by Naung Taw Lay on Thursday, October 25, 2012 at 11:09am ·
ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံ
ဆိုတာစပေါ်ပေါက်တော့ သေရောကြေရော နိုင်ငံရေး ဆိုတာကို ကြားဖူးနားဝါရှိတာရယ် ၊
လူကြီးသူမတွေ ပြောတာရယ်လောက်ကိုပဲ ကြားကြရ သိကြရတာပါ။ နိုင်ငံရေး ဆိုတာကို
စိတ်ဝင်တစားရှိတာတော့ အမှန်ပဲ။ စိတ်ဝင်တစားဖြစ်မိတော့လည်း လူပြောသူပြောနားထောင်
ကိုယ်တိုင်လည်း တတ်နိုင်သလောက်လေ့လာပေါ့။ ညောင်နှစ်ပင်ညီလာခံကနေထွက်လာတဲ့
ဖွဲ့စည်းပုံဆိုတာ ကြီးအပေါ် အားလုံးက သံသယရှိခဲ့ကြတာပဲ။ ဘာကြောင့်လည်းတော့
မေးဖို့မလို `သိတယ် ၊ မိုက်တယ်´ လို့ ဆိုရမှာပေါ့။ စစ်အစိုးရက ကြိုက်နှစ်သက်ရာ
ကိုယ်စားလှယ်ကို ရွေးချယ်ပြီး ဖွဲ့စည်းပုံကြီးရေးစွဲလို့ လူထုကို ကိုယ်စားမပြုတဲ့
ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းပုံကြီးကို ရေးစွဲပါတယ်ဆိုပြီး
ပြောကြဆိုကြသေးတာပဲ။
သို့ပေသော်ငြား အစိုးရကို
ဘယ်လောက်ပဲမကောင်းမြင်မြင် ဘယ်လောက်ပဲ အတိုက်အခံလုပ်လုပ် အတိုက်အခံဘက်က
ထူးထူးခြားခြား အပြောင်းအလဲ ဖြစ်လာအောင် လုပ်မပေးနိုင်ဘဲ စစ်အစိုးရခင်းပေးတဲ့
အရွေ့ပေါ်မှာ စည်းချက်ညီညီလျှောက်လှမ်းခဲ့ကြရတာပဲ။ အဲဒီဖွဲ့စည်းပုံနဲ့
ပတ်သက်ပြီးတော့လည်း ပြန်တွေး ကြည့်ရင် ဘယ်လောက်ရင်နာစရာကောင်းလဲ။ နာဂစ်တိုက်လို့
ဧရာဝတီတိုင်းမှာ အလူးအလဲ သေကြေနေကြတဲ့ အချိန်။ ပြည်ပကလာတဲ့အကူအညီတွေကို
ဒုက္ခရောက်နေသူတွေထံ ၀င်ခွင့်မပေးတာက တစ်မျိုး။ ဒုကသည် ကို ပေးတဲ့အထဲက
ဖြတ်စားလာဘ်စားလုပ်တာက တစ်ဖုံ။ အဲဒီလိုအခြေအနေမှာ ဒီဖွဲ့စည်းပုံကို အတည်ပြုခဲ့
အမှတ်ရကြမှာပေါ့။ အဲဒီတော့ ဘာဖြစ်သလဲ။ ဖွဲ့စည်းပုံကို ကန့်ကွက်ခဲ့ကြတာ
တစ်ကမ္ဘာလုံးမှာ ရှိတဲ့မြန်မာ တွေ။ ဘယ်လောက်ပဲ ကန့်ကွက် ကန့်ကွက် နောက်နောင်
နောက်ဆုံး ဒီဖွဲ့စည်းပုံအသက်ဝင်သွားတာပဲလေ။ ပြောချင်ရာ ပြောငါ့သဘောဆိုတဲ့ ကိန်းကို
စစ်အစိုးရကလုပ်တယ်။ အဲဒါကို အတင်းအကြပ် ကန့်ကွက်ခဲ့ကြသူ တွေရှိသလို အရွေ့ပေါ်မှာ
လိုက်ပါစည်းမျောရမယ်ဆိုတာကို လက်ခံသူတွေလည်း ရှိတယ်။ ပြန်သုံးသပ်ကြည့် ရင်တော့
အတိုက်အခံလုပ်တာလည်း ပြည်သူ့အတွက်ပဲ။ ဖြစ်သင့်ဖြစ်ထိုက်
လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို စစ်အစိုးရဘက်က မလုပ်လို့ပေါ့။ လုပ်ချင်ရာလုပ်ပါ။
ဒီမိုကရေစီစနစ်ကို မယုံမရဲနဲ့ပဲ ရောက်ရ ရောက်ရ ဒီမိုက ရေစီဆိုတာ တောင်ပေါ်က
စီးဆင်းလာတဲ့ စမ်းချောင်းလေးလိုပဲ။ အတားအစီးတွေကို ကွေ့ပတ်ကျော်လွှားပြီး
တော့စီးဆင်းရင်း ချောင်းငယ်၊ မြောင်းငယ်ထဲမှ မြစ်ထဲကိုရောက်မယ်။ မြစ်ထဲကမှ
ကျယ်ပြောလှတဲ့ ပင်လယ် သမုဒ္ဒရာထဲကိုရောက်မယ်။ အားလုံးဟာ
ပွင့်လင်းလာရမယ်ဆိုတဲ့သဘောပဲ။(ဥပမာပေးတာ ပုံမကျရင် သည်းခံ ကြပါ)။
ဟုတ်ပြီ။ ၂၀၀၈ ဖွဲ့စည်းပုံကို
အခြေခံပြီးတော့မှ ၂၀၁၀ ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ရော အထက် မှာ
ဆိုခဲ့ပြီးသည့်အတိုင်းပဲ အတင်းအကြပ်ကန့်ကွက်သူနဲ့ စီးမျောလိုက်ပါသူ ဒါကိုပဲ
ပြန်ခွဲကြရမယ်။ လုပ်ငန်းစဉ် ကတော့ အာဏာရှင်ရဲ့ လုပ်ငန်းစဉ်အတိုင်းကိုမှ လူဝတ်လဲပြီး
ဒီမိုကရေစီအစိုးရ ပြည်သူ့အစိုးရအဖြစ်ပြောင်း လဲမယ့် လုပ်ငန်းစဉ်။ ဒါကိုသိသိနဲ့ပဲ
ပြောလို့ရသလောက်ဝင်ပြောကြဖို့ ရွေးကောက်ပွဲ ၀င်ခဲ့ကြတယ်။ အတိုက်အ ခံ
အင်အားကြီးပါတီဖြစ်တဲ့ NLD ကျန်နေခဲ့တယ်။ အဲဒီအတွက် ပြန်ပြောရရင် ၁၉၉၀ ရွေးကောက်ပွဲ
အနိုင်ရ အမတ်တွေက လုံးဝကျေနပ်ကြတာမဟုတ်ဘူး။ သူတို့တွေဟာ တကယ့်
ပြည်သူ့ကိုယ်စားလှယ်တွေ။ ၂၀၁၀ ဆိုတာ အလိမ်အညာတွေနဲ့ ပြီးခဲ့ရတဲ့ပွဲ။
မကျေနပ်သော်ငြား စုစည်းမှုအင်အားက မရှိတော့ဘူး။ ပြန်လည်စည်း
ရုံးရေးဆင်းဖို့ဆိုတာလည်း အကွဲကွဲအပြားပြားဖြစ်အောင် လုပ်ထားပြီးပြီ။ အဲဒီတော့
စိတ်ထဲကပဲ မကျေနပ်ကြ။ အပြောင်းအလဲကတော့ လူဝတ်လဲအစိုးရ စီစဉ်သမျှပဲ ရမယ်။
တဖြည်းဖြည်းနဲ့ ပျော့ပြောင်းတဲ့အသွင် ဆောင်လာတယ်။
အကျဉ်းကျခံနိုင်ငံရေးအင်အားစုတွေ
ပြန်လည်လွတ်မြောက်လာပြီး မင်းသားကြီး နိုင်ငံရေး တောင်လုပ်လို့ရလာတယ်။
နည်းတဲ့အခွင့်အရေးတော့မဟုတ်ဘူး။ ပြည်တွင်းမှာဖြစ်ပျက်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး
အားရစရာမရှိပေမယ့် နိုင်ငံရေးအင်အားစုတွေအနေနဲ့တော့ နည်းတဲ့အခွင့်အလမ်းမဟုတ်ဘူး။
ဒါမျိုးက ရတောင့်ရခဲ။ နောက်ဆုံး NLD ပါ လွှတ်တော်ထဲ ၀င်တဲ့အဆင့်ထိရောက်လာတယ်ဆိုတော့
ပြီးသွား ပြီပေါ့။ တစ်ချိန်ကတော့ လွတ်လပ်ခွင့်မရှိလို့
ချုပ်ခြယ်ကန့်သတ်မှုတွေကြောင့် နိုင်ငံရေးကို အကြပ်အတည်း ကြားမှာ လုပ်ရတော့
လုပ်ရဲတဲ့သူခပ်ရှားရှားရယ်ဆိုတော့ Popular ဖြစ်တယ်။ တကယ့် လုပ်ပိုင်ခွင့်တွေလည်း
ရပြီဆိုရော စဉ်းစားခန်းတွေဝင်ပြီး လုပ်သင့်လုပ်ထိုက်တာကို မလုပ်ကြတဲ့အပေါ်
ပြတ်ပြတ်သားသား ရပ်တည် ခြင်းမျိုးမရှိတော့တဲ့အပေါ်မှာ ပြည်သူလူထုရဲ့
ယုံကြည်မှုအင်အားကို ယုတ်ရော့စေတာတော့ အမှန်ပဲ။
အကျဉ်းကျခံ နိုင်ငံရေးသမားဘ၀က
လွတ်မြောက်လာသူတွေက နိုင်ငံရေးအတွက် ကိုယ်ကျိုးစွန့်ခဲ့ရ လို့ တခြားသော
နိုင်ငံရေးအင်အားစုတွေ အပေါ်မှာ အဲသလောက်ထိ စွန့်လွှတ်နစ်နာ ခံခဲ့ကြလို့လား ဆိုတဲ့
အပေါ်မှာတော့ ပြောချင်နေတာရှိတယ်။ အထဲရောက်သူက ရောက်နေချိန်မှာ
အပြင်မှာကျန်နေသူတွေကလည်း သူတို့တွေလွတ်မြောက်ဖို့ ကြိုးပမ်းနေကြတာပဲ။ ဒါတွေကို
နားလည်ပြီး ကိုယ်တွေ အကျဉ်းကျနေစဉ် ပြောင်းလဲ ဖြစ်ပေါ်လာတဲ့အခြေအနေ ကိုယ်တွေအတွက်
အကြံကောင်း ဥာဏ်ကောင်းပေးနိုင်မယ့်သူတွေဆိုရင် ဘယ်သူပဲ ဖြစ်ဖြစ် လက်တွဲကြရမှာပဲ
မဟုတ်ဘူးလား။ နိုင်ငံရေးဆိုတာမှာ အားလုံးပါဝင်ရမယ်လို့လည်း ပြောကြတယ်။
နိုင်ငံရေးအသိုင်းအ၀ိုင်းကို ၀င်လာတဲ့သူ(ထောင်မကျ ၊ တန်းမကျ) ဆိုလည်း
နေရာဝင်ယူတာပါလို့ ဆိုကြပြန် သေးတယ်။ ဘယ်လို အလုပ်ဆက်လုပ်ကြမလဲ။
ရှိစေတော့ပေါ့။
လက်ရှိအခြေအနေကိုသုံးသပ်ကြည့်ရင်တော့ နိုင်ငံတကာ ဆက်ဆံရေး ပွင့်လင်းလာ အောင်
နိုင်ငံတကာမှာ ၀င်ဆံ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ်ရဲ့ ယုံကြည်မှုကို
တည်ဆောက်နိုင်လာ တယ်။ နိုင်ငံတကာကလည်း ဒါကြောင့်ပဲ ဒီမိုကရေစီအစိုးရသစ်အပေါ်
ယုံကြည်မှု အရိပ်အယောင်တွေ ပြပြီး ကူးလူးဆက်ဆံလာကြတယ်။ ဒီမိုကရေစီကို
စောင့်မျှောနေတဲ့ ပြည်သူနဲ့ အစိုးရသစ်ကို အခက်အခဲဖြစ်စေတဲ့ ကိစ္စတွေကတော့ အာဏာရှင်
စစ်အစိုးရလက်ထက်မှာ ပြောမဆုံးပေါင် တောသုံးတောင်လို့ ဆိုရလောက် အောင်
မလုပ်သင့်တာတွေကို လုပ်ခဲ့ကိုင်ခဲ့တာတွေ များတော့ အဲဒီပြဿနာတွေက အကြီးအကျယ် ဖြစ်လာ
ရတာပဲ။ လယ်ယာမြေပြဿနာဆိုပါတော့။ သမ္မတကြီး ဦးသိန်းစိန်ကလည်း ပြောမှာပဲ။
အစိုးရသစ်လက်ထက် မှာ မြေတစ်ကွက်မှ မသိမ်းပါဘူးလို့။ ပြောလည်း ငပြောပဲ။
အစိုးရဟောင်းလက်ထက်တုန်းကလည်း သူတို့ပဲ။ နောက်တစ်ချက်က
အစိုးရတာဝန်ယူထားပြီဆိုကတည်းက အစိုးရဟောင်းရဲ့တာဝန်ကို လက်ပြောင်းလက်လွှဲ
ဆက်ခံတာဖြစ်တဲ့အတွက် ဒီအစိုးရကမှ တာဝန်ယူပြီး ဖြေရှင်းမပေးရင် နောက်အစိုးရသစ် ၊
နောက်အစိုးရသစ် စောင့်မျှော်ရသူတွေ လည်ပင်းရှည်လိမ့်မယ်။ ကိစ္စတိုင်းမှာ
ပြတ်ပြတ်သားသား ဆောင်ရွက်လို့ရတယ်။
ဘာကြောင့်မဆောင်ရွက်သလဲဆိုတာကို
ပြန်စဉ်းစားကြည့်ရင် သူတို့လုပ်ခဲ့တဲ့အမှား သူတို့ဝန်မခံရဲတာ။ အဲဒီလို ဆိုရင်တော့
အပြောင်းအလဲတွေရဲ့နောက်မှာ လျှို့ဝှက်ချက်တွေနဲ့ ဖုန်းကွယ်ထားဆဲဆိုရင်
ပြည်သူတွေရသင့် တဲ့ အခွင့်အရေးက မရနိုင်တော့ဘူး။ အစိုးရဟောင်းလက်ထက်မှာ ပြည်သူအပေါ်က
ဖြတ်လို့ဖြတ်စား လုပ်ခဲ့တယ်။ အဲဒါကို နုနုရွရွ ဒီမိုကရေစီအစိုးရလက်ထက်မှာ
အနုနည်းရော အကြမ်းနည်းပါသုံးပြီး ပြန်လည် တောင်းဆိုကြတယ်။
ပြည်သူတွေသုံးတဲ့အကြမ်းနည်းဆိုတာကတော့ ဆန္ဒဖော်ထုတ်ရုံလောက်ပါ။ ဒါသည်ပင်
ဖြေရှင်းပေးသင့်တဲ့ကိစ္စကို ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိသေးလို့။
ရခိုင်ကိစ္စသော်လည်းကောင်း၊ လက်ပန် တောင်းတောင် ကိစ္စသော်လည်းကောင်း ကိစ္စတစ်ခုအပေါ်မှာ
ကိုင်တွယ်ပုံကိုင်တွယ်နည်းတွေဟာ မပြတ် သားဘူး။ အစိုးရဟောင်းလက်ထက်က
ညာဉ်မပျောက်သေးဘဲ ( ဦးပိုင်လို ကုမ္ပဏီမျိုးဆိုရင် စစ်တပ်က အရာရှိကြီးတွေ
အုပ်စိုးလုပ်ကိုင်နေတာဖြစ်တဲ့အတွက်) လက်ရှိအုပ်ချုပ်ရေးပိုင်းက
မကိုင်တွယ်ရဲဘူးဆိုတာ မျိုးပေါ့။ တစ်ဖက်က ပြည်သူကိုတော့
သူတို့ရသင့်တဲ့အခွင့်အရေးကို ရအောင်ဖန်တီးမပေးဘူး။ အုပ်ချုပ်သူဆို
တာပြည်သူပြည်သားကောင်းရာ ကောင်းကျိုးဆောင်ရွက်ရမယ့် ပြည်သူ့အစေခံလို့
လက်ရှိအစိုးရကိုယ်တိုင်ပဲ ၀န်ခံခဲ့တာလေ။
လက်ရှိအစိုးရမှာ
အကြပ်အတည်းတွေ့နေရတာတွေက ပြည်တွင်းရေးတွေပါ။ ပြည်ပနဲ့ ဆက်ဆံရေး
ကိုပြန်ကြည့်မယ်ဆိုရင် စီးပွားရေးအမြင်ကျယ်ပြန့်တဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေက
ဘယ်လိုအခြေအနေမျိုးမှာ ထောက်ပံ့ ရမယ်။ ဘယ်လိုအချိန်မျိုးမှာ
ရင်းနှီးမြှုပ်နှံသင့်တယ် ဆိုတာတွေကို တွက်ချက်ပြီးသားနေမှာပါ။ ပြည်တွင်းရေး
အခြေအနေနဲ့ ပတ်သက်ပြီး သုံးသပ်ကြည့်ရင် နိုင်ငံတော် စီမံကိန်းတော်တော်များများကို
လိုက်ပြီးကန့်ကွက်နေ ကြရင် အစိုးရအနေနဲ့ ဘယ်လိုအလုပ်လုပ်မလဲလို့
ပုဂ္ဂိုလ်တစ်ယောက်ကမေးဖူးပါတယ်။ တကယ်တော့ လက်ရှိ လုပ်ကိုင်ဆောင်ရွက်နေတာတွေဟာ
အစိုးရစီမံကိန်းခပ်ရှားရှားရယ်ပါ။ မြေတွေသိမ်းတယ်ဆိုပါစို့။ အစိုးရသိမ်း တယ်လို့
လုပ်တယ်။ တကယ်က ပုဂ္ဂလိက လုပ်ငန်းရှင်တွေက အသုံးချတယ်။ ဒါဆိုဥပဒေနဲ့ မညီတော့ဘူးဆို
တာကို ပြန်မသုံးသပ်ကြဘူး။ အစကတည်းက ဒီမြေကိုလိုချင်တဲ့လုပ်ငန်းရှင်နဲ့ မြေယာပေါ်မှာ
လုပ်ကိုင်စား သောက်မှီခိုနေတဲ့ လယ်သမား ၊ အလုပ်သမား ၊ ခြံရှင်ကို ထိပ်တိုက်တွေ့ပြီး
အစိုးရက ကြားထဲက ဖိအားမပေး ဘဲ ကြိုက်ထိုးကြိုက်ခံ အရောင်းအ၀ယ်ကို လုပ်ခိုင်းရမှာ။
လယ်ယာမြေဥပဒေအဟောင်းမှာက အဲဒီအားနည်း ချက်လည်း ရှိနေပြန်ရော။ အဲဒီတော့ ဥပဒေနဲ့
ညီအောင်ဆိုပြီး လက်တစ်လုံးခြား ၊ လက်တစ်လုံးခြား လုပ်လုပ် လာကြတာ။ မညီတဲ့အပြင်
ဗူးပေါ်သလို ပေါ်ကုန်တော့ အခက်ကြုံပြီပေါ့။
နောက်ပြီး အစိုးရသစ်လက်ထက်မှာ
အကြံပေးအရာရှိတွေပါခန့်လာတယ်။ ကောင်းတဲ့လက္ခတစ်ရပ် အဖြစ်ရှုမြင်နိုင်ပေမယ့်
ခရိုနီအကျိုးစီးပွားကိုကြည့်မယ့် အကြံပေးမျိုးဆိုရင်လည်း ပြည်သူလူထုနဲ့က တကယ့်
ကိုကွိုင်ပဲ။ မပါဘူးလို့မပြောနိုင်ဘူး။ နိုင်ငံတော် သမ္မတတစ်ယောက်အတွက် အကြံပေးဆိုတာ
နည်းတဲ့ ပညာရှိ တော့မဟုတ်ဘူး။ အဲဒီလိုပညာရှိတွေထဲမှာ ပြည်သူကို
နားလှည့်ပါးရိုက်မယ့် ပညာရှိမျိုး ပါနေပြီ ဆိုပါစို့။ သမ္မတ ကို တလွဲအကြံတွေ ပေးမယ်။
သမ္မတကိုယ်တိုင်က သူတို့ပေးသလောက်အကြံလေးကိုပဲ လူကြားထဲချပြော မယ်။ မသိတဲ့လူကတော့
ဟုတ်သလိုလိုပေါ့။ ထောက်ပြပြောဆိုနိုင်တဲ့သူနဲ့တွေ့ရင် ခွေးဖြစ်မယ့်ကိန်း။ ထောက်ပြ
ပြောဆိုနိုင်ဖို့လည်း သမ္မအကြံပေးထဲမှာ ဘယ်အကောင်က ဘယ်လိုရှိတယ်ဆိုတာကို နိုင်ငံရေး
အင်အားစုတွေအနေနဲ့က သိအောင်လုပ်ကြရမှာပေါ့။ နိုင်ငံရေးအင်အားစုဆိုတာ ခေသူတွေတော့
မဟုတ်ပါဘူး။ အစိုးရရဲ့ အကွက်တွေကို ဘက်ပေါင်းစုံကခြုံပြီး မြင်တတ်ကြပါတယ်။ ယခင့်
ယခင်ကတော့ နိုင်ငံရေး အင်အား စုတွေဟာ အတိုက်အခံဘက်ကပဲ ရပ်တည်တယ်။ အတိုက်အခံတွေ
ပျော့ပျောင်းလာတယ်။ နေရာရလာတဲ့ အချိန်မှာ ဝေဖန်ထောက်ပြသူတွေဟာ ဘယ်သူ့ဘယ်သူကိုမှ
မညှာကြတော့ဘူး။ သူတို့ကို အပြစ်ပြောလို့ မရပါဘူး။ နေရာရပြီးမှ လုပ်သင့်တာကို
မလုပ်ရကောင်းလား။ မလုပ်တတ်တာလား။ ကျုံးသွင်းခံရတာလား ဆိုတဲ့ အမြင်တွေပေါ့။
အနာဂတ်နိုင်ငံရေးကို
မှန်းမျှော်ကြည့်မယ်ဆိုပါစို့။ ဒီအစိုးရဟာ အခက်ကြုံနေရတဲ့ ပြဿနာတွေ အပေါ်
ဘယ်လိုဖြေရှင်းဆောင်ရွက်မလဲ။ ပြည်သူ့အစိုးရပီပီ ပြည်သူတွေရဲ့နစ်နာချက်တွေကို
တကယ်ကုစားပေးမှာ လား။ ပြည်သူတွေရသင့်ရထိုက်တဲ့ အကျိုးစီးပွားကို
ဖန်တီးပေးနိုင်စွမ်းရှိမယ် ၊ လုပ်ငန်းဆောင်တာတွေနဲ့ ပတ် သက်ပြီး
ပွင့်ပွင့်လင်းလင်းရှိမယ်ဆိုရင်တော့ လာမယ့်ရွေးကောက်ပွဲတွေအတွက်
မျှော်လင့်ချက်ရှိပါတယ်။ ပြည်သူအများစုကတော့ သူတို့ကိုအကျိုးပြုနိုင်မယ့်အစိုးရကို
မျှော်ကိုးကြတာကိုး။ လက်တစ်ဆုပ်စာ လူတစ်စု ရဲ့ အကျိုးစီးပွားကိုပဲ ရှေးရှုပြီး
ဆောင်ရွက်သွားမယ်ဆိုရင်တော့ နိုင်ငံတကာအလယ်မှာ လူတွင်ကျယ်ဖြစ်လာ သည့်တိုင်
ပြည်သူတွေရဲ့ယုံကြည် မှုကတော့အားနည်းမယ်။ အဲဒီတော့ ၂၀၁၅ ရွေးကောက်ပွဲအတွက်
မျှော်လင့် ချက်က ပြည်သူကို တကယ်ကိုယ်စားပြုနိုင်မှ ဖြစ်မယ်။ မဟုတ်လို့ လိမ်ညာပြီး
အနိုင်ယူဦးမယ်ဆိုရင်လည်း နိုင် ကောင်းနိုင်မယ်။ မီဒီယာပေါ်မှာ အရှက်ကွဲမယ်။
ပြည်သူတွေယုံကြည်ပြိးသား ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ကတော့ လက်ရှိထမ်းဆောင်နေတဲ့
တရားဥပဒေစိုးမိုးရေးမှာ မလုပ်တတ်မကိုင်တတ်ဖြစ်နေမယ်ဆိုရင် ပြည်သူတွေရဲ့ ယုံကြည်မှုဟာ
သဲထဲရေသွန်ဖြစ်ရတော့မှာပါ။ ဥပဒေဆိုတာကို လက်ကိုင်ပြုပြီး ဥပဒေပြင်ဖို့လိုရင်
ပြင်ဖို့ပြော ရမယ်။ တစ်ဖက်က အတိုက်အခံလုပ်ပြီးကန့်ကွက်နေတယ်ဆိုရင် ငြိမ်မနေဘဲ
မီဒီယာကနေ ဘာကြောင့်ပြင် ဖို့လို တယ်ဆိုတာကို တဖွဖွပြောနေရမယ်။ ဥပဒေဟာ
အံဝင်ဂွင်ကျဖြစ်မယ်ဆိုရင် ဘာမှလက်တုံ့မနှေးဘဲ ပြည်သူ့ အရေးကို
ပြတ်ပြတ်သားသားဆောင်ရွက်ကြဖို့လိုပါလိမ့်မယ်။ လက်တစ်လုံးခြားအမှုတွေကို ရှောင်
။
မှတ်ချက် ။ ။ နိုင်ငံရေး အမြင်ရေးသားရန်
ပြောဆိုလာသောကြောင့် မပြည့်စုံသော်ငြား တတ်နိုင်လောက် ရှည်လျှားထွေပြား ရေးမိခြင်း
ဖြစ်ပါသည်။
နောင်တော်လေး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။