Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, March 29, 2016

ဘယ်လို စွမ်းရည်မျိုးနဲ့ ရှင်သန်ချင်ပါသလဲ

ဘယ်လို စွမ်းရည်မျိုးနဲ့ ရှင်သန်ချင်ပါသလဲ
----------------------------------------------------------
မိန်းမတစ်ယောက်ရဲ့ တန်ဖိုးနဲ့စွမ်းရည်ကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့လို့ ပြောရင် ထောက်ခံတဲ့သူတွေထဲမှာ အမျိုသမီးတွေချည်းပဲ မဟုတ်ဘဲနဲ့ အမျိုးသားတွေလည်းပါဝင်လာကြတာ တွေ့ရပါတယ်။

အမျိုးသမီးတွေဟာ အကြပ်အတည်းကာလတွေမှာ ဘယ်လိုဖြတ်သန်းရင်ဆိုင်ရမလဲ ဆိုတာကို သိပြီး နားလည်ကြတယ်။
ဘယ်လိုအခြေအနေမျိုးမှာ မဆို သူတို့ ရှင်သန်ချင်တယ်ဆိုရင် ရှင်သန်နိုင်တဲ့ စွမ်းရည်မျိုး ရှိကြပါတယ်။

အမျိုးသားတစ်ဦးလို ကြမ်းကြမ်းတမ်းတမ်း ရူးရူးဒိုင်းဒိုင်းတွေလည်း မလုပ်နိုင်တဲ့အတွက်အမျိုးသမီးတွေဟာ ပျော့ညံ့တဲ့ ခုခံမှုကို တည်တည်ငြိမ်ငြိမ်ပြုလုပ်တတ်ကြတယ်။ အကြပ်အတည်းတွေ၊ ဆင်းရဲနွမ်းပါးမှုတွေ၊ ကံကြမ္မာဆိုးတွေကို အံတုပြီး ဒူပေနာပေခံနိုင်ကြတယ်။

စီးပွားရေးလုပ်ငန်းတွေမှာလည်း ဇွဲနဲပဲနဲ့ ဘယ်လောက်ရှုံးပါစေ နောက်ဆုံးအချိန်ထိ ဇွဲရှိနေတဲ့အတွက် နောက်ဆုံးမှာတော့ အောင်မြင်ရတာချည်းပါပဲ။

မိသားစု ဘ၀မှာလည်း အဲလိုပါပဲ။ ကိုယ်ဝန်ဆောင်ရင်းနဲ့ ဈေးလှည့်ရောင်းတဲ့ မိန်းမ၊ ကလေးမွေးဖို့ ဗိုက်နာရင်းနဲ့ ဆေးရုံကို အရောက်လာတဲ့ မိန်းမ၊ ကလေးမွေးကင်းစလေးကို ပိုက်ပြီး စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်နေတဲ့ မိန်းမတွေကို ကြည့်ရင် အားနည်းတဲ့ မိန်းမသားလို့ ဘယ်မှာ ဆိုနိုင်လို့လဲ။ အဲဒါကြောင့် အန္တရာယ်များတဲ့ လမ်းတွေကို မကြောက်မရွံ့ဖြတ်သန်းတာဟာ ဘာမှ အံ့သြစရာမရှိပါဘူး။

ကိုယ်ဝန်ဆောင်ခြင်းနဲ့ ကလေးမွေးခြင်းဆိုတဲ့ နာကျင်မှု ဝေဒနာမျိုးကို ခံစားဖူးတဲ့ မိန်းမသားတိုင်း သိကြပါတယ်။ ဒါပေမဲ့ ဒါကို သူရင်ဆိုင်ရမယ်လို့ လက်ခံလိုက်တာနဲ့ ဘယ်လောက်ဆိုးတဲ့ ဝေဒနာမျိုးဖြစ်ပါစေ သူ လက်တွေ့ကျကျ လက်ခံရင်ဆိုင်သွားကြတာပါပဲ။

အချို့က ပြောကြသေးတယ်။ မိန်းမဟာ အညတရတဲ့...။ ဘာမှလည်း နားမလည်ဘူးတဲ့...။ အဲလို ကိုယ့်မိန်းမကိုယ် နှိမ်ချတာမျိုးတွေ ကြားရတဲ့ အခါတိုင်း ပါးစပ်စေ့ပြီး ပြုံးမိတယ်။

အဲလို ပြောတတ်တဲ့ ယောင်္ကျားတွေက ကိုယ့်မိန်းမကို အညတရ ဖြစ်အောင်ကို ထားနေတဲ့ အမျိုးသားတွေကသာ ဒီလိုပြောတတ်ကြတာပါ၊ သူတို့က မိန်းမတွေကို အိမ်ထောင်ရှင်မ အဖြစ်ပဲ မြင်လိုကြတယ်။ သူတို့ကို ခြေရာတိုင်းနိုင်မဲ့ အလုပ်မျိုး၊ စွမ်းရည်မျိုး ရှိလာမှာ မလိုလားတဲ့အတွက်ပါ။

ဒါကို နားလည်ပေးတဲ့ အမျိုးသမီးတွေရဲ့ သဘောထားကြီးမှုကိုလည်း အသိအမှတ်ပြုရပါမယ်။ ယောင်္ကျားက သူ့ကို အထင်ကြီးစေချင်တယ်ဆိုရင်လည်း မိန်းမက လိုက်ပြီး အထင်ကြီးပေးတယ်။ သားဖြစ်သူက အမေဖြစ်သူကို သူ့ကို အထင်ကြီးအောင် မဟုတ်တာတွေ လျှောက်ပြောရင်လည်း အမေဖြစ်တဲ့ သူက သားအထင်ကြီးစေလိုတဲ့ အတိုင်း သားကို အထင်ကြီးပေးတာပဲ။ အဲဒါကိုက မိန်းမတွေက သားနဲ့ခင်ပွန်းအပေါ်မှာ ထားနိုင်တဲ့ မေတ္တာပါ။

ငယ်စဉ်ကတည်းက ထက်မြက်ပြီး ဖောက်ထွက်တတ်တဲ့ မိန်းမလေးမျိုးကို ပတ်ဝန်းကျင်ကရော အားပေးလို့လား။ မိန်းမ မပီသဘူး၊ သမီးကောင်းမဟုတ်ဘူး ဆိုတဲ့ တံဆိပ်ကပ်လိုက်တယ်။ ဇနီးဘ၀မှာရော ယောက္ခမနဲ့ ယောက္မတွေ၊ မတ်တွေ၊ ခဲအိုတွေကို ဆန့်ကျင်တယ်ဆိုရင် ဘယ်လိုတံဆိပ်ကပ်ခံရသလဲ။ ဇနီးကောင်းမဟုတ်ဘူး....တဲ့။

မိခင်ဘ၀မှာရော...ကိုယ်ပိုင်ဘ၀လေး ထူထောင်မိတဲ့ မိန်းမဆိုရင် မိခင်ကောင်းမဟုတ်ဘူး၊ သားသမီးကို အချိန်ပေးရမဲ့ဟာကို သူ့အလုပ်ပဲ သူလုပ်နေတယ်ဆိုတာမျိုးနဲ့ ပြောဆိုခံရပြန်ပါတယ်။

အဲတော့ ပတ်ဝန်းကျင်ကကိုယ်က မိန်းမတွေရဲ့ တန်ဖိုးနဲ့ စွမ်းရည်ကို မြင်နိုင်စွမ်းနည်းလိုက်တာလို့ နားလည်မိတယ်။
မိန်းမတစ်ယောက်အဖြစ် ကိုယ့်ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေစွာ ရှင်သန်ဖို့ ဆိုတာ လွယ်တဲ့ ကိစ္စမျိုးမှ မဟုတ်တာ။

အဲဒါကြောင့် သမီးမိုက်မဖြစ်ချင်တဲ့ ဗိုင်းကောင်းကျောက်ဖိ ဖြစ်ချင်တဲ့ မိန်းကလေးတွေက သမီးဘ၀မှာ အမေကလွဲလို့ အကိုတွေ မောင်တွေ ရှိခဲ့ရင် သူတွေရဲ့ ထင်မြင်သေးခြင်း၊ နှိမ့်ချပေးရခြင်းတွေနဲ့ သည်းခံပြီး ရှင်သန်ရတယ်။ ဇနီးကောင်းနာမည်လိုချင်ရင်လည်း ဇနီးသည်ဘ၀မှာ ယောက္ခမအပါအ၀င် ယောက္ခအသိုင်းဝိုင်းကြားမှာ ညည်းခံခြင်းနဲ့ ရှင်သန်ရတယ်။မိခင်ဘ၀မှာရော သည်းခံခြင်း လွတ်ကင်းလို့လား။ ဆက်လက်သည်းခံပြီး ရှင်သန်ကြရတာပါပဲ။

ဒီနေ့ ကမ္ဘာမှာ ဖောက်မထွက်နိုင်လို့ ပတ်ဝန်းကျင်ကို မဆန့်ကျင်နိုင်လို့ ကမ္ဘာမကျော်နိုင်တဲ့ အမျိုးသမီးတွေ အများကြီး၊ ပတ်ဝန်းကျင်ရဲ ကျဉ်းမြောင်းမှုကို ဖောက်ထွက်ပြီးအစွမ်းအစ ပြနိုင်တဲ့ အမျိုးသမီးဆိုရင် ထက်မြက်တဲ့ အမျိုးသမီးအနေနဲ့ အောင်မြင်လာကြတာပါပဲ။

အဲတော့ မိန်းမတစ်ယောက်အနေနဲ့ စဉ်းစားရွေးချယ်ဖို့ နှစ်လမ်းရှိတယ်။ အစဉ်အလာအတိုင်း အရာအားလုံးကို သည်းခံလိုက်လျောပြီး နေထိုင်မလား။ အစဉ်အလာတွေကနေ ဖောက်ထွက်ပြီး ကိုယ်ပိုင်လွတ်လပ်မှုနဲ့ ရှင်သန်မလား ဆိုတာပါပဲ။

ဘယ်လိုနည်းလမ်းမျိုးကို ရွေးချယ်ပါစေ သည်းခံနိုင်တဲ့ မိန်းမသားတစ်ယောက်ရဲ့ တန်ဖိုးနဲ့ စွမ်းရည်ဟာလည်း ကျဆင်းမသွားပါဘူး။သူ့အသိုင်းအ၀ိုင်းအတွက် အသိအမှတ်ပြုစရာ ဖြစ်ပါတယ်၊

အစဉ်အလာတွေကို ဆန့်ကျင်ပြီး တိုက်ခိုက်ထိုးဖောက်ထွက်လာနိုင်တဲ့ ကိုယ်ပို်င်လွတ်လပ်မှုနဲ့ အောင်မြင်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ တန်ဖိုးနဲ့ စွမ်းရည်ဟာလည်း အသိအမှတ်ပြုစရာ ကမ္ဘာကျော်စရာ ဖြစ်လာတာပါပဲ။ အဲဒီလို ဖြစ်ဖို့ကတော့ ဆန့်ကျင်ရဲတဲ့ ကိုယ်ပိုင်လွတ်လပ်မှု့ကို ရှာဖွေနိုင်တဲ့သတ္တိရှိဖို့လိုတာကတော့ အမှန်ပါပဲ။

Credit-မေသင်္ကြန်ဟိန်း(မြစ်မခ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။