Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 24, 2012

အေသင်ချိုဆွေနှင့်တွေ့ဆုံခြင်း

ပွဲတိုင်းလိုလို “တင်းတယ်တင်းတယ်” သီချင်းပဲ။ အခုအချိန်ထိ ဘယ်သွားသွား မရိုးသေးဘူး။ ပရိသတ်တွေနဲ့ စိတ်ချင်းတိုက်ဆိုင်လို့ ထင်တယ်။

ဝါရင့်အမျိုးသမီး အဆိုတော်တွေ သီဆိုထားတဲ့ သီချင်းဟောင်းတွေကို ပြန်ဆိုထားတဲ့ အေသင်ချိုဆွေရဲ့ “အနီးဆုံးလူ ... နမ်းမှာလား” အယ်လ်ဘမ်ထွက်ရှိလာတဲ့အခါ အရင်ဆိုဟန်တွေကို မမီဘူးလို့ ဝေဖန်သံတွေရှိသလို တစ်ဖက်မှာလည်း အားပေးမှုတွေ ရရှိထားပါတယ်။ အဲဒီအယ်လ်ဘမ်ထဲကမှ “နေရာတိုင်းမှာ” သီချင်းနဲ့ ပရိသတ်တောင်းဆိုမှု အများဆုံးအဖြစ် ရွှေအက်ဖ်အမ်က ချီးမြှင်တဲ့ဆုကိုလည်း လောလောလတ်လတ် ရရှိထားတဲ့ အေသင်ချိုဆွေနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

အေသင်ရဲ့ “အနီးဆုံးလူ..နမ်းမှာလား” စီဒီက ပရိသတ်အားပေးမှုရခဲ့တယ်လေ။ အခုဆိုအဲ့ဒီခွေနဲ့ ဆုရခဲ့တယ်နော်။ အစက ဗီစီဒီမရိုက်တော့ဘူး ဆိုပြီးအခု ပြန်ရိုက်ဖြစ်တော့လည်းကိုယ်တိုင်ထုတ်လုပ်သူ မလုပ်ဖြစ်တာက။

အဲ့ဒါမရိုက်တော့ဘူးဆိုတာ သီချင်းတွေက နည်းနည်းရိုးတယ်လေ။ ဘယ်လိုရိုက်ရမယ်ဆိုတာ အေသင်စဉ်းစားတာ ဘယ်လိုမှ စဉ်းစားလို့ မရဘူး။ အဲ့ဒီတော့ ကိုယ့်ဘာသာကိုယ် ဒီအခွေမထွက်ဘဲနဲ့ သီချင်းခွေအသစ်ကိုမျှော်နေတဲ့ ပရိသတ်ကရှိတော့ အေသင်က အသစ်ပဲထုတ်တော့မယ်ဆိုပြီးတော့ လုပ်လိုက်တာ၊ ကြားထဲမှာ ပရိုဂျူဆာ မညိုမာကကမ်းလှမ်းလာပြီး သူထုတ်မယ်ဆိုတာနဲ့ ထုတ်ဖြစ်သွားတာ။ အမှန်တကယ် ပရိုဂျူဆာရှိလို့ ထုတ်ဖြစ်သွားတာပါ။

မမျှော်လင့်ဘဲ ပရိုဂျူဆာကြောင့် ဗီစီဒီထုတ်ခွင့်ရတော့ အေသင်ဝမ်းသာနေမှာပေါ့။

အဓိက ပရိသတ်တွေကြောင့်ပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီခွေက ပေါက်ထားတဲ့အတွက် အားလုံးကထုတ်စေချင်တယ်။ ပရိုဂျူဆာရှိလာတဲ့အခါကျတော့ ဘာပဲဖြစ်ဖြစ် ဝမ်းသာတာပေါ့နော်။ ပရိသတ်အတွက်လည်း ဝမ်းသာစရာတစ်ခုပါပဲ။ အေသင်လည်း ပရိသတ်အတွက် ဗီစီဒီထုတ်ခွင့်ရတဲ့အတွက် စိတ်ထဲမှာ ပျော်လည်းပျော်တယ်။ ဒီတစ်ခွေလုံးကို ကိုဇေပါရိုက်တာ။ ကိုဇေပါနဲ့က တိုင်ပင်လို့ကောင်းတယ်လေ။

ညီမဆံပင်ကို တစ်ခေါင်းလုံး ရွှေအိုရောင်ဆိုးဖို့ ဘယ်လိုအိုင်ဒီယာရသွားတာလဲ။

အေသင်က ဆိုးချင်တာကြာပြီ။ အေသင်က ဘိုမလေးတွေဆို အရမ်းကြိုက်တယ်။ အင်္ဂလိပ်မလေးတွေ သူတို့ရဲ့ အရောင်လေးတွေက ဒီလိုအရောင်လေးတွေ အရမ်းချစ်ဖို့ ကောင်းတယ်။ မျက်နှာလေးကအစ နုသွားတာပေါ့နော်။ ဆိုးချင်တာ မြန်မာနိုင်ငံမှာကျတော့ ကားရိုက်ရှိတာနဲ့ဘာနဲ့ အမေကလည်းမဆိုးခိုင်းဘူး။ ဆိုးရင်လည်း ဆံပင်ပျက်စီးမှာတဲ့။ ဆိုင်တွေက မဆိုးပေးဘူး။ အဲ့ဒါ ကိုရီးယားရောက်တော့ နန်းဆုနဲ့အေသင် နှစ်ယောက်သား ဆံပင်သွားဆိုးလိုက်ကြတာ။

သွားခဲ့တဲ့ ခရီးက ကိုရီးယားနိုင်ငံမှာ ဖျော်ဖြေတာ ပထမဆုံးလို့ သိရတယ်။ ပရိသတ်ကို အတွေ့အကြုံလေးတွေ ဝေမျှပေးပါဦး။

ကိုရီးယားမှာ အစစအရာရာအဆင်ပြေပါတယ်။ အဆင်ပြေတယ်ဆိုတာ ပွဲလုပ်တဲ့ ကန်ထရိုက်တွေက အရမ်းသဘောကောင်းတယ်။ သူတို့က အကုန်လုံးလိုက်ပို့ပေးတယ်။ တော်တော်လည်ပတ်ခဲ့ပါတယ်။ တော်တော်လည်း ပင်ပန်းခဲ့တယ်။ ဒါပေမဲ့ ပင်ပန်းရကျိုးနပ်ပါတယ်။ နေရာအစုံရောက်ခဲ့တယ်။

ကိုယ် ဟိုး အရင်က အခုအချိန်အထိ ကြိုက်နေဆဲ ပြည်တွင်း၊ ပြည်ပ အနုပညာရှင်တွေက ဘယ်သူဖြစ်မလဲ။

ပြည်ပမှာဆို အေသင်အရမ်း ခရေဇီဖြစ်တာ နှစ်ယောက်ရှိတယ်။ ပထမက ဘရစ်တနေစပီးယား၊ ဘီယွန်းဆေး သူတို့နှစ်ယောက်က အေသင်ရဲ့ ဟီးရိုးလို့ပြောလို့ ရတယ်။ ပြည်တွင်းမှာဆိုလို့ရှိရင် ဟိုးအရင်ထဲက ကြိုက်တာဆိုရင် မတင်ဇာမော်ကို ကြိုက်တယ်။ မဖြူဖြူကျော်သိန်း၊ အခုနောက်ပိုင်းဆို မချမ်းချမ်း ကြိုက်တယ်။ အန်တီမေဆွိ၊ အန်တီဟေမာတို့ရဲ့ သီချင်းကို အေသင် နားထောင်တာ တော်တော်များပါတယ်။

အေသင်ရဲ့ အရင်ဖက်ရှင်ပုံစံက ခပ်မိုက်မိုက်စတိုင်လေးတွေ၊ အခုနောက်ပိုင်းဖက်ရှင်က မိန်းကလေးဆန်တဲ့ ဖက်ရှင်တွေဝတ်တာ များလာတယ်နော်။

အေသင်က ယောက်ျားလေးလို နေတာများတယ်။ တကယ်ကြိုက်တာကျတော့ အဲလိုမျိုးလေး အနုအရွထက် မိုက်တဲ့ဘက်ကို ပိုကြိုက်တယ်။ မိုက်မိုက်ခပ်မာမာထန်ထန်ကို ပိုကြိုက်တယ်။ နောက်ပိုင်းကျတော့လည်း မြန်မာပြည်ရဲ့ ရေစီးကြောင်းအရ တစ်လိုင်းတည်း မရဘူး။ လိုင်းပေါင်းစုံ လုပ်ရမယ်ဆိုပြီ လုပ်ဖြစ်လာတာပါ။

ဝတ်နည်းနည်းပြန်တက်လာတယ်နော်။ ဝိတ်ပြန်မထိန်းတော့ဘူးလား။

ခန္ဓာကိုယ်ကတော့ ဆက်လက်ထိန်းသိမ်းသွားမှာပါ။ ခန္ဓာကိုယ်က တက်လွယ်၊ ကျလွယ်ဆိုတော့ ခရီးသွားပြီး ပြန်လာရင် အစားမှန်၊ အအိပ်မှန် ပင်ပန်းရင်အေသင် ပိုပြီးတော့ ဝတယ်။ အိမ်မှာနေရင်တေ့ လေ့ကျင့်ခန်းလုပ်ဖြစ်တော့ သိပ် မတက်ဘူး။

၂၀၁၂ က အေသင်အတွက် အပြောင်းအလဲများတဲ့နှစ်လို့ ပြောလို့ရလား။ သီတင်းကျွတ်လည်း နီးပြီဆိုတော့ သီတင်းကျွတ်ကာလမှာ ဘယ်လိုအစီအစဉ်တွေလုပ်ဖို့ စီစဉ်ထားလဲ။

သီတင်းကျွတ်ကတော့ ပွဲတွေပဲ ရှိပါတယ်။ ဒါတွေနဲ့ပဲ လုံးပန်းသွားရမှာ။ တန်ဆောင်မုန်းလပြည့်မှာ အေသင် “အနီးဆုံးလူ..နမ်းမှာလား” ဗီစီဒီကို ပရိုမိုရှင်းလုပ်မယ်။

ရှိုးပွဲတိုင်းမှာ ပရိသတ်က“တင်းတယ် ..တင်းတယ်” သီချင်းကို အမြဲတောင်းတုန်းပဲလား။

ပွဲတိုင်းလိုလို “တင်းတယ်တင်းတယ်” သီချင်းပဲ။ အခုအချိန်ထိ ဘယ်သွားသွား မရိုးသေးဘူး။ ပရိသတ်တွေနဲ့ စိတ်ချင်းတိုက်ဆိုင်လို့ ထင်တယ်။

ကိုရီးယားအဆိုတော် PSY ရဲ့ ဂန်နမ်စတိုင်သီချင်းက ဂင်းနစ်စံချိန်တောင် ကျော်သွားတယ်။ တစ်ကမ္ဘာလုံး အားပေးမှု ရနေတယ်လေ။ မြန်မာပြည်မှာလည်း ခေတ်စားနေတယ်။ အေသင်ရော အဲဒီ့အဆိုတော်ကို အားမကျဘူးလား။

အားကျမိပါတယ်။ သူကတော်တော်လည်း ကြိုးစားထားပါတယ်။ သီချင်းဆိုတာတော့ တော်တော်ကြာပြီ။ ဒါပေမဲ့ အခုမှ သီချင်းတစ်ပုဒ်ထဲနဲ့ နာမည်ကြီးသွားတာ။ သူကတာလေးကြည့်လိုက်ရင် အရမ်းပေါ့ပါးတယ်။ သူခန္ဓာကိုယ်နဲ့တောင် မလိုက်ဘူး။ အရမ်းကြိုက်တယ်။ ကြည့်မိတော့ ကိုယ်တောင်လိုက်ကမိတယ်။ ကြိုက်လည်း ကြိုက်တယ်။

သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီးတော့ အေသင် ဘာတွေလုပ်ဖို့ရှိလဲ။

အခုလောလောဆယ် အေသင် ကားရိုက်လက်မခံသေးဘူး။ ဒီဆံပင်ကြောင့်လည်း ပါတယ်။ ဒီဆံပင်နဲ့လည်း အေသင်သီချင်းတွေ ဆိုချင်သေးတယ်။ အဲ့ဒီအခါကျတော့ လက်မခံဖြစ်ဘူးပေါ့နော်။ လက်ခံဖြစ်ရင် ကိုယ့်အတွက် လုပ်ကွက်ကျန်မယ့် ဇာတ်လမ်းမျိုးပေါ့။

Credit: ကြူကြဟန် (7Day News Journal)
http://www.planet.com.mm/news/read.cfm/id/20186 မှ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။