Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 24, 2012

‘ပုတက်’ ကာတွန်း ဝဘ်ဆိုက် လွှင့်တင်

ရန်ကုန် (မဇ္ဈိမ)။ ။ ကာတွန်းပညာရှင်များ၏ ဘဝရပ်တည်မှုကို တဖက်တလမ်းမှ အထောက်အကူ ပြုရန်နှင့်
မြန်မာနှင့် ကမ္ဘာ့နိုင်ငံအနှံ့ရှိ ကာတွန်းချစ် ပရိသတ်များ ဖတ်ရှုနိုင်ရန် ‘ပုတက်’ ကာတွန်းဝဘ်ဆိုက်ကို အွန်လိုင်းတွင် စမ်းသပ် လွှင့်တင်လိုက်ကြောင်း ယင်းဝဘ်ဆိုက် ဦးစီးတည်ထောင်သူ ကိုအောင်ချစ်ခင် က ပြောသည်။

tut-pi“နိုင်ငံခြား ရောက်နေတဲ့ မြန်မာတွေ သူတို့မှာက ကာတွန်းစာအုပ် ဝယ်ဖို့ဆိုတာ လည်း မလွယ်ဘူး။ ကာတွန်းစာအုပ်ကလည်း သိပ်မရှိဘူးဆိုတော့ မိဘတွေက သူတို့ ကလေးတွေကို ပြချင်တယ်။ ကလေးအတွက်က မြန်မာစာ သင်ချင်စိတ် မရှိကြဘူးဆိုတာ သိရတယ်။ အခုလို ကာတွန်းဆိုတော့ သူတို့လည်း မြန်မာစာ
ကို ကြိုးစားပြီး ဖတ်လာမယ်။ အဲလို ရည်ရွယ်ချက်လည်း ထားပါတယ်” ဟု
မဇ္ဈိမကို ပြောသည်။

‘ပုတက်’ကာတွန်း ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုရန် အခပေးနှင့် အခမဲ့ ဟူ၍ နှစ်မျိုးခွဲထားသည်။ အခပေး ကြည့်ရှုမည်ဆိုပါက ၆ လ အတွက် ၃,၅၀၀ ကျပ် ပေးသွင်းရမည် ဖြစ်သည်။

“လူပုဂ္ဂိုလ်တွေအကြောင်း ရေးထားတဲ့ ဆောင်းပါးတွေ၊ ကာတွန်းတွေ၊ ပုံပြင်တွေကို အခမဲ့ ပေးထားတယ်။ အခပေး အတွက်က တင်သမျှအားလုံး ဖတ်လို့ရမယ်။ အခုလက်ရှိမှာ အပုဒ် ၆၀၀ ကျော် ဖတ်နိုင်မယ်” ဟု ကိုအောင်ချစ်ခင် က ပြောသည်။

အခမဲ့ ဝင်ရောက်ဖတ်ရှုနိုင်သည့်အထဲတွင် ကလေးငယ်များ ဗဟုသုတ ရနိုင်ရန် ကမ္ဘာ့ ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်များအကြောင်းကို တင်ပေးထားပြီး အပုဒ် ၅၀ ကျော် ပါဝင်ကြောင်း သိရသည်။

စမ်းသပ်ကာလတွင်မူ အခမဲ့အပြင် မှတ်ပုံတင်ကာ ဝင်ရောက်ရသည့် အခပေးကို စမ်းသပ် သုံးစွဲနိုင်ရန်အတွက် မှတ်ပုံတင်နံပါတ် (ကုဒ်နံပါတ်) ပေးထားပြီး ၇ ရက်တာ ဝင်ရောက် သုံးစွဲသွားနိုင်မည် ဖြစ်သည်။

ဝက်ဘ်ဆိုက်၏ ထူးခြားချက်တခုမှာ ပုံနှိပ်တွင် မလုပ်ဆောင်နိုင်သည့် ဆေးရောင်စုံများကို ဆိုက်ပေါ်တွင် အပြည့်အဝ အသုံးပြုထားခြင်း ဖြစ်သည်။

ကာတွန်းများအပြင် ပုံပြင်၊ ကဗျာ၊ ဗဟုသုတရဖွယ်ဆောင်းပါးနှင့် နိပါတ်တော်လာ ဇာတ်လမ်းများကိုလည်း တင်ဆက်ပေးထားပြီး ကျောင်းသင်ခန်းစာ အထောက်အကူပြု လေ့လာစရာများနှင့် အင်္ဂလိပ်စာ စွမ်းရည် တိုးတက်စေဖို့ နားထောင်နိုင်သည့် အသံဖိုင်များကိုလည်း အတန်းစဉ်အလိုက် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းဝက်ဘ်ဆိုက်တွင် ကာတွန်းဇာတ်လမ်းပေါင်း ၆၀၀ ကျော်ကို စာမျက်နှာ ၅,၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားပြီး ကာတွန်းသစ်များကို အပါတ်စဉ် တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပုတက် ဆိုက်တွင် ကလေးသူငယ်များ အတုခိုးမှားစေမည့် အကြောင်းအရာများကို တင်ဆက်ခြင်း မပြုရန် ကန့်သတ်ထားကြောင်း သိရသည်။

“ကလေးတွေအတွက် အဆိပ်အတောက် ဖြစ်စေမယ့်ဟာမျိုးကိုတော့ လုံးဝ ပိတ်ထားတယ်။ ဥပမာ ဇာတ်ကောင်က အရက်မူးနေသူမျိုးတို့ပေါ့။ အဲဒါမျိုးတွေတော့ မရေးဖို့ တားမြစ်ထားတယ်” ဟု ကိုအောင်ချစ်ခင် က ရှင်းပြသည်။

ဇာတ်တော်ကြီးဆယ်ဘွဲ့နှင့် ဗုဒ္ဓဝင်နိပါတ်တော်တို့ကို ကလေးသူငယ်များ စိတ်ဝင်တစားရှိစေရန် ကာတွန်း ဇာတ်ကောင်များဖြင့် စီစဉ်တင်ဆက်သွားမည်ဟု ဆိုသည်။

“ဗုဒ္ဓဝင်ကို ပန်းချီလိုင်းပုံစံ မဟုတ်ဘဲ၊ ကာတွန်းပုံစံနဲ့ လုပ်သွားမယ်။ ဘာလို့လဲဆိုရင် ကျနော်တို့ ငယ်ငယ်ကလည်း ကာတွန်းနဲ့မှ ပိုပြီးစိတ်ဝင်စားစေတဲ့အတွက် ကာတွန်းနဲ့ လုပ်သွားမယ်” ဟု ပြောသည်။

ပုတက် ဝဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုလိုပါက www.putet.com.mm ဖြင့် ဝင်ရောက်နိုင်ပြီး မှတ်ပုံတင်ဖြင့် အခကြေးငွေပေးကြည့်ရှုလိုသူများမှာ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်တို့ရှိ စတိုးဆိုင်နှင့် စူပါ မားကတ်များတွင် Member ကတ်များ ဝယ်ယူနိုင်ကြောင်း သိရသည်။ နယ်ပရိသတ်များအနေနှင့် ဘဏ်မှ ငွေလွှဲဖြင့် ဝယ်ယူနိုင်ပြီး ဖုန်းဖြင့်လည်း ဆက်သွယ် ငွေသွင်း မှာယူနိုင်ကြောင်း သိရသည်။

နောက်ပိုင်းတွင် နိုင်ငံခြားအထိ ကုဒ်နံပါတ် ကတ်များ ရောင်းချပေးခြင်း၊ Online Payment စနစ်လည်း အကောင်
အထည်ဖော်သွားမည်ဟု သိရှိရသည်။

http://mizzimaburmese.com/news/inside-burma/10305-2012-10-24-06-49-56.html

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။