Andrew Myo Aung added 2 new photos.
နေစကြဝဠာ ကြီး စတင် ဖြစ်ပေါ် လာတာ ဆိုပြီး
လက်ရှိ မှန်းဆ ထားချက် သီအိုရီ တွေ မှားယွင်း နေ
===============================
စကြဝဠာ ကြီး ငြင်ငြင်သာသာပဲ စတင်ခဲ့သလား
==============================
67P ဆိုပြီး နာမည် ပေးထားတဲ့ ကြယ်တံခွန် ရဲ့ ပတ်ချာလည်မှာ အောက်ဆီဂျင်
ပမာဏာ အမြောက်အများ ရှိနေတယ် ဆိုပြီး အဲဒီ့ ကြယ်တံခွန်နောက် ခြေရာခံ
လိုက်နေတဲ့ အာကာသယာဉ် Rosetta က တွေ့ရှိ ခဲ့ပါတယ်။
ဒီ တွေ့ရှိမှုဟာ ဂြိုလ်တွေ၊ ကြယ်တံခွန်တွေ၊ ဥက္ကာပျံ တွေ ဘယ်လို ဖြစ်ပေါ် လာခဲ့ သလဲ ဆိုတဲ့ လက်ရှိ မှန်းဆ ထားချက် သီအိုရီ တွေ မှားယွင်း နေနိုင်တယ်လို့ ဖော်ပြနေပါတယ်။
ပြင်းထန်တဲ့ ပေါက်ကွဲမှု ကြောင့် နေစကြဝဠာ ကြီး စတင် ဖြစ်ပေါ် လာတာ ဆိုပြီး လက်ရှိ ယူဆ ထားကြတာ ဖြစ်ပါတယ်။
ဒီလိုသာ ဆိုရင် အင်မတန် ဓာတ်ပြုလွယ်တဲ့ အောက်ဆီဂျင် တွေ ဟာ 67P ရဲ့ ဘေး ပတ်ခြာလည်မှာ အခုလို အေးခဲပြီး တည်ရှိ နေမှာ မဟုတ်ပဲ အစောကြီး ကတည်းက တခြား ဒြပ်စင်တွေ နဲ့ ပေါင်းစပ် သွားဖို့ လုံလောက်တဲ့ အပူချိန် ရရှိနိုင် ခဲ့မှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် နေစကြဝဠာ ကြီး စတင် ဖြစ်ပေါ် လာပုံ ဟာ လက်ရှိ ယူဆ ထားသလောက် မ ပြင်းထန် မ ကြမ်းတမ်း နိုင်လောက်ဘူး လို့ ထပ်မံ ယူဆ စရာ ဖြစ်လာ ခဲ့ ပါတယ်။
.
BBC Burmese
=================

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။