Myanmar
Volunteer
စကားပြောခြင်းသည် လူမှုဆက်ဆံရေးတွင် အလွန်အရေးပါသောကဏ္ဍတစ်ခုဖြစ်သည်။ လူသားတိုင်းနေ့စဉ်နှင့်အမျှ အကြောင်းအရာများစွာကိုစကားဖြင့် ပြောဆိုဆက်ဆံနေကြရသည်။
စကားကိုစနစ်တကျ ပြောတတ်ခြင်းသည်လည်းအရည်အချင်းတ စ်ခု
ဖြစ်သည်။ မိခင်ဘာသာစကားကိုပင် စကားပြောတတ်သူတိုင်းမိန့်ခွန်းများ၊
ဟောပြောချက်များစသည်ဖြင့် အခြေအနေအမျိုးမျိုးကို စနစ်တကျပြောဆိုတတ်ရန်
မလွယ်ဘဲစနစ်တကျလေ့ကျင့်ရန် လို
စကားပြောခြင်းသည် လူမှုဆက်ဆံရေးတွင် အလွန်အရေးပါသောကဏ္ဍတစ်ခုဖြစ်သည်။ လူသားတိုင်းနေ့စဉ်နှင့်အမျှ အကြောင်းအရာများစွာကိုစကားဖြင့်
အပ်သည်။
နိုင်ငံခြားဘာသာစကားဖြစ်သော အင်္ဂလိပ်ဘာသာစကားအတွက်မူပိုမိုလေ့ ကျင့်ရန်လိုအပ်သည်။
ပထမဆုံးအရေးကြီးသည်မှာ ယခင်ပြောခဲ့သည့်အတိုင်းအသံ၏သဘော တရားကိုမှန်မှန်ကန်ကန်
စနစ်တကျလေ့ကျင့်ရမည်။
စကားပြောခြင်းဆိုသည် ပန်ကုံးတစ်ကုံးသီကုံးသည်နှင့် အလားသဏ္ဍာန်တူပါသည်။ ပန်းကုံးတစ်ကုံးသီကုံးရာတွင် ပန်းကုံးတွင်ပါဝင်သောအရာများကို စနစ်တကျမသုံးသပ်မိကြသကဲ့သို့
စကားတွင်ပါဝင်သောအကြောင်းအရာများကိုခွဲခြမ်းစိတ်ဖြာလေ့လာရန်မေ့ လျော့ နေတတ်ကြသည်။
ဆဲလ်များဖြင့်ဖွဲ့စည်းထားသောပွင့်ချပ်များပါဝင်သည့်
ပန်းပွင့်များကိုအပ်ချည်ကြိုးဖြ င့်သီးကုံးလိုက်သောအခါ ပန်းကုံးတစ်ကုံးဖြစ်လာသည်။
ထို့အတူစကားပြောခြင်းသည် အသံဖြင့် ဖွဲ့စည်းထားသောစကားလုံးများကို ဝါကျများအဖြစ်
တည်ဆောက်ကာ ၎င်းဝါကျများကိုပြောလိုသောအကြောင်း အရာသက်ရောက်အောင်
စုစည်းလိုက်ခြင်းဖြင့် စကားဖြစ်လာသည်။
ပန်းကုံး = စကား
ပန်းပွင့် = ဝါကျ
ပွင့်ချပ် = စကားလုံး
ဆဲလ် = အသံ
အပ်ချည်ကြိုး = ပြောလိုသောအကြောင်းအရာ
ဖော်ပြပါဆက်စပ်မှု ပုံစံသည် ဘာသာစကားလေ့လာသူတိုင်းအတွက် စနစ်တကျလေ့လာသင်ယူရန် အထောက်အကူ ပြုနိုင်ပါသည်။ စကားပြောဆိုရာတွင် အရေးကြီးသည့် အခြေခံအကြောင်း (၂) ချက်မှာ ရှင်းလင်းပြတ်သားရန် နှင့် ချောမွေ့ပြေပြစ်ရန် ဖြစ်သည်။ ပြောစကားတွင် ရှင်းလင်းပြတ်သားမှုသည် အရေးကြီးသောအကြောင်းတစ်ချက် ဖြစ်သောကြောင့် အသံကိုစနစ်တကနားလည်လေ့ကျင့်ရန်လိုအပ်သည်၊ အသံ၏သဘောတရားများကိုသေသေချာချာနားလည်မှသာပြောစကားများကိုနားလည် နိုင်ပြီး ပြန်လည်
အတုယူပြောဆိုနိုင်မည်ဖြစ်သည်။ သို့ပါ၍ ဦးစွာအသံ၏
သဘောတရားများကိုအသေးစိတ်ပြောလို ပါသည်။
အသံ(Sound)
အင်္ဂလိပ်ဘာသာစကားတွင် အသံထွက်(pronunciation) နှင့် စာလုံးပေါင်း(spelling) ထပ်တူမညီသည်မှာ(၇၀)ရာခိုင်နှုန်း ကျော်ခန့်အထိရှိသည်။
စာလုံးပေါင်းပုံစံတူသော်လည်းအသံ ထွက်မတူသည်ကိုအများအပြားတွေ့ရမည်။ (e.g. put,
but)
စာလုံးပေါင်းပုံစံမတူဘဲအသံထွက်တူညီသည်ကိုလည်းတွေ့ရမည်။
(e.g. see, key, tea) အက္ခရာတစ်ခု(alphabet) သည် စကားလုံးတစ်ခု၏
စာလုံးပေါင်းတွင်ပါဝင်ပြီးအသံထွ က်ရာတွင် မပါဝင်သည်ကိုလည်းတွေ့ရသည်။(e.g. psychology, listen)
ထို့ကြောင့် အင်္ဂလိပ်စကားလုံးတစ်ခုကိုစာလုံးေ ပါင်းအတိုင်းအသံထွက်၍မရသောကြောင့်
အသံများကိုသေသေချာချာလေ့လာရန်လိုသည်။ အင်္ဂလိပ်ဘာသာစကားတွင် အက္ခရာ(alphabet) ၂၆ လုံးသာ
ရှိသော်လည်း ဗျည်းသံ(consonant sound) ၂၄ သံ နှင့် သရသံ(vowel sound) ၂၀ စုစုပေါင်း
၄၄-သံရှိသည်။ အသံထွက်များကိုစာဖြင့်အတိအကျ ရေးသားဖော်ပြရန် မလွယ်ကူသဖြင့်
အသံထွက်သင်္ကေတ (phonetic symbols) များနှင့်
ဥပမာစကားလုံးများဖြင့်သာဖော်ပြပါမည်။
- ဗျည်းသံများ(consonant sounds)
p pen, copy, tap
b back, baby, job
t tea, tight, knot
d day, ladder, odd
k key, school,clock
g get, giggle, dog
tʃ church, match, nature
dʒ judge, age, soldier
f fat, coffee, rough
v view, heavy, move
θ thing, author, path
ð this, other
s soon, cease, sister
z zero, music, roses, buzz
ʃ ship, sure, national
ʒ pleasure, vision
h hot, whole, ahead
m more, hammer, sum
n nice, know, funny, sun
ŋ ring, anger, thanks, sung
l light, valley, feel
r right, wrong, sorry, arrange
j yet, use, beauty, few
w wet, one, when, queen
ʔ (glottal stop) department, football
- သရသံများ (vowel sounds)
ɪ kit, bid, minute
e dress, bed, head
æ trap, bad
ɒ lot, odd, wash
ʌ strut, mud, love, blood
ʊ foot, good, put
iː fleece, sea, machine
eɪ face, day, break
aɪ price, high, try
ɔɪ choice, boy
uː goose, two, blue, group
əʊ goat, show, no
aʊ mouth, now
ɪə near, here, weary
eə square. fair, various
ɑː start, father
ɔː thought, law, north, war
ʊə poor, jury, cure
ɜː nurse, stir, learn, refer
ə about, common, standard
i happy, radiate, glorious
u thank you, influence, situation
n̩ suddenly, cotton
ဖိသံ(Stress)
အသံ၏အစိတ်အပိုင်းများတွင်ဗျည်းသံ၊သရသံများသာမက stress
သည်အရေးပါသောအစိတ်အပိုင်းတစ်ခြု ဖစ်သည်။ ရှင်းလင်းပြတ်သားသောစကားဖြစ်ရန် အတွက်
ဖိသံ(stress)ကိုစနစ်တကျအသုံးပြု တတ်ရန်လည်းလိုအပ်သည်။ ဖိသံ(stress)ကိုနားလည်ရန်
စကားလုံးတစ်လုံးတွင် ပါဝင်သောအသံ(ဝဏ္ဏ)များကိုသိရမည်။
ဥပမာ syl-la-ble အသံ(ဝဏ္ဏ) ၃-သံ
in-sti-tu-tion အသံ(ဝဏ္ဏ) ၄-သံ
၎င်းအသံ(ဝဏ္ဏ) များပေါ်တွင် ဖိသောအသံ(stress)ကို'အမှတ်အသာြး ဖင့် ဖော်ပြသည်။
စကား၏ဝတ္တရား(part of speech) အပေါ်တွင်မူတည်၍ stress ပြောင်းသွားတတ်ပါသည်။ အသံ-၂သံ ရှိသောစကားလုံးတစ်လုံးတွင် နာမ်(noun)ကိုပထမအသံတွင် ဖိရပြီး ကြိယာ(verb) ကိုဒုတိယအသံတွင် ဖိရသည်။
ဥပမာ noun verb
'object ob'ject
'convict con'vict
'import im'port
'record re'cord
ချွင်းချက် ad'dress ad'dress
'promise 'promise
'comment 'comment
ရှေ့ဆက်ပုဒ်(prefix) ပါဝင်သောအသံ(၂)သံရှိစကားလုံးများ
ရှေ့ဆက်ပုဒ်များဖြစ်သော a-, be-,re- စသည်တို့ပါဝင်သောအသံ(၂)သံရှိစကားလုံးများတွင်
စကားလုံး၏မူလအသံတွင်သာstressရှိ သည်။
e.g. a'loud a'rise a'loft
br'fore be'come be'hind
re'clim re'sent re'turn
နောက်ဆက်ပုဒ်(suffix) ပါဝင်သောစကားလုံးများ
ဖော်ပြပါနောက်ဆက်ပုဒ်များပါဝင်သ ည့်စကားလုံးများတွင်စကားလုံး၏နောက်ဆက်သံကိုstressဖြင့်ရွတ်ဆိုရ သည်။
e.g. (a) -eer engi'neer volunt'eer black marte'teer
(b) -iee addre'see pay'ee emplo'yee
(c) -ique uni'ique physi'que ob'lique
(d) -ain ob'tain enter'tain ascer'tain
(e) -esque pictu'resque gro'tesque bur'lesque
(f) -esec co'alesce
(g) -itis arthr'itis bron'chitis
(h) -ete de'lete comp'lete
(i) -aire question'naire million'naire
(j) -ette cigare'tte cass'ette
(k) -ade lemo'nade per'vade
(l) -ever when'ever how'ever
(m) -ese chi'nese bur'mese
(n) -esent ado'lesent efferve'sent
အသံအနိမ့်အမြင့် (Intonation)
စကားပြောဆိုရာတွင် ပိုမိုရှင်းလင်းနားလည်နိုင်စေရန်intonationကလည်းအရေးကြီးပါသည်။ စကား၏အဓိပ္ပာယ်၊
စကားပြောသူ၏သဘောထား၊ စကား၏ဆိုလိုရင်းစသည်တို့ကိုနားလ ည်နိုင်ရန် intonation
ကကူညီပေးနိုင်ပါသည်။ စကားပြောဆိုရာတွင် intonation
ပြောင်းသွားပါကလည်းဆိုလိုရင်းရည်ရွယ်ချက်ပြောင်းသွားနိုင်သည်ကိုသတိပြုရမည်။အင်္ဂလိပ်စကားပြောဆို ရာတွင်နားလည်ထားရမည့်အခြေခံ
intonation (၃)မျိုးကို"အင်္ဂလိပ်ဘာသာစကားကို ချဉ်းကပ်ခြင်း"ဆောင်းပါး
(Education Digest Journal အတွဲ-၁၊ အမှတ်-၃၅၊၃၆)တွင်ဖော်ပြပြီးဖြစ် သည်။
အသံထွက်သည် listeningအတွက်ရော speaking အတွက်ပါ အလွန်ရေးကြီးပါသည်။ အသံထွက်ကိုသတိမထားပါကနားထောင်ရာ တွင်လည်းကောင်း၊
ပြောဆိုရာတွင်လည်းကောင်းနားလည်မှုလွဲမှားနိုင်ပါသည်။ ဥပမာ- row နှင့် roll ကိုကြားသောအခါ
သတိမထားပါကနားကြားလွဲကာအဓိပ္ပာယ် ပါလွဲမှားနိုင်သည်။
အသံ၏သဘောတရားများကိုနားလည်လျှင် ၎င်းကိုအခြေခံကာအင်္ဂလိပ်စကားပြောကို မည်သို့ လေ့ကျင့်ရမည်ကို
ဆက်လက်ပြောလိုပါသည်။ပထမဆုံးသတြိ ပုရန်အချက်မှာမှန်ကန်သည်အထိထပ်ခါထပ်ခါ၊ အကြိမ်ကြိမ်
လေ့ကျင့်ခြင်းသည် လေ့လာမှုအားလုံးအတွက် အမြန်ဆုံးသောနည်းလမ်း ဖြစ်သည်။
- Television, Video, News, Tape, CD, DVD စသည်များကိုအသုံးပြုကာNative speaker များ၏အသံများကိုတတ်နိုင်သမျှနား ထောင်ပါ၊ ၎င်းကိုအတုယူပြီးပြောဆိုခြင်းဖြင့် တိကျသော sound, stress,
intonation များကိုရရှိနိုင်သည်။ အတုယူပြောဆိုရာတွင် Video Lesson များဖြစ်ပါက
၎င်းတို့၏ပါးစပ်လှုပ်ရှားမှုကိုသတိထားပြီးလေ့လာပါ၊ အသံထွက်ရာတွင်
အထောက်အကူပြုနိုင်ပါသည်။
- အင်္ဂလိပ်စကားပြောလေ့ကျင့်ရာတွင် တေးဂီတများသည်လည်းအလွန်ထိရောက်သ ည်၊ လူတိုင်းသည်
ဂီတကိုနှစ်သက်ကြသောကြောင့်တေးသီ ချင်းများကိုလိုက်ဆိုခြင်းကစကား ပြောရာတွင်ချောမွေ့စေနိုင်သည်။
- တစ်နေ့လျှင် ၁၅-၂၀ မိနစ်ခန့် စာပိုဒ်များကိုအသံထွက်ဖတ်ပါ၊ စာဖတ်ရာတွင် အသံထွက်များကိုကြိုးစားပြီးမှန် မှန်ကန်ကန် ဖတ်ပါ၊ သုံးလခန့် ဆက်တိုက်ဖတ်လျှင်
ပါးစပ်ကြွက်သားများသန်မာပြီးစကားပြောရာတွင်အထောက်အကူပြုနိုင်သည်ကိုသုတေသနများတွင်
အတိအကျဖော်ပြထားသည်။
- အကြောင်းအရာတစ်ခုကိုလေ့ကျင့်ရာတွင်
မိမိ၏အသံကိုအသံဖမ်းပြီးပြန်လည်စ စ်ဆေးပါ၊ မူရင်းအသံများနှင့်ပြန်လည်စစ်ဆေးကာအမှားများကိုသတိထားပြီးမှန်သ ည်အထိအကြိမ်ကြိမ် အထပ်ထပ်
လေ့ကျင့်ပါ။ ပထမဆုံးအသံထွက်မှန်ရန်သာ ကြိုးစားပါ၊ အသံမှန်သောအခါ stress, intonation
များကိုဆက်လက်လေ့ကျင့်ပါ၊ လေ့ကျင့်ရာတွင်သတိပြုရမည်မှာ ကြားသည့်အတိုင်းဆိုပါ၊
ဤနေရာတွင် စာဖြင့်ဖော်ရသည်မှာအတန်ခက်ခဲပါသ ည်၊ ဥပမာအားဖြင့်
ယနေ့ခောတ်ကလေးငယ်များသည် 'Justin Bieber 'စသည့် ရေပန်းစားသည့်
အင်္ဂလိပ်သီချင်းများကို ကြားရများလာသောအခါ နားရည်ဝပြီးသီဆိုတတ်ကြသည်၊ သီဆိုရာတွင်
ပီပီသသမှန်မှန်ကန်ကန် သီဆိုနိုင်ကြသည်ကိုတွေ့ရသည်၊ ၎င်းကလေးငယ်များသည်
ကြားသည့်အတိုင်းလိုက်ဆိုသောကြော င့် ဖြစ်သည်။
အရွယ်ရောက်ပြီးသူများကမူနားကကြားသော်လည်း မူလအသံကိုမှန်ကန်ရန် မကြိုးစားဘဲ
မိမိအသံထွက်တတ်သလိုဆိုတတ်ကြသည်၊ ထိုအချက်ကိုသတိထားဆင်ခြင်ကြရမည် ။
- အင်္ဂလိပ်ဘာသာစကားသင်ကြားသောစာသင် ခန်းအပြင် ပတ်ဝန်းကျင်တွင်လည်းတတ်နိုင်သမျှ အင်္ဂလိပ်လိုသာပြောဆိုပါ၊
မိမိလေ့ကျင့်မှတ်သားထားသောစကားလုံး၊ ဝါကျများကို အင်္ဂလိပ်စကားပြောသည့် အချိန်တိုင်းတွင်
ထည့်ပြီးပြောပါ။
- ရိုးရိုးစကားပြောပုံစံများလေ့ကျ င့်ပြီးသောအခါ
မိန့်ခွန်းများ၊ သတင်းများအစရှိသည်ဖြင့်
လိုအပ်သည်များကိုအထက်ပါနည်းများ အတိုင်းဆက်လက်လေ့ကျင့်ပါ၊ စကားပြောဆိုရသည့်
အခြေအနေပြောင်းသည်နှင့်အမျှ ပြောရသည့်ပုံစံများပြောင်းလဲသွားသည်ကိုတွေ့ရလိမ့်မည်။
ဆိုလိုသည်မှာဈေးဝယ်ရာတွင် ပြောသည့်စကားပြော နှင့် ရုံးဋ္ဌာနများတွင်
ပြောသည့်စကားပြောပုံစံများ တူမည်မဟုတ်ပါ။ (စကားလုံးအသုံးအနှုန်း၊ လေယူလေသိမ်း၊
အထူးသဖြင့် ပြောဟန်ဆိုဟန်များ
မတူညီသည်ကိုဆိုလိုသည်)
အထက်တွင်ဖော်ပြခဲ့သောအကြောင်းအရာများကိုအခြေခံကာနေ့စဉ်မှန်မှန် လေ့ကျင့်လျှင်
အင်္ဂလိပ်ဘာသာစကားကိုအတိုင်းအတာတစ်ခုအထိမှန်မှန်ကန်ကန် ရှင်းရှင်းလင်းလင်း
ချောချောမွေ့မွေ့ပြောဆိုနိုင်ပါ လိမ့်မည်။ "The fastest way to learn anything is to do
again and again until to get it right."ဟူသောစကားအတိုင်းလိုချင် သည့် ပန်းတိုင်ကို
ရာက်သည်အထိ စိတ်ရှည်ရှည်ဖြင့်အကြိမ်ကြိမ်လေ့ ကျင့်ကာလမ်းကြောင်းမှန်ပေါ်တွင် လျှောက်လှမ်းနိုင်ကြပါစေကြောင်း ရေးသားလိုက်ပါသည်။
( “အင်္ဂလိပ်အဘိဓာန် အသုံးပြုနည်းလမ်းညွှန်” ဆောင်းပါးတွင် ချန်လှပ်ထားခဲ့သော Phonetic symbols များကို ယခု ဆောင်းပါးတွင်ရေးသားလိုက်ပါသည်။ )
Ref: SPOKEN – CONVERSATIONAL ENGLISH; A Resource Book for Teachers of English
- Myanmar Network
စကားပြောခြင်းဆိုသည် ပန်ကုံးတစ်ကုံးသီကုံးသည်နှင့် အလားသဏ္ဍာန်တူပါသည်။ ပန်းကုံးတစ်ကုံးသီကုံးရာတွင် ပန်းကုံးတွင်ပါဝင်သောအရာများကို
ပန်းကုံး = စကား
ပန်းပွင့် = ဝါကျ
ပွင့်ချပ် = စကားလုံး
ဆဲလ် = အသံ
အပ်ချည်ကြိုး = ပြောလိုသောအကြောင်းအရာ
ဖော်ပြပါဆက်စပ်မှု ပုံစံသည် ဘာသာစကားလေ့လာသူတိုင်းအတွက် စနစ်တကျလေ့လာသင်ယူရန် အထောက်အကူ ပြုနိုင်ပါသည်။ စကားပြောဆိုရာတွင် အရေးကြီးသည့် အခြေခံအကြောင်း (၂) ချက်မှာ ရှင်းလင်းပြတ်သားရန် နှင့် ချောမွေ့ပြေပြစ်ရန် ဖြစ်သည်။ ပြောစကားတွင် ရှင်းလင်းပြတ်သားမှုသည် အရေးကြီးသောအကြောင်းတစ်ချက် ဖြစ်သောကြောင့် အသံကိုစနစ်တကနားလည်လေ့ကျင့်ရန်လ
အသံ(Sound)
အင်္ဂလိပ်ဘာသာစကားတွင် အသံထွက်(pronunciation) နှင့် စာလုံးပေါင်း(spelling) ထပ်တူမညီသည်မှာ(၇၀)ရာခိုင်နှုန်း
စာလုံးပေါင်းပုံစံမတူဘဲအသံထွက်တ
- ဗျည်းသံများ(consonant sounds)
p pen, copy, tap
b back, baby, job
t tea, tight, knot
d day, ladder, odd
k key, school,clock
g get, giggle, dog
tʃ church, match, nature
dʒ judge, age, soldier
f fat, coffee, rough
v view, heavy, move
θ thing, author, path
ð this, other
s soon, cease, sister
z zero, music, roses, buzz
ʃ ship, sure, national
ʒ pleasure, vision
h hot, whole, ahead
m more, hammer, sum
n nice, know, funny, sun
ŋ ring, anger, thanks, sung
l light, valley, feel
r right, wrong, sorry, arrange
j yet, use, beauty, few
w wet, one, when, queen
ʔ (glottal stop) department, football
- သရသံများ (vowel sounds)
ɪ kit, bid, minute
e dress, bed, head
æ trap, bad
ɒ lot, odd, wash
ʌ strut, mud, love, blood
ʊ foot, good, put
iː fleece, sea, machine
eɪ face, day, break
aɪ price, high, try
ɔɪ choice, boy
uː goose, two, blue, group
əʊ goat, show, no
aʊ mouth, now
ɪə near, here, weary
eə square. fair, various
ɑː start, father
ɔː thought, law, north, war
ʊə poor, jury, cure
ɜː nurse, stir, learn, refer
ə about, common, standard
i happy, radiate, glorious
u thank you, influence, situation
n̩ suddenly, cotton
ဖိသံ(Stress)
အသံ၏အစိတ်အပိုင်းများတွင်ဗျည်းသ
ဥပမာ syl-la-ble အသံ(ဝဏ္ဏ) ၃-သံ
in-sti-tu-tion အသံ(ဝဏ္ဏ) ၄-သံ
၎င်းအသံ(ဝဏ္ဏ) များပေါ်တွင် ဖိသောအသံ(stress)ကို'အမှတ်အသာြး
စကား၏ဝတ္တရား(part of speech) အပေါ်တွင်မူတည်၍ stress ပြောင်းသွားတတ်ပါသည်။ အသံ-၂သံ ရှိသောစကားလုံးတစ်လုံးတွင် နာမ်(noun)ကိုပထမအသံတွင် ဖိရပြီး ကြိယာ(verb) ကိုဒုတိယအသံတွင် ဖိရသည်။
ဥပမာ noun verb
'object ob'ject
'convict con'vict
'import im'port
'record re'cord
ချွင်းချက် ad'dress ad'dress
'promise 'promise
'comment 'comment
ရှေ့ဆက်ပုဒ်(prefix) ပါဝင်သောအသံ(၂)သံရှိစကားလုံးမျာ
ရှေ့ဆက်ပုဒ်များဖြစ်သော a-, be-,re- စသည်တို့ပါဝင်သောအသံ(၂)သံရှိစကာ
e.g. a'loud a'rise a'loft
br'fore be'come be'hind
re'clim re'sent re'turn
နောက်ဆက်ပုဒ်(suffix) ပါဝင်သောစကားလုံးများ
ဖော်ပြပါနောက်ဆက်ပုဒ်များပါဝင်သ
e.g. (a) -eer engi'neer volunt'eer black marte'teer
(b) -iee addre'see pay'ee emplo'yee
(c) -ique uni'ique physi'que ob'lique
(d) -ain ob'tain enter'tain ascer'tain
(e) -esque pictu'resque gro'tesque bur'lesque
(f) -esec co'alesce
(g) -itis arthr'itis bron'chitis
(h) -ete de'lete comp'lete
(i) -aire question'naire million'naire
(j) -ette cigare'tte cass'ette
(k) -ade lemo'nade per'vade
(l) -ever when'ever how'ever
(m) -ese chi'nese bur'mese
(n) -esent ado'lesent efferve'sent
အသံအနိမ့်အမြင့် (Intonation)
စကားပြောဆိုရာတွင် ပိုမိုရှင်းလင်းနားလည်နိုင်စေရန
အသံထွက်သည် listeningအတွက်ရော speaking အတွက်ပါ အလွန်ရေးကြီးပါသည်။ အသံထွက်ကိုသတိမထားပါကနားထောင်ရာ
အသံ၏သဘောတရားများကိုနားလည်လျှင်
- Television, Video, News, Tape, CD, DVD စသည်များကိုအသုံးပြုကာNative speaker များ၏အသံများကိုတတ်နိုင်သမျှနား
- အင်္ဂလိပ်စကားပြောလေ့ကျင့်ရာတွင် တေးဂီတများသည်လည်းအလွန်ထိရောက်သ
- တစ်နေ့လျှင် ၁၅-၂၀ မိနစ်ခန့် စာပိုဒ်များကိုအသံထွက်ဖတ်ပါ၊ စာဖတ်ရာတွင် အသံထွက်များကိုကြိုးစားပြီးမှန်
- အကြောင်းအရာတစ်ခုကိုလေ့ကျင့်ရာတ
- အင်္ဂလိပ်ဘာသာစကားသင်ကြားသောစာသင်
- ရိုးရိုးစကားပြောပုံစံများလေ့ကျ
အထက်တွင်ဖော်ပြခဲ့သောအကြောင်းအရ
( “အင်္ဂလိပ်အဘိဓာန် အသုံးပြုနည်းလမ်းညွှန်” ဆောင်းပါးတွင် ချန်လှပ်ထားခဲ့သော Phonetic symbols များကို ယခု ဆောင်းပါးတွင်ရေးသားလိုက်ပါသည်။
Ref: SPOKEN – CONVERSATIONAL ENGLISH; A Resource Book for Teachers of English
- Myanmar Network
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။