စက်တင်ဘာဆန်း အင်တာနက်ဓါတ်ပုံ
လုံထိန်းတွေ
ဒိုင်းတွေ နံပါတ်တုတ်တွေ
အပြည့်အစုံ၊
အာဏာပိုင်တဲ့လား
(တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတွေတဲ့လား)။
လုံထိန်းတွေ
ဒိုင်းတွေ နံပါတ်တုတ်တွေ
အပြည့်အစုံ၊
အာဏာပိုင်တဲ့လား
(တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတွေတဲ့လား)။
ဆန္ဒပြသူတွေ
ကျနော်တို့မိဘတွေ
တောင်သူလယ်သမားတွေ
လက်နက်နဲ့
အချိန်ရွယ်ခံထားရသလို၊
နောက်မှာ ..
နောက်မှာ ..
လူတချို့အမိန့်ပေးနေပုံ
ညွှန်ကြားစေခိုင်းနေပုံ။
ကျနော်တို့မိဘတွေ
တောင်သူလယ်သမားတွေ
လက်နက်နဲ့
အချိန်ရွယ်ခံထားရသလို၊
နောက်မှာ ..
နောက်မှာ ..
လူတချို့အမိန့်ပေးနေပုံ
ညွှန်ကြားစေခိုင်းနေပုံ။
လက်ပန်တောင်း
လက်ပန်တောင်း စီမံကိန်းတဲ့
ကမ္ဘာဦးကျောက်ခေတ်ပြီးတော့
ကြေးနီခေတ် ကြေးဝါခေတ်ဆိုလား
လူသားဖြစ်ပေါ်တိုးတက်မှု
တနည်းအားဖြင့်
လူ့ယဉ်ကျေးမှုသမိုင်း
ကျောင်းမှာသင်ခဲ့ရ။
လက်ပန်တောင်း စီမံကိန်းတဲ့
ကမ္ဘာဦးကျောက်ခေတ်ပြီးတော့
ကြေးနီခေတ် ကြေးဝါခေတ်ဆိုလား
လူသားဖြစ်ပေါ်တိုးတက်မှု
တနည်းအားဖြင့်
လူ့ယဉ်ကျေးမှုသမိုင်း
ကျောင်းမှာသင်ခဲ့ရ။
ယဉ်ကျေးလာတာနော်
ကြေနီး ကြေးဝါ
ဗမာပြည်မှာ
ပေါ်လကီး ခေါ်
သို့မဟုတ်
ဘော်တယ်ပုဂ္ဂိုလ်တွေ
အော်ဟစ်ဝယ်နေတာမျိုးမဟုတ်
လုံးဝမဟုတ်။
ကြေနီး ကြေးဝါ
ဗမာပြည်မှာ
ပေါ်လကီး ခေါ်
သို့မဟုတ်
ဘော်တယ်ပုဂ္ဂိုလ်တွေ
အော်ဟစ်ဝယ်နေတာမျိုးမဟုတ်
လုံးဝမဟုတ်။
ကျောက် ကနေ တခေတ်ဆန်း
လူ့အရည်အသွေး
တွေးခေါ်ဆင်ခြင်မှုနေ့သစ်
ယဉ်ကျေးမှု တဆင့်မြင့်တက်လာတာဖြစ်
အသေချာဆုံး လူ့သမိုင်း
တကမ္ဘာလုံး လက်ခံလာတဲ့သမိုင်း။
လူ့အရည်အသွေး
တွေးခေါ်ဆင်ခြင်မှုနေ့သစ်
ယဉ်ကျေးမှု တဆင့်မြင့်တက်လာတာဖြစ်
အသေချာဆုံး လူ့သမိုင်း
တကမ္ဘာလုံး လက်ခံလာတဲ့သမိုင်း။
သြော် .. ခုတော့ ခုတော့
ကြေးနီ .. ကြေးနီ
ကျေကွဲဖွယ်ရာအဖြစ်ဆိုး
ရင်နင့်ထိခိုက်စရာ အဖြစ်အပျက်
ကြေးခေတ် အဆင့်လွန်
သံခေတ် ယဉ်ကျေးမှု
တချိန်သမိုင်းကာလ
အတိအလင်းမှတ်တမ်းတင်
ဂုဏ်ယူခံဖူးသော်လည်း
ယနေ့
ဒီကနေ့။
ကြေးနီ .. ကြေးနီ
ကျေကွဲဖွယ်ရာအဖြစ်ဆိုး
ရင်နင့်ထိခိုက်စရာ အဖြစ်အပျက်
ကြေးခေတ် အဆင့်လွန်
သံခေတ် ယဉ်ကျေးမှု
တချိန်သမိုင်းကာလ
အတိအလင်းမှတ်တမ်းတင်
ဂုဏ်ယူခံဖူးသော်လည်း
ယနေ့
ဒီကနေ့။
လက်ပန်တောင်း
လက်ပန်တောင်းစီမံကိန်း
ကြေးနီထုတ်လုပ်ရေးတဲ့
မကွယ်မဝှက်တမ်းပြောရရင်
ကြေးနီ မဟုတ်
ကြေးဝါလဲမဟုတ်ခဲ့
လူ့သွေးနီနီ
သို့မဟုတ်
ဘဝသွေးနီများကို
ခေတ်နောက်ပြန်ဆွဲ
ပက်ပက်စက်စက်
ဖောက်ထုတ်မယ့် ဘဝ။
လက်ပန်တောင်းစီမံကိန်း
ကြေးနီထုတ်လုပ်ရေးတဲ့
မကွယ်မဝှက်တမ်းပြောရရင်
ကြေးနီ မဟုတ်
ကြေးဝါလဲမဟုတ်ခဲ့
လူ့သွေးနီနီ
သို့မဟုတ်
ဘဝသွေးနီများကို
ခေတ်နောက်ပြန်ဆွဲ
ပက်ပက်စက်စက်
ဖောက်ထုတ်မယ့် ဘဝ။
အရိုင်းအစိုင်းကျောက်ခေတ်ကို
သံခေတ် စက်ယန္တယားတွေသုံး
တောဥပဒေနဲ့ တောချောက်
နောက်ပြန်မောင်းထုတ်မယ့်
ဖြစ်ရပ်လေလား .. လေလား ။
သံခေတ် စက်ယန္တယားတွေသုံး
တောဥပဒေနဲ့ တောချောက်
နောက်ပြန်မောင်းထုတ်မယ့်
ဖြစ်ရပ်လေလား .. လေလား ။
ကိုဆက်
၂၂.၁၀.၂၀၁၂
၂၂.၁၀.၂၀၁၂
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။