by Win Ko on Friday, October 26, 2012 at 7:27pm
မနက်လင်း အိပ်ရာနိုးသည်နှင့်
သားနှစ်ယောက်ဘဝရှေ့ရေးအတွက် ဇနီးသည်နှင့် စကားအခြေအတင် ဖြစ်ရသည်က နေ့စဉ်ရက်
ဆက်ဖြစ်နေပြီ။ ဒုက္ခသည်စခန်းထဲကို ၂၀၀၆ ခုနှစ်
စက်တင်ဘာ ၁၉ ရက်နေ့က ဒုတိယအကြိမ် စတင်ဝင်ရောက်ခဲ့ရပြန်သည်။ ထိုအချိန်က သားကြီး ၎
လသားသာ ရှိသေးသည်။ ယခုသားကြီးအသက်က ၇ နှစ်အတွင်း၊ ဒုတိယမွေးသည့် သားငယ်အသက်က ၎
နှစ်အတွင်း ချဉ်းနင်းဝင်ရောက်ခဲ့ပြီးဖြစ်သည်။
အတူတကွ ဒုက္ခသည်အဖြစ် ခံယူခဲ့ကြသည့်
မိတ်ဆွေအပေါင်းအသင်း တော်တော်များများ တတိယနိုင်တခုခုသို့
ခိုလှုံခွင့်ရရှိသွားခဲ့ကြပြီ ဖြစ်သည်။ ကံတရားဖေးမမှုမရှိသော ကျနော့်မိသားစုနှင့်
ကျန်လူအနည်းစုသာ အနာဂတ်ကို ကြိုလင့်တမ်းတနေရဆဲ။
သားကြီးက အမေးအမြန်းထူသည်။
“ဘဘ ဦးလူဗိုလ်လည်းသွားပြီ၊ မနက်ဖြန်ကျရင် ဘဘ
ဦးထူးအောင်တို့လည်း သွားတော့မယ်။ သားတို့က ဘယ်တော့ သွားရမှာလဲ ဖေဖေ” လို့
မေးလိုက်တဲ့စကားက ရင်ဝမီးစနှင့် အထိုးခံရသည်ထက် အဆပေါင်း များစွာ
သာမည်ထင်သည်။
သူတို့ဘဝ အနာဂတ်အတွက် ဖြေဆိုခွင့်တွေ
ကျနော့်မှာကုန်ဆုံးသွားပြီလား ဆိုတာတော့ ကျနော်မသိတော့။ နိုင်ငံမဲ့သည့် ဘဝကို
ကျနော်ကိုယ်တိုင် ပိုင်ဆိုင်ခဲ့ရသည်။ သားတို့ဘဝမှာတော့ အမိနိုင်ငံတော်
တခုခုကိုပိုင်ဆိုင် ခွင့် ရရှိစေချင်သည်။ သူတို့ နှစ်ယောက်ဘဝကို အကောင်းမွန်ဆုံး
ပုံဖော်ပေးချင်သည့်ဆနကို ချုပ်တည်းလို့ မရ။ ခက်နေသည်က ဒုက္ခသည်။ ဘဝတွေကို
ဝကွက်အပ်ထားကြရသည်။ ကိုယ့်အနာဂတ် ကိုယ်ဖန်တီးပိုင်ခွင့်မရှိ။ မွန်းကျပ်မှု
ဒဏ်ရာဒဏ်ချက်တွေက နေ့စဉ်နှိပ်စက်ခံနေကြရသည်။
သားကြီးနှင့် သားငယ်က အမူအကျင့် မတူကြ။ သားကြီးက
မျက်နှာဝိုင်းဝိုင်း၊ အသားဖြူဖြူ၊ ဝဖိုင့်ဖိုင့်။ စာတော်သလို ဘာသာရေးလည်း
ကိုင်းရှိုင်းသည်။ မိဘအယုအယကို နှစ်သက်မြတ်နိုးသလို ကြမ်းတမ်းစွာ ကိုင်တွယ်လို့မရ၊
ချော့မြူပြောဆိုခြင်းကို နှစ်သက်သည်။ နှလုံးအားနည်းသောကြောင့် ဝမ်းနည်းသောအခါ
မေ့မြောသွားတတ်သည့်အတွက် အမြဲသတိထား စောင့်ကြည့်နေရသည်။ သားကြီးက ထမင်းအဖြူကိုသာ
စားတတ်သည်။ အသားငါးနှင့် အသီးအရွက်ကိုတော့ ကျွေးမွေးလို့မရ။ ရွံ့မုန်းနေသည်။
ဆီဆားနှင့် နယ်ဖတ်ကျွေးသော်လည်း မစား။ ထမင်းအဖြူသည်သာ သူ့အားထားရာ ဖြစ်နေသည်။
သို့သော် မုန့်ဆိုလျင် တော့ စားသည်။ မုန့်မစားရသော နေ့ရက်များတွင်
ငေးမှိုင်ထိုင်းမှိုင်းနေတတ်သည်။
အလုပ်လက်မဲ့ ဒုကသည်ဘဝမှာ ဝင်ငွေရှာရန်
ခက်ခဲသော်လည်း သူတို့အတွက် ရုန်းကန်ရှာဖွေကျွေးမွေး ရသည်။
သားငယ်ကတော့ လူတမျိုးဟု ဆိုရမည်။ ပါးလ်လ်
ကိုယ်ဟန်က နွဲ့နွဲ့၊ ၃ နှစ်ကျော်ကျော်သာ ရှိသေးသော်လည်း စကားပြောရာတွင်
ပိုင်နိုင်ချက်ချာသလို ဇွတ်လုပ်တတ်သည့်အကျင့် ရှိနေသည်။ လိုချင်လျင် မရမက ယူတတ်
သည်။ သတ္တိ ကောင်းသည်။ သားငယ် လူ့ဘဝထဲ ရောက်ပုံကလည်း ဒုကသည်စခန်းတခုလုံး အံ့သြရသည့်
အဖြစ် ဖြစ်ခဲ့ဖူးသည်။
သားကြီးနှင့် ကျနော်တို့ဇနီးမောင်နှံ
အမေရိကန်နိုင်ငံ အခြေချနိုင်ရေးအတွက် သံရုံးအင်တာဗျူး ဝင်ကြရသည်။
အင်တာဗျူးပြီးဆုံးသောအခါ ကျန်းမာရေးအတွက် ထိုင်းနိုင်ငံ ပုဂ္ဂလိက ဆေးရုံကြီးတခုတွင်
ကျွမ်းကျင်သော ဆရာဝန်ကြီးများနှင့် ဆေးစစ်ကြရပြန်သည်။ သွေးဖောက်၊ ကိုယ်ဝန်စစ်၊
အဆုတ်နှင့်ပတ်သက်သော ရောဂါ၊ ကင်ဆာ အဖုအကျိတ်၊ ဓာတ်မှန်ရိုက်၊ သလိပ်ထွေး၊ မျက်စိနာ
စသည့် ရောဂါမျိုးစုံကိုရှာဖွေကြသည်။ ဆေးစစ်ချက် မှတ်တမ်းထွက်လာသောအခါ ကျနော်တို့
မိသားစုအားလုံး အကြွင်းမဲ့ရောဂါများမှ ကင်းလွတ်ခွင့် ရရှိခဲ့သည်။ အခြေချခွင့်ရမည့်
နေ့ရက်ကိုသာ စောင့်မျှော်ရန်ရှိတော့သည်။
ကံကြမ္မာ ချားရဟတ်က တဆစ်ချိုး
ပြောင်းသွားခဲ့ပြန်သည်။ ဆေးစစ်ပြီးပြန်လာလို့ ၄ လကျော်သော နေ့တနေ့၊ ဇနီးသည်
ဗိုက်အောင့်သည် ဆိုသဖြင့် အိမ်နီးနားချင်းတို့ကို အကူအညီတောင်းခံပြီး
ဆေးရုံသို့ပို့ဆောင်ရန် ပြင်ဆင်ကြရသည်။ ဆေးရုံကုတင်ပေါ်သို့ ရောက်သောအခါ
စမ်းသပ်ရန်အတွက် ဝမ်းဗိုက်ကို လှန်လိုက်သည်နှင့် အကုန်လုံး အံ့အားသင့်ကုန်သည်။
ဝမ်းဗိုက်မှာ သာမန်မဟုတ်တော့။ အလိပ်လိုက် အလိပ်လိုက် ဖောင်းကြွပြီး မြင့်မောက်
စူတက်လာသည်။ ကြောင်အမ်းအမ်းဖြစ်နေကြသည်။ ထိုစဉ် ဆရာမတဦးမှ သတိဝင်လာပြီး
“ကလေးမီးဖွားချင် တဲ့လကဏာဖြစ်မယ်။ သားဖွားဆေးရုံ အမြန်ပို့ကြ” ဟု ညွှန်ကြားမှ
သတိဝင်ကာ သားဖွားဆေးရုံသို့ပို့ရန် လှည်းပေါ်တင်ကာ အပြင်းတွန်းသွားကြရသည်။
ဆေးရုံ ကုတင်ပေါ်သို့ ဇနီးသည်ရောက်သွားသော်လည်း
ကျနော်က တွေဝေနေဆဲပင်။ လစဉ်မိန်းခလေးသဘာဝ စီးဆင်းခဲ့သည်။ ဗိုက်သားကလည်း
ပုံမှန်အမျိုးသမီး အတိုင်းပင် ဖြစ်နေသည်။ သွေးလုံးလေလုံး သို့မဟုတ် ရုပ်ရှင်ထဲကလို
အကောင်တွေများထွက်လာလေမလား စသည့်အတွေးတို့ဖြင့် လှိုင်းတံပိုးထနေခဲ့သည်။
သားဖွားဆရာမတို့ကလည်း ကိုင်ရန်မဝံ့မရဲ ခပ်အန်းအန်း။ အခြေအနေက သိပ်မကြာလိုက်
ညှစ်ချင်တယ်ဟု ပြောရုံရှိသေးသည်။ ကလေးခေါင်းက ပြူထွက်လာခဲ့ ပေသည်။ မကြည့်ရဲ။
မျက်နှာကို တဖက်လွှဲ ထားသည့်ကျနော်၊ ကလေးငိုကြွေးသံ ကြားနေရသော်လည်း ရင်မှာ
တလှပ်လှပ်၊ အမျိုးအမည် မသိရသော စိတ်ဝေဒနာတခုက လွှမ်းခြုံထားခြင်း ခံနေရသည်။
“ဟယ် ယောက်ျားလေးဟဲ့.. ကိုယ်လက်အင်္ဂါလည်း စုံတယ်၊
ချစ်စရာလေး သုံးကီလိုခွဲကျော်ကျော် ရှိတယ်၊ တကယ့်ကို အံ့သြဖွယ်
အပေါင်းနဲ့ပြည့်စုံပါတယ် အဖဘုရားသခင်” သားဖွားဆရာမလေး ပြောသံကြားမှ စိတ်သက်သာရာ
ရရှိခဲ့သည်။ ကလေးကို ပတ်ရန် အနှီးတောင်းတော့ အနှီးမရှိ၊ “ဆရာမတို့ရယ်
ဆေးရုံမှာရှိတဲ့ စောင်လေးတွေနဲ့ ခဏပတ်ထားပေးပါဗျာ ကျနော်အမြန်ရှာပေးမှာပေါ့” လို့
မျက်နှာငယ်လေးနဲ့ပြောနေမိတဲ့ ကျနော်။ ငွေကြေးနှင့်တူတာ ခြူးတပြားမှ မရှိ၊
သူငယ်ချင်း ဝင်းနိုင်နဲ့ ရဲမင်းနိုင်ကိုပြောလိုက်တော့ သူတို့လည်း စိတ်မကောင်း
ဖြစ်နေကြသည်။
ထိုစဉ်ကိုဝင်းနိုင်က “ခင်ဗျားတို့ ဒီမှာပဲစောင့်နေ
ကျုပ်အနှီးရအောင် ရှာခဲ့မယ်” ဟု ပြောကာ ရွာလေးအတွင်းသို့ သုတ်ခြေတင်ကာ ထွက်သွားသည်။
သူငယ်ချင်း ကိုထူးအောင်ရောက်လာတော့ “ခင်ဗျား ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ”
ဟုမေးလိုက်တော့ တုံဏှိဘာဝေ ဖြစ်နေသည်။ သူ့အိမ်မှာရှိတဲ့ ငွေအကုန် ယူလာသည်ဟု ပြောကာ
ကျနော့်ကို ထုတ်ပေးရှာသည်။ ၂၀ တန် တရွက်၊ ငါးဘတ်စေ့တစေ့။ ထိုငွေလေးနှင့် ကျနော်တို့
၂ ယောက် လက်ဖက်ရည်ဆိုင်သို့ သွားကာ လက်ဖက်ရည် ၄ ခွက် အီကြာကွေး ၅ ချောင်းဝယ်ကာ
မွေးဖွားပေးသော ဆရာဆရာမတို့ကို ကျေးဇူးတရားတုန့်ပြန်ရသည့် ဘဝများ။
နာရီဝက်ခန့် ကြာသောအခါ အုံးအုံးကျက်ကျက်နှင့်
အိမ်နီးပတ်ဝန်းကျင်ကလူတွေနှင့် ကိုဝင်းနိုင်တယောက် အနှီးတပွေ့ကို ပွေ့လျက်
အောင်နိုင်သူကြီးတဦးပမာ ပြုံးရွှင်စွာ ရောက်ရှိလာကြသည်။ သတင်းကြားသဖြင့် အနှီး၊
ခြေအိတ်၊လက်အိတ်၊ စောင် နှင့် လိုအပ်သော အသုံးအဆောင်တို့ကို
ဝိုင်းဝန်းကူညီထောက်ပံ့ကြသည်။ ဘာသာရေးအရ ဆုတောင်းခြင်း အမှုကို ပြုလုပ်သူ၊
သူတို့ကြိုက်နှစ်သက်ရာ နာမည်ကို ရွေးကြသူနှင့် ရှုပ်နေသည်။ ၂၀၀၈ ဒီဇင်ဘာ ၃၀ ရက်မှာ
သားငယ်ကို မွေးဖွားခဲ့တာ ဖြစ်သည်။
သူငယ်ချင်း ကိုထူးအောင်က “ကောက်ရ” ဟု သမုတ်သည်။
ဝင်းနိုင်က “ဂြိုလ်သား”၊ ရဲမင်းနိုင်က “ဘူမသိ ကိုးမသိ” အချို့က လူထူးဆန်းလေး
စသဖြင့် အမည်စုံလှသည်။ သားဖွားဆရာမမှ မည်သည့်အမည်ဖြင့် မွေးစာရင်းသွင်းမလဲဟု
မေးတော့ စဉ်းစားရကျပ် နေသည်။ ဒီဇင်ဘာမှာ ထူးထူးခြားခြား မွေးဖွားသောကြောင့်
“ဒီဇင်ဘာထူး” ဟု မှည့်တွင်လိုက်ပါသည်။ သားငယ် ၆ လသားအရွယ်တွင် အခြေချခွင့်အတွက်
နောက်ထပ် တကြိမ် အင်တာဗျူးဖြေဆိုရန်အတွက် ဆင့်ခေါ် ခံရပြန်သည်။ ပထမ အင်တာဗျူးနှင့်
ဒုတိယအင်တာဗျူးမှာ ၁၁ သာသာ သာခြားသည်။ အင်တာဗျူးတော့ လပိုင်းအတွင်း
ကလေးငယ်တယောက်တိုးလာသည့် ကိစ္စကို သူတို့ဘဝင်မကျ ဖြစ်နေသည်။ စာရွက်စာတမ်း
အချက်အလက်တို့ဖြင့် ရှင်းပြကြသည်။ နောက်ဆုံး မွေးစာရင်းကို ကြည့်လိုက်တော့
အမေအမည်သာပါရှိပြီး ဖခင်အမည် မပါရှိခဲ့ပေ။ ဇာတ်လမ်းက ရှုပ်ကုန်သည်။
ထိုနှင့် ကျနော့်မိသားစုလည်း
အကြောင်းပြန်ကြားဖြေရှင်းချက် တစုံတရာ မရရှိဘဲ၊ ဒုကသည်စခန်းထဲတွင် ဂျာအေးကို
သူ့အမေရိုက်သည့်အဖြစ်သို့ ဆိုက်ရောက်ခဲ့သည်မှာ ၇ နှစ်အတွင်းသို့ပင်
ချဉ်းနင်းဝင်ရောက် ခဲ့ပြီ။ ကျနော်က ဒုက္ခသည်ဘဝကို ၂ ကြိမ်တိုင်တိုင် ဖြတ်သန်းဖူးသည်။
ကျနော့်အတွက် ပြသနာမရှိသော်လည်း ရင်သွေးငယ်တို့ဘဝကို ဒုက္ခသည်ဝဲဂယက်ထဲမှာ
မဖြတ်သန်းမရှင်သန်စေလိုတော့။ သူတို့အနာဂတ်မှာ အမိနိုင်ငံတော်တခု အမြန်ရရှိလိုသည့်
ဆနသာ လွှမ်းမိုးကြီးစိုးနေခဲ့ရသည်။
၁၈ နှစ်တာ ဒုက္ခသည်ကျနော်
၇ နှစ်တာ ဒုက္ခသည်ဇနီး
၇ နှစ်တာ ဒုက္ခသည်သားကြီး
၎ နှစ်နီးပါး ဒုက္ခသည်သားငယ်……
ပေါင်းလိုက်တော့ ဘုရားတမိ၊ လွတ်ရက်မသိ၊ အဖြေမသိ၊
အနာဂတ်မသိ၊ မသိ မသိ မသိ……။
အုပ်ကြီးဖေ
၂၇-၁၀-၂၀၁၀
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။