်မာ နှစ်ဘာသာသင် YMBA ကျောင်းကို ပထမတန်းမှ စ၍ တက်ခဲ့ရသည်။ ငယ်စဉ်က အင်္ဂလိပ်စာ စာ သင်ရသော အိမ်ရှိ ဖခင်ကြီး၏ စာအုပ်စင်မှ အင်္ဂလိပ် စာအုပ်များက များစွာ အထောက်အကူ ပြုခဲ့သည်။ ဖ ခင် ကြီး ဦးဖိုးနှစ်သည် ကာလကတ္တားရှိ ဟန်းတား ကောလိပ် (Hunter’s College) မှ ဥပစာတန်းနှင့် ညီမျှ သည့် ပညာရေးကို ရရှိထားသူ ဖြစ်သည်။ ကျောင်းသားငယ် ဦးသန့်သည် ကျောင်းစာ လုပ်ပြီးတိုင်း ဖခင်ကြီး စာ အုပ်စင် ရှိရာသို့ ရောက်တော့သည်။ Sir Arthur Conan Doyle ၏ ထင်ရှားသော Sherlock Holmes စုံထောက် ဝတ္ထုများ၊ စာရေး ဆရာကြီး William Shakespeare ၏ စာပေများ အပြင်၊ ထင် ရှားသော သမိုင်းဝင် မြန်မာ စာဆိုတော် အတော် များများ၏ လက်ရာများကို ငယ်စဉ်ကပင် ဖတ်ရှု မြည်းစွမ်းခွင့် ရခဲ့သည်။

ချစ်တော့ချစ်တယ် မိုက်တော့မမိုက်နိုင်ဘူးပေါ့ ကိုကိုရယ် … ♥♥♥

ထမင်းရည်လဲတူတူမသောက်နိုင်ပါဘူး ကိုကို

နှစ်ကိုယ့်တစ်စိတ်တွေလဲမလုပ်နိုင်ပါဘူး ကိုကို

အိမ်ကသဘောမတူလို့ခိုးပြေးတဲ့ကွက်တွေလဲ
မလုပ်နိုင်ပါ ကိုကို

မိဘထက်မသာရင်နေပါ တန်းတူဖြစ်ရင်တော့ စဉ်းစားမယ် ကိုကို

တူနှစ်ကိုယ် တဲအိုလဲမပျက်နိုင်ဘူး ကိုကို

HIV Prevention ကာကွယ်ဆေး

HIV Prevention ကာကွယ်ဆေး

ဆရာခင်ဗျာ ကျွန်တော် အသက် ၃ဝ နှစ်ဖြစ်ပါတယ်။ ကျွန်တော် ငွေကြေးဖြင့် ငှားရမ်းနိုင်သောမိန်းမနဲ့ ကွန်ဒုံးမပါပဲ့ ရက်နေ့ကဆက်ဆံမိခဲ့ပါတယ်။ နောက်တနေ့မှာ HIV prevention အဖွဲ့အစည်းခုအား မည်သည့်နည်းဖြင့် HIV ကို ကာကွယ်ရန်ဆေး မရှိဘူးလားဟု ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခ
ဲ့ရာ ကာကွယ်ရန်ဆေးမရှိကြောင်းနှင့် နောက် ၃ လနေက ဆေးစစ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ကျွန်တော်သိလိုသည်မှာ ကာကွယ်ရန်ဆေး တကယ်မရှိတာလား။ မြန်မာနိုင်ငံအခြေအနေနှင့် မရှိတာလား။ ကျွန်တော် ပြင်ဦးလွင်မြို့တွင်နေထိုင်ပါသည်။ ၃ လကြာနေပြီးမှ ဆေးစစ်ချက်ကို အတည်ပြုယူနိုင်မှာလား။ ၃ လထက်စော၍ စစ်ဆေးလို့မရနိုင်ဘူးလားဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

ပျော်ရွှင်ခြင်းနိုင်ငံ-အေးချမ်းမေ


ဒီမိုကရေစီသမိုင်းကြမ်းနဲ့ဒေါ်အောင်ဆန်းစုကြည်အပိုင်း - ၁


31.3.16 Fb ကာတွန်း ၈ ခု



ဘဝကို ပြောင်းလဲစေမယ့် မေးခွန်း (၆) ခု

ဘဝကို ပြောင်းလဲစေမယ့် မေးခွန်း (၆) ခု
•••••••••••••••••••••••••••••••••••••••••••••
(မေးခွန်းတိုင်းကို သေချာတွေးပြီး ဖြေကြည့်ပါ။ အတွေးအမြင်လေးတစ်ခုတော့ ရသွားမှာပါ)

(1)What do I absolutely love in life?
(ဘဝမှာ ဘယ်အရာကို ချစ်သလဲ?)

ငွေကြေးဓန၊ ကျော်စောထင်ရှားမှုတွေကနေစပြီး လူပုဂ္ဂိုလ်တွေအထိ ဘာတွေက သင်တကယ်ချစ်တဲ့အရာတွေလဲဆိုတာ သေချာစဉ်းစားကြည့်ပါ။ ဘယ်အရာတွေကို လုပ်ဆောင်နေရတာ စိတ်အားထက်သန်မှုတွေ၊ ပျော်ရွှင်မှုတွေ ရစေလဲ။ ဥပမာအားဖြင့်- ပရဟိတလုပ်နေရတာ ပျော်တယ်ဆိုတာမျိုး၊ ဘဝမှာ ရုန်းကန်လှုပ်ရှားနေရတာ အဓိပ္ပာယ်ရှိတယ်လို ခံစားရတာမျိုး အပါအဝင် မိသားစု၊ အလုပ် စတာမျိုးတွေထိပေါ့။

သမ္မတဦးထင်ကျော်အတွက် သမ္မတအိုဘားမား၏ကြေညာချက်

သမ္မတဦးထင်ကျော်အတွက် သမ္မတအိုဘားမား၏ကြေညာချက်
=============================================

အိမ်ဖြူတော်
သတင်းထုတ်ပြန်ရေးရုံး
ချက်ချင်းထုတ်ပြန်ရန်
မတ် ၃၀၊ ၂၀၁၆
မြန်မာနိုင်ငံတော်၏ သမ္မတဦးထင်ကျော် ရာထူးတာဝန်လွှဲပြောင်းရယူခြင်းအတွက် သမ္မတအိုဘားမား၏ကြေညာချက်
မြန်မာနိုင်ငံတော်သမ္မတအဖြစ် ယနေ့ ရာထူးတာဝန် လွှဲပြောင်းရယူလက်ခံသော ဦးထင်ကျော် အတွက် မိမိ ချီးကျူးဂုဏ်ပြုပြီး သမ္မတဦးထင်ကျော်နှင့်အတူ သူ၏ အစိုးရအဖွဲ့သစ်နှင့် လက်တွဲဆောင်ရွက်ရန် မျှော်လင့်လျက်ရှိပါသည်။

မဟာသမ္မတမင်းနှင့် ဒီမိုကရေစီသဘော

မဟာသမ္မတမင်းနှင့် ဒီမိုကရေစီသဘော

Democracy is defined as the government of the people, by the people, for the people.

တက္ကသိုလ်မှာတုန်းက မဟာသမ္မတမင်းနှင့်ပတ်သက်တဲ့ သင်္ခန်းစာတစ်ခု သင်ရပါတယ်။ ဒီမိုကရေစီဆိုတာ ခုနောက်ပိုင်း မှ ခေတ်စားလာတာမဟုတ်ပါဘူး။ ဟိုကမ္ဘာဦးကာလတွေကတည်းက ရှိခဲ့တာပါ။ ထိုခေတ်မှာတုန်းက အုပ်ချုပ်သူမရှိသေးပါဘူး။ ဒီလိုပဲ ကိုယ်သဘောနဲ့ကိုယ် ရှင်သန်နေခဲ့ကြတယ်။ အစပိုင်းမှာ အေးအေး
ချမ်းချမ်းပဲ သတ်တာဖြတ်တာမရှိ၊ လိမ်တာမရှိ၊ ခိုးတာ မရှိသေးပါဘူး။

အမျိုးသားတိုင်း သိထားသင့်တဲ့ မုတ်ဆိတ်ရိတ်နည်းများ



shared by theingilwin on 31/03/16  -  trend.com.mm  -  Other
အမျိုးသားအများစုဟာ မုတ်ဆိတ်မွေးတွေ မှားယွင်းစွာ ရိတ်နေကြပြီး အကောင်းဆုံးအဆင့်ထိ မရောက်နိုင်ကြတဲ့သူက များပါတယ်။ ဒါဟာ ဘာ့ကြောင့်လဲဆိုရင် သင်တုန်းဓားနဲ့ အမွေးရိတ်ခရင်မ် အဆုံးထိ မရောက်နိုင်လို့ ဖြစ်ပါတယ်။ ကောင်းမွန် သန့်ရှင်းသပ်ရပ်တဲ့ ရုပ်အသွင်ရရှိဖို့ ဒီအဆင့်တွေ သိထားရပါမယ်။

နေ့စဉ် အသုံး လေးမို့ သိထားသင့်သည်

နေ့စဉ် အသုံး လေးမို့ သိထားသင့်သည်

Have a good night!ကောင်းသောညဖြစ်ပါစေ
Have a good dream!အိပ်မက်လှလှမက်ပါစေ
Have a sweet dream!အိပ်မက် လှလှမက်ပါစေ
Have a sound sleep!ကောင်းကောင်းအိပ်ပျော်ပါစေ
Have a good trip!ကောင်းသောခရီးဖြစ်ပါစေ

not only .. but also ရုံတင်မက လည်းပဲ

not only .. but also ရုံတင်မက လည်းပဲ
~~~~~~~~~~~~~~~~~~~~~~~~~~
စကားဆက် conjunction ပဲဖြစ်ပါတယ်

I not only love you but also I adore you so much.
ကို မင်းကို ချစ်ရုံတင်မဟုတ်ပါဘူး အရမ်းကို မြတ်နိုးလွန်းလို့ပါ..။

Mr Andrew not only teaches English but also he writes it.
မစ္စတာ အန်ဒရူး အင်္ဂလိပ်စာ သင်ပေးရုံတင်မဟုတ်ဘူး စာ(အုပ်)ပါရေးတယ်။

အောင်မြင်ကျော်ကြားသူတို့ရဲ့ လျှို့ဝှက်ချက်(၇)မျိုး

အောင်မြင်ကျော်ကြားသူတို့ရဲ့ လျှို့ဝှက်ချက်(၇)မျိုး

==========================

အချို့လူတွေဟာ အခြားသူတွေထက် ထူးချွန်ပြီး ဘာလို့ လူမှုရေး၊
နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး
-စတဲ့ နယ်ပယ်မှာ ဘာလို့ အောင်မြင်နေကြတာလဲ ဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။ ယေဘုယျကျကျတွေးပြန်ရင်လည်း အလုပ်ချင်းတူပြီး စွမ်းဆောင်မှုချင်းသာ တူညီရင် သူ အောင်မြင်သလို
ကိုယ်လည်း အောင်မြင်ရမှာပေါ့။ ဒါ့ဖြင့် ဘာဖြစ်လို့ သူက ထူးပြီး အောင်မြင်သွားတာလဲ … ???
လျှို့ဝှက်ချက်တွေ ရှိပါတယ်။ အဲဒီလျှို့ဝှက်ချက် (7)မျိုးကို
ဖော်ပြပေးလိုက်ပါတယ်။

ဦးနှောက်ရဲ့ ထူးခြားတဲ့ ၁၂ချက်

ဦးနှောက်ရဲ့ ထူးခြားတဲ့ ၁၂ချက်
-----
၁။ သင့်ဦးနှောက်က သင့်ရဲ့ အထိအတွေ့ကို မှတ်မိနေ ပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် ကလိထိုးတဲ့ အခါ မယားပါဘူး။

၂။ ဦးနှောက်က အိပ်မက် မက်တဲ့ အချိန်မှာ နိုးနေတဲ့ အချိန်ထက် လုပ်ဆောင်ချက်တွေ ပိုမို လုပ်ဆောင် ရပါတယ်။

၃။ တစ်ရက်ကို ပျှမ်းမျှခြင်း အားဖြင့် အတွေးပေါင်း ၇၀၀၀၀လောက် တွေးလေ့ ရှိပါတယ်။

၎။ သင့်ဦးနှောက်က လျှပ်စစ် watt ပေါင်း ၁၀-၂၃ watt ထိထုတ်ပါတယ်။

မလုပ်မိပါစေနဲ့

မလုပ်မိပါစေနဲ့
----
အမှန်တရားကိုပြောပြခွင့်မရရင်ငြိမ်နေလိုက်ပါ...။
မုသားစကားနဲ့အစားမထိုးလိုက်ပါနဲ့...။

ယုံကြည်ရာကိုရွက်လွင့်လိုက်ပါ...။
ရွက်လွင့်ခွင့်မရလို့ကိုယ်ယုံကြည်ချက်ကိုမပြောင်းလဲဖြစ်ပါနဲ့။

သစ္စာတရားကိုဆုတ်ကိုင်ထားပါ..။
သစ္စာဖောက်သူများနေလို့မိုးခါးရည်တူတူမသောက်လိုက်ပါနဲ့..။

Adjective လား adverb လား မကွဲမပြားဖြစ်တတ်တဲ့ Enough

Adjective လား adverb လား မကွဲမပြားဖြစ်တတ်တဲ့ Enough
...........................................................................
(1) Used after an adjective or adverb to mean quite:
Adj, Adv တွေရဲ့နောက်မှာ (adv) အဖြစ် .. အတော်အသင့် ၊ အတော်အတန် ဆိုတဲ့ အဓိပ္ပါယ်နဲ့ သုံးနိုင်ပါတယ်
...
He's BAD ENOUGH, but his brother is far worse.
သူက အတော်အတန်ဆိုးတာလည်း မပြောနဲ့ သူ့အကိုက ပိုလို့တောင် ဆိုးပါသေးတယ်
( but = ....တာလည်း မပြောနှင့်)

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၈)

အပြန်အလှန် ပြောစကားများမှ ကောက်နှုတ်ချက်များ (၈)
………………………………………………………….
နံပါတ် (၇) ရဲ့ အဆက်ဖြစ်ပါတယ် ..
.

(1) Can I see you again?
ကျနော်ခင်ဗျားကို နောက်ထပ်တွေ့နိုင်ပါမလား (နောက်တွေ့လို့ရမလား)
(2) We should get together more often.
ကျနော်တို့ ပိုပြီးမကြာမကြာ တွေ့ဆုံကြသင့်ပါတယ်
(3) Let’s get together again soon.
မကြာခင်မှာ နောက်တစ်ကြိမ် တွေ့ဆုံကြပါစို့
(4) Good bye! See you tomorrow.
နှုတ်ဆက်ပါတယ် ၊ မနက်ဖန်မှာတွေ့ကြမယ်
(5) See you on Sunday.
တနင်္ဂနွေမှာ တွေ့မယ်

“ အဖေ့အိမ် ”

Admin အဖွဲ့ရဲ့ လက်ဆောင်လေးပါ
***************************

“ အဖေ့အိမ် ”
=======

“အမေ့အိမ်” ဟုခေါ်သောကျွန်တော်တို့ နေသည့် အိမ်ကိုအဖေ၏ချွေးဖြင့်ဆောက်ထားခြင်းဖြစ်ပါသည်။အဖေ၏ အသက်
ဖြင့်ရင်း၍ဆောက်ထားသောအိမ်လည်းဖြစ်ပါသည်။သို့သော် သားသမီး တိုင်းက “အမေ့အိမ်” ဟုခေါ်လေ့ရှိကြသည်။ “အဖေ့အိမ်” ဟုကျွန်တော် တို့မခေါ်ကြပါ။ “အမေ့အိမ်”ဟုသာကျွန်တော်တို့ခံစားကြပါသည် ။

အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသမ္မတအဖြစ် ရာထူးတာဝန် လွှဲပြောင်းရယူလက်ခံသော ဦးထင်ကျော် အတွက် ချီးကျူးဂုဏ်ပြု

အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသမ္မတအဖြစ် ရာထူးတာဝန် လွှဲပြောင်းရယူလက်ခံသော ဦးထင်ကျော် အတွက် ချီးကျူးဂုဏ်ပြုပြီး သမ္မတဦးထင်ကျော်နှင့်အတူ သူ၏ အစိုးရအဖွဲ့သစ်နှင့် လက်တွဲဆောင်ရွက်ရန် မျှော်လင့်လျက်ရှိကြောင်း အိမ်ဖြူတော်မှကြေညာချက်တစ်ရပ်ထုတ်ပြန်လိုက်သည်။

ရေပြာအိုင် ရေမပြာတော့မှာစိုးတယ်

ရေပြာအိုင် ရေမပြာတော့မှာစိုးတယ်

မနေ့ညနေက မောင်နှမတွေနဲ့အတူ ရွာငံရေပြာအိုင်ဆီ ကျွန်မရောက်သွားခဲ့တယ်။ ကျွန်မတို့ရွာကနေ အဲဒီဖက်ကို ၃နာရီလောက် ကားမောင်းရတယ်။ သိပ်မဝေးသလို သိပ်လည်းမနီးဘူးပေါ့။ လမ်းက ကွေ့ကွေ့ကောက်ကောက်များပေမယ့် ကောင်းတယ်။ ရေပြာအိုင်ရောက်ခါနီးလေးမှာပဲ မြေလမ်းဖြစ်သွားတယ်။

လီကွမ်ယူး၏ လက်တွေ့ကျသော အတွေးအခေါ်

လီကွမ်ယူး၏ လက်တွေ့ကျသော အတွေးအခေါ်

ယနေ့ ၁၄ -၃-၂ဝ၁၆ နံနက် စောစော ၄ နာရီခွဲခန့် အိပ်ရာမှ နိုးလာစဉ် ပြန်အိပ်ရန် မကြိုးစား တော့ဘဲ မျက်နှာသစ်ပြီးနောက် ပက်လက်ကုလားထိုင်ဘေးတွင် အလွယ်တွေ့ရသော မှတ်စုစာအုပ် တစ်အုပ်ကို ကောက်ဖတ်မိသည်။ အချို့နေရာများတွင် လီကွမ်ယူး၏ HARD TRUTHS TO Keep Singpore Going ဟူသော စာ အုပ်ထဲမှ ထုတ်နုတ်မှတ်သားထား သည်များကို တွေ့ရသည်။

"အဘဘောမ တစ်ယောက်ရဲ့ ရင်ကွဲနာ "

"အဘဘောမ တစ်ယောက်ရဲ့ ရင်ကွဲနာ "
___________________________________
‪#‎မြစ်ကျိုးအင်းရေးသည်‬
မနေ့ကတည်းက လူက နေလို့ထိုင်လို့မကောင်း။
စိတ်ထဲမှာလည်း တင်းတင်းကျပ်ကျပ်ကြီး ဖြစ်နေတယ်။
ဘာရောဂါလည်းဆိုတာတော့ ကိုယ့်ဘာသာသိတယ်။ ဘောပျောက်ရောဂါ။
နှစ်ရှည်လများ မြတ်မြတ်နိုးနိုး နှစ်နှစ်ကာကာ မ ပေးခဲ့တဲ့ အဘတို့ရဲ့ ဘောတွေ ပျောက်ကုန်လို့ လူက မအီမသာ ဖြစ်နေတာ။
မနေ့က အာဏာလွှဲလိုက်ချိန်မှာ အဘတို့ဘောကို ဒီတသက်ဆုံးရှုံးလိုက်ရတာ သေချာသွားပြီဆိုပြီး လူက အရုပ်ကြိုးပြတ်ဖြစ်သွားခဲ့တော့တာ။
အာဏာမလွှဲရအောင် ကိုယ်တတ်နိင်သလောက် အောက်ကလိအာ ကြည့်သေးတယ်။ ပွဲဆူကြည့်သေးတယ်။ မရ ။ ဘယ်လိုမှမရ။
အမေ့သားသမီးတွေက လိုက်မလာကြ။
သူတို့အမေစကားအတိုင်း ငြိမ်ငြိမ်လေးနေကြတော့ ကိုယ်တွေ အောက်ကလိအာသမျှ အလဟဿ ဖြစ်ခဲ့ရတယ်။

Wednesday, March 30, 2016

သန်၎ကို ၏ ဟာသများ

1. ချစ်သမျှကို
---------------
"မောင်... ကျမကို ဘယ်လောက်ထိ ချစ်လဲဟင်"
"ကောင်းကင်ကို မော့ကြည့်ပြီး ကြယ်တွေကို ရေတွက်ကြည့်လိုက်၊ အဲ့ဒီလောက်ကို ချစ်တယ်"

"ဟင်... ခုက နေ့ခင်းကြီး၊ ကြယ်တစ်လုံးမှ မရှိဘူး"
"အာ့... ပြောတာပေါ့"
.

2. သားသူငယ်ချင်း
----------------------
"ဟျောင့်... မင်း မိန်းမယူတော့မလို့ဆို"
"အေး..."
"သူက ဘယ်အရွယ်လဲ"
"၄၅ နှစ်"
"ဟား... ငါ့အမေအရွယ်ပဲ"
"အေး.. မင်း အမေပဲလေ"
"ငင်..."

သမ္မတ ဦးထင်ကျော် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ပြောကြားသည့် ပထမဆုံး မိန့်ခွန်း

 
■ သမ္မတ ဦးထင်ကျော် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ပြောကြားသည့် ပထမဆုံး မိန့်ခွန်း
*********************************************************************
လွှတ်တော်နာယကကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်လာကြသော ဂုဏ်သရေရှိ ဧည့်သည်တော်များ၊ နိုင်ငံသူ နိုင်ငံသားများ ခင်ဗျာ ...

ဒီပြည်ထောင်စု လွှတ်တော်ကြီးက ကျွန်တော့်ကို နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတာဟာ အထင်ကရ သမိုင်းဖြစ်ရပ်ကြီး ဖြစ်တဲ့အတွက် ကျွန်တော် များစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။

သစ်ခုတ်သမား ဥပမာ

သစ်ခုတ်သမား ဥပမာ
တစ်ခါတုန်းက အလွန်သန်မာသော သစ်ခုတ်သမား တစ်ယောက်ရှိတယ်။ တစ်နေ့တော့ သူဟာ သစ်ကုန်သည် တစ်ဦးထံမှာ အလုပ်လုပ် ဖြစ်ခဲ့တယ်။ သူခုတ်ရမယ့် နေရာများကို မေးမြန်းပြီး သစ်ခုတ်ဖို့ အတွက်
သူဌေးထံမှ ပုဆိန်တစ်လက်ကို တောင်းခံခဲ့ပါတယ်။ သစ်ခုတ်သမားအတွက် သူဌေးပေးတဲ့ လစာဟာလည်း အလွန်ကောင်းမွန်ပြီး သစ်ခုတ်သမားလည်း သစ်တွေကို များများ ခုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဒီလိုနဲ့ ပထဆုံး နေ့မှာ သစ်ခုတ်သမားဟာ သစ်ပင် ၁၈ ပင်ကို ခုတ်နိုင်ခဲ့ပါတယ်။ သစ်ခုတ်သမားကို သူဌေးဖြစ်သူက သစ်ပင်တွေ အများကြီး ခုတ်နိုင်တဲ့အတွက် ဝမ်းသာကြောင်း ချီးကျူးစကား ဆိုတယ်။

Email အရေးအသားကောင်းဖို့ အကြံပေးချက် ၇ ချက်

Email အရေးအသားကောင်းဖို့ အကြံပေးချက် ၇ ချက်
ယနေ့ခေတ်မှာ ဆက်သွယ်ရေးကဏ္ဍတွေက တိုးတက်လာပြီဆိုတော့ ဆက်သွယ်ရေးမီဒီယံလို့ခေါ်တဲ့ ကြားခံဆက်သွယ်ရေး လမ်းကြောင်းတွေကလည်း အမြောက်အများပါဘဲ။ မိုဘိုင်းဖုန်းကနေ text တွေ voice mail တွေ ပို့တာမျိုး၊ Viber လိုမျိုး application တွေသုံးပြီး message တွေ video file တွေ ပို့တာမျိုး၊ Facebook နဲ့ ဆက်သွယ်ကြတာမျိုးတွေ အထိ ဆက်သွယ်ရေးလမ်းကြောင်းတွေ တစ်ပုံတစ်ပင် ရှိတယ်။
အဲ့ဒါတွေထဲကစီးပွားရေးလုပ်ငန်းသုံး၊ ရုံးသုံးစတာတွေ အတွက် တရားဝင်သုံးတာကတော့ email ပါဘဲ။

မြန်မာ့အလံများသမိုင်း

မြန်မာ့အလံများသမိုင်း
--------------------
လူ့ယဉ်ကျေးမှုများ စတင်ပေါ်ပေါက်လာစဉ်မှစ၍ ကမ္ဘာအရပ်ရပ်မှာ အလံသဘောဆောင်သော အမှတ်အသား အဖြစ်၊ လွှင့်ထူသူတို့၏ ရည်ရွယ်ချက်နှင့် သင့်လျော်သည့် ကျေးငှက်တိရိစ္ဆာန်တို့၏ ရုပ်တု စသောအရာဝတ္တု များကို အသုံးပြုခဲ့ကြသည်။ နောင်တွင် အလံကို ပုံပန်းသဏ္ဌာန် အရွယ်အစား အမျိုးမျိုး၊ အခေါ်အဝေါ် အသုံးအနှုန်း အဆင့်ဆင့် ပြောင်းလျက် သုံးစွဲလာခဲ့ကြသည်။
တံခွန်၊ ကုက္ကား၊ မုလေးပွား၊ ကြက်လျှာ စသည်တို့သည် အလံများ၏ ရှေ့ပြေးဟု ဆိုရပေမည်။ တံခွန်၊ ကုက္ကား၊ မုလေးပွား၊ ကြက်လျှာများသည် ဂေါတမမြတ်စွာဘုရား လက်ထက်ကပင် စတင်အသုံးပြု ခဲ့ကြသည်။ တံခွန်၊ ကြက်လျှာတို့ကို အခြေပြု မြစ်ဖျားခံ၍ တစ်စတစ်စဖြင့် မျက်မှောက်ခေတ် အလံ များကို ကျယ်ပြန့်စွာ သုံးစွဲလာခဲ့ ကြသည်။

စိတ်ရင်းကောင်းသူတွေက ဆိုးရွားတဲ့သူတွေနဲ့ ဖူးစာဆုံတတ်...

စိတ်ရင်းကောင်းသူတွေက ဆိုးရွားတဲ့သူတွေနဲ့ ဖူးစာဆုံတတ်...
။။။။။။။။။
ဒါဟာ သဘာဝတစ်ခုလို ဖြစ်နေပါပြီ..

စိတ်ရင်းကောင်းတဲ့သူတွေဟာ ကိုယ့်ချစ်သူ ရည်းစားရဲ့စိတ်ထားကို မကြိုက်ပေမဲ့ ဖြတ်ဖို့ ခက်ခဲနေတတ်ကြတယ်။ နောက်ဆုံးမှာ လိမ်ဖယ် လိမ်ဖယ်နဲ့ ထိုသူနဲ့ပဲ ဖူးစာဆုံပြီး တစ်ဘဝလုံး သည်းညည်းခံနေရတော့ တာပေါ့။

စိတ်ထားကောင်းသူတွေအတွက်ရည်းစားကဆိုးမှန်းသိပေမဲ့ ဖြတ်ရခက်တဲ့အကြောင်းရင်းတွေကတော့ ...

သူမရဲ့ ပီတိ..

သူမရဲ့ ပီတိ..
========

ဒီလို ရက်တစ်ရက်ကိုကြုံဖို့..
သူမရင်းနှီးလိုက်ရတာ (၂၈)နှစ်..

ဒီလိုမြင်ကွင်းမျိုးမြင်ဖို့..
သူမ စွန့်လွှတ်လိုက်ရတာ..
သူမရဲ့ မိသားစုဘ၀..

ခရီးသည်အမျိုးသမီးအား ညစ်ညမ်းဗီဒီယိုပြသည့်ယာဉ်မောင်းကို စုံစမ်းရှာဖွေနေ

 
အငှားယာဉ်မောင်းက ကားအတွင်း မဖွယ်မရာ ဗီဒီယိုပြသနေစဉ် (ဓာတ်ပုံ - Su Myat Win Facebook)
ခရီးသည်အမျိုးသမီး ငယ်အား ညစ်ညမ်းဗီဒီယိုပြသခဲ့ သည့်ယာဉ်မောင်း မောင်းနှင် သော ယာဉ်ကို သိမ်းဆည်းရမိ ထားပြီး ယာဉ်မောင်းမှာမူ တိမ်း ရှောင်နေဆဲဖြစ်ကြောင်း အမှတ် (၂)ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ သ တင်းရရှိသည်။

‘‘ကားကိုတော့ သက်သေခံ အဖြစ် သိမ်းထားတယ်။ စစ်ဆေး ပြီးရင် ခံဝန်နဲ့ကားကို ပြန်ပေးလို့ ရတယ်။ ယာဉ်မောင်းကတော့ မမိသေးဘူး။ တိမ်းရှောင်နေဆဲပဲ’’ ဟု အမှတ်(၂)ယာဉ်ထိန်းတပ်ဖွဲ့ခွဲ မှူးရုံးမှ ဒုရဲမှူးကြီး အောင်ကိုဦး ကပြောကြားသည်။

not only .. but also ရုံတင်မက လည်းပဲ

not only .. but also ရုံတင်မက လည်းပဲ
~~~~~~~~~~~~~~~~~~~~~~~~~~
I not only love you but also adore so much.
ကို မင်းကို ချစ်ရုံတင်မဟုတ်ပါဘူး အရမ်းကို မြတ်နိုးလွန်းလို့ပါ..။

Mr Andrew not only teaches English but also writes it.
မစ္စတာ အန်ဒရူး အင်္ဂလိပ်စာ သင်ပေးရုံတင်မဟုတ်ဘူး စာ(အုပ်)ပါရေးတယ်။

He is not only good at playing football but also basket ball.
သူဘောလုံးကစားတာတင်တော်တာမဟုတ်ဘူး ဘတ်စ်ကတ်ဘောလည်းကောင်းတယ်။

30.3.16 Fb ကာတွန်း ၁၈ ခု




Tuesday, March 29, 2016

ယောက်ျားလေးတွေ မသိနိုင်တဲ့ မိန်းကလေးတွေအကြောင်း

ယောက်ျားလေးတွေ မသိနိုင်တဲ့ မိန်းကလေးတွေအကြောင်း
======================

၁။ Toilet သွားရင် ဘာလို့အတူသွားကြလဲ?

မိန်းကလေးတွေဟာ toilet ကိုအတူသွားတဲ့အခါ လောလောလတ်လတ်ဖြစ်နေတဲ့အရာတွေကို အတင်းပြောခြင်း၊ ဓါတ်ပုံရိုက်ခြင်းနဲ့ မိတ်ကပ်ပြင်တာ၊ ဆံပင်ပြင်တာတွေ
လုပ်တတ်တဲ့အတွက် toilet ကို အတူသွားတတ်ကြပါသတဲ့။
.
၂။ ပြင်ဆင်ချိန်တွေ ဘာလို့ကြာတတ်သလဲ?