Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 31, 2012

"ဟဲလိုးဝင်း" သရဲညတစ်ညမှာ

by Rupa Aung on Wednesday, October 31, 2012 at 8:06am


အောက်တိုဘာလ ၃၁ ရက်နေ့ဟာ ဟဲလိုးဝင်းနိုက်(Halloween Night)တဲ့။ သရဲတွေရဲ့ညလို့ဆိုကြသတဲ့။ အဲဒီ သရဲည ယဉ်ကျေးမှုဟာ အခုဆိုရင်မြန်မာနိုင်ငံမှာလည်း ကူးစက်ပျံ့နှံ့လာခဲ့ပါပြီ။ မြန်မာ့ယဉ်ကျေးမှု မဟုတ်ပေမယ့် ကမ္ဘာကြီးရဲ့ နေရာတစ်နေရာကနေ စိမ့်ဝင်စီးမြောလာခဲ့တဲ့ ဒီယဉ်ကျေးမှုကိုပဲ ပျော်ပွဲရွှင်ပွဲ ပုံစံမျိုးနဲ့ ဆင်နွှဲပျော်ရွှင်ကြတဲ့ မြန်မာလူငယ်လေးတွေရှိလာကြပါပြီ။

အစာ

by သော် ဇင် အုန်း on Wednesday, October 31, 2012 at 6:36am


“ဟဲ့-စား လေ”သူငယ်ချင်းမ ယူလာတာတွေကို ကျွန်တော် ကြည့်ရင်း ငြင်းလိုက်တယ်။
“သူက အိမ်မှာ နေ့တိုင်းစပါးတွဲဝယ်ချိတ်ပြီးကျွေးနေတာ လေ ၊နင်ပဲစားပါဟာ သူစားမှာမဟုတ်ဘူး”လို့ ကျွန်တော်ဇနီးက၀င်ပြောလိုက်တော့ သူမ မျက်နှာကအံ့သြတဲ့ပုံနဲ့ ကြည့်နေတယ်။
အကင်ဆိုင်မှာကျွန်တော်တို့လင်မယားရယ် သူငယ်ချင်းမရယ် အကင်စားခဲ့ကြတုန်းကပေါ့-
သူယူလာတဲ့ စာကလေး အကင်တွေ ကျွန်တော့ကိုကျွေးတော့ ထိတ်လန့်စွာငြင်းခဲ့တာကို သူအံ့သြနေခဲ့တယ်။

အလုပ်အကိုင် အခွင့်အလမ်းနှင့် ခြေလွတ်လက်လွတ် အိပ်မက်များ

by ကိုဝိုင် ဝိုင်ကေ on Wednesday, October 31, 2012 at 9:59am


”ကျွန်မဘဏ်မှာ အလုပ်ရဖို့ လုံးဝ မမျှော်လင့် တော့ပါဘူး။ ကျွန်မအခုချိန်မှာ သင့်တင့်တဲ့ လစာနဲ့ အလုပ် တစ်ခုခု ရဖို့ပဲ စိတ် ကူးရှိတော့တယ်”

ထိုကဲ့သို့ ပြောသူမှာ ရန်ကုန် မြို့ ဒဂုံမြောက်ပိုင်း မြို့နယ်တွင် နေ ထိုင်သူ မသဇင်။ မသဇင်တစ် ယောက် စီးပွားရေး ပညာ အဓိကဖြင့် ကျောင်းပြီး ထားသည်မှာ နှစ်နှစ်ရှိ ပြီ။ ကျောင်းပြီးပြီးချင်း ပညာသင် ထောက်ပံ့မှု ပေးခဲ့သည့် မိဘနှစ်ပါး ကို တစ်ဖန် လုပ်ကျွေးမှု ပြုရန် စိတ် ကူးခဲ့သည်။ သင်ထားသော ပညာ ဖြင့် ဘဏ်တစ်ခုခုမှာ အလုပ် လုပ် ချင်သည်ဟုလည်း စိတ်ကူးယဉ်ခဲ့ သည်။ ထိုအချိန်တွင် အစိုးရက ပုဂ္ဂလိက ဘဏ်များ အပြိုင်အဆိုင် ဖွင့်လှစ်ခွင့်ပေး ခဲ့သဖြင့် ပိုမိုမျှော် လင့်ခဲ့သည်။ သို့သော် ….

မိဘကျေးဇူး

by ကိုဝိုင် ဝိုင်ကေ on Wednesday, October 31, 2012 at 9:41am ·


ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာတွင် ကျေးဇူးဆပ်၍မကုန်နိုင်သော ပုဂ္ဂိုလ်ငါးယောက်ရှိသည်ဟု ဖော်ပြ ထားပါသည်၊၊
(၁) ဘုရားရှင်၊
(၂) တရား၊
(၃) သံဃာ၊
(၄) မိဘ၊
(၅) ဆရာတို့ဖြစ်ကြပါသည်၊၊

ဗုဒ္ဓဘာသာဝင်တို့တွင်မက လူသားတိုင်းတွင်လည်း သက်ဆိုင်ရာဘာသာရေးမှ ဘုရား၊ သင်ပြချက်၊ ဘာသာရေးခေါင်းဆောင်များနှင့်၊ မိဘ၊ ဆရာဟူ၍နည်းတူပင်ရှိကြပါသည်၊၊

Alination သို့မဟုတ် Enstrangement

by Ter Tee on Thursday, October 25, 2012 at 10:23am ·


ရေးသူ - ဒေါက်တာခင်မောင်ဝင်း ( ဒဿနဗေဒ )
လူတို့သည်အဘယ်ကြောင့် စီးပွားရှာကြပါသနည်း။ အဘယ့်ကြောင့် ပညာရှာကြပါသနည်း။
လူတို့စီးပွားရှာကြသည်မှာ စီးပွားဖြစ်လာလျှင် စိတ်ချမ်းသာဖို့ဖြစ်သည်။ စီးပွားဖြစ်လာလျှင်
အခြားသူများနှင့် ဝေငှခံစားဖို့ဖြစ်သည်။ လူတို့ပညာရှာကြသည်မှာ ပညာရှိလာလျှင် ၊
ဆင်ခြင်တိုင်းထွာလာတတ်ဖို့ဖြစ်သည်။ မိမိပညာကို အများနှင့် ဝေငှခံစားဖို့ဖြစ်သည်။

အပန်းဖြေခရီးထွက်ခြင်းက ကျန်းမာရေးကိုဘယ်လိုအကျိုးပြုနိုင်လဲ .

Myanmar Sky Link's photo.

၁။ စိတ်ဖိစီးမှုတွေ ဖြေဖျောက်ပေးတယ်။

အလုပ်ကိစ္စတွေ၊ အိမ်ကိစ္စတွေ အားလုံးကို ချန်ထားပြီး စိတ်ပူစရာ၊ ခေါင်းရှုပ်စရာကိစ္စတွေကနေ ဦးနှောက်ကို အနားပေးလိုက်ခြင်းရဲ့ ပထမဆုံးအကျိုးကျေးဇူးကေ
တာ့ စိတ်ဖိစီးမှုတွေ လျော့နည်း လာခြင်းပါပဲ။ လေ့လာမှုများစွာအရ ရောဂါဝေဒနာတွေဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ နှလုံးသွေးကြောနဲ့ ဆိုင်တဲ့ရောဂါများ၊ ကင်ဆာနဲ့ ရောဂါ ခုခံအားနည်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကူးစက်ရောဂါများစတဲ့ ရောဂါများစွာဟာ စိတ်ဖိစီးမှုနဲ့ တိုက်ရိုက်ဆက်စပ်နေတာကို တွေ့ရှိရပါတယ်။ စိတ်ဖိစီးမှုနဲ့ တိုက်ရိုက် ဆက်စပ်နေတာကို တွေ့ရှိ ရပါတယ်။ စိတ်ဖိစီးမှုမှ ဖြေလျှော့ခြင်းဟာ ဘ၀မှာ ပိုနေပျော်လာပြီး အားအင်တွေရရှိစေကာ အရင်က ဖြေရှင်းရခက်ခဲတယ်လို့ ထင်ခဲ့တဲ့ ပြဿနာတွေအတွက် လွယ်ကူရိုးရှင်းတဲ့ ဖြေရှင်းချက်တွေ ထွက်ပေါ်လာနိုင်ပါတယ်။

Politicide (သို့) လူ့အဖွဲ့အစည်းတစ်ခုအား နိုင်ငံရေးအရ အသေသတ်ခြင်း (အပိုင်း - ၂)

by U U Mhaw Sayar on Wednesday, October 31, 2012 at 6:32pm ·


အပိုင်း(၁)တွင် လူအဖွဲ့အစည်းတစ်စုအပေါ် ဘာကြောင့် Politicide လုပ်ရတာလဲဆိုသောအချက်အပေါ် အစ္စရေးနိုင်ငံကိုဥပမာပေး၍ တင်ပြခဲ့သည်။ ခိုင်မာသည့်အကြောင်းပြချက်တစုံတရာမရှိဘဲ လူမျိုးရေး ၊ ဘာသာရေးအရ ကွဲပြားမှုကိုအခြေခံသည့် မုန်းတီးမှုကြောင့် ဖြစ်သည်။ ထိုမှတဆင့်တက်ကာ ကိုယ့်လူမျိုးသီးသန့်သာရပ်တည်သော ကိုယ်ပိုင်ဟန်ရှိသည့် နိုင်ငံမျိုး ထူထောင်လိုသည့် (ယနေ့ခေတ်အမြင်အရ) အံ့သြစရာကောင်းသော လိုလားချက်ကြောင့်ဖြစ်သည်ဟု ရေးသားခဲ့ပါသည်။
(၂) Politicide ဘယ်လိုလုပ်တာလဲ ?

အစ္စရေးနိုင်ငံ၌ ထုတ်ပြန်ခဲ့သော “ဇီယွန်ဝါဒီနှင့် အာရပ်ပြဿနာ” စာစောင် ၊ “ ဟာဂါနာသမိုင်း ” စာစောင်များ တွင် ထိုကာလအခြေအနေများကို ပြည့်ပြည့်စုံစုံ ဖေါ်ပြထားသည် ။
“ ဟာဂါနာ သမိုင်း ”( Haganah Story) စာအုပ်မှာ အစ္စရေးစစ်ဘက်ပုံနှိပ်တိုက်မှ တရားဝင်ထုတ်ပြန်သော စာစောင်ဖြစ်ပြီး မည်သည့်ဘာသာသို့မျှ ပြန်ဆိုခြင်း မပြုခဲ့ချေ။ ထိုစာစောင်၌ ဂျူးတို့နယ်မြေအတွင်း ပါလက်စတိုင်းတို့အား လူမျိုးရေး သုတ်သင် ရှင်းလင်းမှု ပြုလုပ်ခဲ့ပုံများကို အသေးစိတ် ဖေါ်ပြထားခဲ့သည် ။

စစ်ဗိုလ်များနှင့် ပညာရေး (၁)


Published on Tuesday, 30 October 2012 06:45
Written by တင်ညွန့်

မကြာသေးမီက Facebook ပေါ်တွင် အောက်ပါ post လေးတစ်ခုကို တွေ့လိုက်ရပါသည်။

ပညာရေး ပြောင်းချင်ရင် ဒီလူတွေကို အရင်ပြောင်းဖို့လိုတယ်။

  • ဗိုလ်မှူးအေးကြူ - ဒုတိယဝန်ကြီး
  • ဗိုလ်မှူးဘိုဝင်း - ညွှန်ချုပ် (ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)
  • ဗိုလ်မှူးကိုကိုတင် - ဒု ညွှန်ချုပ် (ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)
  • ဗိုလ်မှူးကျော်စိုး - ဒု ညွှန်ချုပ် (ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)
  • ဗိုလ်မှူးကြီးကျော်သူ - ညွှန်ချုပ် (အမှတ်(၁)အခြေခံပညာဦးစီးဌာန)
  • ဗိုလ်မှူးမျိုးညွှန့် - ဒုညွှန်ချုပ် (အမှတ်(၁)အခြေခံပညာဦးစီးဌာန)
  • ဗိုလ်မှူးကြီးအေးလွင် - ညွှန်ချုပ် (အမှတ်(၂)အခြေံပညာဦးစီးဌာန)
  • ဗိုလ်မှူးရဲလွင်အောင် - ဒုညွှန်ချုပ် (အမှတ်(၂)အခြေခံပညာဦးစီးဌာန)
  • ဗိုလ်မှူးကြီးမျိုးမြင့် - ညွှန်ချုပ် (အမှတ်(၃)အခြေခံပညာဦးစီးဌာန)
  • ဗိုလ်မှူးကြီးအုန်းမြင့် - ညွှန်ချုပ် (ပညာရေးသုတေသနအဖွဲ့နှင့် မြန်မာနိုင်ငံစာစစ်ဥက္ကဌ)

အင်တာနက် ကော်နက်ရှင် မြန်အောင် လုပ်နည်း

 
by Moenge Aung on Wednesday, October 31, 2012 at 4:28pm
အင်တာနက်ကော်နက်ရှင် မြန်အောင်လုပ်တယ်ရယ်လို့တော့မဟုတ်ပါဘူး။ ကိုယ်သုံးနေတဲ့ ကွန်ပျူတာ တစ်ခုတည်းကနေ ကော်နက်ရှင် သာမန်သုံးနေ ကျထက် အနည်းငယ်ပိုမြန်အောင် ဖြစ်ပါတယ်။ နဂို ရတဲ့ အင်တာနက် Speed နဲ့ ပမာဏ က နည်းနေရင်တော့ ဘယ်လိုနည်းနဲ့မှ မြန်အောင် လုပ်လို့ မရပါဘူး။ ဒီလိုရှိပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး - မကဒတ (ကျောင်းသားတပ်မတော်) အဖွဲ့အစည်းတည်ထောင်ခြင်း (၂၄)နှစ်မြောက်

by Nyo Htet on Wednesday, October 31, 2012 at 9:56am


(၁) ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးက မွေးဖွားပေးခဲ့သော မကဒတ (ကျောင်းသားတပ်မတော်)သည်

- တိုင်းရင်းသား လူမျိုးပေါင်စုံ ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး
- ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေး
- ပြည်တွင်းငြိမ်းချမ်းရေး
- ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ထွန်းရေး
ဟူသော နိုင်ငံရေး ဦးတည်ချက်လေးရပ်ကို အခိုင်အမာ ကိုင်စွဲလျက် ၂၄ နှစ် တိုင်တိုင် တိုက်ပွဲဝင်ခဲ့ပြီးဖြစ်သည်။

" ကမ္ဘာ ၏ နောက်ဆုံး ၉၉ ရက် "

 
by Myo Chit Myanmar on Friday, September 14, 2012 at 3:23pm
ကမ္ဘာကြီးဟာ ...

ဒီဇင်ဘာ ၂၁ ရက်နေ့ နီးလာတာနဲ့အမျှ ..

တစ်စစနဲ့ သိသာစွာ .. ဖျားနာ လာခဲ့ပြီဘဲ ...


ကျွန်တော်ချစ်သော မြန်မာ့ပညာရေး (၁)


ပေါ်ထွန်းမြိုင်

ကျွန်တော်သည် ပညာရေးသမားစစ်စစ်ပါ။ တိတိပပဆိုရပါမူ လုပ်သက်၃၆ နှစ်ရ ကျောင်းအုပ်ကြီး တစ်ယောက်ဖြစ်ပါ၏။ မနေ့တနေ့ကမှ မိုးပေါ်ကကျလာသော မိုးကျရာထူးကြီး သခင်ပညာ့အရှင် ဝင်ကစွပ် နှစ်သီးစား အခွင့်ထူးပုဂ္ဂိုလ်ထူးမြတ် မဟုတ်ရပါကြောင်း အထူးတင်ပြလိုသည်လည်းတမုံ့။

ကထိန်အကြောင်း သိကောင်းစရာ

Rupa Singi

သီတင်းကျွတ်ပြီးသွားပြီဆိုတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် နောက်ထပ်ဘာသာရေးဆိုင်ရာ ထင်ရှားတဲ့ ကုသိုလ်ပွဲတစ်ခုအနေနဲ့ ကထိန်အလှူပွဲတွေက အသီးသီး ရှိလာနေကြမှာ ဖြစ်ပါတယ်။ ဘုရားဝိနည်းတော်သတ်မှတ်ချက်အရ သီတင်းကျွတ် လပြည့်ကျော် (၁) ရက်နေ့ကစပြီး တန်ဆောင်မုန်း လပြည့်နေ့အထိ (၁) လတာ ကာလကို ကထိန်အလှူပွဲ ကျင်းပရာ ကာလအဖြစ် မြန်မာနိုင်ငံတ၀ှန်းလုံးရှိ အနယ်နယ်အရပ်ရပ်မှာ ကထိန်ပွဲတွေကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပပြုလုပ်ကြမှာ ဖြစ် ပါတယ်။
ကထိန်ပွဲတွေ လုပ်ကြတော့မယ်ဆိုတော့ ဘာရယ်မဟုတ်ဘူး သူ့ထက်ငါ အပြိုင်အဆိုင်လုပ်ချင်ကြတာပဲ သိတာများတတ်ပါတယ်။

Halloween (ဟော်လိုဝင်း)

Nine Nine Sanay @ နိုင်းနိုင်းစနေ's photo.

Halloween ကိုနှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကျင်းပကြတယ်။ ဒါဟာ နွေရာသီ ကုန်လွန်ပြီး ဆောင်းရာသီစတဲ့ရက်လို့ ဆိုတယ်။ ဒီနေ့ဟာ အနောက်နိုင်ငံရဲ့ ရိုးရာအစဉ်အလာနေ့ တစ်နေ့ဖြစ်တယ်။ အဓိကအားဖြင့် United St
ates, Canada, Ireland နဲ့ United Kingdomမှာ ခေတ်စားတယ်။ Halloween ညမှာ ကလေးတွေဟာ မျက်နှာကို အမျိုးမျိုးလိမ်းခြယ်ကြသလို မျက်နှာဖုံးစွပ်ပြီးလည်း တစ်အိမ်တက်ဆင်း ချိုချဉ်လိုက်တောင်းလေ့ရှိတယ်။

နုပျိုကာ အရွယ်တင်စေရန် စားသင့်သော အာဟာရများ


နုပျိုကာ လှပစေဖို့အတွက် အစားအသောက်တွေကလည်း အရေးပါနေပါတယ်။
သုတေသနတွေအရ လေ့လာထားတဲ့ အောက်ပါ သဘာဝ အစားအစာတွေဟာ အနာကျက်စေတဲ့ အာနိသင်ကို ပေးစွမ်းနိုင်ပြီး မျက်နှာ အသားအရေကို နုပျိုကာ အရွယ်တင် လှပစေပါတယ်။

ငွေမကုန်၊အန္တရာယ်ကင်းတဲ့သွားဖြူနည်း။

ငှက်ပျော်သီးအခွံအတွင်းပိုင်းဖြင့်သွားများအား ၂ မိနစ်ခန့် ပွတ်တိုက်ပေးပါက ငှက်ပျော်သီးအခွံတွင်ပါဝင်
သော ပိုတက်စီယံ၊မက်ကနီစီရံ၊မက်ကနီ စသောဓါတ်သတ္ထုများသွားအတွင်းသို့ဝင်ရောက်သွားပြီး သွားများ ကိုဖြူဖွေးလှပစေပါသည်။
http://machunlay.blogspot.no/ 

မိမိရဲ့ Data တွေကို ဘယ်လို Backup လုပ်သင့်သလဲ?

Posted by on October 31, 2012
i
Rate This

Quantcast

(မှတ်ချက်) လုပ်ငန်းခွင်ထဲမှာ Data တွေကို အမြဲတမ်း Backup လုပ်ဖို့ ပြောပြတဲ့ ဆရာဦးထွန်းအောင်သိန်းနှင့် ဆရာဦးမောင်မောင်သန်းထိုက် တို့ကို ကျေးဇူးတင်ပါ သည်။
Computer ရဲ့ Hard Drive တွေဟာ တစ်ခါတစ်ရံမှာ ဘာ Warning Box မှ မပြဘဲနဲ့ Fail ဖြစ်သွားတတ်ပါတယ်။ အဲဒီလို ရုတ်တရက် Fail ဖြစ်သွားတဲ့အခါ System ကြီးဟာ အကြောင်းတစ်စုံတစ်ရာကြောင့် ရုတ်တရက် Crush ဖြစ်သွားတဲ့ အခါတွေမှာ ကိုယ့်ရဲ့ Hard Disk ထဲမှာ သိမ်းထားတဲ့Data တွေဟာLost ဖြစ်သွားနိုင်ပါတယ်။ အဲဒီ Dataတွေဟာ ကိုယ့် အတွက်၊ ကိုယ့်အဖွဲ့အစည်းအတွက် အရမ်းအရေးကြီးတဲ့ VIP Data တွေ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။

အချစ်အက္ခရာ စကားလုံး.



Ặccept (လက်ခံသည်)

"လောကကြီးမှာ ခြောက်ပစ်ကင်းသူမရှိပါဘူး"
သူ့ကိုချစ်တယ်ဆိုရင် သူ့အားနည်းချက်အပါအဝင် သူ့ရဲ့အရာအားလုံးကို လက်ခံနိုင်ရပါမယ်။

Ḃelief (ယုံကြည်ခြင်း)
အချစ်မှာ ယုံကြည်ခြင်းတွေ လိုပါတယ်။ တစ်ဘက်သားကို မယုံကြည်ဘဲ အမြဲသံသယအမေး၊ သံသယအတွေးတွေနဲ့ အချစ်ကိုမယုံကြည်ခဲ့ရင် နောက်ဆုံးမှာ လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။

Čare (ဂရုစိုက်ခြင်း)
တစ်ဘက်သားကို ဂရုစိုက်တယ်ဆိုတာ သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့အရေးပေးမှုကို ပြသနေသလိုပါပဲ။ ဖုန်းလေးတစ်ချက်နဲ့ "အလုပ်ပင်ပန်းလား?"ဆိုတဲ့ ဂရုစိုက်တဲ့ အမေးလေးမေးနိုင်သလို "မိုးအေးပြီနော်... အနွေးထည်ထပ်ဖို့ မမေ့နဲ့နော်"ဆိုတဲ့ မက်ဆေ့လေးလည်း ပို့နိုင်ပါတယ်။ ဒီလို ဂရုစိုက်မှုတွေက တစ်ဘက်သားအတွက် တကယ့်အသုံးမနိုင်ဝင်ပေမယ့် အနည်းဆုံးတော့ သူ့စိတ်ကို နွေးထွေးကြည်နူးစေနိုင်ပါလိမ့်မယ်။
̃D̃evoted (သစ္စာခိုင်မြဲသည်)

လူတစ်ယောက်ကိုချစ်ပြီဆိုရင် သစ္စာခိုင်မြဲရတယ်။ လှေနံနှစ်ဖက်နင်းတာက ကိုယ်ချစ်တဲ့သူကို နာကျင်ဝမ်းနည်းစေတဲ့အပြင် နောက်ဆုံးမှာ လမ်းခွဲတာနဲ့ပဲ အဆုံးသတ်ရတတ်တယ်။

ပြည်ထောင်စု စစ်စစ်မူကို လက်ခံကြပြီဆိုရင် ရွှေပြည်တော် မျှော်တိုင်း မဝေးတော့ပါပြီ (မောင်ဝံသ)

by Maung Wuntha on Tuesday, October 30, 2012 at 6:29am


ယခုအပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။

အခုလောလောဆယ်မှာ ]အဆိုးထဲက အကောင်း}ဆိုသလို တစ်ဖက်မှာ သေမိန့်ကျရောဂါတစ်ခုအဖြစ် အများနားလည်ထားကြတဲ့ ကင်ဆာရောဂါနဲ့ စစ်ပွဲဆင်နွှဲနေရပေမယ့် အခြားတစ်ဖက်မှာတော့ အရင်ကနဲ့စာရင် အချိန်ပိုရသလိုဖြစ်နေတာကြောင့် စာတွေ ပိုပြီး ဖတ်ဖြစ်နေတယ်ဗျ။ အထူးသဖြင့် ဒီကနေ့ စာဖတ်သူအများစုကို သူ့ထက်ငါကောင်း အပြိုင်အဆိုင် စည်းရုံးဆွဲဆောင်နေကြတဲ့ ဂျာနယ် တွေကို ပိုပြီးတော့လည်း များများ၊ ပိုပြီးတော့လည်း စူးစူးနစ်နစ် ဖတ်ဖြစ်နေမိတယ်ဗျာ။

မနော်ဟရီ အတု

by Manor Hary on Tuesday, October 30, 2012 at 9:11am


၂၀၀၈ တုန်းက ဝတ္ထုတို အဟောင်းပါ။ Blog မှာလည်း တင်ပြီးသားပါ။ ခု စာအုပ်လုပ်ရင်း ပရုဖ် ပြန်ဖတ်ရင်း သတိရတာနဲ့ တင်လိုက်ပါတယ်။

လူပျိုကြီးတစ်ယောက် ပျောက်ဆုံးခြင်း

by Linn Yaung on Friday, September 7, 2012 at 12:09am



လူပျိုကြီးတစ်ယောက် ရုပ်ရှင်ရုံထဲရောက်နေသည်။
သူ့နဘေးမှာက အသစ်စက်စက် ချစ်သူလေး။ လက်ဖ၀ါးလေးတွေ အးစက်နေအောင်ကို ကြောက်နေရှာ၏။
“မကြောက်ပါနဲ့ ကလေးရယ်.. မင်းရဲ့ဘေးမှာ ကိုကို တစ်ယောက်လုံးရှိနေပြီပဲ” ဟု စိတ်ထဲက ရေရွတ်လိုက်သည်။

လူကို ဘယ်သူကဖန်ဆင်းသလဲ (ရေးသူ- လူထုဒေါ်အမာ)






{မာယာမဂ္ဂဇင်း နိုဝင်ဘာ၊ ၂၀၀၃ မှာ ဖော်ပြခဲ့ပီးသောစာမူကို အင်တာနက် စာဖတ် ပရိသတ်အတွက် အမေမာ မွေးတဲ့ နိုဝင်ဘာလမှာ အမေ့ကို ဂါရ၀ပြုသောအားဖြင့် ထပ်မံ ဖော်ပြပါတယ်}

လူတယောက်ဆိုပြီးတော့ အမေတို့ အသက်ရှင် လှုပ်ရှားနေကြပါတယ်။ ဒါပေမယ့် တယောက်နဲ့တယောက် လူတွေဟာ မတူညီကြတာတွေ ရှိသလို၊ တူညီကြတာတွေလဲ ရှိတယ်။ မတူညီကြမှုကို အကြောင်းပြုပီးတော့ အဲဒီလူ
ရဲ့ ပုံပန်းဖြစ်ပေါ်လာတာပဲ ထင်ပါရဲ့ကွယ်။
ဥပမာ (၁) သူမွေးဖွားကြီးပြင်းရတဲ့ ခေတ်ကာလ အခြေအနေ (၂) သူ့ကို မွေးဖွားလာတဲ့ အခါ သူ့ကို ကြီးပြင်းအောင်မွေးတဲ့ မိဘအသိုင်းအ၀ိုင်းရဲ့ စီးပွါးရေးအခြေအနေ (၃) သူ သင်ကြားဖတ်မှတ်ရတဲ့ စာပေဗဟုသုတ၊ ပြီးတော့ (၄) သူ လုပ်ကိုင်စားသောက်ရတဲ့ အသက် မွေးဝမ်းကျောင်း (၅) သူ့ တသက်မှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေဟာ သူ့ဘ၀ကို ပုံသွင်းတယ်လို့ အမေတော့ ထင်တာပဲ။

သမိုင်းထဲက ဆရာဝန်များ (တရုတ်ပြည်၏ ဖခင်ကြီး (သို့မဟုတ်) ဒေါက်တာဆွန်ယက်ဆင်)

 
တရုတ်ပြည်၏ ဖခင်ကြီး (သို့မဟုတ်) ဒေါက်တာဆွန်ယက်ဆင်

     ဟန်တရုတ်လူမျိုး၊ တော်လှန်ရေးသမားနှင့် နိုင်ငံ့ခေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင်ကို ၁၈၆၆ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ယနေ့အချိန်အထိ တရုတ်ပြည်မကြီးကသာမက၊ တရုတ်တိုင်ပေနယ်ကပါ တိုင်းပြည်၏ ဖခင်ကြီးဟု သတ်မှတ်ခံထားရသူဖြစ်သည်။
တရုတ်ပြည်၏ သက်ဦးဆံပိုင် ဘုရင်စနစ်ကို ဖြုတ်ချပြီး တိုင်းသူပြည်သားအများကို ကိုယ်စားပြုသည့် သမ္မတနိုင်ငံတော်ကြီး (၁၉၁၂) ကို တည်ထောင်ရာတွင် ဦးဆောင်ပါဝင်ခဲ့ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ပထမဆုံးသော သမ္မတလည်းဖြစ်ပါသည်။

အမှားရှာပေးပါ


Kon Zaw konzawoo@gmail.com

ဉာဏ်စမ်းပဟေဠိ ဖြေရတာ ဝါသနာ ပါသူများအတွက် မေးခွန်းတစ်ခု တင်လိုက်ပါတယ် ခင်ဗျား။ ဦးဏှောက်ကျင်း အဲလေ ဦးဏှောက်ဆေး ဖို့ပါ။ အောက်ပါ စိတ်ကူးယဉ် ဇာတ်လမ်းလေးမှာ အချက်အလက် အမှန်တွေရော အမှားတွေရော ရောသမမွှေထားပါတယ်။ မေးခွန်းကတော့ မှားနေတဲ့အချက်လေးတွေကို ရှာပေးဖို့ပါပဲ။ ကဲဘယ်သူ အများဆုံးတွေ့နိုင်မလဲ။

ဖောင်တိန်လေးကိုထားခဲ့တယ် ဆယ်လ်ဗီယာ

 



ဆယ်လ်ဗီယာ မင်းရုပ်ရှင်ကို ငါကြည့်ရတယ်

ဂွင်းနက်ပက်ထရိုရဲ့ သရုပ်ဆောင်ချက်ဟာ
ငါ့ရင်ကို အရှိန်ပြင်းပြင်းနဲ့ လောင်မြိုက်စေခဲ့တယ်။
ဆယ်လ်ဗီယာ မင်းကဗျာကို ငါ ဖတ်ဖူးရတယ်
ဇေယျာလင်းရဲ့ ဘာသာပြန်ချက်ဟာ
ငါ့အသည်းနုလုံးကို တစ်စဆီကြေမွစေခဲ့တယ်။

ခိခိ ခွိခွိ ဟက်ဟက် ဟိဟိ ဟာဟ ဟိုးဟို အဟိ (((( ဟာသများ))))

Posted by ♥¯`» ထာဝရ ရင်ခွင် «´¯♥ on October 30, 2012 at

(ခိုင်းနည်းသစ်)
ယောင်္ကျားဖြစ်သူသည် ဘာခိုင်းခိုင်းအလွန် အပျင်းထူသည်။ မိန်းမဖြစ်သူသည်အားလပ်ချိန်တွင်ယောကျာင်္းကိုခြံထဲဆင်းပြီး သစ်ပင်စိုက်စေချင်သည်။ သို့သော် တော်တော်နဲ့ခိုင်းလို့ရမည်မဟုတ်။ တစ်နေ့တွင် အကြံရကာမိန်းမဖြစ်သူက…… `ရှင်ခြံထဲဆင်းပြီး ဘာမှမလုပ်တော့ဘူးလား၊ သြော်အင်းလေ မလုပ်နိုင်ရင်လဲနေပါစေ။ အသက်လည်းရ
လာပြီဆိုတော့ အဘိုးကြီးလည်းဖြစ်တော့မှာဘဲလေ´ မကြာမီ သူ၏ယောင်္ကျားထပြီးခြံထဲဆင်း အလုပ်လုပ်လေသည်။

ပူရ်နိမာ

 

by Zay Ya on Tuesday, October 30, 2012 at 1:03pm


The Moon said tonight, "Let me in!"

“ပူရ်နိမာ” ဆိုတာ “လပြည့်ည” ကို ပြောတာ..။ ချမ်းမြေ့စရာကောင်းတဲ့ လပြည့်ညကို ဆိုလိုတာ..”

လ- ဟာ ကမ္ဘာ လောကဓာတ်တစ်ခွင် အတွက် ချမ်းမြေ့ဖွယ် အကောင်းဆုံး အလှပဆုံး ပြယုဂ်..။ ဆွတ်ပျံ့ ကြည်နူးစရာ ဖြစ်စေ လွမ်းဆွတ် ငေးမောစရာပဲ ဖြစ်စေ ညအခါမှာ သာတဲ့ လ- တစ်စင်းတည်းနဲ့ ဒီခံစားချက် အားလုံးကို ကိုယ်စားပြုပေး နိုင်တယ်..။ လရိပ်ဟာ ကျနော်တို့ နှလုံးသားထဲမှာ ရှိတယ်..။
လရောင်ဟာ ကျနော်တို့ စိတ်နှလုံးကို လွှမ်းခြုံထားပြီးသား ရှိတယ်..။

ပွန်ပေမြို့ရဲ့ ကြမ္မာဆိုး





ခရစ် 79 ခုနှစ် သြဂုတ်လ 24 ရက် မွန်းတည့် အချိန်မှာ အီတလီကျွန်းဆွယ် မြေတဲပင်လယ် ကမ်းနဘေး မှာရှိနေတဲ့(ယခုလက်ရှိ Naples မြို့  တော်အနီး) ပွန်ပေဆိုတဲ့ မြို့တော်ကြီးမှာ တုန်လှုပ်ချောက်ချားဖွယ် ကောင်းတဲ့ အဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်.. အဲဒီ ပွန်ပေ မြို့တော်ကြီးဟာ ဗွီဆူးဗွီးရပ် မီးတောင် (အဲဒီခေတ်ကတော့ အဲဒီတောင်ကို မီးတောင်မှန်း မသိခဲ့ဘူးထင်ပါရဲ့ ) ခြေရင်းမှာတည်ရှိပြီး ရမ်းကို တိုးတက်ဖွံ့ ဖြိုးတဲ့ြ
မို့ တော်ကြီးပါတဲ့…79 ခုနှစ် သြဂုတ်လ 24 ရက်နေ့ မှာတော့  မြို့အနီးနားမှာ ရှိတဲ့ ဗွီဆူးဗွီးရပ် မီးတောင်ကြီး ရုတ်တရက် ဘာအရိပ်ရောင်မှ မပြ ဘဲ ထပေါက်ကွဲ ပြီး တစ်မြို့ လုံးကို ချော်ရည်ပူ နဲ့ ဖုံးသွားလိုက်တာ တစ်မြို့ လုံးအပေါ် ချော်ရည်နဲ့ ပြာတွေဟာ ပေ 20 လောက် အထိ မြင့်တက်သွားရောတဲ့ ။ ခရီးသွားတဲ့ သူကလွဲ ရင် တစ်ယေက်မှ ကို အသက်ရှင်ကျန်ခဲ့
သူမ၇ှိဘူးလို့ဆိုပါတယ် ။

Politicide (သို့) လူ့အဖွဲ့အစည်းတစ်ခုအား နိုင်ငံရေးအရ အသေသတ်ခြင်း (အပိုင်း - ၁)

by U U Mhaw Sayar on Tuesday, October 30, 2012 at 8:13pm ·


Politicide ဟူသည်မှာ လူ့အဖွဲ့အစည်းတစ်ခုအား လူမှုရေး ၊ နိုင်ငံရေး ၊ စစ်ရေး စသည်ဖြင့် ဘက်ပေါင်းစုံမှ ဖိအားပေးဖြိုခွင်းခြင်းအားဖြင့် ယင်းလူ့အဖွဲ့အစည်းသည် မိမိကြမ္မာ မိမိဖန်တီးနိုင်စွမ်း မရှိစေခြင်းငှာ စနစ်တကျနှင့် ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအရ အသေသတ်ခြင်းမျိုးကို ဆိုလိုပေသည် ။ Politicide ကို မြန်မာမှုပြုလျှင် နိုင်ငံရေးအရ အသေသတ်ခြင်း ဟူ၍ ခေါ်ဆိုရမည်ပင် ဖြစ်သည်။

ကျွန်တော်သိသော...မိုနာလီဇာအကြောင်း

Posted by sai on October 30, 2012 at 10:00pm

ဘာရယ်မဟုတ်ပါဘူး။ မိုနာလီဇာအပြုံးက ဘာလို့ ကမ္ဘာကျော်တာလဲ ဆိုတဲ့အကြောင်းပေါ့။ မိုနာလီဇာအကြောင်းပြောရင် သူမကို ဖန်တီးခဲ့တဲ့ လီယိုနာဒိုဒါဗန်ချီအကြောင်း ပြောရင်မပြီးဘူးလို့ ထင်ပါတယ်။ လီယိုနာဒိုကို ဧပြီလ ၁၅ရက် ၁၄၅၂ ခုနစ် အီတလီမှာ မွေးဖွားခဲ့တယ်။ လီယိုနာဒိုက ငယ်ငယ်ကတည်းက ပန်းချီဆွဲတာ ၀ါသနာပါခဲ့ပြီး နောက်ပိုင်း ပန်းချီပညာဘက်တွင်သာမက ပန်းပု၊ ဗိသုကာ ဆေးပညာရပ်များမှာပါထွန်းကားခဲ့ပါသေးတယ်။ ဒါတင်မကသေးပါဘူးသူ့ကိဲု
သိပံ္ပံလောကရဲ့ ဘိုးအေကြီးလို့လဲ သမုတ်ကြသေးတယ်။
သူဖန်တီးခဲ့တဲ့ အရာတွေများမှာတော့ မိုနာလီဇာကအကျော်ကြားဆုံးပင်။ မိုနာလီဇာ ဘာလို့ကျော်ကြား တာလဲ မေးလိုက်လို့ ရှိရင် သူမရဲ့ အပြုံးလို့ ၁၀၀ မှာ ၉၉ ယောက်က ဖြေကြမှာ မလွဲပါ။
မိုနာလီဇာနဲ့ခေတ်ပြိုင် ပန်းချီကားထဲက မိန်းမများ(ရဖေးလ်နှင့် မိုက်ကယ်အိန်ဂျယ်လို ပန်းချီ) မိုနာလီဇာရဲ့ အပြုံးက ဘာလို့ကျော်ကြားတာလဲ။ လီယိုနာဒိုကပဲ တော်လို့လား။ ပန်းချီကားထဲက အမျိုးသမီးကပဲ ချောလွန်းလို့လား။ သေချာတာကတော့ လီယိုနာဒိုရဲ့ ပန်းချီပညာက တော်လွန်းလို့ ဖြစ်နိုင်ပါတယ်။ ပန်းချီထဲက အမျိုးသမီးက လှလွန်လွန်းလို့တော့ မဖြစ်နိုင်ပါ။ မျက်ခုံးမွေးမပါ။ ခနာကိုယ်ကလည်း
သိပ်ပြီးမလှ။ ခေတ်ပြိုင် မိုက်ကယ်အိန်ဂျယ်လိုနှင့် ရဖေးလ်ပန်းချီကားတွေထဲက မိန်းမတွေနဲ့ယှဉ်လိုက်ရင် တော့ တော်တော် အကျဉ်းတန်တာအမှန်ပင်။

Tuesday, October 30, 2012

လူတွေ ဘယ်က စပြီး ဖြစ်လာတာလဲ


သား ။ ။မေမေ...သားတစ်ခုမေးချင်လို့၊ သားတို့လူတွေ ဘယ်က စပြီးဖြစ်လာတာ လဲဟင်?

မေမေ ။ ။ဘုရားသခင် စပြီး ဖန်ဆင်းတဲ့ လူယောက်ကျား အာဒံ နဲ့ လူမိန်းမ ဧ၀ ကနေ ဆင်းသက် ဖြစ်ပေါ် လာတာပေါ့ သားရယ်၊

သား ။ ။ဟင်!!...ဖေဖေ ပြောတော့ လူဟာ မျောက်က ဆင်းသက် ဖြစ်ပေါ် လာတာ ဆို!!

မေမေ ။ ။သြော်..သူက သားကို အဲဒီလို ပြောသလား? ဒီလိုဆို မေမေ့ ဘက်က ဘိုးဘေးတွေက ဘုရားသခင် ဖန်ဆင်းရာက လာပြီး၊ သူ့ဘက်က ဘိုးဘေးတွေက အဲဒီက လာတာ နေမှာပေါ့ သားရယ်...

Time 100 ကမ္ဘာကျော် တိုင်းမဂ္ဂဇင်းရဲ့ နှစ်စဉ် သြဇာကြီးမားတဲ့ လူပုဂ္ဂိုလ်၁၀၀


Time 100 ကမ္ဘာကျော် တိုင်းမဂ္ဂဇင်းရဲ့ နှစ်စဉ် သြဇာကြီးမားတဲ့ လူပုဂ္ဂိုလ်၁၀၀ ရွေးချယ်တဲ့ စာရင်း ၂၀၁၂ ကိုလေ့လာကြည့်ရင်၊ Oprah Winfrey (9 times), Obama, Hilary Clinton (7 times), Steve George, Angela Merkel (5 times), George W.Bush, Bill Clinton, Bill Gate, Hu Jintao, Condoleezza Rice, George Clooney, Jamie Dimon (4 times), Nelson Mandela, Dalai Lama, Rupert Murdoch, Larry Page, Mark Zuckerberg, Aung San Suu Kyi (3 times) တို့ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ဟာ တတိယအကြိမ်မြောက် အရွေးခံရခြင်းဖြစ်ပါတယ်။

အမေရိကန်ရောက် မြန်မာများရဲ့ အစွဲလမ်းဆုံးကတော့ အစားအသောက်ပဲဖြစ်ပါတယ်။

အစားအသောက်များ ပေါများ၊ ဈေးချိုပြီး အမေရိကန်များ အားလပ်ချိန်အပမ်းဖြေခြင်းဟာ အစားအသောက် ထွက်စားခြင်းပါပဲ။ တပတ်တခါ၊ နှစ်ခါ အပြင် စားသောက်ဆိုင်ထွက် မစားနိုင်ရင် အမေရိကားမှာ နေရကျိုးမနပ်သလိုပါပဲ။

ပြောင်းဖူး၏ ကျန်းမာရေး အာနိသင်များ Posted by warso


ပြောင်းဖူးမှာ အာဟာရ ဓာတ် များစွာ ပါဝင် တာကြောင့် ကျန်းမာရေး အကျိုး ကျေးဇူး
များစွာ ရရှိနိုင်ပါတယ်။ ပြောင်းဖူးမှာ ဗီတာမင် B1 ပါဝင်တာကြောင့် ကာဗို ဟိုက်ဒရိတ်တည်ဆောက်ဖြိုခွဲမှုမှာ အသုံးပြုနိုင်သလို ဗီတာမင် B5 ပါဝင်မှုကြောင့် ဇီဝကမ္မဆိုင်ရာ လုပ်ငန်းဆောင်တာတွေမှာ ကူညီနိုင်ပါတယ်။ ဖောလိတ် ပါဝင်တာ ကြောင့် ဆဲလ်သစ်တွေ ဖြစ်ပေါ်စေသလို ဗီတာမင်စီပါဝင်မှုကြောင့် ရောဂါတွေကို တွန်းလှန်ပေးနိုင်ပါတယ်။

ဆင်လို့ခေါ်တယ်ကွယ် - ကိုဇောက်ထိုး


တခါက ဆင်တကောင် အရောင်းအ၀ယ်လုပ်တဲ့အခါ ၀ယ်မဲ့လူက ဆင်ကိုလှည့်ပတ်စစ်ဆေးတယ်။ ကိုဇောက်ထိုး အဲဒီနေရာကို ရောက်လာပြီး၊ သူတို့နဲ့အတူဆင်ကို စူးစမ်းလေ့လာကြည့်နေတော့ ဆင်ပွဲစားက အသာခေါ်ထုတ်သွားပြီး၊ ငွေကျပ်တသိန်းပေးပြီး၊ လာမကြည့်ပါနဲ့၊ ဒီမှာပဲ နေပေးပါ .. ပြောလို့ အဲဒိလူ လာမကြည့်တော့ပဲ ငြိမ်ငြိမ်ပဲ ခပ်လှမ်းလှမ်းကကြည့်နေရတယ်။

အသစ် ထွက်လာမယ့် Google Nexus10 Tablet


Googleက နေပြီးအခုနောက်ဆုံး ဖုန်းအနေနဲ့ ဆိုရင် Nexus4၊Tablet အနေနဲ့ ဆိုရင် Nexus7 နဲ့ 10 ကိုထုတ်လာတော့မှာဖြစ်ပါတယ်။ အဲ့အထဲကမှ Nexus 10 ကို စိတ်အဝင်စားဆုံး ဖြစ်နေလို့ စာဖတ်တဲ့လူတွေ ကို ဈေးနှူန်းနဲ့  အသုံးချလို့ ကောင်းမယ့် အရာလေးတွေ ပြန်ပြီး သုံးသပ်ပေး မှာဖြစ်ပါတယ်။

တရုတ်ရုပ်ရှင်မင်းသမီး Ms. Xu Fan နှင့်တွေ့ဆုံခြင်း


မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၃ ရက်က (၁၁) ကြိမ်မြောက်ကျင်းပတဲ့ တရုတ်ရုပ်ရှင်ပွဲတော်ကို တရုတ်နိုင်ငံမှ မင်းသမီးရွီဖန်(Ms. Xu Fan) တက်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာကျင်းပတဲ့ တရုတ်ရုပ်ရှင်ပွဲတော်ကို ပထမဆုံးတက်ရောက်တဲ့ တရုတ်ရုပ်ရှင်သရုပ်ဆောင်လည်းဖြစ်ပြီး သူမခေါင်းဆောင်ပါဝင်ထားတဲ့ After Shock ရုပ်ရှင်ဇာတ်ကားနဲ့ ရုပ်ရှင်ပွဲတော်ကို စတင်ဖွင့်လှစ်ပြသခဲ့တာပါ။

ဖရဲနှင့်မြွေပွေးတောင်တွင် အ၀ယ်လိုက်နေသည့် တောင်ကြီးအိမ်ခြံမြေဈေးကွက်


by Myit Makha Mediagroup on 29 Oct, 2012

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးအိမ်ခြံမြေဈေးကွက်၌ ဖရဲနှင့်မြွေပွေးတောင်ရပ်ကွက်များ၌ ကျပ်သိန်းသောင်းကျော်အထိ အရောင်းအ၀ယ်လိုက်လျှက်ရှိကြောင်း သိရှိရသည်။

မှားခဲ့တာလား ၊ မှားနေဆဲလား ၊ ဆက်ပြီး မှားအုန်းမှာလား







NLD က ၉၀ တုန်းက တပြည်လုံးမှာ (၈၀) ရာခိုင်နှုန်းနဲ့ မဲနိုင်ခဲ့တဲ့ပါတီ။ အစိုးရကို ဦးဆောင်ဖွဲ့စည်းရမယ့် ပါတီ ပါ။ ဒါပေမယ့် NLD အပါအ၀င် အနိုင်ရပါတီအားလုံးက ကိုယ့်ကိုယ်ကို အထင်ကြီးပြီး စစ်သားနိုင်ငံရေး မလုပ် တတ်ဘူးဆိုပြီး နိုင်ငံရေးပြဿနာ၊ အာဏာပြဿနာကို ကလေးကလား သွားလုပ်မိလိုက်ကြတော့ ဗိုလ်ချုပ် စောမောင်ဆီမှာ ဗြောင်အလိမ်ခံလိုက်ရပါတ
ယ်။

လက်ပန်တောင်း တောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး ၀ိုင်းဝန်းကြိုးပမ်းပေး

by Naung Taw Lay on Monday, October 29, 2012 at 12:32pm


လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ပြဿနာဖြစ်ပေါ်နေတဲ့အနေအထားဟာ မထင်မရှားရှိနေခဲ့ရာမှ အုံးအုံးကြွ ဖြစ်ပေါ်လာတဲ့ကိစ္စတစ်ရပ်ပါ။ အဲဒီဒေသကို သွားရမယ်ဆိုကတည်းက လက်ပန်တောင်းတောင်နဲ့ ပတ်သက်တဲ့သမိုင်းနောက်ခံ ၊ ဒေသခံတွေရဲ့ အခြေအနေ၊ ပြဿနာကြီးထွား လာရခြင်းရဲ့ အစ၊ နိုင်ငံရေးသမားရဲ့ ရှုထောင့် ၊ ကုမ္ပဏီတွေက ဘာကြောင့်ရပ်တန့်လို့ မရသလဲ ဆိုတာ ကိုပါပြောပေးနိုင်ရင် ပိုပြီးပြည့်စုံတာပေါ့။ သက်ဆိုင်ရာတွေဆီက ဒီကိစ္စနဲ့ ပတ်သက်တဲ့ အခြေအနေ အရပ်ရပ်ကို မှတ်တမ်းပြုစုထားကိုပါ ရနိုင်ရင် ပြည်သူအများသိအောင် ချပြပေးစေချင်တာပါ။

ဟာသများ

by Moenge Aung on Monday, October 29, 2012 at 12:52pm


၁။ သတင်းကောင်း
ယောကျာ်းဖြစ်သူ အလုပ်က ပြန်လာသည်။ မိန်းမဖြစ်သူရဲ့ ညိုးငယ်သော မျက်နှာကို ကြည့်ကာ အိမ်တွင်
တစ်ခုခုဖြစ်ပြီဟု သိလိုက်သည်..
ယောကျာ်း ။ ။"မကောင်းတဲ့ သတင်းနဲ့ ငါ့ကို မကြိုနဲ့ကွာ၊ ရုံးမှာ စိတ်ညစ်ရတာနဲ့ကိုပဲ ငါ့မှာ
လုံလောက်နေပြီ"

Monday, October 29, 2012

ကြေးနီစီမံကိန်းနဲ့ သတ္တုတွင်းလုပ်ငန်း

by Lu Cifer on Monday, October 29, 2012 at 7:50am



ကြေးနီတောင်လို့ လူသိများတဲ့ လက်ပံတောင်းတောင် ပြည်သူ့ဆန္ဒပြပွဲဟာ ပြည်တွင်းပြည်ပသတင်း မီဒီယာတွေမှာ အခုတလော မကြာခဏ ဖော်ပြနေတဲ့ သတင်းတပုဒ် ဖြစ်ပါတယ်။ ကန့်ကွက်ဆန္ဒပြပွဲမှာ ပါဝင်တဲ့ မအေးနက်နဲ့ မသွဲ့သွဲ့ဝင်တို့ကို သတ္တိပြောင်တဲ့ သံမဏီအမျိုးသမီးတွေအဖြစ် စက်တင်ဘာ (၂၆) ရက်နေ့ထုတ် New York Times သတင်းစာမှာ ဖော်ပြလိုက်ထားပါတယ်။
ကန့်ကွက်ဆန္ဒပြပွဲသတင်းကို အနောက်တိုင်းသတင်းမီဒီယာတွေမှာ မကြာခဏ ဖော်ပြတာကြောင့် ဝက်မှေးရွာ ကို ကမ္ဘာက သိလာပါတယ်။

အလှအပမြတ်နိုးသူတိုင်း လိုက်နာသင့်သော နည်း ၁၀

by Myanmar Online News on Monday, October 29, 2012 at 10:25am ·




မိန်းကလေးတိုင်း အလုပ်သွား အလုပ်ပြန်၊ ရုံးသွားရုံးပြန် အချိန်ပေးပြီး အလှပြင်ဆင် တတ်ကြ ပါတယ်။ သင်ပြင်ဆင်နေတဲ့ အလှပြင်ပစ္စည်းတွေကို မှန်မှန်ကန်ကန် အသုံးပြုနိုင်ဖို့ အောက်ပါ အချက် တွေကို လှပလိုသူ မိန်းကလေးတိုင်း လိုက်နာသင့်ပါတယ်။

ဘွဲ့နှင်းသဘင် ဦးထုပ် သမိုင်းကြောင်း



ဘွဲ့နှင်းသဘင်ဦးထုပ် (mortarboard) ဟာ ရောမခေတ် အီတလီလူမျိုးများမှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။ ..
ယင်းဦးထုပ်ကို ရှေးအခါ ရိုမန်ကတ်သလစ်ဘုန်းကြီးများ ဘွဲ့နှင်းသဘင်ဦး ထုပ်ဒီဇိုင်းနဲ့ သိပ်မကွာတဲ့အတွက် ဘွဲ့နှင်းသဘင်ဦးထုပ်အစ ရိုမန်ကတ်သလစ် ဘုန်းကြီးက လို့ ယုံကြည်ကြပါတယ်။ ၁၄၊ ၁၅ ရာစုမှာတော့ ရောမ အီတလီတွေဟာ လူတန်းစားခွဲခြားဖို့အတွက် ယင်းဦးထုပ်ကို တွင်
တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြပါတယ်။ ဥပမာ- စာရေးဆရာ၊ ကဗျာဆရာ၊ အတွေးအခေါ်ပညာရှင်၊ အင်ဂျင်နေယာ၊ ကျောင်းသာလူငယ် စသည်ဖြင့် လူအမျိုးမျိုးကို ဦးထုပ်အရောင်အမျိုးမျိုးနဲ့ခွဲခြားစေပါတယ်။ သူတို့ခေတ်မှာ အဆင့်အတန်းအမြင့်ဆုံးကတော့ အနီရောင် Motarboard ဖြစ်ပါတယ်။ ရဲရင့်ခြင်းသဘော၊ အသက်နဲ့ ဘဝကို ကိုယ်စားပြုသည့် သဘောကို ဆောင်ပြီး တော်ဝင်အာဏာ ရှိသူတွေကို အနီရောင် Motarboard ဆောင်းစေပါတယ်။

အဆိုတော်မာမာအေးသီ ချင်းတွေကို နှစ်သက်ခဲ့ကြောင်း သဲနုဝါ ပြော

 

မြန်မာသံစဉ်သီချင်း ကို ခုံမင် ပြီး အခုချိန်ထိ မြန်မာသံစဉ်တွေကိုပဲ သီဆိုကာ ပရိသတ်အား ပေးမှုကို ရရှိ ခဲ့သူ အဆိုတော်သဲနုဝါကို မြန်မာသံ စဉ်ကို ဘယ်အရွယ်ကစ ပြီး စိတ်ဝင်စား သီဆို ဖြစ်လဲလို့ မေးကြည့်တော့”မြန်မာသံစဉ်ကို ၉နှစ်အရွယ်ကတည်းကစိတ်ဝင်စားတာပါ။

ပြည်သူပေးသည့်ဆုနှင့် မြန်မာ့အဆင်း လင်းစေခဲ့သူ နန်းခင်ဇေယျာ



နန်းခင်ဇေယျာဖေ့ဘုစ်မှ
လွန်ခဲ့သည့် တစ်လလောက်အထိ သူမကိုသိရှိသူ နည်းပါသည်။ ပြိုင်ပွဲဝင်ရန်အတွက် ဂျပန်နိုင်ငံသို့ သူမ ထွက်ခွာခဲ့စဉ်ကလည်း အုတ်အုတ်သဲသဲ မဖြစ်ခဲ့။

RFA ဌာနတွင်း ဖြုတ်ထုတ်သတ်ပွဲ ပြီးပြီလား

Tun Wai




ဒီရက်ပိုင်း ဘီဘီစီမှာ သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ် ။ သတင်းက ဒီလိုပါ။ ဘီဘီစီ ရုပ်သံလွှင့်ဌာနမှာ Top of the Pops နဲ့ Jim’ll Fix It ဆိုတဲ့ နာမည်ကြီးအစီအစဉ်တွေကို တင်ဆက်ခဲ့သူ Mr. Jimmy Savile ဆိုသူဟာ သူမသေခင်တုန်းက ကလေးတွေနဲ့ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေပေါ် လိင်ပိုင်းဆိုင်ရာ မတရားကျူးလွန်မှုတွေ ၊ ဘီဘီစီဌာနတွင်း ဝန်ထမ်း အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ရှိခဲ့တယ်။ အကျူးလွန် အစော်ကားခံရသူတွေက ဘီဘီစီ အထက်အာဏာပိုင်တွေကို တိုင်ကြားခဲ့ကြပေမယ့် ဘီဘီစီကတော့ Jimmy Savile ရဲ့ကျော်ကြားမှုကို အကြောင်းပြုပြီး တိုင်ကြားသူတွေရဲ့အမှုကို အဲဒီအချိန်တုန်းက လျှစ်လျူရှုခဲ့တယ်။ အခုတော့ Jimmy Savile ဆိုသူ အသက် (၈၄)နှစ်အရွယ်မှာ သေဆုံးသွားပါပြီ။ သူသေပြီးမှ ပြိုင်ဖက် တီဗွီတစ်ခုက ဒါကိုဖေါ်ထုတ်လိုက်တဲ့အခါ ဗြိတိန်နိုင်ငံနဲ့ ကမ္ဘာမှာပါ သူ့အမှုက ဥသြသောင်းနင်းဖြစ်သွားပါတယ်။ သူကျူးလွန်ခဲ့တာတွေကို ဗြိတိန်ပါလီမာန်က အခုအချိန်ကျမှ စုံစမ်းစစ်ဆေးမှုတွေ လုပ်လာရပါပြီ။ မတရား ကျူးလွန်မှုဆိုတာ နှစ်တွေဘယ်လောက်ကြာအောင် ဖုံးကွယ်ထားဦးတော့ နောင်မှာ ထုတ်ဖေါ်ကြတာပါပဲ ။ ဒီလိုဆိုရင် RFA ဌာနတွင်း အခုဖြစ်ပျက်နေ တာတွေကရော ဘယ်လိုဖြစ်လာမှာလဲလို့ တွေးမိတယ်။

((((((နောက်ကွယ်မှ ကြိုးကိုင်သူ . . . ဘယ်သူလဲ ))))))

Black Angle




Written by ဦးကျော်စိန် (ပညာရေး-ငြိမ်း)
Sunday, 28 October 2012 12:20




ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) အရ “ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်ပဋိပက္ခ တွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများလည်း ရှိနေကြောင်း သိရသဖြင့်” ဟ
ု ဖော်ပြပါရှိပါသည်။

English for Hotel and Catering Industry (Unit 3 - Taking Reservation) - အခန်းကြိုတင်မှာကြားမှုအားလက်ခံခြင်း

Posted by zar ni (My Way!) on October 25, 2012

unit 2 မှာတုန်းက ဘယ်နေရာမှာဘာရှိတယ်ဆိုတာကိုပြောနိုင်ဖို့ there is/ there are structure ကိုလေ့လာခဲ့ကြတယ်။ ဒီသင်ခန်းစာမှာတော့ ဟိုတယ်မှာ အခန်းကြိုမှာလာရင် ဘယ်လိုလက်ခံယူရသလဲဆိုတာ လေ့လာကြည့်ပါမယ်။

ပုံပြင်များသို့ လမ်းလျှောက်ထွက်ခြင်း

by Alin Hnit on Monday, October 29, 2012 at 1:05am


 
ပုံပြင် (၁)
ဖျံ၊ မြေခွေး နဲ့ ယုန်ပညာရှိပုံပြင်

ကျွန်တော်အဲဒီနေ့က ပုံပြင်တစ်ပုဒ်ထဲကို ရောက်သွားခဲ့တယ်။ ပုံပြင်ထဲကို ရောက်ရောက်ချင်း
ရေအိုင်တစ်အိုင်နဲ့တောအုပ်လေးတစ်ခု ကိုအရင်ဆုံးတွေ့ရတယ်။ ပထမတော့ ကျွန်တော်ကိုယ်
တိုင်လည်း ဘယ်ပုံပြင်ထဲရောက်နေမှန်း မသိသေးဘူးပေါ့။ ခဏနေတော့ ကျွန်တော်ဖျံတစ်ကောင်
နဲ့ မြေခွေးတစ်ကောင်ကို တွေ့ရပါတယ်။

“၀ါးလုံးခေါင်းထဲမှာ သာတဲ့လ”

by Soe Min on Monday, October 29, 2012 at 5:59am


တရုတ်ဘာသာနဲ့ လော်ကျား လို့ပြောတာကို ဘာသာပြန်ဖို့တော်တော် ခက်ပါတယ်။ အိမ်အိုဟောင်းလို့ တိုက်ရိုက်ပြန်လို့ရပေမယ့် ဆိုလိုချင်တာ အဲဒါ မဟုတ်သေးဘူး။ လူလားမမြောက်ခင် ကလေးဘ၀က နေထိုင်ကြီးပြင်းရာ အရပ်။ အိမ်လည်းဖြစ်ချင်ဖြစ်မယ်။ ဇာတိရပ်ရွာ၊ နိုင်ငံ ပြည်နယ် လို့လည်း ဖြစ်ချင်ဖြစ်မယ်။ ကောင်းကောင်းဆိုးဆိုး၊ ပျော်သည်ဖြစ်စေ၊ စိတ်ဆင်းရဲသည်ဖြစ်စေ၊ ကိုယ့်ခံစားချက် နဲ့ သဘောထား ဘယ်လိုရှိရှိ၊ လူတစ်ယောက်ရဲ့ဘ၀ကို တခြားဘာနဲ့မှမတူအောင် သက်ရောက်မှုအရှိဆုံး နေရာထိုင်ခင်းတစ်ခု၊ ဘယ်နေရာသွားသွား အတွင်းစိတ်ထဲကနေ အရိပ်လိုလိုက်ပါလာမယ့် အတိတ်က နေရာဟောင်းတစ်ခု လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဘယ်အချိန်မှာပဲ ပြန်ရောက်သွားသွား ဆွတ်ပျံ့လွမ်းမောပြီး စိတ်အစဉ်က အတိတ်ကို ပြန်ရောက်သွားစေတာဟာ တခြားဘယ်နေရာတွေနဲ့မှ မတူတဲ့ ထူးခြားချက်ပါ။