Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, March 29, 2016

ယောက်ျားလေးတွေ မသိနိုင်တဲ့ မိန်းကလေးတွေအကြောင်း

ယောက်ျားလေးတွေ မသိနိုင်တဲ့ မိန်းကလေးတွေအကြောင်း
======================

၁။ Toilet သွားရင် ဘာလို့အတူသွားကြလဲ?

မိန်းကလေးတွေဟာ toilet ကိုအတူသွားတဲ့အခါ လောလောလတ်လတ်ဖြစ်နေတဲ့အရာတွေကို အတင်းပြောခြင်း၊ ဓါတ်ပုံရိုက်ခြင်းနဲ့ မိတ်ကပ်ပြင်တာ၊ ဆံပင်ပြင်တာတွေ
လုပ်တတ်တဲ့အတွက် toilet ကို အတူသွားတတ်ကြပါသတဲ့။
.
၂။ ပြင်ဆင်ချိန်တွေ ဘာလို့ကြာတတ်သလဲ?

မိန်းကလေးတစ်ယောက်ဟာ မျက်ခုံးမွှေးဆွဲတာတောင် လှပပြီး မိတ်ကပ်နဲ့ လိုက်ဖက်ညီအောင် သေချာအချိန်ယူရပါတယ်။ ဆံပင်၊ အဝတ်အစားနဲ့
အခြား accessories တွေပါ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ မိန်းကလေးတစ်ယောက်ရဲ့ ပြင်ဆင်ချိန်ဟာ တော်တော့ကို ကြာပါတယ်။
.
၃။ အဝတ်အစားတွေ ဗီရိုနဲ့အပြည့်ပေမယ့် ဝတ်စရာမရှိဘူး။

မိန်းကလေးတွေရဲ့ မသိစိတ်ကဖြစ်နေတတ်တဲ့အရာက ဝတ်စုံတစ်ခုကို တစ်နေရာမှာဝတ်ပြီးရင် အခြားတစ်နေရာမှာ ထပ်ဝတ်ရင် ဘေးလူတွေ မှတ်မိမှာစိုးတဲ့စိတ်ပါ။
အထူးသဖြင့် ကောင်လေးတွေနဲ့အတူသွားတော့မယ်ဆိုရင် တတ်နိုင်သမျှ ဝတ်စုံကို ထပ်အောင်မဝတ်ချင်ပါဘူး။ တစ်စုံကိုဝတ်ပြီးရင်လည်း တော်တော်ကြာမှ
ပြန်ဝတ်တတ်ပါတယ်။ ဒါတွေကိုလည်း ဂရုစိုက်ရသေး၊ လှအောင်လည်း ဝတ်ရသေးဆိုတော့ မိန်းကလေးတစ်ယောက်အတွက် ဝတ်စရာဝတ်စုံရှားလာတာ
အထူးအဆန်းတော့ မဟုတ်ပါဘူး။
.
၎။ Selfie ရိုက်ရင် ဘာလို့ အမူအယာတွေလုပ်ပြီး ရိုက်သလဲ?

မိန်းကလေးတွေက ဘယ်လောက်ပဲလှအောင် ပြင်ထား၊ပြင်ထား သူတို့ရဲ့ နဂိုရုပ်ကို ဓါတ်ပုံပေါ်မှာ အနီးကပ်ကြီးပေါ်နေတာကို မကြိုက်ပါဘူး။
ဒါ့ကြောင့် selfie ရိုက်တဲ့အခါ ရုပ်ဆိုးနေအောင် တမင်လုပ်တာပဲဖြစ်ဖြစ်၊ ချစ်စရာကောင်းအောင် တမင်လုပ်တာဖြစ်ဖြစ်၊ အပိုအမူအယာတွေကိုလုပ်ပြီးမှ
ရိုက်လေ့ရှိပါတယ်။
.
၅။ ဒေါက်အမြင့်ကြီးတွေ ဘာလို့စီးသလဲ?

ဒေါက်မြင့်ဖိနပ်ကြီးတွေစီးရတာ လမ်းလျှောက်ရအဆင်မပြေဖူးတို့၊ ခြေထောက်နာတယ်တို့။ စသဖြင့် မိန်းကလေးတွေ တော်တော်များများ ငြီးတွားတတ်ကြပါတယ်။
ယောက်ျားတွေ သိထားတဲ့ မိန်းကလေးတွေ ဒေါက်ဖိနပ်စီးရတဲ့အကြောင်းအရင်းကတော့ အရပ်ပုလို့၊ အရပ်လေးမြင့်အောင်ပေါ့။ ဒါပေမယ့် ဒီ့ထက်ပိုတဲ့အကြောင်းအရင်း
ရှိပါသေးတယ်။ ဒါကတော့ ဒေါက်ဖိနပ်စီးထားတဲ့အခါ မိန်းကလေးတွေက သူတို့ခန္ဓာကိုယ်ကျော့ရှင်းပြီး ပုံမှန်ထက်ပို ဆွဲဆောင်မှုရှိတယ်လို့ ခံစာရပါသတဲ့။
.
၆။ အရုပ်တွေကို ကုတင်ပေါ်မှာ ထားတတ်သလဲ?

မိန်းကလေးတွေရဲ့ ပင်ကိုယ်စိတ်က လှတယ်၊ ချစ်စရာကောင်းတယ်လို့ အထင်ခံချင်ပါတယ်။ ဒီတော့ ချစ်စရာကောင်းတဲ့ အရုပ်လေးတွေကို အနီးအနားမှာ
ထားတဲ့အခါ သူတို့ပါချစ်စရာကောင်းတယ်လို့ သူတို့စိတ်ထဲ ခံစားရပါတယ်။ ဒါကြောင့် ချစ်စရာအရုပ်လေးတွေကို ကုတင်မှာထားပြီး ချစ်စရာအသုံးအဆောင်လေးတွေကိုသာ
သုံးစွဲတတ်တာပါ။
.
၇။ Romantic ဖြစ်တဲ့ ရုပ်ရှင်ကားလေးတွေ ကြိုက်တယ်။

မိန်းကလေးအားလုံးနီးပါးဟာ Romantic ရုပ်ရှင်ကားလေးတွေ၊ ပေါ့ပေါ့ပါးပါး fancy ကားလေးတွေ ကြည့်ရတာ နှစ်သက်ပါတယ်။ ဒီရုပ်ရှင်လေးတွေကြည့်နေချိန်မှာလည်း
ကြည်နှုးတဲ့စိတ်ရှိတတ်ပြီး ဒီကြည်နူးတဲ့စိတ်ကို သူတို့သဘောကျပါတယ်။ တကယ်တော့ဒါဟာ မသိစိတ်က စိတ်ကူးယဉ်နေတာမျိုး ဖြစ်ပါတယ်။ မိန်းကလေးတွေဟာ
သိစိတ်ကရော၊ မသိစိတ်ကပါ စိတ်ကူးယဉ်ရတာကို သဘောကျပါတယ်။
.
၈။ စမ်းသပ်တတ်တယ်။

မိန်းကလေးတွေဟာ သူတို့ကောင်လေးတွေနဲ့ ပတ်သက်ပြီး တစ်ခုမဟုတ်၊ တစ်ခုကို စမ်းသပ်လိုကြပါတယ်။ သူတို့ကိုတကယ်ချစ်ရဲ့လား၊ စိတ်ရှည်ရဲ့လား၊
သည်းခံနိုင်ရဲ့လား၊ တခြားကို စိတ်တွေလွင့်နေလား၊ စသဖြင့် တစ်နည်းနည်းနဲ့စမ်းသပ်တတ်ကြပါတယ်။ ကောင်လေးဘက်က ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ
ကြိုးစားပြလိုက်လို့ စမ်းသပ်မှုအောင်မြင်ခဲ့ရင်လည်း မိန်းကလေးတွေမှာ အကျေနပ်ကြီးကျေနပ်တတ်ပါတယ်။ ဒါပေမယ့် ကောင်လေးတော်တောများများကတော့
ဖွင့်မပြောရင်သာရှိမယ်။ အဲ့လို စမ်းသပ်တာတွေကို မနှစ်သက်ပါဘူး။
.
၉။ "ရပါတယ်" လို့ ဘယ်အချိန်တွေ ပြောတတ်လဲ?

မိန်းကလေးတွေရဲ့ တကယ့်စိတ်က ရပါတယ်လို့ပြောချင်ရင် အမူအယာနဲ့ပြောပါတယ်။ သူတို့အမူအယာက တကယ်ကို အဆင်ပြေနေမှန်း သိသာပါတယ်။
ဒီလိုမှမဟုတ်ဘဲ မျက်နှာသေလေးကို နှုတ်ခမ်းလေးကွေးရုံလောက်လေးပြုံးပြီး "ရပါတယ်" လို့ပြောရင် ယောက်ျားလေးတွေအတွက်တော့ ကံဆိုးပါပြီ။
.
၁၀။ အစားအသောက် ဘာလို့ကြိုက်သလဲ?

မိန်းကလေးအများစုက စားရတာကို နှစ်သက်ပါတယ်။ စားတဲ့နေရာမှာလည်း တစ်ခုတည်းကို အများကြီးစားရတာထက်စာရင် အမျိုးအစားအများကြီးကို
ဟိုစပ်စပ် ဒီစပ်စပ်စားချင်တာပါ။ မိန်းကလေးတွေ အလိုလိုက်တာ အစာအိမ်မဟုတ်ပါဘူး။ လျှာကို အလိုလိုက်တာပါ။
.
၁၁။ ရန်ဘယ်လိုဖြစ်သလဲ?

ယောက်ျားလေးတွေ ရန်ဖြစ်ရင် လက်သီးနဲ့ထိုးတတ်ကြပါတယ်။ ဒါပေမယ့် မိန်းကလေးတွေရန်ဖြစ်ရင် လက်သီးမသုံးပါဘူး။ ကုတ်တတ်ဖဲ့တတ်ပါတယ်၊ ဆံပင်တွေဆွဲတတ်ပါတယ်။
ဆောင့်တွန်းတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးတော်တော်များများဟာ နာမှာကြောက်ပါတယ်။ ဒါ့ကြောင့် သူ့ကို လက်သီးနဲ့ထိုးရင် ကိုယ့်ကိုပြန်ထိုးခံရမှာကို
မသိစိတ်ကိုက စိုးရိမ်နေတတ်တာပါ။
.
၁၂။ ဖက်ထားရတာကို ကြိုက်တယ်။

မိန်းကလေးတွေဟာ ယောက်ျားလေးတွေကို ဖက်ထားတဲ့အခါမှာ နွေးထွေးသွားလေ့ရှိပါတယ်။ တစ်စုံတစ်ခုက အကာအကွယ်ရှိနေသလိုမျိုး လုံခြုံမှုစေတဲ့
ခံစားမှုတွေကိုလည်း ရတတ်ပါတယ်။
_____________
ရွှေညာမောင် (Focus Youth E-magazine)
Ref: Facts boy dont understand about girls

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။