Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, October 28, 2012

ကမ္ဘာကြီးကို ပြောင်းလဲ လိုက်သည့် မိုဘိုင်းဖုန်း ခေတ်ရေစီးကြောင်း


ဂရေဟမ်ဘဲလ် အစပြုခဲ့တဲ့ တယ်လီဖုန်းက ရွေ့လျားမိုဘိုင်းဖုန်း အဖြစ် ကနေ ယနေ့ခေတ် နေ့စဉ် လူနေမှု ဘဝရဲ့ မရှိမဖြစ် အရေးပါတဲ့ ထိပ်တန်း နည်းပညာ ပစ္စည်းတစ်ခုအဖြစ် နေရာယူ လာခဲ့ပါပြီ။ မိုဘိုင်းပစ္စည်း သုံးစွဲသူတွေရဲ့ မိုဘိုင်းအင်တာနက် သုံးစွဲမှု ကျယ်ပြန့်လာတာကလည်း လူတွေရဲ့ အသိအမြင် ဉာဏ်မျက်စိတွေကို ဖွင့်ပေးလိုက်သလိုမျိုး ရှာဖွေဖတ်ရှု လေ့လာစရာ များပြား စုံလင်လှတာကြောင့် မိုဘိုင်းဖုန်း၊ တက်ဘလက်များကို ကမ္ဘာကြီးရဲ့ ပြတင်းပေါက်များအဖြစ် တင်စားခေါ်ဝေါ် လာခဲ့ကြပါတယ်။ အာဖရိက ဒေသက နိုင်ဂျီးရီးယားလို ဖွံ့ဖြိုးဆဲနိုင်ငံမှာ လွန်ခဲ့သည့် နှစ်များက စတင်ကာ မိုဘိုင်းအင်တာနက် စတင် သုံးစွဲနိုင်ခဲ့ပေမယ့် သုံးစွဲသူ အများစုကတော့ အဖိုးနည်းအကြမ်းခံ Nokia ဖုန်းတွေကိုသာ သုံးစွဲကြတာကြောင့် မိုဘိုင်းအင်တာနက်ဈေးကွက် ကျယ်ပြန့်ဖို့ အတားအဆီး တစ်ခုသဖွယ် ရှိနေဆဲပါ။
၂၀၁၆ မှာ အာဖရိကရဲက Android အခြေပြု မိုဘိုင်းဖုန်း သုံးစွဲသူ သန်း ၂၀၀ ကျော် ရောက်ရှိလာလိမ့်မယ်လို့ ခန့်မှန်းချက်တွေကြောင့် မိုဘိုင်းသုံးစွဲမှုနဲ့ ဆက်နွယ်နေတဲ့ လူမှုစီးပွားရေး ကဏ္ဍတွေမှာပါ ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ပညာရှင်များက ယူဆထားကြပါတယ်။ "လာမယ့် ၁၀ စုနှစ် တစ်ခုမှာ လူကုံထံ အသိုင်းအဝိုင်းတွေသာ သုံးနိုင်တဲ့ ဇိမ်ခံပစ္စည်း မိုဘိုင်းဖုန်းဟာ အာဖရိက အခြေခံ လူတန်းစားတွေရဲ့ မရှိမဖြစ် ဖြစ်လာလိမ့်မယ်" လို့ အာဖရိကရဲ့ ဆင်းရဲတွင်းထဲက ရုန်းထွက်ဖို့ ထွက်ပေါက်ရှာနေရတဲ့ ရဝမ်ဒါသမ္မတ ပေါလ်ကာဂါမီက ၂၀၀၇ ခုနှစ်မှာ ထုတ်ဖော်ပြောကြားခဲ့တာပါ။ ၂၀၁၀ ပြည့်နှင့် အတွင်းမှာ ဖုန်းသုံးစွဲသူဦးရေ ၅၀ ရာခိုင်နှုန်းအထိ တိုးတက်များပြားလာခဲ့တဲ့ ရဝမ်ဒါ နိုင်ငံရဲ့ ဆက်သွယ်ရေး ကဏ္ဍကို တိုးမြှင့်နိုင်ခဲ့တာနဲ့အညီ မိုဘိုင်းဖုန်း အစွမ်းနဲ့ ရဝမ်ဒါ ပြည်သူတွေရဲ့ လူမှုဘဝတွေကိုပါ ပြောင်းလဲပုံဖော်နိုင်လိမ့်မယ်လို့ ရဝမ်ဒါခေါင်းဆောင်းပိုင်းကလည်း ယုံကြည် နေခဲ့ကြပါတယ်။
ဘဏ်လုပ်ငန်း
ကင်ညာနိုင်ငံမှာ ၂၀၀၇ ခုနှစ်က စတင်အကောင်အထည် ဖော်ခဲ့တဲ့ မိုဘိုင်းငွေလွှဲ ဝန်ဆောင်မှု M-PESA ကို ကင်ညာရဲ့ အကြီးဆုံး မိုဘိုင်းအော်ပရေ တာ Safaricom နဲ့ Vodafone တို့ ပူးပေါင်းဆောင်းရွက်ခဲ့တာ ဖြစ်ပါတယ်။ ကင်ညာလူဦးရေရဲ့ သုံးပုံတစ်ပုံဖြစ်တဲ့ ပြည်သူ ၁၅ သန်းခန့်ကို ဝန်ဆောင်မှု ပေးနိုင်တဲ့အပြင် ငါးနှစ်အတွင်း ကင်ညာနိုင်ငံ ထုတ်ကုန်တန်ဖိုး ဂျီဒီပီ (GDP) ရဲ့ နံပါတ်ငါး ချိတ်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဘီလ်ဂိတ်ဖောင်ဒေးရှင်းနဲ့ ကမ္ဘာ့ဘဏ်တို့ရဲ့ စစ်တမ်းကောက်ယူချက်အရ ကင်ညာနိုင်ငံ ဆူဒန်နဲ့ ဂါဘွန်ဒေသက အရွယ်ရောက်သူ ထက်ဝက်ကျော်ဟာ မိုဘိုင်းငွေချေစနစ်ကို သုံးစွဲနေကြကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ M-PESA ရဲ့ အောင်မြင်မှုက ကင်ညာနိုင်ငံမက တောင်အာဖရိက၊ နိုင်ဂျီးရီးယား တူနီးရှား နိုင်ငံတို့ကိုပါ မိုဘိုင်းဘဏ်လုပ်ငန်း ကျယ်ပြန့် ထွန်းကားလာခဲ့ပါတယ်။ ငွေစက္ကူအနံ့တွေကြားမှာ ရှင်သန်နေခဲ့ကြတဲ့ အာဖရိကရဲ့ လူနေမှု ဘဝတွေက မိုဘိုင်း ငွေချေမှုနဲ့အတူ တစ်မုဟုတ်ချင်း ပြောင်းလဲသွားခဲ့ပါပြီ။ စူပါမားကတ်မှာ ဈေးဝယ်မလား၊ လေယာဉ်လက်မှတ် ကြိုဝယ်မလား၊ ရေခြားမြေခြားက ဆွေမျိုးတွေဆီ ငွေလွှဲမလား၊ ဘာပဲသုံးသုံး မိုဘိုင်းပိုက်ဆံတွေကြောင့် အချိန်ကုန် လူမပန်းတော့ဘဲ လွယ်ကူသက်သာတဲ့ ဘဝတွေကို ဖန်တီးပေးနိုင်ခဲ့ပါပြီ။
အာရပ်နွေဦး တော်လှန်ရေး
၂၀၁၁ ခုနှစ်ရဲ့ ထူးခြားဖြစ်စဉ်တွေထဲက အာရပ်ကမ္ဘာမှာ အစပျိုးလိုက်တဲ့ နွေဦးတော်လှန်ရေး ဂယက်က အချိန်တိုအတွင်း မြောက်အာဖရိက တစ်ဝန်း ကူးစက်ပျံ့နှံ့ သွားခဲ့ပါတယ်။ အီဂျစ်နိုင်ငံမှာ မူဘာရက်အစိုးရကို ပြုတ်ကျစေခဲ့တဲ့ လူထုတော်လှန်ရေး မီးစပွား အလျင်အမြန် ပျံ့နှံ့သွားရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ မိုဘိုင်းဖုန်း ကွန်ရက်တွေ ဆိုရင် မမှားပါဘူး။ အရှိန်ကောင်းလာတဲ့ လူထု အုံကြွမှုကို တားဆီးလျှော့ချနိုင်ဖို့ မူဘာရက် အစိုးရက ၂၀၁၁ ဇန်နဝါရီမှာ နိုင်ငံတွင်း မိုဘိုင်းကွန်ရက် အားလုံးကို ဖြတ်တောက်ပိတ်ပင်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ခြေတစ်လှမ်း အသာရသွားတဲ့ လူထုလှုပ်ရှားမှုကြောင့် မူဘာရက် အစိုးရကို ဖြုတ်ချနိုင်ခဲ့သလို ကမ္ဘာတစ်ဝန်းကို ဆက်လက်ပျံ့နှံ့စေခဲ့ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ သုံးနှစ်ခန့်က ကင်ညာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို ရွေးကောက်ပွဲ အဖြစ်အပျက်တွေမှာ ကင်ညာပြည်သူတွေ အချင်းချင်း အပြန်အလှန် SMS ကနေ တစ်ဆင့် သတင်းအချက်အလက်များ ဝေမျှခဲ့ကြပြီး Ushaidi ပလက်ဖောင်းကနေ အင်တာနက် ဆာဗာပေါ်ကို တိုက်ရိုက် ပေးပို့နိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝန်းကို ဖြန့်ဝေနိုင်ခဲ့ပါတယ်။ ပွင့်လင်းမြင်သာမှုအားကောင်းလာတဲ့ ယနေ့ခေတ် ကမ္ဘာကြီးမှာ မိုဘိုင်းဆက်သွယ်ရေး ကဏ္ဍကြောင့် မျက်စိ၊ နားတွေပွင့်ကာ ကမ္ဘာကြီးက ရွာကြီးတစ်ခုသဖွယ် ဖြစ်ထွန်းလာခဲ့ပါတယ်။
ပညာရေး
တောင်အာဖရိကမှာ လူမှုကွန်ကနေ တစ်ဆင့် အောက်ခြေလူတန်းစားတွေအတွက် အခြေခံပညာ လက်တွေ့ကျကျ သင်ကြားတတ်မြောက်နိုင်ဖို့ ပညာရေး အစီအစဉ်ကို Nokia က အကောင်အထည်ဖော်ပေးခဲ့ပါတယ်။ Mxit လို့ အမည်ပေးထားတဲ့ လူမှုကွန်ရက်က သုံးစွဲသူ ၁၀ သန်းကျော်ကို Message တိုက်ရိုက် ပေးပို့ပြီး သင်္ချာဘာသာဆိုင်ရာ သင်ကြားမှုတွေကို မိုဘိုင်းဖုန်းတွေကနေတစ်ဆင့် သင်ကြားပို့ချပေးခဲ့ပါတယ်။ PC ကွန်ပျူတာတွေထက် ဈေးပေါပြီး သုံးစွဲသူဦးရေ များပြားလာတဲ့ မိုဘိုင်းဖုန်းတွေကနေ တစ်ဆင့် အသိအမြင် ဗဟုသုတများ တိုက်ရိုက် သင်ကြားပို့ချမှုက ထိရောက်မှု ရှိလှပြီး ပညာရေး အဆင့်အတန်းနဲ့ တိုက်ရိုက်အချိုးကျတဲ့ ဆင်းရဲမွဲတေမှုကိုပါ တိုက်ဖျက်နိုင်လိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။ နေ့စဉ်ဘဝ စားဝတ်နေရေးအတွက် ကျောင်းစာကို အချိန်မပေးနိုင်ဘဲ ပင်ပန်းရုန်းကန်နေရတဲ့ အာဖရိက ကလေးငယ်များအတွက် လူမှုကွန်ရက်သင်ခန်းစာများက ကျောင်းနေအရွယ်ကျော်လွန်မှုကို လျှော့ချပေးနိုင်ခဲ့ပါတယ်။
ဖျော်ဖြေရေး
၂၀၀၉ ခုနှစ် စတ်တမ်းကောက်ယူချက် တစ်ခုအရ နိုင်ဂျီးရီးယား ပြည်သူတွေရဲ့ နေ့စဉ်ဖျော်ဖြေရေး အစီအစဉ်တွေမှာ မိုဘိုင်းဖုန်းတွေရဲ့ အခန်းကဏ္ဍက အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ နှစ်သက်ရာ ရေဒီယို အစီအစဉ်များ ဖမ်းယူနားဆင်ခြင်း၊ တိုက်ရိုက် ရှိုးအစီအစဉ်များကို မဲပေးခြင်း၊ သီချင်းဓါတ်ပုံနှင့် ဗီဒီယိုများကို ဒေါင်းလုတ်ဆွဲခြင်းတို့ကို မိုဘိုင်းဖုန်းတွေကနေတစ်ဆင့် ရယူခဲ့ကြပါတယ်။ "အိတ်ကပ်ထဲက အာဖရိက ရုပ်ရှင်များ" လို့ ခေါ်ဝေါ်သမုတ်ခြင်း ခံရတဲ့ AfriNolly လို ရုပ်ရှင်ဇာတ်ကားဝန်ဆောင်မှု အစီအစဉ်များကို မိုဘိုင်းဖုန်းတွေပေါ်မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ မိုဘိုင်းအင်တာနက်ပေါ်ကနေ သီချင်း Ring Tone နဲ့ ခေါ်ဆိုမှု Tone တွေကို ဝန်ဆောင်မှုပေးတဲ့ မိုဘိုင်းဂီတ လုပ်ငန်းကလည်း ဒေါ်လာသန်းပေါင်းများစွာ ရှာဖွေပေးနိုင်တဲ့ အွန်လိုင်းစီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် အရှိန်အဟုန်နဲ့ ဆက်လက် လည်ပတ်လျှက်ရှိပါတယ်။ % ဘေးအန္တရာယ် ကာကွယ်ရေး % ယူဂန္တာပြည်တွင်းမှာ လူမှုကယ်ဆယ်ရေး လုပ်ကိုင်နေတဲ့ NGO အဖွဲ့အစည်း တစ်ခုက မိုဘိုင်းဖုန်း ကုမ္ပဏီများကို စုစည်းပြီး ရွှေ့ပြောင်းဒုက္ခသည်များကို စာရင်းဇယား စစ်တမ်းကောက်ယူရာမှာ အောင်မြင်မှု ရရှိခဲ့ပါတယ်။ ဒုက္ခသည် စခန်းတွေမှာ ရောက်ရှိခိုလှုံနေသူတွေရဲ့ ပျောက်ဆုံးနေတဲ့ ဆွေမျိုးသားချင်းတွေကို ပြန်လည်ရှာဖွေပေးနိုင်ဖို့ မိုဘိုင်းအချက်အလက်တွေက ကူညီပေးခဲ့ပါတယ်။ ဒါ့အပြင် ဒုက္ခသည်များရဲ့ ကိုယ်ရေး အချက်အလက်များကို အသေးစိတ်ပြုစုက NGO အဖွဲ့အစည်းများအကြား သတင်းအချက်အလက်များ အပြန်အလှန် ဝေမျှခဲ့ကြပါတယ်။ ၂၀၀၈ ခုနှစ် တောင်အာဖရိကတွင် ဖြစ်ပွားခဲ့သော လူမျိုးရေး ပဋိပက္ခအတွင်း ဖြစ်ပွားရာ တည်နေရာများကို အရေးပေါ် SMS ပေးပို့ကာ အချိန်မီ တိမ်းရှောင်နိုင်စေဖို့ သတင်းပေးပို့ ဖြန့်ဝေနိုင်ခဲ့ပါတယ်။
စိုက်ပျိုးမွေးမြူရေး
ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ လယ်သမား အများစုဟာ ဝမ်းရေးအတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူသူ များ ဖြစ်ပြီး ငွေကြေးရင်းနှီးမြှု ပ်နှံမှုနဲ့ ခေတ်မီနည်းပညာ သုံးစွဲနိုင်မှု မရှိကြပါဘူး။ စိုက်ပျိုးရေး နည်းပညာများ တိုက်ရိုက် ဝေမျှဖို့၊ ရာသီဥတု မိုးလေဝသ အခြေအနေ၊ ဈေးကွက်အပြောင်းအလဲများနဲ့ အသေးစားချေးငွေ ဝန်ဆောင်မှု အစီအစဉ်များကို လယ်သမားများထံ တိုက်ရိုက်ပေးပို့နိုင်စေဖို့ မိုဘိုင်းဖုန်းများက အလျင်မြန်ဆုံး နည်းလမ်းတစ်ခု ဖြစ်လာပါတယ်။ ကင်ညာနိုင်ငံ စိုက်ပျိုးမွေးမြူရေး စီးပွားကူးသန်းဌာနနဲ့ Safaricom ဆက်သွယ်ရေး လုပ်ငန်းတို့ ပူးပေါင်းမှု အစီအစဉ်ဖြစ်တဲ့ Sokini SMS 64 ပလက်ဖောင်းမှလည်း နေ့စဉ် ဈေးနှုန်းအပြောင်းအလဲများကို ရယူကြပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေးသမားများအတွက် M-Farm နဲ့ မွေးမြူရေးသမားများအတွက် iCow လို မိုဘိုင်း Application များကို သုံးစွဲကာ မိုဘိုင်းဖုန်းကို အကျိုးရှိရှိ အသုံးချလျက် ရှိပါတယ်။
ကျန်းမာရေး
၂၀၀၉ ခုနှစ်က နိုင်ဂျီးရီးယား ကလေးငယ် ၁၀၀ ခန့် သွားပိုးစား ကာကွယ်ဆေး သောက်သုံးပြီး အသက်သေဆုံး ခဲ့ကြ ပါတယ်။ ရေမခဲစေ တဲ့ ပျော်ဝင်ပစ္စည်း ပါဝင်တဲ့ ဆေးဝါး အတုတွေကြောင့် အသက်သေဆုံးခဲ့ရတာ ဖြစ်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများမှာ ၃၀ ရာခိုင်နှုန်း အထိ မြင့်တက်လာကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) ရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဆိုင်မွန်အမည်ရတဲ့ ဆေးကျောင်းသား တစ်ဦးဟာ အာဖရိက ဒေသတွင်း ဆေးဝါးအတုများရဲ့ အချက်အလက်များကို သုံးစွဲသူများ သိရှိနိုင်စေဖို့ နည်းလမ်းတစ်ခုကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဝယ်ယူသုံးစွဲမယ့် ဆေးဝါးအမှတ်တံဆိပ် ကုဒ်နံပါတ်ကို SMS ပေးပို့ရုံနဲ့ ဆေးဝါးအတုအစစ် ခွဲခြားပေးတာကြောင့် ဆေးဝါးတုများ အန္တရာယ်မှ အတန်အသင့် ကာကွယ်နိုင်ခဲ့ပါတယ်။ အာဖရိကမှာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေတဲ့ Impilo ၂၄ နာရီ ကျန်းမာရေး ဝန်ဆောင်မှုက အနီးစပ်ဆုံး ကျန်းမာရေး ဌာနများကို အချိန်မီသွားရောက်နိုင်အောင် ကူညီပေးပါတယ်။ ဖုန်းပြောဆိုရုံ သက်သက်မဟုတ်တော့တဲ့ မိုဘိုင်းဖုန်းက လူမှုနေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အခက်အခဲတွေကို ကူညီဖြေရှင်းပေးမယ့် စွယ်စုံသုံးနည်းပညာ ပစ္စည်းတစ်ခု ဖြစ်လာပါတယ်။ အနာဂတ်မှာ ပိုမိုပြီး ပြည့်စုံလာမယ့် လိုတရ မိုဘိုင်းဖုန်းများက လူတွေရဲ့ ဘဝတွေကို ဘယ်လို ပြောင်းလဲ ပုံဖော်ပေးမလဲ ဆိုတာ စောင့်ကြည့်ရင်ခုန်ချင်စရာ ကောင်းလှပါတယ်။
ကိုသန့် (မြောက်ဦး)
itTimes
 
http://yoyarlay.com/science-tech/mobile/31757-2012-10-23-06-57-01

 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။