Skynet နဲ့ MNTV ကတာဝန်ရှိသူတစ်ယောက်တော့မဟု တ်ပါ။ ပရိသတ်တော်တော်များများတလွဲ တွေ မြင်နေရကြလို့ဝင်ပြောတာပါ။M NTV ဟာ ဒီ Idols Franchise ကိုတရားဝင်ဝယ်ယူပြီး Myanmar Idol အဖြစ်ဖန်တီးလာတာဖြစ်ပါတယ်။ဒီတော့ သူများ Franchise ကိုယူထားတော့ သူတို့ရဲ့ Format အတိုင်းပဲပွဲကိုကျင်းပရမှာပါ။( ညှိနှိုင်းပြင်ဆင်လို့တော့ရေ ကာင်းရနိုင်ပါတယ် ဒါပေမဲ့ ဖြစ်နိုင်ချေနည်းလွန်းပါတယ် ။ ) စဉ်းစားကြည့်ပေါ့ KFC Franchise ကိုဝယ်ထားတဲ့သူဟာ KFC ဆိုင်မှာမုန့်ဟင်းခါးတို့ ဒံပေါက်တို့ကို ကိုယ့်သဘောနဲ့ကိုယ် ဘယ်လိုလုပ်ပြီးတင်ရောင်းလို့ ရမှာလဲ။ဒီတော့ Idols ရဲ့ Format အတိုင်း ယှဉ်ပြိုင်သူတွေကို Viewers တွေကပဲ Vote လုပ်ရွေးချယ်ပေးရတာပါ။ကိုယ့် ရဲ့ Program ကိုတမင်လူကြည့်များအောင်စီမံထားတဲ့ပုံစံပါပဲ။(
Idols Franchise ကိုစတင်ဖန်တီးခဲ့သူကတော့ ဗြိတိန်ရဲ့အထင်ကရ Music Manager
ကြီး Simon Fuller ဖြစ်ပါတယ်။Simon Fuller ဟာ ကမ္ဘာကျော် ဗြိတိန်
အမျိုးသမီးအဆိုတော်အဖွဲ့ဖြစ်တဲ့ Spice Girls ရဲ့ Manager အဖြစ်ဆောင်ရွက်ပြီးနာမည်ကြီးလာတာပါ။သူ Management လုပ်ပေးခဲ့ဖူးတဲ့သူတွေထဲမှာ Steven Tyler ၊ Amy Winehouse တို့လိုဒိတ်ဒိတ်ကြဲအဆိုတော် တွေအပြင် ဘောလုံးသမား David Beckham တို့လင်မယားနဲ့ တင်းနစ်အကျော်အမော် Andy Murray တို့လိုလူမျိုးတွေပါ ပါဝင်နေပါသေးတယ်။တော်တော်နယ်ပယ်စုံတဲ့သူလို့ပြောရမှာပါ ။ Idols Franchise ရဲ့ Right ကိုတော့ ဗြိတိန်ရဲ့ FremantleMedia Group ကပိုင်ဆိုင်ထားပါတယ်။ဒါကြော င့် idols Franchise က UK စတင်ခဲ့တာလို့ပြောရမှာဖြစ်ြ ပီး UK မှာ Pop Idol ဆိုတဲ့အမည်နဲ့စတင်ခဲ့တာဖြစ် ပါတယ်။Pop Idol ဟာ Season ၂ ခုတည်းနဲ့ရပ်သွားခဲ့ပေမယ့် အချို့သောအခြားနိုင်ငံတွေမှာတော့ အကြီးအကျယ်အောင်မြင်ခဲ့ပါတယ်။အဲဒီထဲမှာတော့ American Idol ကနာမည်အကြီးဆုံးဖြစ်ပါတယ်။) Voting System ဆိုတော့ သိတဲ့အတိုင်းပဲတချို့နိုင်ငံတွေနဲ့အံမ၀င်ပါဘူး။အမေရိကန် ပြင်သစ် နဲ့ ဂျာမနီတို့လိုနိုင်ငံတွေမှာ Voting နဲ့သွားတဲ့ ဒီ Idol ပြိုင်ပွဲဟာအောင်မြင်ပေမယ့် တချို့နိုင်ငံတွေမှာတော့မအောင်မြင်လို့ရပ်နားလိုက်ရပါတ ယ် ( ဖိလစ်ပိုင် Idol ဆို Season 1 နဲ့တင်ဆုံးခန်းတိုင်သွားပါတ ယ်။ ) ဒီတော့ကျွန်တော်တို့နိုင်ငံ နဲ့ဆို Voting System နဲ့မဖြစ်လို့အဲဒါမထည့်ပါနဲ့ လို့ သွားပြောလို့မရပါ။မကြိုက်ရင်အစကတည်းကမ၀ယ်ဖို့ပဲရှိပါတယ်။
ဒိုင်တွေကဘာလုပ်နေတာလဲ??အဆုံးအဖြတ်မပေးရဘူးဆိုရင် ဘာလုပ်ဖို့ထားနေသေးတယ်လို့ေ ပြာနေကြတဲ့လူတွေကိုတွေ့ပါတယ်။ဟုတ်ကဲ့
ပြိုင်ပွဲရဲ့ Format ( ပုံစံ ) အရ Finals အဆင့်တွေမှာ ( American Idol မှာ
Top 13..ဒီမှာတော့ Top 11 အဆင့်ကိုပြောတာပါ ) ဒိုင်တွေက
ပြိုင်ပွဲဝင်တွေရဲ့ကံကြမ္မာကိုဆုံးဖြတ်ပေးပိုင်ခွင့်မရှိတော့ပါ။သူတို့ရဲ့လက်ထဲမှာ
save ဆိုတဲ့ တစ်ခါသာသုံးလို့ရသော ကယ်တင်ခွင့် Chance လေးသာရှိနေပါတယ်။(
American Idol Season 14 မှာတော့ Fan Save ဆိုတာလေးထည့်သုံးသွားပါသေးတ ယ်။ဒိုင်တွေလိုပဲ Fan တွေမှာလည်း Save ခွင့်ရှိနေသေးတဲ့ Chance လေးပါ ) ဒါဆိုသူတို့ကဘာထိုင်လုပ်နေတာလဲဆိုရင် သူတို့က Vote မယ့် Fan တွေအထောက်အကူဖြစ်အောင် ပြိုင်ပွဲဝင်ရဲ့ယှဉ်ပြိုင်မှုကို ဝေဖန်ပေးရမှာပါ။( တနည်းအားဖြင့်ပြောရရင်တော့ေ တာက်ပြစ်လိုက်ရှာရမှာပါ tongue emoticon ) အဲဒီအချက်မှာတော့ ဒီကဒိုင် ၃ ယောက်စလုံးအားနည်းတယ်လို့ြေ ပာရမှာပါ။အားလုံးကိုကောင်းပါတယ်ချည်းပဲပြောတာက များနေသလိုပါပဲ။မြန်မာပီပီအားနာလို့လားတော့မသိပါ။ဝေဖန် ချက်တွေဒီထက်ပိုပြင်းထန်သင့် တယ်လို့ထင်ပါတယ်။
Presenter ကိုကျော်ထက်ကိုအချိန်ဆွဲတယ် လေရှည်တယ်ဆိုပြီးပြင်းပြင်း ထန်ထန်ဝေဖန်နေတာကိုတွေ့နေရပါတယ်။ကိုကျော်ထက်က ကျွန်တော်တွေ့ဖူးသမျှအနည်းင ယ်သော Presenter တွေထဲမှာ အတော်ဆုံးတစ်ယောက်ပါ။အသံ Force ကောင်းတယ် ၊ စကားပီတယ်။နောက်ပြီး Script ထဲမှာမပါဝင်ခဲ့တဲ့စကားတွေကိုလည်းကိုယ်တိုင်ဖြည့်ပြီြးေ ပာနိုင်စွမ်းရှိတယ်..ဒီအချက်ကတော့ တကယ်တော်တဲ့ Presenter တွေဆီမှာပဲရှိတဲ့အချက်လို့ကျွန်တော်ကတော့ယူဆပါတယ်.. Presenter အတော်များများက Script ထဲကအတိုင်းပဲပြောတတ်ကြပါတယ် ..တချို့ဆို ကျက်စာပြန်နေသလိုမျိုးကိြုေ ပာတတ်ပါသေးတယ်..(
ကိုပီကာ ( နေအောင်လတ် ) လိုလူမျိုးကျတော့လည်း ကိုယ်က ၅
မိနစ်စာလောက်ရေးပေးထားရင် သူကထပ်ကွန့်လို့ ၁၀ မိနစ်စာလောက်ဖြစ်ဖြစ်သွားတတ်ပါတယ် tongue emoticon )။ Presenter တစ်ယောက်လေရှည်ရတယ်ဆိုတာ Program ရဲ့ Producer ဆန္ဒအရပါ ( ဒါကြောင့်ဆဲချင်သပဆိုရင် Producer ကိုသွားဆဲပါ။ tongue emoticon
) Producer တစ်ယောက်က Program တစ်ခုကို အချိန်အတိုင်းအတာတစ်ခုနဲ့ Time
Slot သတ်မှတ်ပေးထားတာပါ။အဲဒီ Time Slot အတွင်းဝင်အောင် Presenter ဒါမှမဟုတ်
Host ကတာဝန်ယူပြီးပရိသတ်တွေကိုဆွဲခေါ်ပေးရပါတယ်။ကိုကျော်ထက်က ဒီလိုဆွဲခေါ်တဲ့နေရာမှာ အကောင်းဆုံးလို့မဟုတ်ဘူးဆို ရင်တောင် မဆိုးဘူးလို့ပြောရမှာပါ.. ( တချို့ Presenter တွေဆို အချိန်ကလည်းမပြည့်သေး နောက်ထပ်လည်းဘာပြောရမှန်းမသိတော့လို့ ကြောင်အမ်းအမ်းဖြစ်ဖြစ်နေတတ်ကြတာကိုခဏခဏမြင်ဖူးပါတယ်။ )စဉ်းစားကြည့်ပေါ့ တကယ့်တကယ်တမ်း Result ကိုကြေငြာမယ်ဆိုရင် ၁ မိနစ်တောင်မကြာပါဘူး။ပိုက်ဆံတွေဒီလောက်အများကြီးအကုန်ခံထားတာ Producer တွေကလည်း ဒီလောက်တော့အချိန်ဆွဲမှာပေါ့ ။ကျွန်တော်တို့ကသာ Free-To-Air နဲ့ကြည့်နေကြတာလေ။ဒါလေးကိုေ တာ့နားလည်ပေးကြပါ။
နောက်ပြီး ပရိသတ်တွေကရွေးချယ်ရမယ့် Idol တစ်ယောက်ဖြစ်လို့ တခြားသောအချက်တွေ ( ဒေသစွဲတွေ ၊ ပုဂ္ဂိုလ်ရေးခင်မင်မှုတွေ ) ကိုဘေးဖယ်ထားပြီး တကယ်ကောင်းတဲ့သူကသာမဲပေးဖို့ လိုအပ်ပါတယ်။ကျွန်တော်ဆိုရ င် တောက်လျှောက် ၃ ကိုမဲပေးခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂ ပတ်မှာတော့ ၁ ကိုပြန်ပြောင်းပြီးမဲပေးခဲ့ ပါတယ်။( အမှန်တော့သူ့တို့ပိုက်ဆံနဲ့ သူတို့ Vote တာ သူတို့ကြိုက်တာပဲသူတို့ပေးမှာပေါ့နော်… တခြားလူကဟိုဟာလုပ်ပါ ဒီဟာလုပ်ပါလို့ဝင်ပြောနေလို့ ဘယ်ဖြစ်မလဲ colonthree emoticon )..တော်ပြီ စာရှည်သွားပြီ… အော် .. စကားစပ်လို့တစ်ခါတည်းပြောလိုက်ပါမယ်.. လက်ရှိယှဉ်ပြိုင်နေတဲ့ American Idol Season 15 က နောက်ဆုံးပွဲပါ..ဒီပွဲပြီးရ င် American Idol နားပါပြီ..နောက်ပြီး MRTV-4 ရဲ့ အိမ်မက်ဆုံရာကနားတော့မယ်လို့ ယူဆရပါတယ် … ဘာလို့လဲဆိုတော့ နောက်ထပ်နာမည်ကြီးသီချင်းဆိုပြိုင်ပွဲ… အထူးသဖြင့်နောက်ပိုင်းနှစ်ေ တွမှာနာမည်ရလာတဲ့
The Voice Franchise ကို MRTV-4 က၀ယ်ယူထားပြီးဖြစ်ပြီး ဒီ 2016 အတွင်းမှာ
Season 1 ကိုစတင်ကျင်းပမယ်လို့ The Voice wiki မှာရေးသားထားတာကိုတွေ့ရပါတယ်။ပရိသတ်တွေ The Voice ကိုလုံးလုံးမသိဘူးဆိုရင်တော င် The Voice ထဲက competition stage တစ်ခုဖြစ်တဲ့ blind auditions ကိုတော့မြင်ဖူးကြမယ်ထင်ပါတယ်။ဒိုင်တွေက ပြိုင်ပွဲဝင်ကိုကျောပေးထိုင်နေပြီး သူသီဆိုနေတာကိုသဘောကျမှလှည့် ကြည့်ကြတဲ့ Stage ပါ… youtube တို့ဘာတို့မှာခဏခဏမြင်ဖူးကြ မယ်ထင်ပါတယ်။ဒါကြောင့် Myanmar Idol ပြီးရင် The Voice Myanmar ပြိုင်ပွဲစတင်အကောင်အထည်ပေါ် လာဖို့ရှိလို့ ၀ါသနာရှင်တွေအနေနဲ့ကတော့အခု ကတည်းက အသံလေ့ကျင့်ထားကြဖို့တိုက်တွန်းပါရစေ… smile emoticon
( မှတ်ချက် - American Idol ကိုလုံးစေ့ပတ်စေ့မကြည့်ဖူးပဲ လူတတ်ကြီးလုပ်၍၀င်ရှည်ခြင်း ဖြစ်ပါသည်။ အဲဒါကြောင့် မှားတာရှိရင် ခွင့်လွှတ်ပြီး အလင်းပြကြဖို့တောင်းဆိုပါတယ်ဗျာ။ )
ဒိုင်တွေကဘာလုပ်နေတာလဲ??အဆံ
Presenter ကိုကျော်ထက်ကိုအချိန်ဆွဲတယ်
နောက်ပြီး ပရိသတ်တွေကရွေးချယ်ရမယ့် Idol တစ်ယောက်ဖြစ်လို့ တခြားသောအချက်တွေ ( ဒေသစွဲတွေ ၊ ပုဂ္ဂိုလ်ရေးခင်မင်မှုတွေ ) ကိုဘေးဖယ်ထားပြီး တကယ်ကောင်းတဲ့သူကသာမဲပေးဖို
( မှတ်ချက် - American Idol ကိုလုံးစေ့ပတ်စေ့မကြည့်ဖူးပ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။