Time 100 ကမ္ဘာကျော် တိုင်းမဂ္ဂဇင်းရဲ့ နှစ်စဉ် သြဇာကြီးမားတဲ့ လူပုဂ္ဂိုလ်၁၀၀ ရွေးချယ်တဲ့ စာရင်း ၂၀၁၂ ကိုလေ့လာကြည့်ရင်၊ Oprah Winfrey (9 times), Obama, Hilary Clinton (7 times), Steve George, Angela Merkel (5 times), George W.Bush, Bill Clinton, Bill Gate, Hu Jintao, Condoleezza Rice, George Clooney, Jamie Dimon (4 times), Nelson Mandela, Dalai Lama, Rupert Murdoch, Larry Page, Mark Zuckerberg, Aung San Suu Kyi (3 times) တို့ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ဟာ တတိယအကြိမ်မြောက် အရွေးခံရခြင်းဖြစ်ပါတယ်။ ၂၀၀၄ (ဒီပဲယင်းအရေးခင်း)၊ ၂၀၀၈ (ရွှေဝါရောင်အရေးခင်း)၊ ၂၀၁၂ (မြန်မာပြုပြင်ပြောင်းလဲအရေးအခင်း) ... စတဲ့ အရေးအခင်းကြီးတွေ ပေါ်လာတိုင်း၊ အံ့သြဘွယ်ရာ၊ မှတ်ကျောက်တင်ရမဲ့လူတွေ ထွက်ပေါ်လာလေ့ရှိပါတယ်။ အမေရိကန်၊ ဂျာမန်၊ တရုပ် စတဲ့နိုင်ငံခေါင်းဆောင်များဟာ အလွန်အရေးကြီးတဲ့နေရာမှာ ရှိတဲ့ စူပါပါဝါနိုင်ငံခေါင်းဆောင်များဖြစ်လို့ သူတို့ ထိပ်ဆုံးရောက်နေချိန်မှာ သြဇာကြီးမားတဲ့အဆင့်ထဲ ရောက်လေ့ရှိပါတယ်။ နိုင်ငံသေးသေးလေးဖြစ်ပြီး၊ နိုင်ငံခေါင်းဆောင်လဲမဟုတ် ကမ္ဘာကိုတောင် သြဇာကြီးမားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု၊ တဆင့်ဖေါ်ပြလိုက်ပါတယ်။
Ref
http://en.wikipedia.org/wiki/Time_100
ဒါနဲ့ ကမ္ဘာလောကကြီးမှာ လူတွေအပေါ်၊ သြဇာအသက်ရောက်ဆုံး ပုဂ္ဂိုလ်ကြီး ၁၀၀ကို book by Michael Hart http://amaana.org/ismailim.html မှာတင်ပြထားပါတယ်။ လူဆိုးတွေလည်း အဲဒီ စာရင်း၁၀၀မှာ ပါဝင်ပါတယ်။ အထက်ပါ ၂၀၁၂ ပုဂ္ဂိုလ် တစ်ယောက်မှ မပါပါဘူး။ ပြုစုတဲ့ Michael Hart စာအုပ်ဟာ နှစ်ပေါင်း၃၀ကျော်ကြာခဲ့ပါပြီး၊
အခု တိုင်း၁၀၀ မှာ လူကောင်းများက ၇၅ရာနှုန်းလောက် ရှိပြီး၊ နောက်နောင် လူဆိုးများက ပိုပြီးသြဇာကြီးလာရင် နောက်ဆုံးသောကာလ ရောက်ဖို့နီးလာပြီပြောရပါမယ်။ အော်ပရာဝင်ဖရေကို စံနမူနာယူရမဲ့လူလား..ဆိုတာလည်း၊ မေးခွန်းကောင်းတခုပါပဲ။ လူကောင်းဆိုတာ အပြောကောင်းရုံတင်မက ..ကိုယ်ကျင့်တရားလည်း မြင့်မြတ်မှ လူကောင်းလို့သတ်မှတ်ရပါမယ်။
မုရန်
၅-နိုဝင်ဘာ-၂၀၁၂
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။