အောင်မြင်ကျော်ကြားသူတို့ရဲ့  လျှို့ဝှက်ချက်(၇)မျိုး
==========================
အချို့လူတွေဟာ အခြားသူတွေထက် ထူးချွန်ပြီး ဘာလို့ လူမှုရေး၊
နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး
-စတဲ့ နယ်ပယ်မှာ ဘာလို့ အောင်မြင်နေကြတာလဲ ဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။ ယေဘုယျကျကျတွေးပြန်ရင်လည်း အလုပ်ချင်းတူပြီး စွမ်းဆောင်မှုချင်းသာ တူညီရင် သူ အောင်မြင်သလို
ကိုယ်လည်း အောင်မြင်ရမှာပေါ့။ ဒါ့ဖြင့် ဘာဖြစ်လို့ သူက ထူးပြီး အောင်မြင်သွားတာလဲ … ???
လျှို့ဝှက်ချက်တွေ ရှိပါတယ်။ အဲဒီလျှို့ဝှက်ချက် (7)မျိုးကို
ဖော်ပြပေးလိုက်ပါတယ်။
1. မတူညီတဲ့ လမ်းကြောင်းအမျိုးမျိုးကို စဉ်းစားတယ်။
ပြဿနာတစ်ရပ် ဖြစ်ပြီဆိုတာနဲ့ အဖြေအများကြီးကို ရှုထောင့်အမျိုးမျိုး
ကနေ ၀င်ပြီး စဉ်းစားပါတယ်။ အိပ်စက်ချိန်မှာတောင် ဦးနှောက်ကို အနားမပေးဘဲ စဉ်းစားတွက်ချက်မှုတွေ လုပ်ပါတယ်။ သာမာန်
လူတွေထက် အိပ်ချိန်လည်း နည်းပါးလွန်းပါတယ်။ ဒါပေမယ့် ဉာဏ်
ပညာနဲ့ ထိန်းကျောင်းမောင်းနင်းနေတဲ့  ခန္ဓာကိုယ်ဟာ အခြားသူ
တွေထက် ဖြတ်လတ် သွက်လတ်မှုပိုပါတယ်။ သောမတ်အက်ဒီဆင်
ဟာ တစ်ရက်ကို သုံးနာရီသာ အိပ်ချိန်ရှိတယ်လို့ ဆိုပါတယ်။
2. အမြဲတမ်းအကောင်းမြင်တယ်။
အဆိုးမြင်တတ်တဲ့သူနဲ့ အကောင်းမြင်တတ်သူတွေရဲ့ ကွာခြားချက်
ကတော့ အဆိုးမြင်သူတွေဟာအရာရာကို အပြုသဘော မတွေးနိုင်တဲ့အတွက် ဖိအားပိုများပြီး ဒေါသလည်း ပိုကြီးတတ်ပါတယ်။
အကောင်းမြင်သူတွေအတွက်ကတော့ အရာရာ စိတ်ချမ်းသာစရာတွေ
ရှိပြီး လွတ်လပ်စွာ တွေး ခေါ်နိုင်ကြပါတယ်။ သူများထက်လည်း စိတ်ရှည်လက်ရှည် ရှိပါတယ်။
3. သူတို့ကိုယ် သူတို့ ယုံကြည်တယ်။
သူများကို ယုံတာ မယုံတာ အပထား၊ ကိုယ့်ကိုယ်ကို ယုံကြည်ဖို့
လိုအပ်ပါတယ်။ ဒါမှလည်း ကိုယ့်ကိုယ်ကို ကိုယ်က လေးစားနိုင်
မှာ ဖြစ်ပြီး အရာရာအတွက် ရင်ဆိုင်ဖို့ သတ္တိတွေ၊ ရဲရင့်မှုတွေ
ဉာဏ်ပညာတွေ ရမှာဖြစ်ပါတယ်။
4. ဝေဖန်မှုတွေကို လက်ခံတယ်။
ဝေဖန်မှုတိုင်းဟာ သူတို့ရဲ့ အားနည်းချက်ကို ထောက်ပြတာဖြစ်လို့ သူတို့ကို ဝေဖန်ရင် ပျော်နေတတ်တဲ့ သဘာဝ အောင်မြင်သူတိုင်း
မှာ ရှိပါတယ်။ ဝေဖန်ခံရတာ ကြောက်တဲ့သူဟာ အောင်မြင်
မှုကို ကြောက်တဲ့သူလို့ သက်မှတ်ရမှာ ဖြစ်ပါတယ်။
5. အောင်မြင်ရမယ်လို့ စိတ်မှာ စွဲမြဲစွာမှတ်ယူထားတယ်။
သူတို့တစ်တွေဟာ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အောင်ကို
အောင်မြင်ရမယ်လို့ စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်ယူထားတတ်ပါတယ်။
ဒီ စိတ်ထဲစွဲနေတဲ့အရာကို ဘယ်တော့မှ မပြောင်းလဲပဲ လမ်းကြောင်း
တစ်ခုတည်းကိုပဲ မရမက လမ်းထွင်ပြီး လျှောက်လမ်းသူတွေ ဖြစ်ပါတယ်။ ဒီအတွက် ဇွဲနဲ့ ၀ီရိယလည်း လိုအပ်ပါတယ်။
6. နှိမ့်ချတဲ့စိတ်ထားနဲ့ ပရဟိတစိတ်ထားရှိတယ်။
ဘယ်နေရာကို ရောက်ရောက် ထောင်ထောင် လွှားလွှား မနေပါဘူး၊ ကိုယ့်ကိုယ်ကို အမြဲနှိမ့်ချပြီး အောင်မြင်မှုကို သိုဝှက်တတ်သူတွေ
ဖြစ်ပါတယ်။ ပရဟိတစိတ်ထားဆိုတာက ဘယ်ကိစ္စကိုပဲဖြစ်ဖြစ်
သူ ကူညီနိုင်တာမျိုးရှိရင် သူ့အတွက် အကျိုးမရှိနိုင်တဲ့ ကိစ္စမျိုးဆိုလည်း လိုလိုချင်ချင် ကူညီတတ်ပါတယ်။ ဒါကြောင့်လည်း အဲဒီလူတွေဟာ လူမှုရေးနယ်ပယ် အောင်မြင်မှုကို ပူးတွဲရရှိထားသူတွေ ဖြစ်ပါတယ်။
7. သူတို့ နှလုံးသားက စေခိုင်းတာကို လုပ်ပါတယ်။
ဦးနှောက်ကို တလွဲအသုံးမချပါဘူး။ ဦးနှောက်က ဘယ်လောက်
စေခိုင်းပေမယ့် အသဲနှလုံးရဲ့ စာနာမှုတွေနဲ့ လုပ်ဆောင်ပါတယ်၊
ဒီတော့ သူ့အလုပ်မှန်သမျှဟာ စေတနာပါပြီး၊ လူတွေ အသိမှတ်
ပြုခံရတာများပါတယ်။ ဒါပေမယ့် အကျိုးအကြောင်းကို စဉ်းစားဆင်
ခြင်နိုင်စွမ်း ရှိတာမို့ အမြဲတမ်း နှလုံးသားကနေ ပေါက်တက် ကရ
ခိုင်းတိုင်း လိုက်လုပ်တာမျိုးတော့ မဟုတ်ပါဘူး။
Credit:နတ်စည်တော် (ShweMOM)
shwemom.com.mm
==========================
အချို့လူတွေဟာ အခြားသူတွေထက် ထူးချွန်ပြီး ဘာလို့ လူမှုရေး၊
နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး
-စတဲ့ နယ်ပယ်မှာ ဘာလို့ အောင်မြင်နေကြတာလဲ ဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။ ယေဘုယျကျကျတွေးပြန်ရင်လည်း အလုပ်ချင်းတူပြီး စွမ်းဆောင်မှုချင်းသာ တူညီရင် သူ အောင်မြင်သလို
ကိုယ်လည်း အောင်မြင်ရမှာပေါ့။ ဒါ့ဖြင့် ဘာဖြစ်လို့ သူက ထူးပြီး အောင်မြင်သွားတာလဲ … ???
လျှို့ဝှက်ချက်တွေ ရှိပါတယ်။ အဲဒီလျှို့ဝှက်ချက် (7)မျိုးကို
ဖော်ပြပေးလိုက်ပါတယ်။
1. မတူညီတဲ့ လမ်းကြောင်းအမျိုးမျိုးကို စဉ်းစားတယ်။
ပြဿနာတစ်ရပ် ဖြစ်ပြီဆိုတာနဲ့ အဖြေအများကြီးကို ရှုထောင့်အမျိုးမျိုး
ကနေ ၀င်ပြီး စဉ်းစားပါတယ်။ အိပ်စက်ချိန်မှာတောင် ဦးနှောက်ကို အနားမပေးဘဲ စဉ်းစားတွက်ချက်မှုတွေ လုပ်ပါတယ်။ သာမာန်
လူတွေထက် အိပ်ချိန်လည်း နည်းပါးလွန်းပါတယ်။ ဒါပေမယ့် ဉာဏ်
ပညာနဲ့ ထိန်းကျောင်းမောင်းနင်းနေတဲ
တွေထက် ဖြတ်လတ် သွက်လတ်မှုပိုပါတယ်။ သောမတ်အက်ဒီဆင်
ဟာ တစ်ရက်ကို သုံးနာရီသာ အိပ်ချိန်ရှိတယ်လို့ ဆိုပါတယ်။
2. အမြဲတမ်းအကောင်းမြင်တယ်။
အဆိုးမြင်တတ်တဲ့သူနဲ့ အကောင်းမြင်တတ်သူတွေရဲ့ ကွာခြားချက်
ကတော့ အဆိုးမြင်သူတွေဟာအရာရာကို အပြုသဘော မတွေးနိုင်တဲ့အတွက် ဖိအားပိုများပြီး ဒေါသလည်း ပိုကြီးတတ်ပါတယ်။
အကောင်းမြင်သူတွေအတွက်ကတော့
ရှိပြီး လွတ်လပ်စွာ တွေး ခေါ်နိုင်ကြပါတယ်။ သူများထက်လည်း စိတ်ရှည်လက်ရှည် ရှိပါတယ်။
3. သူတို့ကိုယ် သူတို့ ယုံကြည်တယ်။
သူများကို ယုံတာ မယုံတာ အပထား၊ ကိုယ့်ကိုယ်ကို ယုံကြည်ဖို့
လိုအပ်ပါတယ်။ ဒါမှလည်း ကိုယ့်ကိုယ်ကို ကိုယ်က လေးစားနိုင်
မှာ ဖြစ်ပြီး အရာရာအတွက် ရင်ဆိုင်ဖို့ သတ္တိတွေ၊ ရဲရင့်မှုတွေ
ဉာဏ်ပညာတွေ ရမှာဖြစ်ပါတယ်။
4. ဝေဖန်မှုတွေကို လက်ခံတယ်။
ဝေဖန်မှုတိုင်းဟာ သူတို့ရဲ့ အားနည်းချက်ကို ထောက်ပြတာဖြစ်လို့ သူတို့ကို ဝေဖန်ရင် ပျော်နေတတ်တဲ့ သဘာဝ အောင်မြင်သူတိုင်း
မှာ ရှိပါတယ်။ ဝေဖန်ခံရတာ ကြောက်တဲ့သူဟာ အောင်မြင်
မှုကို ကြောက်တဲ့သူလို့ သက်မှတ်ရမှာ ဖြစ်ပါတယ်။
5. အောင်မြင်ရမယ်လို့ စိတ်မှာ စွဲမြဲစွာမှတ်ယူထားတယ်။
သူတို့တစ်တွေဟာ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အောင်ကို
အောင်မြင်ရမယ်လို့ စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်ယူထားတတ်ပါတယ်။
ဒီ စိတ်ထဲစွဲနေတဲ့အရာကို ဘယ်တော့မှ မပြောင်းလဲပဲ လမ်းကြောင်း
တစ်ခုတည်းကိုပဲ မရမက လမ်းထွင်ပြီး လျှောက်လမ်းသူတွေ ဖြစ်ပါတယ်။ ဒီအတွက် ဇွဲနဲ့ ၀ီရိယလည်း လိုအပ်ပါတယ်။
6. နှိမ့်ချတဲ့စိတ်ထားနဲ့ ပရဟိတစိတ်ထားရှိတယ်။
ဘယ်နေရာကို ရောက်ရောက် ထောင်ထောင် လွှားလွှား မနေပါဘူး၊ ကိုယ့်ကိုယ်ကို အမြဲနှိမ့်ချပြီး အောင်မြင်မှုကို သိုဝှက်တတ်သူတွေ
ဖြစ်ပါတယ်။ ပရဟိတစိတ်ထားဆိုတာက ဘယ်ကိစ္စကိုပဲဖြစ်ဖြစ်
သူ ကူညီနိုင်တာမျိုးရှိရင် သူ့အတွက် အကျိုးမရှိနိုင်တဲ့ ကိစ္စမျိုးဆိုလည်း လိုလိုချင်ချင် ကူညီတတ်ပါတယ်။ ဒါကြောင့်လည်း အဲဒီလူတွေဟာ လူမှုရေးနယ်ပယ် အောင်မြင်မှုကို ပူးတွဲရရှိထားသူတွေ ဖြစ်ပါတယ်။
7. သူတို့ နှလုံးသားက စေခိုင်းတာကို လုပ်ပါတယ်။
ဦးနှောက်ကို တလွဲအသုံးမချပါဘူး။ ဦးနှောက်က ဘယ်လောက်
စေခိုင်းပေမယ့် အသဲနှလုံးရဲ့ စာနာမှုတွေနဲ့ လုပ်ဆောင်ပါတယ်၊
ဒီတော့ သူ့အလုပ်မှန်သမျှဟာ စေတနာပါပြီး၊ လူတွေ အသိမှတ်
ပြုခံရတာများပါတယ်။ ဒါပေမယ့် အကျိုးအကြောင်းကို စဉ်းစားဆင်
ခြင်နိုင်စွမ်း ရှိတာမို့ အမြဲတမ်း နှလုံးသားကနေ ပေါက်တက် ကရ
ခိုင်းတိုင်း လိုက်လုပ်တာမျိုးတော့ မဟုတ်ပါဘူး။
Credit:နတ်စည်တော် (ShweMOM)
shwemom.com.mm
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။