တခြားသူတွေကိုသာ လိမ်လို့ ရချင်ရမယ်
ကိုယ့်စိတ်ကိုတော့ လိမ်မရဘူး...
ဟန်ဆောင်ခြင်းက ပင်ပန်းမှုကို
ဖြစ်စေတယ်...
နေသားကျလာတဲ့ ဟန်ဆောင်ခြင်းက
လူရဲ့ပါဝါတွေကို တဖြည်းဖြည်းတိုက်စား
စိတ်ဓာတ်တွေ ခြောက်ခြားလာမှ
နောင်တတွေ မရမိပါစေနဲ့....
အကြိုက်မို့ ကောင်းတာ မဟုတ်ပဲ
အကောင်းကို ကြိုက်တတ်မှ
ဘဝရဲ့အလှဆိုတာ ရှာစရာမလိုပဲတွေ့ရမှာ....
ကိုယ်ချင်းစာတယ်ဆိုတဲ့စကားက
ပါးစပ်ဖျားမှာ ထားရမှာ မဟုတ်ဘူး...
နှလုံးသားနဲ့ ခံစားပြီးမှ ပြောသင့်တယ်...
ကျေးဇူးပါ လို့ ခပ်ပေါ့ပေါ့လေးပြောပြီး
အပြုံးတုတွေ လာပေးနေတဲ့ မျက်နှာတချို့ကိုကြည့်ရင်း
ကျေးဇူးရဲ့ အဓိပ္ပာယ်ကို သူတို့သိပါ့မလား
တွေးမိတယ်....
အခွင့်အရေးကို လက်တဆုံးနှိုက်ပြီးမှ
အားနာပါတယ်ဆိုတဲ့ စကားက
စော်ကားသလို ဖြစ်မနေဘူးလား
တချက်လောက်တော့
စဉ်းစားကြည့်စေချင်တယ် ...
ဆောရီးဆိုတာ ယဉ်ကျေးတဲ့စကားဖြစ်ပေမယ့်
မလုပ်သင့်တာကို မဆင်မခြင်လုပ်ပြီးမှ
ဆောရီးလို့ပြောတာကတော့ မယဉ်ကျေးတဲ့
အပြုအမူဖြစ်တယ်...
စေတနာကောင်းဆိုတာ လူတိုင်းခံစားခွင့်ရှိတယ်
ဒါပေမယ့်....
တန်ဖိုးဖြတ်ခွင့်တော့ မရှိဘူး....
စော်ကားခွင့်လဲ မရှိဘူး....
~WPH~
ကိုယ့်စိတ်ကိုတော့ လိမ်မရဘူး...
ဟန်ဆောင်ခြင်းက ပင်ပန်းမှုကို
ဖြစ်စေတယ်...
နေသားကျလာတဲ့ ဟန်ဆောင်ခြင်းက
လူရဲ့ပါဝါတွေကို တဖြည်းဖြည်းတိုက်စား
စိတ်ဓာတ်တွေ ခြောက်ခြားလာမှ
နောင်တတွေ မရမိပါစေနဲ့....
အကြိုက်မို့ ကောင်းတာ မဟုတ်ပဲ
အကောင်းကို ကြိုက်တတ်မှ
ဘဝရဲ့အလှဆိုတာ ရှာစရာမလိုပဲတွေ့ရမှာ....
ကိုယ်ချင်းစာတယ်ဆိုတဲ့စက
ပါးစပ်ဖျားမှာ ထားရမှာ မဟုတ်ဘူး...
နှလုံးသားနဲ့ ခံစားပြီးမှ ပြောသင့်တယ်...
ကျေးဇူးပါ လို့ ခပ်ပေါ့ပေါ့လေးပြောပြီ
အပြုံးတုတွေ လာပေးနေတဲ့ မျက်နှာတချို့ကိုကြည့်ရင်
ကျေးဇူးရဲ့ အဓိပ္ပာယ်ကို သူတို့သိပါ့မလား
တွေးမိတယ်....
အခွင့်အရေးကို လက်တဆုံးနှိုက်ပြီးမှ
အားနာပါတယ်ဆိုတဲ့ စကားက
စော်ကားသလို ဖြစ်မနေဘူးလား
တချက်လောက်တော့
စဉ်းစားကြည့်စေချင်တယ်
ဆောရီးဆိုတာ ယဉ်ကျေးတဲ့စကားဖြစ်ပေမယ
မလုပ်သင့်တာကို မဆင်မခြင်လုပ်ပြီးမှ
ဆောရီးလို့ပြောတာကတော့ မယဉ်ကျေးတဲ့
အပြုအမူဖြစ်တယ်...
စေတနာကောင်းဆိုတာ လူတိုင်းခံစားခွင့်ရှိတယ်
ဒါပေမယ့်....
တန်ဖိုးဖြတ်ခွင့်တော့ မရှိဘူး....
စော်ကားခွင့်လဲ မရှိဘူး....
~WPH~
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။