ငါးမဖမ်းရ ဟု ဆိုင်းဘုတ်တပ်ထားသော ရေကန်တစ်ခုအတွင်း၌ ငါးမျှားတံ၊ ငါးစာတို့ထည့်ထားသည့် လှေပေါ်တွင် အမျိုးသမီးတစ်ဦးသည် အေးအေးဆေးဆေး စာဖတ်လျှက်ရှိရာ လုံခြုံရေးအစောင့်တစ်ဦးသည် အနားသို့ရောက်ချလာလေ၏။
လုံခြုံရေး။ ။ အစ်မကြီးခင်ဗျား။ အစ်မကြီးကို ငါးခိုးဖမ်းရန်ကြံစည်မှုနဲ့ အရေးယူရပါလိမ့်မယ်။
အစ်မကြီး။ ။ အောင်မယ်ကွယ်၊ ငါ အခု ငါးမျှားနေတာလား၊ စာဖတ်နေတာလား။
လုံ။ ။ အခု အစ်မကြီး စာဖတ်နေတာမှန်ပါတယ်။ သို့သော်လည်း အစ်မကြီးလှေမှာ ငါးဖမ်းကိရိယာအပြည့်အစုံတပ် ထားတယ် မဟုတ်လား။ ဒီတော့ ကန်ထဲမှာလည်း ငါးရှိတယ်။ ငါးမျှားတံလည်းရှိတယ်ဆိုတော့ အစ်မကြီးအနေနဲ့ အချိန်မရွေး ငါးဖမ်းနိုင်ပါတယ် ခင်ဗျား။
မ။ ။ သည်လိုဖြင့် ကျုပ်ကလည်း မောင်မင်းကို မုဒိန်းကျင့်ရန် ကြံစည်မှုနဲ့ တရားစွဲရပေလိမ့်မယ်။
လုံ။ ။ အလိုလေး၊ ကြံကြီးစည်ရာဗျာ။ အစ်မကြီးကို ဟ၀ှာလုပ်ဘို့ ကျုပ် စိတ်တောင်မကူးမိပါလားဗျာ။
မ။ ။ ဟုတ်ပါတယ်လေ။ ဒါပေမဲ့ ဒီနေရာဟာ လူပြတ်တဲ့နေရာလည်းဖြစ်တယ်။ မောင်မင်းမှာလည်း လက်နက်ကိရိယာ အပြည့်အစုံတပ်ဆင်ထားတယ်။ ဒီတော့ ကျုပ်ကို အချိန်မရွေး မုဒိန်းကျင့်နိုင်တယ်လေ။
လုံ။ ။ ဟိုက်ရော၊ ဂိန်၊ ဂိန် ဂိန် @$&!*
Facebook: Aye Nyein
စိတ်နှလုံးအကြံအစည်တို့သည် လူနှင့်ဆိုင်ကြ၏။ လျှာနှင့်ပြန်ပြောချက်ကိုကား၊ ထာဝရဘုရား ပိုင်တော်မူ၏။ (သုတ္တံကျမ်း ၁၆-၁)
http://www.murann.com/ezine/index.php?option=com_content&view=article&id=1509:2012-10-16-21-07-22&catid=4:humor&Itemid=4
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။