Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 31, 2015

မြန်မာပြည်ရဲ့ စနစ်ဆိုးကြီးကို ခါးခါးသီးသီးမုန်းတီးတဲ့ Skunx တို့နဲ့ အင်တာဗျူး


မြန်မာပြည်ရဲ့ စနစ်ဆိုးကြီးကို ခါးခါးသီးသီးမုန်းတီးတဲ့ Skunx တို့နဲ့ အင်တာဗျူး
------------------------

ခေတ်ဆိုးကြီးရဲ့ လူငယ်တွေကိုပေးအပ်ခဲ့တဲ့ အမွေဆိုးတွေထဲမှာ စိတ်ဆိုးမာန်ဆိုးနဲ့ တော်လှန်ချင်စိတ်တွေလဲပါတာပေါ့။ လူငယ်တွေရဲ့ ဖရိုဖရဲပေါက်ကွဲထားတဲ့ သံစဉ်တွေ ခေတ်ဆိုးကြီးထဲမှာ မကြားချင်မှအဆုံး။ ဒီအထဲမှာ Skunx လို့ထူးခြားတဲ့နာမည်နဲ့လူငယ်တွေလဲပါဝင်တာပေါ့။ သူတို့ရဲ့ ဂီတဟာ လန်းဆန်းတက်ကြွတယ်။ ပေါက်ကွဲမှုဟာ ဖရိုဖရဲလို့ပြောလို့ရသလို တချိန်ထဲမှာပဲ စနစ်ကျလွန်းတယ်။ သူတို့ရဲ့ we hate this system လို့အမည်ရတဲ့သီချင်းဟာ မြန်မာပြည်မှာလက်ရှိဖြစ်နေတဲ့ ပြသနာပေါင်းသောင်းခြောက်ထောင်ကို စိတ်ပျက်လက်ပျက်ဖြစ်လိုက် ဒေါသထွက်လိုက်ဖြစ်နေတဲ့ လူငယ်တယောက်ရဲ့ ခံစားချက်အစစ်တွေဖြစ်တယ်။

ဒီလိုနဲ့ စကော်ပီယံတို့ရဲ့ ဘော်ဒါတွေနဲ့မိတ်ဆက်ပေးဖို့ ဖြစ်လာတယ်။ Skunx တို့ရဲ့ အဆိုတော်ဖြစ်တဲ့ ယူဂျင်းနဲ့ ဖေ့စ်ဘွတ်ကတဆင့်ပြောထားတာလေးကို format ကလေးပဲပြောင်းပြီး ခင်များတို့အတွက် အရင်းအတိုင်း ဖောက်သည်ချလိုက်ပါတယ်။

Skunx: Hi brother. Thaw Zin က Skunx အကြောင်းလေး မေးချင်တယ် ပြောလို့။ ကျွန်တော် ယူဂျင်းပါ Skunx က vocalist ပါ။

ကိုဝီ - အောင်မလေးဗျာ ခင်များကိုစောင့်နေတာ လည်ပင်းတောင်ရှည်လာပြီ အဟား။ အေးဆေးလား ညီလေး။

Skunx: ဟုတ်ကဲ့။

ကိုဝီ - ဒီလိုကွာ။ သူက ကျွန်တော်တို့ပေ့ခ်ျက ဘယ်လိုလုပ်ချင်တယ်ဆိုတာကို မင်းကိုပြောထားပြီးပြီလား။

Skunx: အတိအကျတော့မသိဘူး

ကိုဝီ - အစကပဲစပြောမယ်ကွာ ဒါဆို။

Skunx: အိုကေ။

ကိုဝီ - ညီလေးတို့ဝိုင်းရဲ့ We Hate This System ဆိုတဲ့သီချင်းလေးကို သဘောကျတယ်။ ခေတ်ကိုတိုက်ရိုက်ရောင်ပြန်ဟပ်တယ်လို့ ယုံကြည်တယ်။ ဒီလိုနဲ့ အဲဒီသီချင်းလေးအကြောင်းပြောရင်း ညီလေးတို့ဝိုင်းကို ပေ့ခ်ျမှာရေးချင်တယ်။ အဲဒီအတွက် ညီလေးတို့က စိတ်ဝင်စားရင် တချို့ဟာလေးတွေ ဖြေပေးဖို့လိုမယ်။ ညီလေးတို့ဖက်ကလဲ စိတ်ဝင်စားမှပါ။

Skunx: ရပါတယ်အစ်ကို။ စိတ်ဝင်စားပါတယ်။

ကိုဝီ - ကြားရတာ ဝမ်းသာပါတယ်။ အဓိကလိုချင်တာလေးတွေကတော့ဗျာ။ တီးဝိုင်းမှာ ပါဝင်သူတွေ၊ အနုပညာလှုပ်ရှားမှုလေးတွေ၊ (အခွေ၊ ရှိုးပေါ့)၊ နောက်အရေးကြီးဆုံးကတော့ အဲဒီသီချင်းရေးဖြစ်ပုံလေးတွေပေါ့။

Skunx: တီးဝိုင်းအဖွဲ့သားတွေကတော့ဗျာ...

အခုနောက်ပိုင်းတီးဖြစ်တာက
Vocal ... Eugene
Bass ... Ko Ye
Drums ... Nyein Min
Synth ... Mg Punk(Dr.13)
Guitar ... Si Thu Lay
Guitar ... Phay Sansei

ပုံမှန်က DJ Yan Naing ပါတယ်။ သူက မအားတာများနေလို နောက်ပိုင်း show ဆို သိပ်မပါဖြစ်ဘူး။ ဂစ်တာကတော့... အရင်က Thaw Zin တီးတယ်။
သူလည်း သိပ်အချိန် မပေးနိုင်တော့။ နောက်ပိုင်း Phay Sansei နဲ့ပဲတီးဖြစ်တယ်။ Ko Phay က ရန်ကုန်က။

ကိုဝီ - ဟုတ်ကဲ့။

Skunx: သူလည်း ဒီ music ကို ကြိုက်တယ်ဆိုတာနဲ့ တီးဖြစ်သွားတာ။

ကိုဝီ - မိုက်တယ်ဗျာ။ ဆက်ပြောပါ။

Skunx: ကျန်တဲ့သူတွေ အကုန်မန်းလေးကပဲ။ Synthesizer အနေနဲ့ ဆိုရင် Mg Punk အရင်က Soul Seven က Front man Ko Zay က တီးတယ်။ အရင်ကSkunx က ဒီပုံစံမဟုတ်ဘူး။

ကိုဝီ - ဘယ်လိုပုံစံလဲဗျ လုပ်ပါဦး

Skunx: Punk rock ထဲမှာပါပဲ။Pop punk ပုံစုံမျိုးလေးတွေပေါ့။ ဥပမာ.. Sum 41 တို့ Green Day တိုပေါ့။

ကိုဝီ - အခုပုံစံကိုရော ဘယ်လိုပုံစံလို့ ထင်မြင်ယူဆပါသလဲ

Skunx: အခြေခံအားဖြင့်ကတော့ Nu metal/Rap Rock လို့ပြောရမှာပဲ။

ကိုဝီ - ပန့်ခ်အရိပ်အယောင်တွေလဲ တွေ့ရသလိုပဲနော်။

Skunx: ဒါပေမဲ့ သူများတွေမြင်တာကြောင့်သာပြောရတာပါ။

ကိုဝီ - ဟုတ်

Skunx: ကျွန်တော်တို့ လုပ်တာက ဘောင်မရှိဘူး....punk လည်း ဖြစ်ရင်ဖြစ်နေမယ်... Nu metal လည်း ဖြစ်ရင်ဖြစ်နေမယ်။ ဘယ်ဟာမဆို ၀င်လာနိုင်တယ်။

ကိုဝီ - အနုပညာသမားကိုးဗျ။

Skunx: ထိန်းချုပ်မထားတော့ဘူး။ အဲ့လို ဖီးတွေတက်ပြီး ဒီလို music ကို ပြောင်းခဲ့တာ။ အရင်က သီချင်းတွေဆို မသုံးတော့ဘူး။ နှမြောတော့နှမြောတယ်။

ကိုဝီ - ဒီလိုပေါ့ဗျာ။ Jam It နဲ့လက်တွဲဖြစ်တဲ့အကြောင်းပြောပြဦး။

Skunx: လှုပ်ရှားမှူ့အနေနဲ့ကတော။ ပထမဆုံး The Rock MTV ဆိုတဲ့ group အခွေလေး မှာ `လမ်းမှား´ဆိုတဲ့ သီချင်းနဲ့ ပထမဆုံး စတယ်။ အဲ့အရင် မန်းလေးမှာ underground ခွေလေးတွေဘာတွေ ဝေတော့ဝေဘူးတာပေါ့။

ကိုဝီ - Jam Itနဲ့ ချိတ်ဖြစ်ပုံလေး ပြောပြပါဦး။

Skunx: ရဲငွေစိုးတို့် နဲ့ online မှာခင်ရင်းနဲ့ တီးဖြစ်သွားတာပဲ။ ရန်ကုန်ပွဲကို Jam It နဲ့မှ ပထမဆုံးဆိုဘူး တီးဘူးတာပဲဗျ။

ကိုဝီ - ဟုတ်ကဲ့။

Skunx: နောက်ပိုင်း အဲ့လိုနဲ့ Jam It နဲ့ ပွဲတွေအများကြီး တီးဖြစ်တယ်။ သူတို့ကလည်း ကျွန်တော်တို့bandမန်းလေးကဖြစ်ပေမဲ့ ငွေအကုန်အကျ ခံပြီးခေါ်တယ်။
Jam It ကြောင့်ပဲ ရန်ကုန် underground ပရိတ်သတ် နဲ့ Skunx နဲ့ နီးစပ် ခဲ့တာပါ။ အဲ့လိုနဲ့ပဲ Jam It အခွေထဲမှာ ပါဖြစ်သွားတာ အစ်ကို။

ကိုဝီ - ကောင်းတယ်ဗျာ။

Skunx: အစ Jam It အခွေက Music Video ကော ထုတ်မယ်ပြောလို့ ကျွန်တော်တို့ L.A studio မှာရိုက်ထားသေးတယ်ဗျ။ မှတ်မှတ်ရရ ရိုက်တဲ့နေ့ လမ်းမှာ ဆိုင်ကယ်မှောက်လို့ မေးစေ့ ချုပ်လိုက်ရသေးတယ်။

ကိုဝီ - ကောင်းကရော မှတ်မိစရာက အမိုက်စားပါလား။ အဟားး။

Skunx: We hate this system ရေးဖြစ်ပုံကတော့။ အဲ့သီချင်းမရေးခင်ကာလက ဒီမှာ နေ့တိုင်းလို ကျောင်းသားတို့ဂျာနယ်လစ်တို့ တွေအဖမ်းခံနေကြရတာ။ အဲ့ဒါတွေပဲ ကြားနေရတယ်ဗျာ။

ကိုဝီ - ဘယ်နှစ်ခုနှစ်လောက်တုန်းကရေးဖြစ်တာလဲ

Skunx: မှတ်တော့မှတ်မိတော့ဘူး အကို Jam It အခွေထွက်တဲ့အချိန်နဲ့ တစ်နှစ် လောက်ပဲကွာမယ်ထင်တယ်။ အဲ့လိုကိစ္စတွေရော နောက်ပြီး
ကျွန်တော်တို့ မန်လေးမှာ ပွဲမိန့်အရမ်းခက်တယ်ဗျ။ ပိုက်ဆံတော်တော်ပေးမှ လုပ်ပေးကြတာ။ ကျွန်တော်တို့ ဆိုမည့်လူတွေ ကိုယ်တိုင် သွားတောင်းလည်းမရဘူး။
နေရာကို အကြောင်းပြတယ်။ ဘယ်နေရာဆိုမပေးဘူး...ဘယ်ဟိုတယ်မှာလုပ်မှပေးမှာ။ ကျွန်တော်တို့လည်း သူတို့ပြောတဲ့နေရာတွေ မငှါးနိုင်ဘူးဗျာ။
ဒါပေမဲ့ ဆရာသမားတွေက ကိုယ်လုပ်မဲ့နေရာမှာပဲ အခြားသူက ပိုက်ဆံပေး(agentကတစ်ဆင့်ပေါ့)။ လုပ်တော့ ပေးတယ်ဗျာ။ Under table တွေပေးမှကိုရသလိုဖြစ်နေတာ။
သူတို့ကလည်း ပွင့်ပွင့်လင်းလင်းပြောထားတာပဲ ၃သိန်းမပြည့်ရင် လက်စားမှူ့ မမြောက်ဘူးလို့။ အဲ့ဒါမျိုးတွေ ပဲလည်ပတ်နေတာဆိုတော့။ ပေါက်ကွဲပြီး အဲ့သီချင်းလေးရေးဖြစ်သွားတာပါ။ ရေးရမှာတော့ အဲ့ချိန်မှာ အများကြီးပါ။ တစ်ချိန်လုံး စနစ်ဆိုးကြောင့် ခံနေရတာတွေ တစ်လွဲတွေ လုပ်တာတွေပဲကြားနေရတာဆိုတော့။

ကိုဝီ - မိုက်တယ်ဗျာ။

Skunx: ဒါပေမယ့် တိုတိုထိထိပဲ.... ဘယ် system ကို မုန်းမုန်း အော်ပြီးပေါက်ကွဲလို့ရအောင် chorus ကို We hate this system တစ်ခုထဲပဲ လုပ်ထားတာပါ။ ဖြစ်ပုံက ဒီလောက်ပါပဲ။

ကိုဝီ - ဒီမှာ မေးစရာတခုရှိတာ သီချင်းထဲမှာ မြန်မာတူရိယာထည့်သုံးထားတာလဲတွေ့ရပါတယ်။ အဲဒါလေး ပြောပြပေးပါ။

Skunx: အဲဒါတွေက ထွေထွေထူးထူးမဟုတ် ပါဘူး... music အလိုအရ ထည့်ဖြစ်သွားတာပါ။ Phoenix ငှက်လေး ပျံသန်း ပြီးတော့ အမှောင်ခွင်းမယ့် အချိန် ကြွကြွရွရွလေး နဲ့ ပျော်ရွှင်မှူ့ လေးပါအောင်လို့ပါ။

ကိုဝီ - ဟုတ်ဗျာ။ အခုလောလောဆယ် ဘယ်ရှိုးတွေဆိုဖို့ရှိလဲ

Skunx: အခုလောလောဆယ်တော့ November ၂ရက်နေ့ အယ်လ်ခန့်ရဲ့ အခွေ ပရိုမိုးရှင်း ပဲ ရှိအုံးမယ်။
December ရန်ကုန်မှာ လည်းရှိတယ်တော့ Ko Ye ပြောတယ်။
အသေအချာတော့မသိသေးဘူး အကို။

မှတ်ချက်။ ။ ခင်များတို့ နားထောင်ချင်ရင် ဒေါင်းကြည့်ပြီး နားထောင်စေချင်ပါတယ်။
http://www.mediafire.com/download/2ebn1nl526vhiia/WHTS.rar

On Soundcloud:
https://soundcloud.com/jamitmyanmar/we-hate-this-system

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။