Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, March 31, 2016

လီကွမ်ယူး၏ လက်တွေ့ကျသော အတွေးအခေါ်

လီကွမ်ယူး၏ လက်တွေ့ကျသော အတွေးအခေါ်

ယနေ့ ၁၄ -၃-၂ဝ၁၆ နံနက် စောစော ၄ နာရီခွဲခန့် အိပ်ရာမှ နိုးလာစဉ် ပြန်အိပ်ရန် မကြိုးစား တော့ဘဲ မျက်နှာသစ်ပြီးနောက် ပက်လက်ကုလားထိုင်ဘေးတွင် အလွယ်တွေ့ရသော မှတ်စုစာအုပ် တစ်အုပ်ကို ကောက်ဖတ်မိသည်။ အချို့နေရာများတွင် လီကွမ်ယူး၏ HARD TRUTHS TO Keep Singpore Going ဟူသော စာ အုပ်ထဲမှ ထုတ်နုတ်မှတ်သားထား သည်များကို တွေ့ရသည်။

လီကွမ်ယူး၏ လက်တွေ့ကျ သော အတွေးအခေါ်များ သို့မဟုတ် မှတ်သားဖွယ်ကောင်းသည့် အတွေးအခေါ်များကို ထိုမှတ်စု များတွင် တွေ့ရပေရာ ဈေးကွက် ပရိသတ်အတွက် အချို့ကို အောက်တွင် ပြန်လည်ဖောက် သည်ချလိုက်ပါသည်။

သူ့အစိုးရနှင့် ပတ်သက်၍ လီ ကွမ်ယူးက ဤသို့ ပြောပါသည်။ ''ကျွန်တော်တို့မှာ ကိုယ်အနီးအနား က ကျန်နိုင်ငံတွေနဲ့ မတူတဲ့ အစိုး ရမျိုး၊ လူမျိုးမျိုးမရှိဘူးဆိုရင် စင် ကာပူဟာ ဘယ်မှာရှိနေနိုင်မှာလဲ'' တဲ့။

ထိုအတွေးအခေါ်ကြောင့် လီ ကွမ်ယူးသည် သူ့အစိုးရကို အခြား အရှေ့တောင် အာရှနိုင်ငံများမှ အ အစိုးရများနှင့် မတူသည့် အရည် အချင်းကောင်းရှိသော ဝန်ကြီးများ နှင့် ဖွဲ့ထားတာကိုးဟု တွေးမိပါ သည်။ သူ့လူမျိုး စင်ကာပူနိုင်ငံ သားတွေကိုလည်း အလုပ်မှာ မခိုမ ကပ်နှင့် မပျင်းရိသော လူမျိုး၊ လုပ် ငန်းစွမ်းရည်ထက်သော လူမျိုးဖြစ် အောင် လုပ်ထားတာကိုးဟု တွေးမိ ပါသည်။

''ကျွန်တော်တို့ဟာ စီးပွားရေး တိုးတက်မှု အမြန်ဆုံးဖြစ်နေတဲ့ ဒေသအလယ်ကောင်မှာ အိန္ဒိယနဲ့ တရုတ်တို့နဲ့အတူ ရှိနေပါလျက် ကျွန်တော်တို့က မတိုးတက်ဘူးဆို ရင် ကျွန်တော်တို့ ညံ့ဖျင်းအသုံး မကျလို့ပေါ့''ဟု လီကွမ်ယူးက ပြော သည်။ တကယ်တော့ သူထိုသို့ တွေးသည်မှာ ရှက်တတ်သော ကြောင့် ဖြစ်ပါလိမ့်မည်။ မြန်မာ နိုင်ငံမှ ခေါင်းဆောင်များ အနှစ် ငါးဆယ်ကျော် ဘာမျှမတိုးတက်ဘဲ သည်အတိုင်း နေလာတော့လည်း ဖြစ်သွားတာပါပဲ။ ဖြစ်သွားတာပဲ ဆိုသည်မှာ ခေါင်းဆောင်များ သူ ဌေးဖြစ် သွားတာ ကို ပြောခြင်းဖြစ် ပါ၏။

''ဘဏ္ဍာငွေကြေးမတောင့် တင်းမခိုင်မာရင် တောင့်တင်းခိုင်မာတဲ့ ကာကွယ်ရေးမျိုးမရှိနိုင်ဘူး။ တောင့်တင်းတဲ့၊ စည်းလုံးတဲ့၊ ပညာ ကောင်းကောင်းတတ်တဲ့၊ တစ်နေ့ တခြား သဟဇာတပို၍ ဖြစ်ဖြစ် လိုက်လာနေတဲ့ လူ့အဖွဲ့အစည်းမျိုး မရှိရင်လည်း တောင့်တင်း ခိုင်မာတဲ့ ကာကွယ်ရေးတို့၊ ဘဏ္ဍာရေးတို့ မရ နိုင်ဘူး။ ကျွန်တော်တို့ဟာ တစ်ခု လုံးထဲက အစိတ်အပိုင်းတွေ ချည်း သာပါပဲ''တဲ့ လီကွမ်ယူးက ပြောပါ သည်။

''ကျွန်တော်တို့က အရည်အ ချင်းနဲ့ပဲ အကဲဖြတ်တယ်။ တန်းတူ ရည်တူချင်း ကစားကြတဲ့ ကစား ကွင်းမှာ လိုပဲပေါ့။ ကျွန်တော်တို့က လူတွေကို လူမျိုးအရ၊ ပြောဆိုတဲ့ ဘာသာစကားအရ၊ ကိုးကွယ်တဲ့ ဘာသာအရ ဘာမျှမခွဲခြားဘူး။ ခင်ဗျားကောင်းကောင်း လုပ်နိုင်ရင် အလုပ်ကောင်းရမှာပဲ''

လီကွမ်ယူး စကားထဲမှာ အ လုပ်ကောင်းရဖို့ စစ်ဗိုလ်ဖြစ်ရမည် ဟု မပါကြောင်း သတိထားမိပါ သည်။

''အမေရိကန်နိုင်ငံဟာ တစ် ကမ္ဘာလုံးက ဥာဏ်စွမ်းဥာဏ်စရှိတဲ့ လူတော်တွေ လာချင်အောင် ဆွဲ ဆောင်မှုပေးထားတယ်။ ဒါကြောင့် တရုတ်နိုင်ငံက အင်အားအ ကောင်းဆုံး နိုင်ငံဖြစ်လာမလား၊ မဖြစ်လာဘူးလားဆိုတာဟာ တရုတ်နိုင်ငံက နိုင်ငံခြားမှ ဥာဏ်စွမ်း ဥာဏ်စ ရှိ တဲ့ တော်သူတွေရော ကိုယ့်ဆီက ဥာဏ်စွမ်းဥာဏ်စရှိတဲ့ တော်သူတွေကိုပါ ဆွဲဆောင်ထား နိုင်မလား၊ မထားနိုင်ဘူးလား ဆိုတာ အပေါ်မှာ မူတည်လိမ့်မယ်''တဲ့။

မှန်ပါပေသည်။ ကျွန်တော်တို့ နိုင်ငံကျတော့ သူတစ်ပါးနိုင်ငံမှ လူတော်တွေလာချင်အောင် အ သာထားလို့ ကိုယ့်ဆီက ရှားရှား ပါးပါး ဥာဏ်စွမ်းဥာဏ်စရှိသူ လူ တော်တွေတောင် ကိုယ့်နိုင်ငံမှာ နေ မဖြစ်အောင် ပြုထားတော့လည်း အင်အားအနည်းဆုံးနိုင်ငံဖြစ်သွား သည်ပ။

''ကျွန်တော်တို့ ထိန်းထားတဲ့ အရေးပါ အဓိကကျတဲ့ လက္ခဏာ များက ပထမအချက်၊ ဗျူရိုကရေ စီနဲ့ ပါလီမန်နဲ့ နိုင်ငံရေး ခေါင်း ဆောင် မှုတို့ကို သီးခြားခွဲထား တယ်။ ဒုတိယအချက်က ငါးနှစ် တစ်ကြိမ် လွတ်လပ်တဲ့ ရွေး ကောက်ပွဲရှိတယ်''တဲ့။ တိုးတက် မည့် စင်ကာပူဆိုတော့ ဆင်းရဲမည့် မြန်မာနိုင်ငံနှင့် မတူတာ သဘာဝ ကျပါသည်။ မြန်မာနိုင်ငံက အင်္ဂလိပ်ဗျူရိုကရေစီကို ဖျက်ပစ် ပြီး စစ်ဗိုလ်၏ ပါးစပ်မိန့်နှင့်ပဲ အုပ်ချုပ်လာခဲ့သော နိုင်ငံဖြစ်ပါ ၏။

''လူတိုင်းအခွင့်အလမ်းတူ ပေးထိုက်ပါတယ်။ ဒါပေမယ့် ထွက် ပေါ်လာမယ့် ရလဒ်လည်း တူလာ မယ်လို့တော့ မမျှော်လင့် သင့်ပါ ဘူး''တဲ့။ အခွင့်အရေး တူပေးထား သော်လည်း လုံ့လနှင့် အရည်အ ချင်းခြားနားသလို ရလဒ်လည်း ခြားနားလာမည်ဖြစ်သည်။

မေး။ ။ ခင်ဗျားရဲ့ ဝန်ကြီးအဖွဲ့ လစာမူဝါဒဟာ လူကြိုက်မများတဲ့ မူဝါဒ ဖြစ်နေခြင်းအပေါ် စိုးရိမ် စိတ်မဖြစ်မိဘူးလား။

ဖြေ။ ။ ဒါကတော့ လူတွေက ရာထူးတာဝန်ကို ယူတာဟာ ဂုဏ် သိက္ခာအတွက်လို့ မျှော်လင့်ထား ကြတာကိုးဗျ။ တကယ်တော့

အဲဒါ မဟုတ်ဘူး။ သက်တမ်းတစ်ခု တည်းလောက် လုပ်သွားမယ်ဆို တာမျိုးဆိုရင်တော့လည်း ဂုဏ် သိက္ခာအတွက်ဆိုတာ ဟုတ်ပါ တယ်။ ဘော့ရူဘင်လိုမျိုးပေါ့။ (ဘော့ရူဘင်မှာ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဟောင်းဖြစ်ပါ သည်။) ရူဘင်က သက်တမ်းတစ် စုခွဲပဲလုပ်ပြီး ပြီးသွားတယ်။ စီးတီး ဂရုမှာ သူသွားလုပ်တော့ ဒေါ်လာ သန်း ၁ဝဝ ရတယ်လေ။

စင်ကာပူတွင် လီကွမ်ယူးက ၁၉၉၃ မှာ လစာနှင့် ပတ်သက် သော လစာသတ်မှတ်ပုံ ဖော်မြူ လာတစ်ခုတင်သည်။ ပုဂ္ဂလိက ကဏ္ဍမှ လစာနှင့် တိုက်၍သတ် မှတ်ခြင်းဖြစ်သည်။ နိုင်ငံရေး ရာ ထူးယူထားသော သူများနှင့် အရပ် ဘက် အကြီးဆုံး ရာထူးရှိ သူများ အတွက် လစာသတ်မှတ်ပုံစံမှာ ရှေ့နေ၊ ဘဏ်မန်နေဂျာ၊ အင်ဂျင်နီ ယာ၊ စာရင်းကိုင် နိုင်ငံတကာ ကောင်ပိုရေးရှင်းအကြီး အကဲနှင့် ပြည်တွင်း ကုန်ချောထုတ်လုပ်သူဟူ သော အသက်မွေးလုပ်ငန်းနယ် ပယ်ခြောက်ခုတို့မှ အလယ်အ လတ် ဝင်ငွေရရှိသော သူများ၏ လစာ၏ သုံးပုံနှစ်ပုံတော့ ရရမည် ဟူသောစံ ဖြစ်ပါသည်။

ထို့ကြောင့် ၂ဝဝ၉ ခုနှစ်တွင် စင်ကာပူဝန်ကြီးတစ်ဦး၏ လစာ မှာ တစ်နှစ်လျှင် ဒေါ်လာ ၁.၅ သန်းနှင့် ဝန်ကြီးချုပ်၏ လစာ မှာ ဒေါ်လာသုံးသန်းကျော်ဖြစ်သည်။

အမေရိကန် သမ္မတ၏ လစာ မှာ ဒေါ်လာလေးသိန်းမျှသာရှိရာ စင်ကာပူဝန်ကြီးချုပ်၏ လစာက များစွာပိုပါသည်။ သို့ရာတွင် လီ ကွမ်ယူး၏ အကြောင်းပြချက်မှာ ဝန်ကြီးတစ်ဦးသည် ပါမစ်တစ် စောင်လက်မှတ်ရေးထိုးပေးပြီး ဒေါ် လာတစ်သန်းတောင်းယူ၍ ရနိုင် သည်။ သူက သူ၏ ဝန်ကြီး တွေကို ဘာလာဘ်မှ မစားစေဘဲ လစာ များများပေးထားခြင်းဖြစ်ဟု ဆိုပါ သည်။ လစာနည်းနည်း မျှသာ ပေး ထားပါက အမေရိကန်မှ ဘဏ္ဍာ ရေးဝန်ကြီး ရူဘင် အစိုးရ သက် တမ်းနှစ်ကြိမ်မပြုမီ အလုပ်ထွက် သွားသလိုမျိုး ကျွမ်းကျင်သော ဝန် ကြီးများက အလုပ်ထွက်သွားမည် ဆိုလျှင် အစိုးရ အဖွဲ့ထဲတွင် ကျွမ်း ကျင်သူ ဝန်ကြီးတွေကြာ ကြာမြဲနိုင် မည် မဟုတ်ဟု ဆိုပါသည်။

ယခုခေတ် လူတွေကို သူနိုင်ငံ ရေး စလုပ်ချိန်က လူတွေ၏ မျိုး ဆက်နှင့် ယှဉ်ပြော၍ မဖြစ်၊ သူတို့ တုန်းက ကိုယ်ယုံကြည်ရာအတွက် ကိုယ့်ဘဝကို လောင်းကြေးတင်ပြီး လုပ်လာခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါ သည်။

''အခုမျိုးဆက်က အဲဒီလို လုပ် နိုင်မလား။ မလုပ်နိုင်တော့ဘူး။ သူတို့ မှာ ရွေးချယ်စရာတွေက အများကြီး ရှိတယ်။ အခုခေတ်လို အခါမျိုးမှာ ကျွန်တော်သာ အသက် ၃ဝ အရွယ်ဆိုရင် နိုင်ငံရေးကို လုပ်ပါတော့မလား၊ ဘယ်လုပ်လိမ့်မလဲ။ ဘာကြောင့်လဲဆို ရင် နိုင်ငံရေး လုပ်တာ ကျွန်တော်ရဲ့ တစ်ကိုယ်ရေ လွတ်လပ် ခွင့် ဆုံးရှုံးတယ်။ ကျွန်တော် အသက်မွေး လုပ်ငန်းတစ်ခုထဲ ဝင်လုပ်မှာပေါ့။ ကျွန်တော့်ညီဟာ ရှေ့နေလိုက်တာ ဒေါ်လာ သန်း ၁ဝဝ ကျော်ရတယ်။ အခုအိုး အိမ် ခြံ မြေနဲ့ သင်္ဘော လုပ်ငန်းဘက် ကူးသွားပြီ။ ဒီအလုပ်ကို ဘယ်လုပ်နေတော့မ လဲ။ ပင်ပန်းတာပဲရှိတယ်။ ဝန်သိပ် ပိကြီးတယ်။ ရေအတွက် ပူရ၊ နောက်လာမယ့်နှစ် စီးပွားရေးအတွက် ပူရ၊ လေထုညစ် ညမ်းစေတဲ့ စက်မှုလုပ်ငန်းတွေအတွက် ပူရ၊ ပူစရာတွေ၊ ပြဿနာတွေက အများကြီးပဲလေ။ ဒါကြောင့် အခုခေတ်မျိုး ဆက် ပညာတတ်လူငယ်တွေမှာက ရွေးချယ်စရာတွေ အ များကြီး ရှိနေတာလေ''ဟု လီကွမ်ယူးက ပြောပါသည်။

အဓိပ္ပာယ်မှာ သူ့ဝန်ကြီးတွေကို လခကောင်းပေးထား သည်မှာ တစ်ဖက်က လာဘ်မစားအောင်၊ တစ်ဖက်က လည်း နိုင်ငံရေး ထဲမှာ လေးငါးနှစ်လုပ်ပြီး ထွက်မသွားချင် အောင် ဖြစ်ပါသည်။

စင်ကာပူ လူ့အဖွဲ့အစည်းတွင် အငြင်းပွားစရာတွေ လည်း ရှိတာမှန်သော်လည်း သဘာဝအရင်းအမြစ် ဘာမျှမ ရှိသော နိုင်ငံသည် စီးပွားရေးအရ ကမ္ဘာ့ထိပ်တန်း အဆင့်သို့ ရောက်နေသည်ကား အမှန်ဖြစ်လေသည်။ စင်ကာပူ၏ Per Capita GDP သည် အမေရိကန်ထက်လည်းသာ၍ ဗြိတိန် ထက် ငါးဆပိုများသည်ဟု ဆိုပါသည်။ ၂ဝ၁၄ ခုနှစ်တွင် တစ်ဦးချင်း အသားတင် ကုန်ထုတ် လုပ်မှု တန်ဖိုး ဒေါ်လာ ၅၆၂၈၄ ရှိပါသည်။ ထိုသို့ စီးပွားရေးအရ ပထမ ကမ္ဘာနိုင်ငံ များ အဆင့်သို့ ရောက်သွားပြီး ကမ္ဘာတွင် အဂတိလိုက်စား မှုအနည်းဆုံးနိုင်ငံများတွင် ပါဝင်နေသည်မှာ လီကွမ်ယူး၏ လက် တွေ့ကျသော အတွေးအခေါ်များကြောင့်ဟု ဆိုနိုင်ပါ သတည်း။

ဦးတင်ဦး (ကျူရှင်)
http://www.zaygwet.com/ မှရယူဖော်ပြအပ်ပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။