Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, October 30, 2012

တရုတ်ရုပ်ရှင်မင်းသမီး Ms. Xu Fan နှင့်တွေ့ဆုံခြင်း


မြန်မာနိုင်ငံမှာ အောက်တိုဘာ ၁၃ ရက်က (၁၁) ကြိမ်မြောက်ကျင်းပတဲ့ တရုတ်ရုပ်ရှင်ပွဲတော်ကို တရုတ်နိုင်ငံမှ မင်းသမီးရွီဖန်(Ms. Xu Fan) တက်ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာကျင်းပတဲ့ တရုတ်ရုပ်ရှင်ပွဲတော်ကို ပထမဆုံးတက်ရောက်တဲ့ တရုတ်ရုပ်ရှင်သရုပ်ဆောင်လည်းဖြစ်ပြီး သူမခေါင်းဆောင်ပါဝင်ထားတဲ့ After Shock ရုပ်ရှင်ဇာတ်ကားနဲ့ ရုပ်ရှင်ပွဲတော်ကို စတင်ဖွင့်လှစ်ပြသခဲ့တာပါ။
ငလျင်နောက်ခံမိသားစုဇာတ်ကားဖြစ်ပြီး မိခင်နေရာက သရုပ်ဆောင်တာပီပြင်လို့ နိုင်ငံတကာက ဆုတံဆိပ်တွေ၊ ပြည်တွင်းက ရုပ်ရှင်ထူးချွန်ဆုတွေ အများကြီးရရှိထားတဲ့ After Shock ဇာတ်ကားရဲ့ ခေါင်းဆောင်သရုပ်ဆောင်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံခရီးစဉ်အတွင်း ပုဂံဘုရားများ သွားရောက်ဖူးမြော်ဖို့အစီအစဉ်ရှိပြီး ရုပ်ရှင်ပွဲတော်ဖွင့်ပွဲတက်ရောက်လာတဲ့ သူမနဲ့ 7 Day News က ရရှိခဲ့တဲ့ အချိန်အနည်းငယ်အတွင်းမှာ တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါတယ်။
မြန်မာနိုင်ငံကို လာရောက်ရတဲ့ ခံစားချက်ကို ပြောပြပေးပါ။
မြန်မာနိုင်ငံကို ရောက်လာရတာ အခြားနိုင်ငံကိုသွားရတာနဲ့ ခံစားချက်က လုံးဝမတူဘူး။ ခင်မင်ရင်းနှီးမှုက အလိုအလျောက်ဖြစ်ပေါ်လာတယ်။ ဘာကြောင့်လဲဆို အိမ်နီးနားချင်းမိတ်ဆွေဆိုတဲ့ ခံစားချက်ကြောင့် ဒီခင်မင်ရင်းနှီးမှုက အလိုအလျောက်ဖြစ်ပေါ်လာခဲ့တာပါ။
ကျွန်မတို့နိုင်ငံမှာ ရုပ်ရှင်ရိုက်ရင် ဆင်ဆာအဆင့်ကို ဖြတ်သန်းနေရတုန်းပဲ။ တရုတ်ရုပ်ရှင်တွေကရော ဆင်ဆာကို ဖြတ်သန်းရပါသလား။
ကျွန်မတို့ တိုင်းပြည်မှာလည်း ဆင်ဆာစနစ်က ရှိတော့ရှိပါတယ်။ (ပြုံးလျက်) ဒါပေမဲ့ ကျွန်မတို့က ကန့်သတ်ထားတဲ့အတွင်း ရိုက်မယ်ဆိုရင်တော့ အဆင်ပြေပါတယ်။
မစ္စရွီဖန် သရုပ်ဆောင်ထားတဲ့ After Shock ရုပ်ရှင်ဇာတ်ကားမှာ သားနဲ့သမီးယှဉ်တော့ သားကို အသက်ဘေးက ကယ်လိုက်တာဟာ တရုတ်ပြည်ရဲ့ သားယောက်ျားလေးများအပေါ် ဦးစားပေးတဲ့ပုံရိပ်ကို ထင်ဟပ်စေပါသလား။
ရုပ်ရှင်ထဲမှာတော့ အဲဒီအတိုင်း ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်မကမိခင်တစ်ယောက်ပါ။ ရှင်လည်း မိခင်တစ်ယောက်ဆိုရင်တော့ ဒီခံစားချက်ကို သိမှာပါ။ စကားပြောနိုင်တဲ့လူကို အရင်ဦးစားပေးကယ်ဆယ်ဖို့က အရေးကြီးတာပဲ မဟုတ်ဘူးလားရှင့်။ မိန်းကလေးကို ကယ်ဖြစ်ရင်တော့ ယောက်ျားလေးကို မကယ်ဖြစ်လိုက်တဲ့အတွက် မိခင်တစ်ယောက်အနေနဲ့က စိတ်ထဲမှာ ကောင်းနိုင်မှာမဟုတ်ပါဘူး။ ဒီရုပ်ရှင်ကားကောင်းတာက လူတစ်ယောက်တည်းပိုင်တာလည်း မဟုတ်ဘူး။ နိုင်ငံတစ်ခုခုက ပိုင်တာလည်းမဟုတ်ဘူး။ ဒါလောကရဲ့ လုပ်ထုံးလုပ်နည်းပဲ ဖြစ်လို့ပါ။
မြန်မာနိုင်ငံမှာ တရုတ်ဇာတ်လမ်းတွဲတွေက တစ်ခေတ်ဖြစ်ဖူးတယ်။ အခုတော့ ကိုရီးယားဇာတ်လမ်းတွဲတွေက နေရာယူလာတယ်။ ဒါဘာကြောင့်လို့ မစ္စရွီဖန် သုံးသပ်မိပါသလဲ။
တကယ်ကတော့ မြန်မာပြည်သူ၊ ပြည်သားတွေဟာ တရုတ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို သိရှိနားလည်မှု ပိုပြီးရှိကြမယ်ဆိုရင် တရုတ်ပြည်ရဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ပိုပြီးနှစ်ခြိုက်လာမယ်လို့ ယူဆပါတယ်။ အခုကတော့ လှလှပပ၀တ်စားဆင်ယင်မှုမျိုးကို နှစ်သက်နေကြပါတယ်။ တရုတ်လူမျိုးတွေကတော့ စိတ်ပိုင်းယဉ်ကျေးမှုကို ပိုပြီးအလေးထားပါတယ်။ ဒါပေမဲ့ တရုတ်ရဲ့ရုပ်ရှင်ကို ပြည်ပပရိသတ်တွေ ပိုပြီးကြိုက်နှစ်သက်အောင်၊ ပြန့်ပွားအောင် နည်းလမ်းတွေအများကြီး ရှာဖွေနေပါတယ်။
တရုတ်ရုပ်ရှင်သရုပ်ဆောင်တွေအတွက် အခုလက်ရှိဈေးကွက်မှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးစိန်ခေါ်မှုက ဘာများဖြစ်မလဲ။
ရိုးသားဖြူစင်မှုကတော့ ပထမဆုံးဦးစားပေးပါ။ အခုခေတ်ရဲ့ နောက်ဆုံးပေါ် နည်းပညာတွေ ဘယ်လိုပဲသုံးသုံး ရိုးသားဖြူစင်မှုကိုပဲ အလေးထားရမှာပါ။
တရုတ်နိုင်ငံမှာ ရုပ်ရှင်ရုံပေါင်းတစ်သောင်းကျော်ရှိတော့ ကိုယ့်ဇာတ်ကားတစ်ကားကို ပရိသတ်လာကြည့်ဖို့ ဘယ်အရာက အကြီးမားဆုံး ဆွဲဆောင်မှုဖြစ်နေပြီလဲ။
ရုပ်ရှင်ကားကောင်းမယ်ဆိုလို့ကတော့ ဘယ်ရုံပဲဖြစ်ဖြစ် လာကြည့်ကြမှာပါ။
ကျေးဇူးတင်ပါတယ်။

http://7daynewsjournal.com/article/8073

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။