Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, March 27, 2016

လာဘ်စားမှုမှာ ပြတ်သားတဲ့ လီကွမ်ယု။

လာဘ်စားမှုမှာ ပြတ်သားတဲ့ လီကွမ်ယု။

စင်္ကာပူဝန်ကြီးချုပ် လီကွမ်ယုဟာ ၁၉၈၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ကျင်းပတဲ့ စင်္ကာပူ လွတ်တော် အစည်းအဝေး စစချင်းမှာပဲ သူ့အိပ်ထဲက စာတစောင်ကို ထုတ်ပြီး တက်ရောက်လာသူ ကိုယ်စားလှယ်များကို ဖတ်ပြလိုက်ပါတယ်။

စာထဲမှာ ရေးထားတာက -

ဝန်ကြီးချုပ် ခင်ဗျား
ကျနော် လွန်ခဲ့တဲ့ ၂ ပတ်အတွင်းမှာ အရမ်းစိတ်ဓါတ်ကျ၊ စိတ်ဆင်းရဲခဲ့ပါတယ်။ ကံမကောင်းတဲ့ အဖြစ်ဆိုးအတွက် ကျနော့်မှာ လုံးဝ တာဝန်ရှိပါတယ်။ ဒါကြောင့်မို့ အဲဒီ အမှားအတွက် ကျနော် အကြီးဆုံးပြစ်ဒဏ်ကို ကျခံသွားပါမယ်။
လေးစားစွာဖြင့်
တေးချင်ဝမ် (Teh Cheang Wan)

အဲဒီစာကို ဖတ်ပြပြီးတော့ လီကွမ်ယုက ခုလို ဆက်ပြောပါတယ်။ "ကျနော် ဒီစာကို ရတဲ့ အချိန်မှာ သူ လူ့လောကြီးမှာ မရှိတော့ပါဘူး။ သူ့ကိုယ်သူ အဆုံးစီရင်သွားပါပြီ"တဲ့။

တေးချင်ဝမ်ဆိုတာ ဘယ်သူလဲ။
သူဟာ စင်္ကာပူနိုင်ငံ ထူထောင်စမှာ လူနေအိမ်တွေ၊ အဆောက်အဦတွေ တည်ဆောက်ရေးမှာ တာဝန်ယူရတဲ့ National Development Ministry ရဲ့ ဝန်ကြီးပါ။ သူ မကွယ်လွန်ချိန်ထိ ၇ နှစ်ကြာ ဝန်ကြီးဖြစ်ခဲ့ပါတယ်။

ဘာလို့ သူ့ကိုယ်သူ အဆုံးစီရင်သွားတာလဲ။
လာဘ်စားမှုအတွက် အစစ်ဆေးခံရလို့ပါ။ ၁၉၈၆ ခုနှစ်မှာ လာဘ်စားမှုတိုက်ဖျက်ရေးအဖွဲ့ ( CPIB) ရဲ့ ညွှန်ကြားရေးမှူးက လီကွမ်ယုဆီကို စာတစောင်ပို့လိုက်တယ်။ စာထဲမှာ ဝန်ကြီးတေးချင်ဝမ်ဟာ ၁၉၈၁ ခုနှစ်နဲ့ ၁၉၈၂ ခုနှစ်ကြားမှာ ဆောက်လုပ်ရေးကန်ထရိုက်တာတွေဆီက လာဘ်ငွေစင်္ကာပူဒေါ်လာ ၅ သိန်းစီ ၂ ကြိမ်ယူခဲ့ကြောင်း အထောက်အထားခိုင်လုံစွာ တွေ့နေလို့ ဆက်လက်စစ်ဆေးချင်တယ်တဲ့။ တေးနဲ့ လီကွမ်ယုတို့ဟာ စင်္ကာပူနိုင်ငံကို မလေးရှားနိုင်ငံက ခွဲမထွက်ခင်ကတဲက နိုင်ငံရေးကို အတူဒုက္ခခံပြီး လက်တွဲလုပ်ခဲ့လို့ အရမ်းရင်းနှီးကြသလို သူတို့မိသားစုတွေဟာလဲ အရမ်းရင်းနီးကြတယ်။

ဒါပေမဲ့ လီကွမ်ယုဟာ လာဘ်စားမှုကို ဆက်စစ်ဖို့ CPIB ကို ညွှန်ကြားလိုက်တယ်။ CPIB က စစ်ရင်းနဲ့ ကန်ထရိုက်တာတွေကလဲ ဝန်ကြီးတေးကို လာဘ်ပေးခဲ့တာ မှန်ကြောင်း ဝန်ခံတယ်။ စစ်ဆေးဆဲကာလမှာ ဝန်ကြီးတေးဟာ လီကွမ်ယုကို လာတွေ့ချင်တယ်လို့ စာပို့တယ်။ လီကွမ်ယုက လာဘ်စားတဲ့အမှု စစ်တာပြီးသွားမှ အတွေ့ခံမယ်လို့ အကြောင်းပြန်လိုက်တယ်။ အမှုစစ်တာ မပြီးခင်မှာပဲ တေးဟာ သတ်သေသွားတယ်။

CPIB အဖွဲ့ကြီးဟာ ဝန်ကြီးချုပ်တဦးထဲကိုပဲ တာဝန်ခံရတာမို့ အဲဒီလာဘ်စားမှုကို လီကွမ်ယုက မစစ်နဲ့လို့ ပြောလိုက်ရင်လဲ ဆက်စစ်လို့မရတော့သလို အဲဒီကိစ္စကိုလဲ အစိုးရအဖွဲ့ရော လူထုပါ လုံးဝမသိနိုင်ပါဘူး။

ဒါပေမဲ့ လီကွမ်ယုဟာ မှားနေတဲ့ သူငယ်ချင်းကို ကာကွယ်ပေးမလား။ လာဘ်စားမှုကို တိုက်ဖျက်မလား ဆိုတဲ့ကိစ္စမှာ တိုင်းပြည်နဲ့ လူထုအတွက် အမှန်တရားဖက်ကိုလိုက်ပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့ပါတယ်။

လီကွမ်ယုက သူ့စကားအဆုံးမှာ လွှတ်တော်ကို အခုလိုပြောခဲ့ပါတယ်။ "ဘယ်ဝန်ကြီးဖြစ်ဖြစ် လာဘ်စားမှုနဲ့ပတ်သက်ရင် အစစ်ခံရပါမယ်"။ အမှန်ကတော့ လွှတ်တော်ကို ပြောသလိုလိုနဲ့ သူ့ဝန်ကြီးအားလုံးကို တပ်လှန့်သတိပေးလိုက်တာပါ။

ဗန်းမော်သိန်းဖေ
၂၀၁၆၊ မတ်လ ၂၈ ရက်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။