Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, October 25, 2012

မြန်မာ့အလင်းခက် နန်းခင်ဇေယျာ နှင့် ရှေ့ရေးကို ဘယ်လိုအတွေးတွေနဲ့ သမိုင်းဆက်ရေးကြမလဲ

by သက်တန့်ချို on Thursday, October 25, 2012 at 3:53am ·



ဆောင်းပါးစစခြင်းမှာပဲ မင်္ဂလာပါလို့ “ နန်းခင် ဇေယျာ ” ရဲ့ ပရိတ်သတ်တွေ ရော စာဖတ်သူတွေ အားလုံးကို နှုတ်ခွန်းဆက်ပါတယ် ။ ယခု ရက်ပိုင်းအချိန်တွေမှာ အင်တာနက်သတင်းစာမျက်နှာတွေနဲ့ ဘလော့စာမျက်နှာတွေမှာ Miss International 2012 ပြိုင်ပွဲဝင်နန်းခင်ဇေယျာ ၊ OIC နဲ့ရခိုင်အရေး ၊ ကချင်စစ်ဘေး စတဲ့သတင်းတွေ နေရာယူထားကြမှာတွေ့ရမှာပါ ။
မကြာသေးခင်က လောလောလတ်လတ် မြန်မာပြည်ပြန်ရောက်လာတဲ့ Miss Myanmar နဲ့ လက်ရှိအခြေအနေလေးအပေါ် သုံးသပ်ချင်လို့ ဒီဆောင်းပါးကိုရေးလိုက်ရခြင်းဖြစ်ပါတယ် ။



တကယ့်အကျိုးအမြတ်က ဘာတွေရခဲ့တာလဲ

ဒီမေးခွန်းက သိပ်ကိုကောင်းတဲ့မေးခွန်းတစ်ခုပါ ။ ယနေ့ခေတ်လို ကျယ်ပြန့်လာတဲ့ မွန်းကြပ်လာတဲ့ခေတ်ကြီးမှာ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် အလုပ်တွေကြားမှာ စိမ်းလာကြတယ် အလုပ်သဘောအရ ဆက်ဆံကြတာတွေများလာတယ် ။ အခုပြီးခဲ့တဲ့ပွဲမှာတော့ ကျွန်တော်တို့ဟာ လူမှုကွန်ယက်စာမျက်နှာတွေကနေတဆင့် “ စည်းလုံးညီညွတ်မှု ” ဆိုတဲ့ အမြတ်ကို ရအောင်ထုတ်ယူနိုင်ခဲ့တယ် ။ ပြီးခဲ့တဲ့ပွဲမှာ ထောက်ခံသူတွေ အများကြီးရှိခဲ့သလို ဝေဖန် ထောက်ပြသူတွေကလည်း စာမျက်နှာတွေအနှံ့အပြားရှိနေခဲ့ရပါတယ် ။ အင်အားကြီးနိုင်ငံတွေနဲ့ နည်းပညာချင်း မျိုးချစ်စိတ်ချင်း (ကိုယ့်တိုင်းပြည်ကိုချစ်ခင်တဲ့စိတ် ) ချုင်းပြိုင်တဲ့ပွဲမှာ ကျွန်တော်တို့ မျက်စိမှိတ်သင့်တာမှိတ်ပြီး ၀င်ရောက်ဆင်နွှဲခဲ့ကြတယ် ။ လက်ရှိအခြေအနေအရ ဘာအကျိုးအမြတ်ရခဲ့သလဲဆိုတဲ့မေးခွန်းကိုဖြေရရင်တော့

  • “ တစ်ကမ္ဘာလုံးက မြန်မာတွေစည်းလုံးညီညွတ်မှု ”
  • “ တစ်ခါမှမတွေ့ဖူးသေးတဲ့ချစ်ခင်ရိုင်းပင်းမှု ”
  • “ ကမ္ဘာကမြန်မာမျိုးချစ်စိတ် ကိုပိုပြီးသိသွားခဲ့ရခြင်း ”

စတဲ့ ၃ ချက်ကိုရခဲ့တယ်လို့ ကျွန်တော် ဖြေမှာဖြစ်ပါတယ် ။

Miss Myanmar ရဲ့ အခက်အခဲတွေ


ကျွန်တော် သူ့သတင်းတွေစရေးခဲ့တာ ဂျပန်ကို ရောက်ပြီး စပြိုင်နေတဲ့အချိန်မှာဖြစ်ပါတယ် ။ အဲဒါကလည်း အင်တာနက်စာမျက်နှာတွေကို လိုက်ဖတ်နေရင်းမှ အစအနကောက်မိသွားပြီး စတင်ခဲ့တာဖြစ်ပါတယ် ။ Miss Myanmar မှာ အခက်အခဲတွေအများကြီးရှိခဲ့တယ်လို့ သိခဲ့ရပါတယ် ။ ဥပမာ ပြင်ဆင်ချိန်သိပ်မရလိုက်တာရယ် နောက်ပြီး ပြိုင်ပွဲအတွေ့အကြုံလေ့လာမှု အားနည်းတာရယ် ပွဲချိန်နီးမှ ကပ်ဖိတ်တာရယ်ကြောင့် အခက်အခဲတွေရင်ဆိုင်ခဲ့ရတယ် ။ ပြီးတော့ International ဖြစ်တဲ့အတွက် Swimsuit နဲ့ပြိုင်ပွဲ ၀င်ဖို့ရှိတယ်လို့ ဆိုတဲ့အတွက် Miss Myanmar အနေနဲ့ မြန်မာနိုင်ငံက ခွင့်ပြုပါ့မလားဆိုပြီး အထက်လူကြီးတွေဆီ မေးခဲ့တဲ့အပေါ် တာဝန်ရှိလူကြီးတွေက ခွင့်ပြုလို့ ၀င်ပြိုင်ခဲ့တယ်လို့ဆိုပါတယ် ။


Swimsuit ၀တ်တဲ့အပေါ် ဝေဖန်မှု အမျိုးမျိုး ထောက်ပြမှုအမျိုးမျိုးလုပ်နေတဲ့အပေါ် ကျွန်တော်ဆောင်းပါးတစ်ပုဒ်လည်းရေးပြီးဖြစ်တဲ့အတွက် အကျယ်ချဲ့ပြီးမပြောတော့ပါဘူး ။အဓိကကတော့ အ၀တ်အစား sponsor ရယ် ဒီဇိုင်းပိုင်းရယ် နောက်ဆုံးဖိနပ်တွေဘာတွေကအစ ၀တ်ဆင်မှု အားနည်းခဲ့တာကြောင့် အခုလို ဇကာတင် ၁၅ ယောက်ထဲမပါခဲ့တာလို့ သုံးသပ်ကြတဲ့အမြင်တွေလည်းရှိခဲ့ပါတယ် ။ နောက်ပြီး ပွဲ အတွင်းက အင်တာဗျူးအချို့မှာလည်း စကားလုံးသုံးနှုံးမှုအပေါ် ထောက်ပြတဲ့အချက်တွေလည်းရှိခဲ့ပါတယ် ။ ဒါဟာ သူ ပထမဆုံးနိုင်ငံတကာအတွေ့အကြုံဖြစ်တဲ့အတွက် ဒီလောက်ထိ လုပ်နိုင်တာကိုက အဆင်ပြေနေပြီလို့ စာရေးသူအနေနဲ့မြင်မိပါတယ် ။

ကျေးဇူးတင်စကားတွေပြောတဲ့အခါမှာလည်း တစ်ကမ္ဘာလုံးက မြန်မာတွေကိုထည့်ပြောသင့်တယ်လို့ online user အချို့က မှတ်ချက်ပေးထားတာတွေ့ရပါတယ် ။ သူဟာ အသက် ၂၀ ကျော်အရွယ်ကလေးတစ်ယောက် ၊ သူ့ပခုံးထက်မှာ မြန်မာဆိုတဲ့တာဝန်ကြီး ငါ တာဝန်ကျေရမယ် ငါ့ကြောင့်မြန်မာ သိက္ခာမကျစေရဘူးဆိုတဲ့ သူ့စိတ်ဓါတ်ရဲ့ရဲရင့်မာကြောပြတ်သားမှု ဖိအားတွေကို ရင်ဆိုင်နိုင်ခဲ့မှု တိုက်ခိုက်ခံရမှုတွေ အများကြီး ကျွန်တော်တို့လို ၄ နှစ်ကျော်လောက် အွန်လိုင်းမှာ စာရေးနေတဲ့သူတွေတောင် တခါတလေ တိုက်ခိုက်မှု ဆိုးဆိုးရွားရွားကြုံလာတဲ့အခါ စိတ်ဓါတ်ကျရတဲ့အခါရှိသလို သူလည်း စိတ်ကို မနည်းတင်းထားရမယ်ဆိုတာ စာဖတ်သူများလည်းနားလည်ကြမှာပါ ။ ဒါပေမယ့် နောက်ဆုံးတော့ သူအကောင်းဆုံးလုပ်ပြသွားနိုင်ခဲ့ပါတယ် ။

Miss Myanmar ဘာတွေ ဆက်လုပ်မှာလဲ ဘာတွေဆက်လုပ်သင့်လဲ


အခု စာဖတ်သူတွေရော သူ့ပရိတ်သတ်တွေရော စိတ်အ၀င်စားကြဆုံးမေးခွန်းက သူ ဘာဆက်လုပ်မှာလဲဆိုတဲ့မေးခွန်းဖြစ်ပါတယ် ။ အခုလည်းလတ်တလောသတင်းအရ Miss World မှာ ၀င်ပြိုင်ဖို့ ဖိတ်ကြားခံရကြောင်းသိရပါတယ် ။ အခုဆက်ရေးမယ့်အကြောင်းက စာရေးသူအမြင်သက်သက်ဖြစ်တဲ့အတွက် မှားတာတွေ အမြင်မတူတာတွေ ရှိကောင်းရှိနိုင်ပါတယ် ။ ဒါပေမယ့် နန်းခင်ရဲ့ ပရိတ်သတ်တစ်ယောက်အနေနဲ့ မြန်မာပြည်အကျိုးကိုလိုလားတဲ့ ပြည်သူတစ်ယောက်အနေနဲ့သာ ကျွန်တော့်ကို ရှုမြင်ပေးဖို့ လေးနက်စွာ တောင်းဆိုလိုပါတယ် ။ ယခုလောလောဆယ် သူ့ စာမျက်နှာတွေကနေကြားသိထားရတဲ့သတင်းကတော့ Tour Guide ကိုပဲဆက်လုပ်သွားမှာဖြစ်ပြီး ကြော်ငြာအချို့ကိုလက်ခံရိုက်ကူးမယ်ဆိုတဲ့အကြောင်း ၊ ပရဟိတတွေဆက်လုပ်သွားဖို့လည်းရှိကြောင်းကို ရေးသားထားတာတွေ့လိုက်ရပါတယ် ။ ကောင်းပါတယ်လို့ပဲ ကျွန်တော့်အနေနဲ့မှတ်ချက်ပေးချင်ပါတယ် ။ တကယ်တော့ ကျွန်တော်တို့ ဖြစ်ချင်တာတွေ လိုချင်တာတွေ မြင်ချင်တာတွေနဲ့ သူ့လွတ်လပ်ခွင့်ကို ပိတ်ပင်ထားတာမျိုးလည်းမဖြစ်ဖို့လိုသေးတယ်မဟုတ်လား ။ ဒါပေမယ့်လည်း အကိုတစ်ယောက်အနေနဲ့ ညီမတစ်ယောက်ကိုဖြစ်စေချင်တာမျိုးကိုပြောရမယ်ဆိုရင်ဖြင့် အောက်ပါအတိုင်းလေးမြင်ချင်မိခဲ့တယ် ။


၁ ။ ကြော်ငြာတွေကို စီစစ်ပြီးမှလက်ခံစေချင်ပါတယ် ။ အဖော်အချွတ်ကြော်ငြာမျိုးဆိုရင်တော့ ပြည်သူတွေ ချစ်တဲ့ Miss Myanmar ဟာ ဝေဖန်မှုမျိုးစုံနဲ့ရင်ဆိုင်လိမ့်မယ်လို့ ကျွန်တော်မြင်မိတယ် ။ အဲဒီကနေတဆင့် အနုပညာလုပ်ငန်းတွေကို သူဝါသနာပါရင်ဆက်လုပ်သွားနိုင်ပါတယ်။ ဒါပေမယ့် ရင်ထဲမှာတော့ ငါဟာ Miss Myanmar တစ်ဦးဖြစ်နေတယ်ဆိုတဲ့ စိတ်ကလေး ထားရှိမယ်ဆိုရင် အရာရာ အဆင်ပြေလိမ့်မယ်လို့ ကျွန်တော်မြင်မိတယ် ။ သူ့ပရိတ်သတ်တွေစိတ်ပူကြသလို မျိုး ဒီ ရေစီးထဲ မျောပါသွားမှာ နာမည်တစ်ခုခုပျက်သွားမှာ အွန်လိုင်းမှာ သတင်းဆိုးတွေထွက်လာမှာ မဟုတ်လောက်ဘူးလို့ ကျွန်တော်က အကြွင်းမဲ့ယုံကြည်မိပါတယ် ။ ဘာကြောင့်လည်းဆိုတော့ သူ့ရဲ့ ရိုးသားမှုကို ခံစားသိနိုင်လို့ဖြစ်ပါတယ် ။

၂ ။ Tour guide အလုပ်ကိုပဲ သူ့ဝါသနာအရ ဆက်လက်လုပ်မယ်ဆိုတော့လည်း ၀မ်းသာရပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့က အများကြီး ဖြစ်စေချင်တာတွေ သူ့အပေါ်စုပုံထားမိခဲ့တာကိုး ။ ဒါကလည်းသူ့ကို ချစ်ခင်မြတ်နိုးကြတဲ့စိတ်တွေကြောင့်ဆိုတာ ကျွန်တော်နားလည်ပါတယ် ။ ကျွန်တော့်အမြင်နဲ့ အကြံပေးကြည့်ပါဆိုရင်တော့ သူ့ကို ကျွန်တော်က မြန်မာပြည်ရဲ့ Role Model တစ်ယောက်အနေနဲ့ “ နိုင်ငံတကာ ဆက်ဆံရေး သံတမန် ” ဖြစ်စေ ရာထူးတစ်ခုခုပေးပြီး နိုင်ငံတကာက ဧည့်သည်တွေ လာရင်ဖြစ်စေ ၊ ပြည်တွင်းက ငြိမ်းချမ်းရေးဆိုင်ရာ activity တွေ ၊ လူ့အခွင့်အရေးနဲ့ ကလေးသူငယ်များဆိုင်ရာ အလွဲသုံးစားမှုပပျောက်ရေး ၊ အမျိုးသမီးရေးရာ စတဲ့ Activity တွေမှာ သူဟာ Miss Myanmar စလွယ်လေးသိုင်းပြီးတက်ကြွစွာ ပါဝင်ဆောက်ရွက်စေချင်တယ် ။ ဒါကလည်းနိုင်ငံတကာက Role Model တွေဟာ အဲဒီလိုတွေလုပ်တယ်လို့ လေ့လာကြည့်မိသလောက်လေး ချရေးကြည့်တာပါ ။တကယ်က အဲဒီလောက်မလွယ်ဘူးဆိုတာ ကျွန်တော်နားလည်လက်ခံပါတယ် ။ ဖြစ်စေချင်တာတွေကတော့အများကြီးပါပဲ ထပ်မရေးတော့ပါဘူး အဲဒီဖြစ်စေချင်တာတွေကြောင့် ညီမငယ်ရဲ့ လွတ်လပ်ခွင့်တွေ ဖြစ်ချင်တဲ့အိပ်မက်တွေကို ထိမ်းချုပ်ထားသလိုဖြစ်မှာစိုးတဲ့အတွက် ညီမလေးရေ “ အသိနဲ့ သတိ ၊ ငါဟာ မြန်မာ ” ဆိုတဲ့စိတ်ကလေးကို သာ အမြဲတမ်းမွေးမြူထားဖို့ တိုက်တွန်းလိုက်ပါရစေ ။

၃ ။ လောလောဆယ် တော့ သူ ဘာမှဆက်လုပ်လို့မရသေးပါဘူး ။လက်ရှိလုပ်နေတဲ့အလုပ်တွေကိုသာ အကောင်းဆုံးဆက်လုပ်နေရဦးမှာဖြစ်တယ်လို့မြင်မိပါတယ် ။ ဒါပေမယ့် ပရဟိတတွေကိုတော့ ဒီ Miss Myanmar ဆိုတဲ့ဂုဏ်နဲ့ထိရောက်စွာလုပ်နိုင်ပြီလို့ မြင်မိပါတယ် ။

Miss Myanmar ရဲ့အနာဂါတ်ကို ဘာ ပြောချင်သလဲ

အဓိကကတော့ သူဟာ ဥာဏ်ရည်ထက်မြတ်တဲ့ကလေးတစ်ဦးပါ ။ အကျိုးနဲ့အကြောင်းအဆိုးနဲ့အကောင်းကို အကောင်းဆုံးဝေဖန်ပိုင်းခြားနိုင်ယုံသာမက လုပ်ရမယ့်အလုပ်ကို ရဲရဲဝံ့လုပ်ရဲခြင်းနဲ့ မြန်မာမှုမြန်မာ့ရိုးရာ မြန်မာ့ယဉ်ကျေးမှုကို ချစ်မြတ်နိုးခြင်း စတဲ့ အချက်တွေ သူ့မျက်နှာပေါ်မှာ အတိုင်းသားဖတ်နိုင်တာကြောင့် ကျွန်တော်တို့ အားလုံး သူ့ကို တကယ့်ကို (အကြွင်းမဲ့ ) ယုံကြည်လိုက်ရအောင် ။ အခုလည်း Miss Myanmar International 2013 အတွက်ပြိုင်ပွဲကျင်းပဖို့ပြင်ဆင်နေတယ်ဆိုတဲ့အကြောင်းသိရပါတယ် ။ နောက်နှစ်အတွက်လည်း Miss Myanmar တစ်ယောက်ထပ်ပြီးပေါ်ထွန်းလင်းလက်လာဦးမယ်လို့ မျှော်လင့်ပါတယ် ။ ဘာတွေအကြံပေးချင်လဲလို့ ကျွန်တော့်ကိုမေးပါတယ် ။ ဒါကတော့ ပြိုင်ပွဲကျင်းပတဲ့လူကြီးမင်းတွေ ပိုသိမှာဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ ဘာမှ ထွေထွေထူးထူးတော့မပြောလိုပါဘူး ။ ဒါပေမယ့် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းရမယ့် ပွဲတွေမှာတော့ မြန်မာပြည်ဂုဏ်မငယ်စေဖို့အတွက် အဖက်ဖက်က ၀ိုင်းဝန်းကူညီပေးကြပါ ဖေးမစောင့်ရှောက်ပေးကြပါ လို့ပြောလိုပါတယ် ။ အထူးသဖြင့် အ၀တ်အစား Personality ကအစ ဖိနပ် လက်ကိုင်အိတ်ဆင်တာကအဆုံး သေချာလေး အသေးစိတ်သတိထားစေချင်တာပါပဲ ။

ဒီဆောင်းပါးလေးဟာ ညီမငယ် နန်းခင်ဇေယျာအတွက် အွန်လိုင်းပေါ်က စာရေးသူတစ်ယောက် အနေနဲ့ နောက်ဆုံးရေးတဲ့စာလေးဖြစ်ပါတယ် ။ နောက်ဆိုသူလည်းသူ့အလုပ်နဲ့သူရှုပ်ကိုယ်လည်းကိုယ့်စာတွေ နဲ့ကိုယ်ရှုပ် နဲ့ စာမျက်နှာထက်တွေမှာ ပြန်လည်ဆုံစည်းကြဖို့ မလွယ်ကူတော့ပါဘူး ။ မကြာခင်မှာ အရှေ့တောင်အာရှ အားကစားပွဲကို မြန်မာနိုင်ငံကလက်ခံကျင်းပတော့မယ့်အချိန်မှာလည်း မြန်မာတွေ အရှက်မကွဲစေဖို့ ပြိုင်ပွဲ တွေမှာအနိုင်ရဖို့အတွက် ကျွန်တော်တို့အားလုံး ၀ိုင်းဝန်းကြိုးပမ်းအားထုတ် ဖို့ အားပေးကြဖိုလိုပါတယ်လို့ ပြောကြားရင်း အဆုံးသတ်လိုက်ပါတယ် ။

အကိုတစ်ယောက်အနေနဲ့ ညီမတစ်ယောက်ကို မှာချင်တာကတော့ “ ညီမလေးရေ . . . အမျိုးဂုဏ် ဇာတိဂုဏ်ကို မွှေးပျံ့နေအောင် အစဉ်သဖြင့် ပြုမူပြောဆိုပေးပါ ကျန်းမာရေးကို ဂရုစိုက်ပါ မိဘကျေးဇူးနဲံ့ ကိုယ့်ကို ချစ်ခင်တဲ့သူတွေကို မြတ်နိုးတန်ဖိုးထားပါ မြန်မာ့ဂုဏ်ကို မြှင့်တင်နိုင်တဲ့ အမျိုးဘာသာသာသနာကို စောင့်ရှောက်နိုင်တဲ့ မွန်မြတ်သော အမျိုးသမီးလေးတစ်ဦးဖြစ်ပါစေ ” လို့ ဆုတောင်းပေးရင်း ...။

သက်တန့်ချို
25 Oct 2012

ကျွန်တော်ရေးခဲ့တဲ့ဆောင်းပါး နှစ်ပုဒ်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။