အမေရိကန်သမ္မတ
အိုဘားမားသည် မြန်မာနိုင်ငံသမ္မတအဖြစ် ရာထူးတာဝန် လွှဲပြောင်းရယူလက်ခံသော
ဦးထင်ကျော် အတွက် ချီးကျူးဂုဏ်ပြုပြီး သမ္မတဦးထင်ကျော်နှင့်အတူ သူ၏
အစိုးရအဖွဲ့သစ်နှင့် လက်တွဲဆောင်ရွက်ရန် မျှော်လင့်လျက်ရှိကြောင်း
အိမ်ဖြူတော်မှကြေညာချက်တစ်ရ ပ်ထုတ်ပြန်လိုက်သည်။
ဦးထင်ကျော်၏ သမ္မတရာထူးတာဝန် လွှဲပြောင်းရယူလက်ခံခြင်းသည် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်တင်မြှောက်ခြင်းခံ ရသော အရပ်သား ဦးဆောင်သည့် အစိုးရထံသို့ အသွင်ကူးပြောင်းသည့် မြန်မာနိုင်ငံ၏ သမိုင်းဝင်မှတ်တိုင်တစ်ရပ်ကို ကိုယ်စားပြုခြင်းဖြစ်ကြောင်းအိမ်ဖြူတော်သတင်းထုတ်ပြန်ချက်ကဆိုသည်။
မြန်မာနိုင်ငံရှေ့ခရီးဆက်ရာ တွင် ပိုမိုကျယ်ပြန့်သော စီးပွားရေးဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ခြင်း၊ အမျိုးသားပြန်လည်ရင်ကြားစေ့ ရေးကို တိုးတက်ဖော်ဆောင်ခြင်း၊ ၎င်းနိုင်ငံသားများအတွက် အခွင့်အရေးနှင့်လွတ်လပ်မှုအတွက် တိုးမြှင့်ဆောင်ရွက်ခြင်းအပါအဝင်
သိသာထင်ရှားသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရမည်ဖြစ်ပြီး
အမေရိကန်ပြည်ထောင်စုသည် မြန်မာအစိုးရသစ်နှင့် မြန်မာနိုင်ငံသားများအတွက်
မိတ်ဆွေမွန်၊ မိတ်ဖက်ကောင်းအဖြစ် ရပ်တည်သွားရန် မျှော်လင့်လျက်ရှိပါသည်။
HEZ
ပေါ်ပြူလာဂျာနယ်
ဦးထင်ကျော်၏ သမ္မတရာထူးတာဝန် လွှဲပြောင်းရယူလက်ခံခြင်းသည်
မြန်မာနိုင်ငံရှေ့ခရီးဆက်ရာ
HEZ
ပေါ်ပြူလာဂျာနယ်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။