Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 31, 2012

"ဟဲလိုးဝင်း" သရဲညတစ်ညမှာ

by Rupa Aung on Wednesday, October 31, 2012 at 8:06am


အောက်တိုဘာလ ၃၁ ရက်နေ့ဟာ ဟဲလိုးဝင်းနိုက်(Halloween Night)တဲ့။ သရဲတွေရဲ့ညလို့ဆိုကြသတဲ့။ အဲဒီ သရဲည ယဉ်ကျေးမှုဟာ အခုဆိုရင်မြန်မာနိုင်ငံမှာလည်း ကူးစက်ပျံ့နှံ့လာခဲ့ပါပြီ။ မြန်မာ့ယဉ်ကျေးမှု မဟုတ်ပေမယ့် ကမ္ဘာကြီးရဲ့ နေရာတစ်နေရာကနေ စိမ့်ဝင်စီးမြောလာခဲ့တဲ့ ဒီယဉ်ကျေးမှုကိုပဲ ပျော်ပွဲရွှင်ပွဲ ပုံစံမျိုးနဲ့ ဆင်နွှဲပျော်ရွှင်ကြတဲ့ မြန်မာလူငယ်လေးတွေရှိလာကြပါပြီ။
ဟဲလိုးဝင်းဆိုတာကတော့ တကယ်တော့ ကမ္ဘာ့ ရှေးအကျဆုံးအားလပ်ရက်ပျော်ပွဲရွှင်ပွဲပါ။ ဒီနေ့ထိလည်း ကမ္ဘာအနှံ့အပြားမှာ ဆင်နွှဲကြတဲ့တိုင်းပြည်အများအပြားရှိနေပါတယ်။ မက္ကဆီကို နဲ့ တခြား လက်တင် အမေရိကန်တိုင်းပြည်တွေမှာ သေလွန်သူများနေ့ Dead of the Day (Dia di los Muertos) ကို သေဆုံး သွားခဲ့တဲ့ ကိုယ်ချစ်ခင်နှစ်သက်သူတွေနဲ့ ဘိုးဘွားတွေကိုရည်မှန်းပြီး ဆုတောင်းပွဲလုပ်ကြတဲ့သဘောပါ။ Dead of the Day ကို အများအားဖြင့်တော့ ဟဲလိုးဝင်းဒေးနောက်တစ်ရက် နိုဝင်္ဘာ ၁ ရက် နဲ့ ၂ ရက်နေ့ တွေမှာပြုလုပ်ကြပါတယ်။ အိုင်ယာလန်၊ ကနေဒါနဲ့ ယူနိုက်တက်စတိတ်မှာတော့ လူကြီးတွေနဲ့ ကလေး သူငယ်တွေပါ အောက်တိုဘာ၃၁ရက်မှာ ဟဲလိုးဝင်းပျော်ပွဲရွှင်ပွဲရက်တွေအဖြစ် ဆင်နွှဲပျော်မြူးကြပါတယ်။ အစဉ်အလာလိုဖြစ်နေတဲ့ ပျော်ပွှဲဆင်နွှဲမှုပုံစံကတော့ သရဲအ၀တ်အစားတွေဝတ်ဆင်ပြီး ပျော်မြူးကြတဲ့ ပါတီပွဲတွေပြုလုပ်တာ၊ ရုပ်ပြောင်းရုပ်လွှဲလုပ်တာ(trick-or-treating)၊ နောက်ပြောင်ကျီစယ်တာ၊ ကစား နည်းတွေဆော့ကစားကြတာတွေပါ။

၁၆ရာစုနှစ်လောက်မှာ ဟဲလိုးဝင်း(Halloween)စကားလုံးကို စပြီးအသုံးပြုခဲ့ပါတယ်တဲ့။ All-Hallows'-Even ("evening") ဆိုတဲ့ ဟဲလိုးဝင်းနိုက်ဟာ ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေရဲ့ သူတော်စင်တွေကိုဂါရ၀ပြုတဲ့ All Hallows’ Day (All Saints’ Day) မတိုင်ခင်တစ်ရက်မှာ နှစ်စဉ်ကျင်းပလာခဲ့ကြတဲ့ အစဉ်အလာရှိပါတယ်။ ဟဲလိုးဝင်းနိုက်ဟာလည်း သူတော်စင်တွေဂါရ၀ပြုတဲ့နေ့နဲ့ သက်ဆိုင်တယ်လို့ ဆိုကြတယ်။ အဲဒီထက် ပိုပြီးရှေးကျတဲ့သမိုင်းမှာတော့ ဟဲလိုးဝင်းဓလေ့ထုံးစံတွေဟာ ရှေးကျတဲ့အင်ဒိုဥရောပသားတွေပြုလုပ်တဲ့ နွေရာသီအကုန် Samhain ကောက်ရိတ်သိမ်းပွဲတွေမှာကျင်းပတဲ့ အစဉ်အလာမျိုးကနေ ပြောင်းလဲလာတယ်လို့ ကျယ်ကျယ်ပြန့်ပြန့်ယုံကြည်ကြပါတယ်။ အေးမြတဲ့ဆောင်းရာသီရဲ့နေ့ရက်တွေအတွက် ကြိုဆိုပြင်ဆင်ကြတဲ့ ဆောင်းဦးအချိန်ကာလ၊ အဲဒီအချိန်မျိုးဟာ စိတ်နယ်လွန်ကမ္ဘာလောကသားတွေ ပေါ်ထွက်လာတတ်တဲ့အချိန်၊ ပဉ္စလက်ဆန်တဲ့အဖြစ်အပျက်တွေဖြစ်ပေါ်လာတဲ့အချိန်လို့ ဆိုကြတယ်။ လူ့လောကကနေလွင့်စင်ခဲ့ကြတဲ့ ၀ိညာဉ်တွေဟာ ကမ္ဘာမြေကြီးပေါ်မှာ All Saints’ Day နေ့တိုင်အောင် လှည့်လည်သွားလာကြတယ်လို့လည်း ရိုးရာအစဉ်အလာအားဖြင့် ယုံကြည်ကြပါတယ်။

အဲဒီ့နေ့ဟာ သေလွန်ပြီးတဲ့သူတွေအတွက် နောက်တစ်ဘ၀ကိုမကူးသေးခင် သူတို့ရဲ့ရန်သူတွေကို လက်စားချေဖို့ နောက်ဆုံးအခွင့်အရေးရနိုင်တဲ့နေ့ဖြစ်သတဲ့။ ဟဲလိုးဝင်းနေ့မှာ ခရစ်ယာန်ဘာသာဝင်တွေဟာ ၀ိညာဉ်တစ်ကောင်ကောင်က မမှတ်မိနိုင်အောင် မျက်နှာဖုံးတွေ၊ ၀တ်စုံကြီးတွေဝတ်ဆင်ကာ အကာအကွယ်ယူကြတယ်။ တခြားသူတွေထွန်းညှိထားတဲ့ ဖယောင်းတိုင်မီးရောင်အတိုင်းလိုက်ခဲ့ကြပြီး နောက်တစ်နေ့ ၀တ်ပြုဆုတောင်းပွဲအတွက် သူတို့ ခရီးဆန့်ကြသတဲ့။ အဲဒီအလေ့အကျင့်ဟာ ဒီနေ့ခေတ်မှာတော့ ကလေးတွေအကြားခေတ်စားတဲ့ trick or treating ဆိုတဲ့ ရုပ်ပြောင်းရုပ်လွှဲလုပ်ကာ တစ်အိမ်ဝင်တစ်အိမ်ထွက် လှည့်လည်ဆော့ကစားတဲ့နည်းမျိုး ဖြစ်လာပါတယ်။ အစားအသောက်တွေထဲမှာ ငွေအကြွေစေ့လေးတွေ၊ ဒါမှမဟုတ် ပန်းသီးနဲ့ တခြား အစေ့အဆန်လေးတွေထည့်ထားတဲ့ လက်ဆောင်တွေကို အိမ်တွေကနေပေးကြတဲ့ အလေ့အထအဖြစ် ဟဲလိုးဝင်းပါတီပွဲတွေ ကျင်းပကြပါတယ်။

ဟဲလိုးဝင်းနေ့ရဲ့ သင်္ကေတတွေထဲမှာ ဖရုံသီးကိုထွင်းပြီး သရဲမျက်နှာပုံစံပြုလုပ်ထားတဲ့ မီးအိမ် jack-o’-lantern တွေက မပါမဖြစ်ပါ။ ဖရုံသီးရဲ့ထိပ်ပိုင်းကို ဖြတ်ပြီးအတွင်းကအသားတွေကို ထုတ်ယူပါတယ်။ ပြီးမှ ကြောက်လန့်စရာဘီလူးသရဲမျက်နှာပုံစံမျိုး ပုံဖော်ကာ အဖုံးပြန်ဖုံးထားလိုက်တယ်။ ရှေးကျတဲ့ခရစ်ယာန်တွေဟာ ၀ိညာဉ်တွေကို ကောင်းကင်ဘုံကို မတက်ခင်ကာလလေးမှာ အပြစ်မှသန့်ရှင်းစင်ကြယ်ခြင်းပြုလုပ်ဖို့သတိရနိုင်အောင် turnip မုန်လာဥတစ်မျိုးကိုထွင်းပြီး မီးအိမ်ပြုလုပ်ကာ အဲဒီမီးအိမ်တွေနဲ့ ထွန်းညှိပြီး လမ်းပြကြတယ်။ အိုင်ယာလန်နဲ့ စကော့တလန်မှာ မုန်လာဥမီးအိမ်တွေကို သုံးတဲ့အစဉ်အလာရှိခဲ့ကြပါတယ်။ နောက်ပိုင်းမှာ မြောက်အမေရိကကိုရောက်ရှိလာတဲ့ အခြေချနေထိုင်သူတွေက ဒေသထွက် ဖရုံသီးတွေကို အသုံးပြုလာကြတယ်။ ပိုပြီးကြီးမားတယ်၊ ပိုပြီးနူးညံ့တယ်။ ထွင်းပြီးပုံဖော်တဲ့အခါ ပိုမိုလွယ်ကူတာကြောင့် turnip မုန်လာဥအစား ဖရုံသီးကို အသုံးပြုခဲ့ကြပါတယ်။

ဟဲလိုးဝင်းနိမိတ်ပုံတွေမှာ သေခြင်းတရား၊ သရဲတစ္စေ၊ မှော်အတတ်တွေနဲ့ ဒဏ္ဍာရီထဲက ဘီလူးတစ္စေတွေပါဝင်ကြတယ်။ အနက်ရောင် နဲ့ လိမ္မော်ရောင်တွေက အဲဒီဟယ်လိုဝင်းနိုက် ပျော်ပွဲရွှင်ပွဲတွေမှာ အစဉ်အဆက် အသုံးပြုခဲ့ကြတဲ့အရောင်တွေပါ။

ဟဲလိုးဝင်းအ၀တ်အစားတွေရဲ့ ဒီဇိုင်းကတော့ သရဲတစ္စေတွေရဲ့ပုံ၊ အရိုးစု၊ စုန်းမတွေရဲ့ ပုံစံမျိုးဖန်တီးကြတယ်။

ဟဲလိုးဝင်းကစားနည်းတွေမှာတော့ ပန်းသီးဖမ်းယူကစားနည်း(dooking) လို့ခေါ်တဲ့ ရေဇလုံကြီးကြီးထဲမှာ ပန်းသီးတွေကိုထည့်ထားပြီး မြုပ်ချည် ပေါ်ချည်ဖြစ်နေတဲ့ ပန်းသီးတွေကို သွားနဲ့ ကိုက်ယူရတဲ့ကစားနည်းကို ကစားလေ့ရှိကြတယ်။ နောက်ကစားနည်းက ပန်းသီးကို အခွံခွာတဲ့အခါ မပြတ်သွားအောင် အစကအဆုံး တစ်ဆက်တည်းရအောင်ခွာပါတယ်။ ပြီးတော့ အဲဒီပန်းသီးအခွံကို ပုခုံးပေါ်ကနေကျော်ပြီး နောက်ပြန်ပစ်လိုက်တယ်။ ပြီးတော့ ကြမ်းပေါ်မှာကျနေတဲ့ ပန်းသီးအခွံရဲ့ ပုံစံကိုကြည့်ကြတယ်။ အဲဒီပုံစံလေးဟာ ကိုယ်လက်ထပ်ရမယ့်သူရဲ့ နာမည်အစ စာလုံးပုံသဏ္ဍာန်မျိုးပေါ်နေလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။ နောက်ထပ်တစ်နည်းကတော့ လက်မထပ်ရသေးတဲ့အမျိုးသမီးတွေဟာ ဟဲလိုးဝင်းနိုက် မှာ မှောင်မည်းတဲ့အခန်းထဲမှာထိုင်ပြီး မှန်ထဲကို စိုက်ကြည့်နေရပါမယ်တဲ့။ မှန်ထဲမှာ ကိုယ်လက်ထပ်ရမယ့်ခင်ပွန်းပုံစံပေါ်လာလိမ့်မယ် ဆိုတဲ့ တချို့အမျိုးသမီးလေးတွေ လက်တည့်စမ်းကြလေ့ရှိတဲ့ ကစားနည်းပါ။ ကြောက်လန့်စရာကောင်းတဲ့ခြွင်းချက်ကတော့ လက်မထပ်ရသေးခင် သေဆုံးခဲ့မယ်ဆိုရင် အရိုးခြောက်ဦးခေါင်းခွံကြီးတစ်ခု မှန်ထဲမှာပေါ်ထွက်လာနိုင်သေးသတဲ့။

အဲဒီနေ့မှာပဲ သရဲတစ္စေပုံပြင်တွေလည်းပြောကြ၊ နားထောင်ကြပါသေးတယ်။ ပြီးတော့ သရဲတစ္စေရုပ်ရှင်ကားတွေကို ကြည့်ကြတာကလည်း ဟဲလိုးဝင်းပါတီပွဲတွေရဲ့ အစဉ်အလာဖြစ်နေခဲ့ပါပြီ။ အဲဒီအချိန်မှာ သရဲတစ္စေရုပ်ရှင်ကားအသစ်အသစ်တွေလည်း ရုပ်ရှင်ထုတ်လုပ်သူတွေက အပြိုင်အဆိုင်ပြသကြပါတယ်။

ဟဲလိုးဝင်းပါတီပွဲတွေမှာ ပြုလုပ်ကြတဲ့အစားအစာတွေကတော့ ပေါင်မုန့်ချို၊ သကြားတော်ဖီ၊ ပန်းသီးတော်ဖီ၊ ပြောင်းဖူးပေါက်ပေါက်အချို၊ ပြောင်းဖူး သကြား ပျားရည်တို့နဲ့ လုပ်ထားတဲ့ ဖရုံသီးပုံချိုချဉ်လေးတွေ၊ ဦးခေါင်းခွံပုံ လင်းနို့ပုံ သကြားလုံးတွေ နဲ့ ၀ိညာဉ်ကိတ်မုန့်လို့ခေါ်တဲ့ ကိတ်မုန့်သေးသေးလေးတွေပါ။

ဟဲလိုးဝင်းသရဲညတစ်ညမှာ ကလေးတွေနှစ်သက်မယ့် ကိတ်မုန့်ချို့၊ ဟဲလိုးဝင်းသကြားလုံးတွေကို ပြုလုပ်ပြီး ကလေးတွေကိုလက်ဆောင်ပေးနိုင်ပါတယ်။ ကလေးငယ်တွေကို ဗဟုသုတအဖြစ် ဟဲလိုးဝင်းနိုက်အကြောင်းလေးတွေ ပြောပြရင်း သရဲတစ္စေပုံပြင်လေးတွေ ပြောပြရင်းနဲ့လည်း အသည်းတထိတ်ထိတ်ပျော်ရွှင်ရတဲ့ ဟဲလိုးဝင်းနိုက်လေးအဖြစ်ဖန်တီးနိုင်ကြပါတယ်။ ။

Living Fashion Magazine, October, 2012

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။