သစ်ပင်ကလေးရဲ့ သင်ခန်းစာ
++++++++++++++++++
ရွာလေး တစ်ရွာမှာ မြေးအဖွားနှစ်ယောက် နေထိုင်ကြသတဲ့။
တစ်နေ့ မှာ အဖွားလုပ်သူက မြေကွက်လပ်လေးမှာ
သစ်ပင်ပေါက် တစ်ပင်ကို စနစ်တကျ စိုက်ပျိုးနေပါတယ်။
ဒါကို မြေးလေးက မြင်တော့
" အဖွား.... သစ်ပင်လေးကို ဘာလို့  အမြတ်တနိုး ခုလို ဂရုစိုက်ပြီး စိုက်ပျိုးရတာလည်း.."
"ငါ့မြေး.. သစ်တစ်ပင်ဟာ ရိုးရိုးလေးပဲ ကြည့်မယ်ဆိုရင် သူ့ ရဲ့တန်ဖိုးဟာ အညတရပဲ။ သင်ခန်းစာဖြစ်အောင် ကြည့်
မယ်ဆိုရင် လူတွေကို များတဲ့ သင်ခန်းစာတွေ သူက ပေးပါတယ်...."
" ဘယ်လို သင်ခန်းစာတွေများ သစ်ပင်က ရယူနိုင်သလဲ အဖွား........"
" သစ်ပင်တွေဟာ အပင်ပေါက်ဘ၀မှာ အညွှန့် လေးတွေ တစ်လူလူနဲ့ မို့  အပင်ရနံ့ လေးကလည်း သင်းနေတော့
လူတွေကို စိတ်ချမ်းသာစေပါတယ်၊ စိတ်ကြည်နူးစေပါတယ်။ အပင်ကြီး ဘ၀ရောက်လာပြီဆိုရင်လည်း သတ္တ၀ါတိုင်း
ကို အရိပ်အာဝါသပေးပါတယ်။ ကျေးငှက် သာရကလေးတွေကိုလည်း နားခိုစရာ ဖြစ်စေတယ်။ ကလေးတွေ အတွက်
ကစားကွင်းဖြစ်စေတယ်။ အသီးအပွင့်တွေ ဖြစ်လာပြီဆိုရင်လည်း သတ္တာဝါတိုင်းကို အစာအဟာရ အဖြစ်ပေးဆပ်ကြတယ်။ "
" ဒါတင်ပဲလား အဖွား..နောက်ရော ဘာတွေ အကျိုးပြုသေးလည်းဟင်...."
" သစ်ပင်တွေဟာ သက်တမ်းကုန်ဆုံးတဲ့ အခါကျရင်လည်း သူ့ တို့ ရဲ့ ဘ၀ကို လူနေအိမ်တွေ အဖြစ် ဖန်တီးပေးကြ
ပြန်တယ်။ လမ်းတံတားတွေ အဖြစ် ကျောခင်းပေးကြတယ်။ လူသုံးကုန် ပစ္စည်းတွေ အဖြစ် ဖန်ဆင်း ပေးကြတယ်။
ထင်း၊မီးသွေးကဲ့ သို့ လည်း လောင်စာအဖြစ် နောက်ဆုံးချိန်အထိ ဘ၀ကို ပေးဆပ်ပါတယ်"
" ဒါဆို သစ်ပင်ရဲ့ တန်ဖိုးဟာ သိပ်ကြီးတာပေါ့နော် အဖွား.."
" ဒါပေါ့ မြေးရယ်....ဒီသစ်ပင်တွေလိုသာ လူသားတွေဟာ ပေးဆပ်ခြင်းတွေမှာ ပျော်မွေ့ ကျရင် ကောင်းမှာပါ။ ငါ့မြေး
လည်း အဖွားစိုက်တဲ့ သစ်ပင်လေးလို လောကမှာ တန်ဖိုးရှိအောင်နေထိုင်သွား ပါ။ နောင်လာ နောက်သားတွေကိုလည်း
အဖွားရဲ့ စကားလေးကို လက်ဆင့်ကမ်းပေးသွားပါ။ "
ဒီလို မှာပြီးတာနဲ့  အဖွားအိုဟာ အိမ်ကလေးထဲကို တရွေ့ ရွေ့ နည်း လျှောက်သွားပါတော့တယ်။ မြေးမလေးကတော့
သစ်ပင်လေးနားမှာ ခြေစုံရပ်ပြီး အတွေးတွေ ချဲ့ ထွင်ပြီး ကျန်ခဲ့ပါတယ်။
အဖွားရဲ့ စကားတွေ အတိုင်း ဖြစ်စေရပါ့မည်လို့ လည်း သူမရဲ့ စိတ်ထဲမှာ ကတိတွေ အထပ်ထပ် ပေးနေမိပါတော့တယ်။
အဖွား စိုက်ပျိုးထားတဲ့ သစ်ပင်လေးကလည်း မြေကြီးပေါ်မှာ ၀ံ့ထည်စွာ မားမားမတ်မတ်နေရာ ယူထားပြီးပါပြီ။
သစ်ပင်လေးက လောကကြီးကို ပေးဆပ်ရမှာမို့  ပျော်နေတယ် ထင်ပါရဲ့ အညွှန့် လေးက ဘယ်ယိမ်း၊ ညာယိမ်းနဲ့ .. လေ
အဟုန်နဲ့ ကနေလိုက်တာ။
သစ်ပင်လေးရယ် ငါလည်း နင့်လို ဘ၀ကို ဒီနေ့ ကစပြီး ရှင်သန်ပါတော့မယ်။ ကလေးမလေးဟာ သစ်ပင်ပေါက်လေးကို ကြည့်ပြီး လက်သီးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပါတော့တယ်။
Credit & Original Uploder
++++++++++++++++++
ရွာလေး တစ်ရွာမှာ မြေးအဖွားနှစ်ယောက် နေထိုင်ကြသတဲ့။
တစ်နေ့ မှာ အဖွားလုပ်သူက မြေကွက်လပ်လေးမှာ
သစ်ပင်ပေါက် တစ်ပင်ကို စနစ်တကျ စိုက်ပျိုးနေပါတယ်။
ဒါကို မြေးလေးက မြင်တော့
" အဖွား.... သစ်ပင်လေးကို ဘာလို့  အမြတ်တနိုး ခုလို ဂရုစိုက်ပြီး စိုက်ပျိုးရတာလည်း.."
"ငါ့မြေး.. သစ်တစ်ပင်ဟာ ရိုးရိုးလေးပဲ ကြည့်မယ်ဆိုရင် သူ့ ရဲ့တန်ဖိုးဟာ အညတရပဲ။ သင်ခန်းစာဖြစ်အောင် ကြည့်
မယ်ဆိုရင် လူတွေကို များတဲ့ သင်ခန်းစာတွေ သူက ပေးပါတယ်...."
" ဘယ်လို သင်ခန်းစာတွေများ သစ်ပင်က ရယူနိုင်သလဲ အဖွား........"
" သစ်ပင်တွေဟာ အပင်ပေါက်ဘ၀မှာ အညွှန့် လေးတွေ တစ်လူလူနဲ့ မို့  အပင်ရနံ့ လေးကလည်း သင်းနေတော့
လူတွေကို စိတ်ချမ်းသာစေပါတယ်၊ စိတ်ကြည်နူးစေပါတယ်။ အပင်ကြီး ဘ၀ရောက်လာပြီဆိုရင်လည်း သတ္တ၀ါတိုင်း
ကို အရိပ်အာဝါသပေးပါတယ်။ ကျေးငှက် သာရကလေးတွေကိုလည်း နားခိုစရာ ဖြစ်စေတယ်။ ကလေးတွေ အတွက်
ကစားကွင်းဖြစ်စေတယ်။ အသီးအပွင့်တွေ ဖြစ်လာပြီဆိုရင်လည်း သတ္တာဝါတိုင်းကို အစာအဟာရ အဖြစ်ပေးဆပ်ကြတယ်။ "
" ဒါတင်ပဲလား အဖွား..နောက်ရော ဘာတွေ အကျိုးပြုသေးလည်းဟင်...."
" သစ်ပင်တွေဟာ သက်တမ်းကုန်ဆုံးတဲ့ အခါကျရင်လည်း သူ့ တို့ ရဲ့ ဘ၀ကို လူနေအိမ်တွေ အဖြစ် ဖန်တီးပေးကြ
ပြန်တယ်။ လမ်းတံတားတွေ အဖြစ် ကျောခင်းပေးကြတယ်။ လူသုံးကုန် ပစ္စည်းတွေ အဖြစ် ဖန်ဆင်း ပေးကြတယ်။
ထင်း၊မီးသွေးကဲ့ သို့ လည်း လောင်စာအဖြစ် နောက်ဆုံးချိန်အထိ ဘ၀ကို ပေးဆပ်ပါတယ်"
" ဒါဆို သစ်ပင်ရဲ့ တန်ဖိုးဟာ သိပ်ကြီးတာပေါ့နော် အဖွား.."
" ဒါပေါ့ မြေးရယ်....ဒီသစ်ပင်တွေလိုသ
လည်း အဖွားစိုက်တဲ့ သစ်ပင်လေးလို လောကမှာ တန်ဖိုးရှိအောင်နေထိုင်သွား
အဖွားရဲ့ စကားလေးကို လက်ဆင့်ကမ်းပေးသွားပါ။ "
ဒီလို မှာပြီးတာနဲ့  အဖွားအိုဟာ အိမ်ကလေးထဲကို တရွေ့ ရွေ့ နည်း လျှောက်သွားပါတော့တယ်။ မြေးမလေးကတော့
သစ်ပင်လေးနားမှာ ခြေစုံရပ်ပြီး အတွေးတွေ ချဲ့ ထွင်ပြီး ကျန်ခဲ့ပါတယ်။
အဖွားရဲ့ စကားတွေ အတိုင်း ဖြစ်စေရပါ့မည်လို့ လည်း သူမရဲ့ စိတ်ထဲမှာ ကတိတွေ အထပ်ထပ် ပေးနေမိပါတော့တယ်။
အဖွား စိုက်ပျိုးထားတဲ့ သစ်ပင်လေးကလည်း မြေကြီးပေါ်မှာ ၀ံ့ထည်စွာ မားမားမတ်မတ်နေရာ ယူထားပြီးပါပြီ။
သစ်ပင်လေးက လောကကြီးကို ပေးဆပ်ရမှာမို့  ပျော်နေတယ် ထင်ပါရဲ့ အညွှန့် လေးက ဘယ်ယိမ်း၊ ညာယိမ်းနဲ့ .. လေ
အဟုန်နဲ့ ကနေလိုက်တာ။
သစ်ပင်လေးရယ် ငါလည်း နင့်လို ဘ၀ကို ဒီနေ့ ကစပြီး ရှင်သန်ပါတော့မယ်။ ကလေးမလေးဟာ သစ်ပင်ပေါက်လေးကို ကြည့်ပြီး လက်သီးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပါတော့တယ်။
Credit & Original Uploder
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။