Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 31, 2012

မနော်ဟရီ အတု

by Manor Hary on Tuesday, October 30, 2012 at 9:11am


၂၀၀၈ တုန်းက ဝတ္ထုတို အဟောင်းပါ။ Blog မှာလည်း တင်ပြီးသားပါ။ ခု စာအုပ်လုပ်ရင်း ပရုဖ် ပြန်ဖတ်ရင်း သတိရတာနဲ့ တင်လိုက်ပါတယ်။

ဇာတ်လမ်းကနေ့လည်ကစ တာပါ။ အဲဒါက ထင်တာလည်း ဖြစ်နိုင်တာပဲ။တကယ်တမ်းက ဘယ်တုန်းကတည်းက စနေမှန်း ဘယ်သူမှ သေချာသိမှာမဟုတ်ဘူး။
ဒါပေမယ့်….ဘာတတ်နိုင်လို့လဲ…လောကကြီးကဒီတိုင်းပဲ ရှိနေခဲ့တာ ကြာပဲကြာလှပြီ။ ပြဿနာစချိန်မှာ ALLY က City FM ရဲ့ creator တစ်ယောက်ဖြစ်တဲ့ စာရေးဆရာ၊ ကဗျာဆရာ ၊သီချင်းရေးဆရာ ၊ အသံဇာတ်ညွန်းဆရာ (လက်တောင်ညောင်းတယ်း( ) ဆရာကလေး ဧထက် က outdoor ထွက်ပြီးပြန်လာတယ်။ ကားက သူ့ကို လမ်းထိပ်မှာပဲ ရပ်ပေးခဲ့ပုံပဲ။ ၃၆ လမ်းထဲကိုလမ်းလျှောက်ဝင်လာတယ်။ အဲဒီမှာတင်..လမ်းထိပ် လ္ဘက်ရည်ဆိုင်မှာ၊ ဆရာဦးဟိန်းလတ်တို့၊ကိုရန်မျိုးသိန်းတို့နဲ့ထိုင်စကားပြောနေတဲ့ မနော်ဟရီ ကိုတွေ့
တာပဲ..။ ဧထက် နဲ့ မနော်ဟရီက ကျောင်းမှာတည်းကသူငယ်ချင်း။ကဗျာစာအုပ်တွေ အတူထုတ်ခဲ့ကြဖူးတယ်။ မနော်ဟရီ ရဲ့ “ပန်းလှေလမ်းခွဲ” ကဗျာစာအုပ်ကိုလည်း ဧထက် ပဲလုပ်ပေးခဲ့တာ..။
“ မနော်..မတွေ့တာကြာပြီ”
“ အေး…ဟုတ်တယ်..မအားတာနဲ့မရောက်ဖြစ်တာ…လာလေ..လ္ဘက်ရည်သောက်ဦး”
“ ဟင့်အင်း..ကျွန်တော် ခုမှ Outdoor ကပြန်လာတာ..နောက်မှတွေ့မယ်..”
“ အေး..အေး..သွား..သွား..”
ဧထက် ဆက်လျှောက်လာတယ်။ ပေါ်ပြူလာရှေ့ကအဖြတ်မှာ..အထဲက ကိုသျှီသူအောင်ကလှမ်းခေါ်တယ်။
“ကိုဧထက်..လာပါဦး”
ဧထက် အထဲကိုလှမ်းကြည့်တော့ မျက်လုံးပြူးသွားတယ်။
“ မနော်”
“ အေး..မနော်ရောက်နေတာနဲ့ လ္ဘက်ရည်ဆိုင်သွားမလားလို့လှမ်းခေါ်တာ”
ဧထက် မျက်မှောင်ကြုတ်သွားတယ်။ လမ်းထိပ်ကိုဖျတ်ကနဲ ပြန်ကနဲ ပြန်လှည့်ကြည့်မိတော့မလို့။
“ဟို..ခုနက..လမ်းထိပ်မှာတွေ့ခဲ့တာရော..”
“ဆရာ ဟိန်းလတ်လား ”
ကိုသျှီကမေးတယ်။ ဧထက်ခေါင်းကိုလိုတာထက် ပိုခါပြတယ်။
“မဟုတ်ဘူး..မနော် ..”
“ မနော်က..ဒီမှာလေ..”
“ ကျွန်တော့်ကို ကျော်လျှောက်သွားတာလား..ကျွန်တော့်ရှေ့ကသွားတာလား.
“.ဟာ ..ဒါလည်းမဟုတ်သေးပါဘူး..”
ဧထက် စိတ်အတော်ညစ်သွားတာကိုကြည့်ပြီး ကိုသျှီက ဘာမှနားမလည်ဘူး။ ရုံးခန်းထဲမှာ ကိုသျှီဆီရောက်နေတဲ့ ကိုသျှီ အမျိုးသမီး မနီလာနဲ့ ထိုင်စကားပြောနေတဲ့ မနော်ဟရီ ကတော့ အေးအေး ဆေးဆေးပဲ။ သူမဟုတ်သလိုပဲ..။ ပင်ပမ်းရတဲ့အထဲ..ဧထက် ဘာမှမပြောနိုင်တော့ဘူး.. ။ခေါင်းကို မသိမသာ ကုတ်ပြီး ပြန်ထွက်လာခဲ့တယ်။ ALLY ထဲ ၀င်မလို့လုပ်တော့ ဘေးကကပ်လျက် လ္ဘက်ရည်ဆိုင် ဘက်က လက်ခုပ်သံကြားလို့လှည့်ကြည့်မိတယ်..။မြတ်စွာဘုရား..။ဒီမှာလည်း မနော်ဟရီ တစ်ယောက်..။ ကိုလွမ်းဝေနိုင်နဲ့ စကားတွေပြောနေကြတာ..။ ထုံးစံအတိုင်း ရန်တွေဖြစ်လို့..။
“ လာဦးလေ..ဒီမှာ အဖွားကြီးရောက်နေတယ်”
ကိုလွမ်းဝေနိုင်ကို ခေါင်းပဲခါပြခဲ့သလား၊ ချာကနဲပဲ လှည့်ထွက်ခဲ့သလားတောင်မသိဘူး။ အင်း…ဧထက်လိုပါရမီထူးတဲ့လူမို့ပေါ့..။ မဟုတ်ရင် ကိုယ့်ကိုယ်ကိုရူးသွားပြီလို့တောင်
ထင်မိမှာ။ ကြည့်စမ်း…….မနော်ဟရီတွေ နည်းနည်းနောနောလား..။သုံးယောက်တောင် ဘယ်ဟာအစစ်လဲ….။တွေးရင်းကျောထဲကတောင် စိမ့်ချင်လာတယ်။ စိတ်ရှုပ်ရှုပ်နဲ့ ဖုန်းကိုကောက်ကိုင်ပြီး Idea တိုက်ကို ဖုန်းဆက်လိုက်တယ်။
“ မနော်ရှိလား ”
“ရှိပါတယ်..ဘယ်သူလို့ပြောပေးရမလဲ..”
မြတ်စွာဘုရား…။ရှိတယ်တဲ့…။
စိတ်ထဲကဘုရားတ နေတုန်းဖုန်းလာကိုင်တယ်။
“ ဧထက်ဆို…ပြော..၊ဘာစာအုပ်ရှာပေးရမလဲ၊ဘာလုပ်ပေးရမလဲ..” တဲ့။
လေသံကတော့ မနော်ဟရီ့လေသံပါပဲ။ထုံးစံအတိုင်းငေါ့တော့တော့နဲ့ ။အချိုးမပြေဘူး။
ခက်တာကဘယ်ဟာ မနော်ဟရီ အစစ်မှန်းမသိတဲ့အတွက် ပြောစရာစကားမရှိတော့
တာပါပဲ။ ဖုန်းကို“ဂွပ်”ကနဲနေအောင်ချပစ်လိုက်တယ်။
မကြာပါဘူး ။ တဆင့်စကားတဆင့်နားနဲ့ကြားရတော့တာပါပဲ..။ မနော်ဟရီတွေ…..မနော်ဟရီတွေ..။ ပွစာတက်နေတဲ့အကြောင်း….။ Ginzapan မှာလည်းမနော်ဟရီ တစ်ယောက်..။ မေဇော်တို့စုံတွဲရယ် ၊ဆရာမာဂျေရယ်နဲ့ စကားပြောနေတယ်တဲ့…။ ၄၉လမ်းက Lucky Seven မှာလည်း မနော်ဟရီတစ်ယောက်..။ ခင်လိမ္မာ တို့ သီတာစိုးတို့နဲ့ (ဘယ်လိုတွဲမိကြမှန်းမသိဘူး၊ဘာမှမဆိုင်တဲ့ သုံးယောက်လို့လူတွေကပြောကြတယ်.)။ ရွှေခရားကြီးမှာလည်းတစ်ယောက်…. ဝေမှူးသွင်၊ အကြည်တော်၊ လူပန့်ငယ်တို့နဲ့….။
“ဘုရား…ဘုရား ”ဆိုတဲ့အသံတွေပိုဆူလာတယ်။
“ခေတ်နေလေးတော့ဒုက္ခပဲ..”
“ အင်းလေ..သူ့အမေအစစ်ကိုသူခွဲတတ်ပါတော့မလား”
“အေးနော်..”
“ခေတ်နေကတော့..အမေပဲ..ခွဲတတ်မှာပါ..”
“ သူက ကလေးပဲ..”
ဝေဖန်သံတွေက ပိုဆူလာတယ်။ ဝေဖန်တာကပိုက်ဆံပေးပြီး မှတ်ပုံတင်ရတာမှ မဟုတ်တာ..။တချို့ကတော့ ဒီလောက်ပွစာတက်နေတဲ့ မနော်ဟရီတွေထဲမှာ..တစ်ယောက်ကတော့ အစစ်ဖြစ်မှာပဲလို့ ယုံကြည်ကြတယ်။ တစ်ယောက်မှ အစစ်မဖြစ်နိုင်ဘူး.. အစစ်က ပျောက်နေလောက်ပြီလို့ ယူဆတဲ့သူကယူဆတယ်။
“မနော်..တော့ဒုက္ခရောက်နေပြီလားမသိဘူး” လို့ ပါးစပ်ဖျားလေးနဲ့ ပူပင်ဟန်ပြပြီး ၀မ်းသာတဲ့သူက ကြိတ်ဝမ်းသာတယ်။ သူထွက်ပြေးသွားတာနေမှာပါလို့ မစ တဲ့သူကမစတယ်။ တခြားတစ်ယောက်ယောက်နဲ့ ရှိချင်ရှိနေမှာပေါ့လို့ အမနာပ ပြောတဲ့သူတွေကပြောတယ်။ ဇာတ်လမ်းလေးဆင်ပြီး သူများကို မကောင်းပြောတတ်တဲ့ သူတွေဆိုပိုဆိုးသေး..။ထွက်လာလိုက်တဲ့ ဇာတ်လမ်းမီးကျိုးမောင်းပျက်တွေ..။ သူတို့အရပ်နဲ့သူတို့ဇာတ်ဟာ ဒီလိုပါလားဆိုတာကို ကျောချမိမှပဲ သိရတော့တယ်။ အဲဒီမှာတင်…စာနယ်ဇင်းထဲက တချို့က. .ငါတို့စာနယ်ဇင်းတွေ အရေးကြီးရင် ဘယ်လောက်သွေးနီးတယ်ဆိုတာသိရအောင်တဲ့…။ Manorhary Operation ကိုစတင်ဖို့ လုပ်ကြတော့တယ်။
“ငါတို့စာနယ်ဇင်းတွေချည်းပဲလား…..တခြားရော”
“သူ့မိဘတွေ ဆွေမျိုးတွေလည်းခေါ်မှပေါ့”
“ သူ့မိသားစုက ဒီမှာမှမရှိတာ..”
“ သူ့သူငယ်ချင်းတွေရော..”
“ Idea တိုက်ကလူတွေလည်းခေါ်ရမယ်..”
“ ကိုမျိုးလာမှာပဲ..”
“ သူနဲ့သိသမျှလူတွေခေါ်ရမှာပဲ ”
“ အင်း…ဟုတ်တယ်..”
Operation အတွက်..Meeting လုပ်ဖို့လူစုတာတင် အတော်ကြာတယ်။ နေရာအကူအညီပေးတဲ့ ကိုနေမျိုးဆေးကတော့“ သိပ်ကြာလို့မဖြစ်ဘူးနော်”လို့သတိပေးတယ်။ ဟုတ်တယ်လေ… သူ့ Customer တွေရှိသေးတာကိုး..။
ဒီလိုလူစုနေတုန်းမှာတင်..မနော်ဟရီတွေက ဟိုတစ်ယောက် ဒီတစ်ယောက်…။အိမ်မှာမရှိတတ်တဲ့သူက အိမ်မှာလည်း Stand By ..။ ရုံးမှာလည်းမမိတတ်တဲ့သူက ရုံးမှာ
Stand By ။ ပွဲတွေတက်လေ့မရှိပဲနဲ့ ခုကျကာမှ ပွဲတိုင်းမှာတွေ့နေရသေးတယ်။ အချိန်တိုက်နေတောင် နှစ်နေရာလုံးမှာ ရှိနေတတ်တယ်တဲ့..
သူတို့ meeting စကြတယ်။
သဘာပတိကဆရာ ဦးဝင်းငြိမ်း နဲ့ ဦးမြတ်ခိုင်..။ အခမ်းအနားမှူးက ကိုမျိုး(ကြောင်နှစ်ကောင်)…သူကအခမ်းအနားမှူးလုပ်နေကျဆိုတော့…။ ဆရာဦးဝင်းငြိမ်းကတော့ပြောရှာတယ်။
“ ကျွန်တော်က သူ့ကိုသိပ်မသိဘူး…ဟိုတစ်ခါ..စာနယ်ဇင်းကာရာအိုကေပွဲမှာ ကိစ္စတစ်ခုလာတိုင်မှ သေချာတွေ့ဖူးတာ….ပြောကြ..ပြောကြ..သိတဲ့သူတွေပြောကြ..”
…..ဆိုပြီးကျန်လူတွေပြောဖို့လမ်းဖွင့်ပေးတယ်။
ပထမဆုံးစပြောတာက ကိုကျော်သီဟ (ဟင်္သာတ)…
“ ကျွန်တော်သိတဲ့မနော်ဟရီက လူမှုဆက်ဆံရေးညံ့တယ်..” တဲ့။
ကိုလွမ်းဝေနိုင်ကခေါင်းခါတယ်။
“ဘယ်ကလာ…စွာတာ..စွာတာ..” ……
လို့ဝင်ပြောတယ်။
ကိုသျှီကတော့မှတ်ချက်တစ်ခုကိုအားမနာပါးမနားချလေရဲ့။
“ အူတူတူနဲ့ပါ..” တဲ့။
ဇာတ်ညွှန်းဆရာ ကိုဇော်သက်ထွေးကတော့ ကိုလွမ်းဝေနိုင်ကိုထောက်ခံတယ်။
“ ဟုတ်တယ်…မနော် အစစ်က စွာတယ်..”
သူတို့ပြောတာတွေက လိုရင်းမရောက်ဘူး။ လူတစ်ယောက်ကိုရှာဖွေဖို့ လုံလောက်တဲ့ Character တွေမဟုတ်ဘူး..။ အဲဒါနဲ့ ဆရာဇော်ဇော်အောင် က စုံနံ့သာမြတ်သစ် ကိုရှာတယ်။ စုံနံ့သာမြတ်သစ် က ဒီဝိုင်းထဲကိုမလာဘူး။ လာခွင့်မရဘူးထင်ပါရဲ့။ အဲဒါနဲ့ သူ့ mobile phone ကိုပဲလှမ်းဆက်ရတယ်။ ဒါပေမယ့် အဆင်မပြေပါဘူး။ သူ…လုံးဝ(လုံးဝ)မအားလို့ ဒီအမှုကိုလက်မခံနိုင်ပါဘူးလို့ ငြင်းတယ်။ ဒါ့အပြင် ….
“ မနော် နဲ့မတွေ့တာကြာလို့ …မြင်ရင်တောင် မှတ်မိပါ့မလားမသိဘူး ”
လို့ပြောလို့ ဆရာဇော်တောင် စိတ်တွေတိုလို့…။
တချို့ကတော့ idea မှာလုပ်တာမို့ ကိုမျိုး(ကြောင်နှစ်ကောင်)ကို အဓိကထားပြီးမေးကြတယ်။ကိုမျိုးကလည်းသိသလောက်ဖြေရှာပါတယ်။ ( မဖြေနိုင်လို့မကောင်းဘူးလေ..
သူက အခမ်းအနားမှူးကိုး…း) )
“ မနော်ဟရီ အစစ်က ခေါင်းမာတယ်..လုပ်ချင်ရာလုပ်တယ်..တဇွတ်ထိုး..ကျေးဇူးမသိတတ်ဘူး…သိချင်တဲ့နေရာကျသိပြီး..မသိချင်ရင်လည်းတုံးနေပြန်ရော…” တဲ့။
ဒါလည်းသိပ်ပြီးထိထိရောက်ရောက်မှမရှိတာ…။တချို့ကတော့ ခပ်တည်တည်နဲ့ စာနယ်ဇင်းတွေထဲရောက်လာပြီး ထိုင်နားထောင်နေတဲ့သူငယ်ချင်းတချို့ ကိုပြောခိုင်းတယ်.
မသန္တာကလည်း သူ့သူငယ်ချင်းအကြောင်းကိုကောင်းကောင်းသိထားသူပီပီ..ကိုမျိုးလေသံအတိုင်း….
“ဟုတ်တယ်..သူက..တဇွတ်ထိုး..တဇောက်ကန်း..ပေတယ်..”….လို့မညှာမတာပြောတယ်။ သူ့မောင်ရဲကျော်စွာကတော့..သူ့ထုံးစံအတိုင်းမျက်နှာသေလေးနဲ့…
“ သူ့ကို အာဖရိက ကလူရိုင်းမျိုးနွယ်စုတစ်စုက ..လူဝါနတ်ဘုရားမအဖြစ်ကိုးကွယ်ကြတယ်။အဲဒီများထွက်သွားသလားမသိပါဘူး..”
. ..လို့ပြောတော့ အားလုံးအုံ့အုံ့ကျက်ကျက် အူကြောင်ကြောင်တွေဖြစ်ကုန်ကြရတယ်။ ပြီးရင် ..ထုံးစံအတိုင်း ရဲကျော်စွာတို့က တဖက်လှည့်ပြီးရယ်နေဦးမှာ။ ရဲကျော်စွာနားကို
ကက်ဆက်သေးသေးလေးတွေ အုံကျလာတယ်ဆိုရင်ပဲ အကြောင်းသိနေတဲ့ step က ဒီဇိုင်နာ မျက်မှန်ထူထူနဲ့မောင်မျိုးကျော်က သူ့သူငယ်ချင်း ရဲကျော်စွာကိုဆွဲထုတ် သွားလေရဲ့။
မန္တလေးဆေးတက္ကသိုလ်က လက်ထောက်ကထိက ဒေါ်ခင်သီတာဝင်း ကတော့ ရှုံ့မဲ့ပြီးပြောတယ်။
“ ဒီမိန်းမကဒေါသလည်းသိပ်ကြီးတာ၊စိတ်ကလည်းမြန်တယ်…ခုလည်းဘာတွေလုပ်နေတယ်မပြောတတ်ဘူး” တဲ့။
အဲဒီစကားကိုခပ်တည်တည်နဲ့ဝင်ထောက်ခံလိုက်တာက…အကြည်တော် ပါ။
“ ဟုတ်တယ်၊သူကစိတ်သိပ်မြန်တာ..ဒေါသကလည်းကြီးသေး..ရောဂါကလည်းထူတယ်…စိတ်တိုရင်အော်ပြီးဖုန်းကိုပစ်ချတတ်တယ်..။နှ လုံးရောဂါနဲ့သေပြီထင်တာပဲ..ဒါတွေက သူ့ဝိညာဉ်ကိုယ်ပွားတွေသရဲခြောက်တယ်ထင်တာပဲ..ခက်တာကတစ်ခုပဲရှိတယ်..”
“ ဘာလဲ ”
“ သူသေလို့ကျွန်တော်ကရယ်နေမိရင်ဘယ်ကောင်းမလဲ”
အကြည်တော့်စကားမို့ ရယ်ဖို့ပဲ ပြင်နေကြတဲ့သူတွေက ရယ်ကြပါတယ်။
“ ဝေမှူးသွင်” ကတော့မှတ်ချက်တစ်ခုကိုကြွစောင်းစောင်း၊ဆောင့်ကြွားကြွားနဲ့ဝင်ပေးတယ်။
“ မနော်ကမှတ်ဥာဏ်လည်းမကောင်ဘူး..ကျွန်တော့်ကောင်မလေးတွေကိုမှတ်မထားဘူး..မှားနှုတ်ဆက်မိရင်တာဝန်မယူဘူးနော်လို့ပြောတတ်တယ်..” တဲ့
“ ဘလိုင်းကြီး”
“ အင်းလေ..ငကြွား ”
အဲလိုကြိတ်ပြီး သြဘာပေးသံတွေတောင်ထွက်လာတယ်။
“လူပန့်ငယ်”ကတော့သူ့ဘေးမှာထိုင်နေတဲ့ “လင်းဆက်”ကိုလှည့်ပြောတယ်။
“ မနော်အစစ်က တော့ စကားနည်းတယ်၊ အချစ်ဝတ္ထုလည်းကောင်းကောင်းမရေးတတ်ဘူး…လူမှုရေးလည်းသိပ်မသိဘူး…”
လင်းဆက်က ခေါင်းတဆတ်ဆတ်ညိမ့်ရင်း ထောက်ခံတယ်။
ကိုရဲ(သစ္စာနီ)ကတော့..
“ သူကမေ့တတ်တယ်…စာမူပေးမယ်ဆိုတဲ့ရက်မှာတောင်မေ့ပြီးလာမယူတတ်ဘူး ” ..တဲ့။
ကျောင်းဆရာ (ဒီဇိုင်းမျိုးဆွေသန်း)က၀င်ပြောတယ်။
“ လူနဲ့အပူနဲ့မမျှတာပါကိုရဲ ရာ…” တဲ့။
တစ်ယောက်တစ်ပေါက် အသံတွေကလည်းလိုရင်းသာမရောက်တာ..ထွက်နေတုန်းပဲ။
“ မနော်ဟရီ က..ပျော့ညံ့တယ်..စိတ်နုတယ်..”
“ ဘယ်ကလာ..စိတ်မာတာ..ပြတ်သားတာ..”
“ သူ့ကိုအားပေးနှစ်သိမ့်တာမျိုး မကြိုက်တတ်ဘူး”
“ ဝေဖန်တာလည်းမခံချင်တတ်ဘူး”
“ ဒါကလူတိုင်းပါပဲ”
“ ကော်ဖီကြိုက်တယ်”
“ ခေါင်းကိုက်တတ်တဲ့ရောဂါရှိတယ်”
ဒါက တင်မိုးဝေရဲ့ အဆိုတင်သွင်းမှုပါ…။ ဒါပေမယ့်.. အထောက်အကူမရတဲ့အတွက် သဘာပတိတွေက ပယ်ချလိုက်ပါတယ်။ ထောင့်တစ်ထောင့်မှာ ငူငူငိုင်ငိုင်နဲ့ထိုင်နေတဲ့
မောင်သစ္စာ (သစ္စာပိုင်စိုး) ကတော့ သူ့ဘေးကမျက်မှောင်ကြီးကြုတ်ပြီး ထိုင်နေတဲ့ မျိုးကိုမျိုး ကိုပြောသလိုလိုနဲ့ ခပ်တိုးတိုးရေရွတ်တယ်။
“ ကျွန်တော်နဲ့ကမတွေ့တာကြာလှပြီ”
ပဉ္စမံဒီရိုင်းကတော့ လက်မြောက်အရှုံးပေးတဲ့ လေသံနဲ့…
“ ကျွန်တော်နဲ့ကကျောင်းတုန်းကတည်းကသိတာ။ဒါပေမယ့်သူ့ကိုပုံမဖော်တတ်ဘူး”တဲ့ ။ အေးရော..။
ခုမှ Mr Guitarထဲကို ပျာယိပျာယာနဲ့ဝင်လာတဲ့ ကိုကြွက်နီ (သိမ်းတင်သား)ကတော့ အစမရှိအဆုံးမရှိနဲ့ ပြောလေရဲ့။
“ သူကကျွန်တော့်ဆရာသမီးပါ..ကျွန်တော့်ဆရာသမီးပါ..”တဲ့။
ဒီ Information ကလည်းဘာမှသုံးလို့မရပြန်ပါဘူး။
နောက်ဆုံးကြံရာမရရင် တစ်နည်းနည်းနဲ့အားကိုးဖို့ ခေါ်ထားတဲ့ကိုဇာဏီ(ဆရာစံဇာဏီဘို)ကို ၀ိုင်းမေးကြရတော့တယ်။
“ ဒေါ်မနော်က ၁၄ဂဏန်းသမားဆိုတော့ temperance ပဲ..ဘယ်ပုံမဆိုချက်ချင်း ပြောင်းလဲပစ်နိုင်တာမို့..သူ့မှာပုံသေ characterမရှိဘူး..ရှာရခက်လိမ့်မယ်..”
အဲလိုပြောပြီးတားရော့ကတ်တစ်ကတ်ဆွဲတော့..Magician ကတ်ထွက်လာတယ်။ ဗေဒင်က၀ိကြီးကခေါင်းခါတယ်။ဘာမှမပြောဘူး။ Tarot card မြင်တော့ တချို့က
ဆရာဟိန်းလတ်ဆီချဉ်းကပ်သွားကြပြန်တယ်။
“ ဒီကိစ္စကြီးက..”
“ဘယ်လိုကြီးလဲ…”
ဆရာဟိန်းလတ်ကဒ်တွေလည်း အလုပ်တွေရှုပ်ကုန်တယ်။ အသံတွေကလည်းကျွက်စိကျွက်စိနဲ့ ပိုထူထပ်လာတယ်။ အဖြေကတော့ဟုတ္တိပတ္တိထွက်မလာဘူး။ ကိုနေမျိုးဆေးက နာရီတကြည့်ကြည့် လုပ်နေပြီ။ စာနယ်ဇင်းသမားတွေကလည်း သူတို့သိက္ခာကျမခံနိုင်တဲ့အတွက်..အရှုံးပေးဘို့ အစီအစဉ်ရှိပုံမပေါ်ဘူး။ တစ်ခုခုတော့ဖြစ်အောင်လုပ်မှ လို့တစ်
ယောက်ကိုတစ်ယောက် အကြည့်တွေနဲ့ လှမ်းပြောနေတယ်။
မနေ့တနေ့ကမှ ဒီလောကထဲရောက်လာပြီး မေးခွန်းတစ်ခွန်းမေးလို့မှ ကိုယ်မေးတဲ့သူ ဘယ်သူမှန်းရေရေရာရာမသိ၊ သိတဲ့တိုင် ဘာ ၀မ်းစာမှမပိုင်ဆိုင်ထားကြတဲ့ so called သတင်းသမားတွေ၊ အယ်ဒီတာတွေကလည်း ကက်ဆက်တကိုင်ကိုင်နဲ့ လူးလာခေါက်တုံ့ ပြေးလို့ကောင်းတုန်း။ ဟိုလူ့နားကပ်သွားလိုက် ဒီလူ့နားကပ်သွားလိုက်.. ။ပျောက်နေတဲ့
မနော်ဟရီ ဆိုတာ..လူလား ဆန်လား ကိနရီလားတောင်ကွဲပုံမပေါ်ဘူး။
“ ကဲ..ကဲ..ကဲ”
အောင်မြင်ခန့်ညားတဲ့ အခမ်းအနာမှူးရဲ့ အသံကြောင့် အသံတွေငြိမ်ကျသွားတယ်။ အဖြေတစ်ခုရပြီလားဆိုတဲ့အတွေးနဲ့ လှည့်ကြည့်ကြတာလည်းပါမှာပေါ့။ ဒါပေမယ့် အဲဒီ ငြိမ်သက်သွားတဲ့ အခိုက်အတန့်မှာ စကားဝင်ပြောလိုက်သူက အခမ်းအနားမှူး မဟုတ်ဘူး။ သူဘယ်သူလဲဆိုတာကို တစ်ယောက်ယောက်ကတော့ သိချင်သိမှာပေါ့။
ဒါပေမယ့် ..လောလောဆယ်အခြေအနေမှာက သူဘယ်သူလဲဆိုတာကအရေးမကြီးဘူး..။သူ..ဘာပြောမလဲဆိုတာက အရေးကြီးတာလေ..။
“ ပြင်ပလက္ခဏာတွေ၊သိပ္ပံနည်းကျအချက်မလက်တွေအရ..ကျွန်တော်တို့ဘာမှမလုပ်နိုင်ကြတော့ပါဘူး..”
” ဒါများ”
“ သူပြောမှလား”
ထုံးစံအတိုင်း ဝေဖန်သံတချို့က ကြိတ်ထွက်လာတယ်။ သဘာပတိကြီးနှစ်ယောက်က မျက်နှာထားနဲ့လှမ်းကြည့်ပြီး အခမ်းအနားမှူးက ခုံကိုခေါက်လိုက်တော့မှ..ပြန်ငြိမ်သွားတယ်။
“ သူပြောတာ ကျေးဇူးပြုပြီး နားထောင်လိုက်ပါဦး”
အခမ်းအနားမှူးရဲ့ စကားအဆုံးမှာ ..အဲဒီလူကစကားကိုဆက်တယ်။
“ အဲလိုနည်းတွေနဲ့မရတော့ဘူးဆိုရင်..တစ်ခုပဲကျန်ပါတော့တယ်”
“ ကဲ..ပြောပါဦး”
ဆရာဦးဟိန်းလတ်က စကားကိုဝင်ထောက်ပေးတယ်။
“နှလုံးသားနဲ့ရှာဖို့ပါ”
အုံးကနဲ အသံတွေပြန်လျှံထွက်လာတယ်။
“ ငပေါ”
“အေးလေ..ဘာလဲဟ..နှလုံးသားနဲ့တဲ့”
“အရေးထဲမှ..”
“ဘာဝင်ရှုပ်တာလဲမသိဘူး…..”
“ဒါရုပ်ရှင်ရိုက်နေတာမဟုတ်ဘူး”
ဒီတစ်ခါခုံထုရသူက သဘာပတိကြီးတွေပါ။
“ ကဲ..ရှင်းအောင်ပြောပါစေဦး..”
အဲဒီလူကတော့ အေးအေးဆေးဆေးပဲ..။ သူပြောချင်တာကို ဆက်ပြောတယ်။
“အဲဒီမနော်ဟရီဆိုတာ..ကျွန်တော်မသိပါဘူး… ဒီတော့ကျွန်တော်တော့ရှာလို့မရနိုင်ဘူး. .နှလုံးသားနဲ့ရှာဖို့ဆိုတာက..မနော်ဟရီကို နှလုံးသားနဲ့သိဖို့လိုပါလိမ့်မယ်”
“ မဖြစ်နိုင်တာ”
“ဟုတ်ပ”
အသံတချို့ထွက်လာပေမယ့်..သူကဆက်ပြောပါတယ်။
“ အဲဒီအတွက်..အသိနိုင်ဆုံးလူက..ခုလောလောဆယ်မှာ တစ်ယောက်ပဲရှိပါတယ်.. အဲဒါ..သူ့သား..ခေတ်နေ..ပါပဲ”
ဒီတော့မှ..အသံတိတ်သွားတော့တယ်။
ဆိတ်ဆိတ်နေခြင်းဟာ ဘာဆိုလား..။
“ ဒီလောက်အများကြီးဖြစ်နေတဲ့ မနော်ဟရီ အတုတွေထဲမှာ..အစစ်ကိုနှလုံးသားနဲ့ ရွေးနိုင်မှာသူပဲရှိနိုင်မယ်လေ..ကျန်တဲ့မိတ်ဆွေတွေတော့နောက်စာရင်းထဲတို့ထား
မှာပေါ့..။ ကဲကဲ..ဒီနေ့အစည်းအဝေးကိုဒီလောက်နဲ့ရပ်ပြီး နောက်နေ့မှ ခေတ်နေလေးကိုခေါ်ရအောင်..ဟိုမှာ ဆိုင်ရှင်ကနာရီတကြည့်ကြည့်ဖြစ်နေပြီ..”
အခမ်းအနားမှူးက အဲဒီလိုပြောပြီး ဘယ်သူ့ထောက်ခံချက်မှမယူပဲ. .ကိုနေမျိုးဆေးမျက်နှာတစ်ခုတည်းနဲ့ အခမ်းအနားကိုရုပ်သိမ်းပစ်လိုက်တယ်။ နောက်နေ့ကျရင်တော့ သူတို့ကလေးကိုခေါ်ပြီး ပွစာတက်နေတဲ့ မနော်ဟရီတွေကိုလိုက်ပြမှာလား၊ အဲဒီ မနော်ဟရီအတုတွေကို စုစည်းခိုင်းထားပြီး ခေတ်နေကိုရွေးခိုင်းမှာလား။ ဘယ်သူမှ သေချာ မသိသေးဘူး။ သူတို့ခေါ်တိုင်းရော..ခေါင်းကြောမာတဲ့ မနော်ဟရီတွေက လာမှာတဲ့လား..။ ဇာတ်ကတော့အတော်ကြည့်လို့ကောင်းဦးမှာပါ။
အကောင်းဆုံးအပိုင်းကတော့..နှလုံးသားနဲ့ရွေးချယ်မယ့်အပိုင်းပေါ့။
အကယ်၍များ..လွဲခဲ့သည်ရှိသော်..။
မလွဲခဲ့သည့်တိုင်…မရွေးနိုင်ခဲ့သည်ရှိသော်…
……………………….
ဇာတ်ကဘယ်လိုသိမ်းမယ်မသိသေးဘူး..။ကြည့်ကြသေးတာပေါ့…။

မနော်ဟရီ
၂၀၀၈ ၊ ရတီ မဂ္ဂဇင်း

စာကြွင်း။ ။ အမှန်က..အစစ်ကိုမတွေ့လို့လည်းးဘာမှမဖြစ်ပါဘူး။
သူမရှိလို့စာပေလောကကြီးဘာမှဖြစ်သွားမှာမှမဟုတ်တာ..။
(စာရေးသူ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။