" ပြည်သူလူထုဘက်က ရပ်တည်ပေးဖို့ အရေးကြီးနေတဲ့ အတွက်ကြောင့် နိုင်ငံရေးလုပ်နေရဦးမှာပဲဆိုတဲ့ ဦးတင်ဦးနှင့်တွေ့ဆုံခြင်း "
Q. ဘဘတို့ လျှောက်ခဲ့ရတဲ့ ဒီမိုကရေစီခရီးက တကယ်ကို ရှည်လျားပြီး ကြမ်းတမ်းခက်ခဲခဲ့တာဆိုတော့ ဒီနေ့အထိ ကိုယ့်ကိုယ်ကိုယ် မယိုင်လဲအောင် ဘယ်လိုအင်အားတွေနဲ့ လျှောက်လှမ်းခဲ့တာလဲ။
A. ကျွန်တော်တို့က လွတ်လပ်ရေးရငြားသော်လည်းပဲ လွတ်လပ်မှုနဲ့ တရားဥပဒေစိုးမိုးမှုကို လေးနှစ်လောက်ပဲ ခံစားလိုက်ရတယ်။ လွတ်လပ်ရေးရတဲ့နေ့ကနေ ပထမဦးဆုံး ရွေးကောက်ပွဲလုပ်တဲ့နေ့အထိ ကျွန်တော်တို့က အေးအေးချမ်းချမ်းနေခဲ့ရတယ်။
ဒီဘက်ပိုင်းရောက်တော့ အဲဒီလိုမျိုး မဟုတ်တော့ဘူး။ ဒါကြောင့်မို့
လွတ်လပ်ရေးနဲ့ပတ်သက်ပြီး တကယ်တမ်း လွတ်လပ်ကြသလားဆိုတော့ မလွတ်လပ်ဘူး။
လူတွေဟာ အနှောင်အဖွဲ့ထဲမှာ နေရသလို ဖြစ်နေတယ်။ အဲဒါက တစ်ချက်ပေါ့။
နောက်တစ်ချက်က ဒီမိုကရေစီနဲ့ပတ်သက်တာတွေအားလုံးဟာ
လုံးဝပျက်စီးသွားတယ်။ အဲဒါကို ပြန်လည်ထူထောင်ဖို့ပေါ့။ အဲဒါတွေအပေါ်မှာ
အခြေခံပြီးတော့ နောက်ထပ်တွဲလာတာတွေကတော့ လူ့အခွင့်အရေးတို့၊
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့၊ နောက်ပြီးတော့ ငြိမ်းချမ်းရေးတို့၊ ဒါတွေကလည်း မရှိမဖြစ် လိုအပ်တာတွေပေါ့။
ဒါတွေဘာလို့ဆက်လုပ်နေတာလဲဆိုတော့ ပြည်သူလူထုဘက်က ရပ်တည်ပေးဖို့ အမှန်အရေးကြီးနေတဲ့အတွက်ကြောင့် နိုင်ငံရေးလုပ်နေရဦးမှာပဲ။ ဒါတွေနဲ့ပတ်သက်ပြီး လုပ်ကိုင်ပေးဖို့ ရှိနေသေးတယ်ဆိုတဲ့အတွေးနဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီးတော့ စိတ်အားတင်းရတာပေါ့။ သြော် တို့ လုပ်ခဲ့တာ ပြည်သူ့မျက်နှာကြည့်ရဦးမှာ ပါလား။
ဆက်လုပ်ပေးရဦးမှာပါလား။ ဒီမိုကရေစီကို အပြည့်မရရင်တောင်မှ
အမြည်းလေးတင်ခဲ့ပေးမယ်။ ဒီမိုကရေစီအပေါက်ဝကို ရောက်အောင် လျှောက်နိုင်ရင်
တော်ပြီဆိုပြီးတော့ ဒီလိုနဲ့စိတ်ကို တင်းတင်းပြီးတော့ လုပ်နေရတာပဲ။
Eternal Light Magazine
January 2015
`` နိုင်ငံရေးခံယူချက် ´´
Q. ဘဘတို့ လျှောက်ခဲ့ရတဲ့ ဒီမိုကရေစီခရီးက တကယ်ကို ရှည်လျားပြီး ကြမ်းတမ်းခက်ခဲခဲ့တာဆိုတော့
A. ကျွန်တော်တို့က လွတ်လပ်ရေးရငြားသော်လည်းပဲ လွတ်လပ်မှုနဲ့ တရားဥပဒေစိုးမိုးမှုကို လေးနှစ်လောက်ပဲ ခံစားလိုက်ရတယ်။ လွတ်လပ်ရေးရတဲ့နေ့ကနေ ပထမဦးဆုံး ရွေးကောက်ပွဲလုပ်တဲ့နေ့အထိ ကျွန်တော်တို့က အေးအေးချမ်းချမ်းနေခဲ့ရတယ်။
နောက်တစ်ချက်က ဒီမိုကရေစီနဲ့ပတ်သက်တာတွေအာ
ဒါတွေဘာလို့ဆက်လုပ်နေတာလဲဆိ
Eternal Light Magazine
January 2015
`` နိုင်ငံရေးခံယူချက် ´´
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။