Followers အားေပးသူမ်ား အထူး အထူးပဲ ေက်းဇူးတင္ပါသည္။

✩✩ ✩ ✩ ✩ ✩ ✩သီခ်င္းခ်စ္သူ ✪ မွ ✪ သီခ်င္းခ်စ္သူသို႔✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ္႔ခ်စ္ AhMoon&အမြန္း AhNaing&အႏိုင္ AhNge&အငဲ Akuk Alex&အဲလက္စ္ AnnHellar&အန္ဟဲလာ Ar-T AungHtet&ေအာင္ထက္ AungLa&ေအာင္လ AungNaing&ေအာင္ႏိုင္ AungThu&ေအာင္သူ AungYin&ေအာင္ရင္ AuraLi&အာ္ရာလီ AyeChanMay&ေအးခ်မ္းေမ AyeTinChoShwe&ေအသင္ခ်ိဳေဆြ AyeWuttYiThaung&ေအးဝတ္ရည္ေသာင္း BaDin&ဗဒင္ Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန္ BoPhyu&ဘိုျဖဴ Breaky&ဘရိတ္ကီ BunnyPhyoe&ဘန္နီၿဖိဳး ChanChan&ခ်မ္းခ်မ္း ChanChann&ခ်မ္ခ်မ္း ChawSuKhin&ေခ်ာစုခင္ ChinSong&ခ်င္းသီခ်င္း ChitKaung&ခ်စ္ေကာင္း ChitThuWai&ခ်စ္သုေဝ ChoLayLung&ခ်ိဳေလးလုန္ ChoPyone&ခ်ိဳၿပံဳး ChristmasSong&ခရစၥမတ္သီခ်င္း CityFm Dawn&ဒြန္း DiraMore&ဓီရာမိုရ္ DoeLone&ဒိုးလံုး Dway&ေဒြး EainEain&အိန္အိန္း G.Latt&ဂ်ီလတ္ GaeGae&ေဂေဂး GirlLay&ဂဲ(လ္)ေလး Graham&ဂေရဟမ္ Group&အဖြဲ႔လိုက္ GuRawng&ကူးေရာင္ GyoGyar&ႀကိဳးၾကာ HanTun&ဟန္ထြန္း HaymarNayWin&ေဟမာေနဝင္း He`Lay&ဟဲေလး HlonMoe&လႊမ္းမိုး HlwanPaing&လႊမ္းပိုင္ HtamHkay&ထ်န္ေခး HTDTunYin&ဟသာၤတထြန္းရင္ HtetAung&ထက္ေအာင္ HtetHtetMyintAung&ထက္ထက္ျမင္႔ေအာင္ HtetSaung&ထက္ေလွ်ာင္း HtooEainThin&ထူးအိမ္သင္ HtooHtooSet&ထူးထူးဆက္ HtooL.Lin&ထူးအယ္လင္း HtunHtun&ထြဏ္းထြဏ္း HtunYati&ထြန္းရတီ IreneZinMarMyint&အိုင္ရင္းဇင္မာျမင္႔ J.LingMawng&ေဂလိန္းေမာင္း J.MgMg&ေဂ်ေမာင္ေမာင္ JarSan&ဂ်ာဆန္ JetSanHtun&ဂ်က္ဆန္ထြန္း JMe&ေဂ်းမီ KabarPhone&ကမၻာဖုန္း KaiZar&ကိုင္ဇာ KapyaBoiHmu&ကဗ်ာဘြဲ႔မွဴး KaungKaung&ေကာင္းေကာင္း KhaingHtoo&ခိုင္ထူး KhinBone&ခင္ဘုဏ္း khinMgHtoo&ခင္ေမာင္ထူး KhinMgToe&ခင္ေမာင္တိုး KhinSuSuNaing&ခင္စုစုႏိုင္ KhupPi&ခုပ္ပီး KKT&ေကေကတီ KoKoGyi&ကိုကိုႀကီး KoNi&ေကာ္နီ KyingLianMoong L.KhunYe&L.ခြန္းရီ L.LwinWar&L.လြန္းဝါ L.SengZi&L.ဆိုင္းဇီ LaShioTheinAung&လားရႈိးသိန္းေအာင္ LaWi&လဝီ LayLayWar&ေလးေလး၀ါ LayPhyu&ေလးျဖဴ LDKyaw&L.ဒီေက်ာ္ LiLiMyint&လီလီျမင္႔ LinNit&လင္းနစ္ LynnLynn&လင္းလင္း Madi&မဒီ MaNaw&မေနာ Marritza&မာရဇၨ MayKhaLar&ေမခလာ MaySweet&ေမဆြိ MayThu&ေမသူ MgThitMin&ေမာင္သစ္မင္း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင္းေဖ MinAung&မင္းေအာင္ Misandi&မိဆႏၵီ MMGospelSong&ခရစ္ယာန္ဓမၼေတး MMLoveSong&ျမန္မာသီခ်င္း MoMo&မို႔မို႔ MoonAung&မြန္းေအာင္ Music&ဂီတ Myanmar-Kid-Songs MyayPeYo&ေျမပဲယို MyoGyi&မ်ိဳးႀကီး MyoMyo&မ်ိဳးမ်ိဳး NangKhinZayYar&နန္းခင္ေဇယ်ာ Naung&ေနာင္ NawLiZar&ေနာ္လီဇာ NawNaw&ေနာေနာ္ NgeNgeLay&ငဲ႔ငယ္ေလး NiNiKhinZaw&နီနီခင္ေဇာ္ NiNiWinShwe&နီနီဝင္းေရႊ NO&ႏိုး NweYinWin&ႏြဲ႔ယဥ္ဝင္ NyanLinAung&ဥာဏ္လင္းေအာင္ NyiMinKhine&ညီမင္းခိုင္ NyiZaw&ညီေဇာ္ PannEiPhyu&ပန္းအိျဖဴ PanYaungChel&ပန္းေရာင္ျခယ္ Pb.ThanNaing&သန္းႏိုင္ PhawKa&ေဖာ္ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ္ PhyoGyi&ၿဖိဳးႀကီး PhyoKyawHtake&ၿဖိဳးေက်ာ္ထိုက္ PhyuPhyuKyawThein&ျဖဴျဖဴေက်ာ္သိန္း PhyuThi&ျဖဴသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည္ RainMoe&ရိန္မိုး RebeccaWin&ေရဗကၠာ၀င္း Ringo&ရင္ဂို SaiHteeSaing&စိုင္းထီးဆိုင္ SaiLay&စိုင္းေလး SaiSaiKhanHlaing&စိုင္းစိုင္းခမ္းလႈိင္ SaiSaiMaw&စိုင္းဆိုင္ေမာ၀္ SaiSan&ဆိုင္စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင္းဂၽြန္သင္ဇမ္း SalaiSunCeu&ဆလိုင္းဆြန္က်ဲအို SalaiThuahAung&ဆလိုင္းသႊေအာင္ SalaiZamLain&ဆလိုင္းသွ်မ္းလ်န္ SandyMyintLwin&စႏၵီျမင့္လြင္ SangPi&စံပီး SaungOoHlaing&ေဆာင္းဦးလႈိင္ SawBweHmu&စာဘြဲ႔မွဴး SawKhuSe&ေစာခူဆဲ She&သွ်ီ ShinPhone&ရွင္ဖုန္း ShweHtoo&ေရႊထူး SinPauk&ဆင္ေပါက္ SiThuLwin&စည္သူလြင္ SithuWin&စည္သူဝင္း SiYan&စီယံ Snare SoeLwinLwin&စိုးလြင္လြင္ SoeNandarKyaw&စိုးနႏၵာေက်ာ္ SoePyaeThazin&စိုးျပည္႔သဇင္ SoeSandarTun&စိုးစႏၵာထြန္း SoTay&ဆိုေတး SungTinPar&ဆုန္သင္းပါရ္ SuNit&ဆူးနစ္ TekatawAyeMg&တကၠသိုလ္ေအးေမာင္ ThangPaa&ထန္းပါး TharDeeLu&သာဒီးလူ ThawZin&ေသာ္ဇင္ ThiriJ.MgMg&သီရိေဂ်ေမာင္ေမာင္ Thoon&သြန္း TinGyanSong&သႀကၤန္သီခ်င္း TintTintTun&တင္႔တင္႔ထြန္း TinZarMaw&တင္ဇာေမာ္ TunEaindraBo&ထြန္းအိျႏၵာဗို TunKham&ထြဏ္းခမ္ TunTun&ထြန္းထြန္း TuTu&တူးတူး V.NoTun&V.ႏိုထြန္း WaiLa&ေဝလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင္းစုခိုင္သိန္း WyneLay&ဝိုင္းေလး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင္ YadanaOo&ရတနာဦး YairYintAung&ရဲရင္႔ေအာင္ YanAung&ရန္ေအာင္ YarZarWinTint&ရာဇာဝင္းတင္႔ YeTwin&ရဲသြင္ YummyRookie YuZaNa&ယုဇန YY&၀ိုင္၀ိုင္း Z.DiLa&Z.ဒီးလာ ZamNu&ဇမ္ႏူး ZawOne&ေဇာ္ဝမ္း ZawPaing&ေဇာ္ပိုင္ ZawWinHtut&ေဇာ္ဝင္းထြဋ္ ZawWinShing&ေဇာ္ဝင္းရွိန္ ZayYe&ေဇရဲ ZwePyae&ဇြဲျပည္႔
သီခ်င္းနားေထာင္ရန္ အေပၚက အဆိုေတာ္ နာမည္ Click ပါေနာ္

Facebook မွာ ဖတ္ခ်င္ရင္ Like တစ္ခ်က္ေလာက္ နဲ႔ အားေပးႏိုင္ပါသည္

Tuesday, October 27, 2015

စာဖတ္သူေတြကို ခ်စ္သူအျဖစ္ ေရြးခ်ယ္သင့္တဲ့အေၾကာင္းရင္း



စာအုပ္တစ္အုပ္ကို ဆံုးေအာင္ဖတ္ဖူးပါသလား။ မ်က္ႏွာဖံုးကေန ေနာက္ဖံုးအထိ အစအဆံုးဖတ္ၿပီး စာအုပ္ထဲမွာ နစ္ေမ်ာေနရာကေန အသိျပန္၀င္လာတာမ်ိဳး ျဖစ္ဖူးပါသလား။ စာအုပ္ဆံုးသြားတဲ့အခါမွာ သက္ျပင္းခပ္ေလးေလး ႐ႈထုတ္လိုက္ၿပီး ပံုစံမပ်က္ဆက္ထိုင္ေနမိတာ၊ စာအုပ္ကိုလက္ထဲက မခ်ေသးပဲ မ်က္ႏွာဖုံး ဒါမွမဟုတ္ နံရံကို ေငးၾကည့္ေနမိတာေတြ ျဖစ္ဖူးတယ္ဆိုရင္ေတာ့ သင္ဟာ စာအုပ္ထဲက အေၾကာင္းအရာေတြကို စဥ္းစားေတြးေခၚရင္ မိန္းေမာသြားတတ္တာျဖစ္ပါတယ္။

စာအုပ္ဖတ္ၿပီးတဲ့ေနာက္မွာ တစ္ခုခုကို ရရွိလိုက္သလို ဒါမွမဟုတ္ ဆံုး႐ႈံးလိုက္ရသလို၊ ထူးျခားေလးနက္တဲ့ တစ္စုံတစ္ခုကို ၾကံဳေတြလိုက္ရသလို ခံစားမိေနမယ္။ ေနာက္ထပ္မေတြ႕ႏိုင္ေတာ့တဲ့ သူစိမ္းတစ္ေယာက္ကို ခ်စ္မိသြားသလို နာက်င္မႈေရာ ေက်နပ္ေပ်ာ္ရႊင္မႈကိုပါ တစ္ခ်ိန္ထဲခံစားေနရမယ္ဆိုရင္ ဒီလို စာဖတ္နည္းမ်ိဳးကို အေလးအနက္စာဖတ္ျခင္းလို႔ ေခၚဆိုႏိုင္ပါတယ္။
ဒီလို အေလးအနက္စာဖတ္နည္းနဲ႔ စာဖတ္သူေတြဟာ သာမန္လူေတြထက္ ပိုထက္ျမက္ၿပီး ႏွစ္လိုဖြယ္ရာ ေကာင္းပါတယ္။ ၿပီးေတာ့ ကမာၻေပၚမွာ ခ်စ္သူအျဖစ္လက္တြဲသင့္တဲ့ လူေတြလို႔ ေျပာရင္လည္း မမွားပါဘူး။ စိတ္ပညာရွင္ေတြရဲ႕ အဆိုအရ စာဖတ္သူေတြဟာ ေ၀မွ်ခံစားႏိုင္သူေတြျဖစ္ၿပီး ထင္ျမင္ယူဆခ်က္၊ ယုံၾကည္မႈနဲ႔ စိတ္၀င္စားမႈမ်ားစြာကို လက္ခံႏိုင္သူေတြျဖစ္တယ္လို႔ ဆိုပါတယ္။ သူတို႔ဟာ ကိုယ္ပိုင္စိတ္ကူးကို လက္ကိုင္ထားေပမယ့္ အျခားသူေတြရဲ႕ စိတ္ကူးကိုလည္း မွ်ေ၀ခံစားႏိုင္ၾကပါတယ္။
စာဖတ္သူေတြက ပိုေတာ္ပိုေကာင္းသူေတြျဖစ္ရတာ အ့ံၾသစရာမဟုတ္ပါဘူး။ စာဖတ္ျခင္းဟာ အျခားသူတစ္ေယာက္ရဲ႕ဘ၀ကို ၀င္ေရာက္ ေတြ႕ၾကံဳခံစားတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ စာဖတ္သူေတြဟာ လူေပါင္းမ်ားစြာရဲ႕ ဘ၀ကို ၀င္ေရာက္ခံစားၿပီး သူတို႔ရဲ႕ ဉာဏ္ပညာေတြကို စုေဆာင္းရယူႏိုင္ပါတယ္။ သင္ဘယ္ေတာ့မွ နားမလည္ႏိုင္တာေတြကိုလည္း ခံစားနားလည္ႏိုင္ၾကပါတယ္။ ဘယ္အခ်က္ေတြက မိန္းမပီသေစတယ္၊ ေယာက်ၤားပီသေစတယ္ဆိုတာေတြကို ေလ့လာႏိုင္သလို ဒုကၡဆိုတာ ဘာလဲဆိုတာကိုလည္း မၾကံဳရေသးပဲ သိရွိႏိုင္ၾကပါတယ္။
စာဖတ္ျခင္းဟာ သင့္ကို ပံုသြင္းေပးႏိုင္ၿပီး အက်င့္စ႐ုိက္ေတြ ျဖည့္ေပးႏိုင္ပါတယ္။ ဇာတ္ေဆာင္တစ္ေယာက္ရဲ႕ ေအာင္ျမင္မႈနဲ႔ ရရွိလိုက္တဲ့သင္ခန္းစာေတြက သင့္ကိုယ္ပိုင္ျဖစ္လာႏိုင္ပါတယ္။ စာေရးသူနဲ႔ ထပ္တူခံစားၿပီး ဘ၀ေပါင္းမ်ားစြာကို ျမင္ႏိုင္၊ ေတြ႔ႏိုင္ၿပီး သင္ခန္းစာယူႏိုင္လာမွာ ျဖစ္ပါတယ္။
ဒီေတာ့ သင့္ဘ၀ကို ၿပီးျပည့္စုံသြားေစႏိုင္တဲ့ ဘ၀လက္တြဲေဖာ္တစ္ေယာက္ကို ရွာေဖြေနတယ္ဆိုရင္ေတာ့ အေလးအနက္စာဖတ္သူေတြကို ေတြ႕ေအာင္ရွာပါလို႔ အၾကံျပဳခ်င္ပါတယ္။ သူတို႔ေတြကို ေကာ္ဖီဆိုင္မွာ၊ ပန္းျခံထဲမွာ၊ ရထားေပၚမွာ စသျဖင့္ ေနရာတိုင္းမွာ ေတြ႕ႏိုင္ပါတယ္။ သူတို႔ကို ေက်ာပိုးအိတ္နဲ႔၊ လြယ္အိတ္နဲ႔ ဒါမွမဟုတ္ ခရီးေဆာင္အိတ္ေတြနဲ႔ ခရီးသြားေနတာကိုလည္း ေတြ႕ႏိုင္ပါတယ္။ သူတို႔က သိလိုစိတ္မ်ားၿပီး စိတ္ထားျပည့္၀ၾကသူေတြျဖစ္ပါတယ္။ သူတို႔နဲ႔ မိနစ္အနည္းငယ္ေလာက္ စကားေျပာၾကည့္လိုက္႐ုံနဲ႔ ေအာက္ပါအခ်က္ေတြကို ေတြ႔ႏိုင္ပါတယ္။
သူတို႔က ေဖာ္ေဖာ္ေရြေရြ စကားေျပာတတ္ပါတယ္။
သူတို႔က စကားေျပာသန္ၾကေပမယ့္ စိတ္ပ်က္စရာေကာင္းေလာက္တဲ့အထိေတာ့ မေျပာၾကပါဘူး။ ေမးတာေျဖ႐ုံ၊ အနည္းအက်ဥ္းျပန္ေျပာ႐ုံေလာက္မဟုတ္ပဲ အေလးအနက္ ေတြးေခၚသံုးသပ္ ေပးတတ္ၾကပါတယ္။ သူတို႔ရဲ႕ အသိပညာဗဟုသုတေတြ၊ အၾကံဉာဏ္ေတြ ရွင္းရွင္းေျပာရရင္ ေတာ္ကီေတြနဲ႔ သင့္ကို ဘ၀င္ခိုက္သြားေစႏိုင္ပါတယ္။
သူတို႔က သင့္ကိုနားလည္ေပးႏိုင္ပါတယ္။
သင့္ရဲ႕စိတ္ကို ျမင္ႏိုင္သိႏိုင္သူတစ္ေယာက္ေယာက္နဲ႔သာ ခ်စ္သူေတြျဖစ္သင့္ပါတယ္။ စာဖတ္သူေတြကသာ ဘယ္သူမွ မျမင္ႏိုင္တဲ့ သင့္ရဲ႕အတြင္းစိတ္ကို ဖတ္ႏိုင္ၿပီး အျပည့္အ၀အလံုးစံုနားလည္ေပးႏိုင္မွာ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ စာဖက္သူေတြဟာ စာအုပ္ထဲက ဇာတ္ေဆာင္ေတြရဲ႕ စိတ္ကိုနားလည္ေအာင္ ႀကိဳးစားေနၾကျဖစ္တဲ့အတြက္ အျပင္ေလာကမွာလည္း တစ္ဖက္သူရဲ႕စိတ္ကို နားလည္ႏိုင္စြမ္းရွိၾကပါတယ္။ ဒါ့အျပင္ သူတို႔မွာ ေ၀မွ်ခံစားႏိုင္စြမ္းလည္း ရွိပါတယ္။ သင္နဲ႔အျမဲ သေဘာထားခ်င္း မတိုက္ဆိုင္ႏိုင္ေပမယ့္ အေၾကာင္းကိစၥတစ္ခုခုဆိုရင္ သင့္ေနရာကလည္း ၀င္ၾကည့္ေပးတတ္ၾကမွာ ေသခ်ာပါတယ္။
သူတို႔က ထက္ျမက္႐ုံမဟုတ္ပဲ ပညာရွိၾကတာျဖစ္ပါတယ္။
ထက္ျမက္လြန္းတာက စိတ္ပ်က္စရာျဖစ္ၿပီး ပညာရွိတာကေတာ့ တကယ္ေကာင္းတဲ့အခ်က္ျဖစ္ပါတယ္။ အေလးအနက္ စာဖတ္သူေတြဟာ အသိဉာဏ္ပညာနဲ႔ ျပည့္စံုၾကတဲ့အတြက္ သူတို႔နဲ႔ စကားေျပာတိုင္း ပညာရႏိုင္မွာျဖစ္ပါတယ္။ သူတို႔ရဲ႕ စကားလံုးအသံုးအႏႈန္းၾကြယ္မႈ၊ မွတ္ဉာဏ္စြမ္းရည္ေတြနဲ႔ အေျခအေနကို သံုးသပ္ႏိုင္စြမ္းေတြက ေျပာဆိုဆက္သြယ္မႈေတြကို ေစ့စပ္ေသခ်ာစြာနဲ႔ အက်ိဳးရွိရွိ လုပ္ေဆာင္သြားႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။
ဒါ့ေၾကာင့္ အေလးအနက္စာဖတ္သူတစ္ေယာက္နဲ႔ ခ်စ္ကၽြမ္း၀င္ရတာဟာ လူေပါင္းမ်ားစြာနဲ႔ ခ်ိန္းေတြ႕ရသလိုပါပဲ။ သူတို႔ဖတ္႐ႈထားသမွ် အေတြ႕အၾကံဳဗဟုသုတေတြနဲ႔ ဉာဏ္ပညာေတြကို အလြယ္တကူ ေ၀မွ်ရယူႏိုင္ပါတယ္။ ပါေမာကၡတစ္ဦး ဒါမွမဟုတ္ စူးစမ္းရွာေဖြသူတစ္ဦးနဲ႔ ခ်စ္သူျဖစ္ေနရသလို အက်ိဳးေက်းဇူးေတြ ရရွိႏိုင္မွာျဖစ္ပါတယ္။
မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔ 
© Gentleman Magazine 🄶🄼
Thorn Htet
=====================================================
စာဖတ်သူတွေကို ချစ်သူအဖြစ် ရွေးချယ်သင့်တဲ့အကြောင်းရင်း
စာအုပ်တစ်အုပ်ကို ဆုံးအောင်ဖတ်ဖူးပါသလား။ မျက်နှာဖုံးကနေ နောက်ဖုံးအထိ အစအဆုံးဖတ်ပြီး စာအုပ်ထဲမှာ နစ်မျောနေရာကနေ အသိပြန်ဝင်လာတာမျိုး ဖြစ်ဖူးပါသလား။ စာအုပ်ဆုံးသွားတဲ့အခါမှာ သက်ပြင်းခပ်လေးလေး ရှုထုတ်လိုက်ပြီး ပုံစံမပျက်ဆက်ထိုင်နေမိတာ၊ စာအုပ်ကိုလက်ထဲက မချသေးပဲ မျက်နှာဖုံး ဒါမှမဟုတ် နံရံကို ငေးကြည့်နေမိတာတွေ ဖြစ်ဖူးတယ်ဆိုရင်တော့ သင်ဟာ စာအုပ်ထဲက အကြောင်းအရာတွေကို စဉ်းစားတွေးခေါ်ရင် မိန်းမောသွားတတ်တာဖြစ်ပါတယ်။
စာအုပ်ဖတ်ပြီးတဲ့နောက်မှာ တစ်ခုခုကို ရရှိလိုက်သလို ဒါမှမဟုတ် ဆုံးရှုံးလိုက်ရသလို၊ ထူးခြားလေးနက်တဲ့ တစ်စုံတစ်ခုကို ကြုံတွေလိုက်ရသလို ခံစားမိနေမယ်။ နောက်ထပ်မတွေ့နိုင်တော့တဲ့ သူစိမ်းတစ်ယောက်ကို ချစ်မိသွားသလို နာကျင်မှုရော ကျေနပ်ပျော်ရွှင်မှုကိုပါ တစ်ချိန်ထဲခံစားနေရမယ်ဆိုရင် ဒီလို စာဖတ်နည်းမျိုးကို အလေးအနက်စာဖတ်ခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။
ဒီလို အလေးအနက်စာဖတ်နည်းနဲ့ စာဖတ်သူတွေဟာ သာမန်လူတွေထက် ပိုထက်မြက်ပြီး နှစ်လိုဖွယ်ရာ ကောင်းပါတယ်။ ပြီးတော့ ကမ္ဘာပေါ်မှာ ချစ်သူအဖြစ်လက်တွဲသင့်တဲ့ လူတွေလို့ ပြောရင်လည်း မမှားပါဘူး။ စိတ်ပညာရှင်တွေရဲ့ အဆိုအရ စာဖတ်သူတွေဟာ ဝေမျှခံစားနိုင်သူတွေဖြစ်ပြီး ထင်မြင်ယူဆချက်၊ ယုံကြည်မှုနဲ့ စိတ်ဝင်စားမှုများစွာကို လက်ခံနိုင်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ ကိုယ်ပိုင်စိတ်ကူးကို လက်ကိုင်ထားပေမယ့် အခြားသူတွေရဲ့ စိတ်ကူးကိုလည်း မျှဝေခံစားနိုင်ကြပါတယ်။
စာဖတ်သူတွေက ပိုတော်ပိုကောင်းသူတွေဖြစ်ရတာ အံ့ဩစရာမဟုတ်ပါဘူး။ စာဖတ်ခြင်းဟာ အခြားသူတစ်ယောက်ရဲ့ဘဝကို ဝင်ရောက် တွေ့ကြုံခံစားတာဖြစ်ပါတယ်။ ဒါ့ကြောင့် စာဖတ်သူတွေဟာ လူပေါင်းများစွာရဲ့ ဘဝကို ဝင်ရောက်ခံစားပြီး သူတို့ရဲ့ ဉာဏ်ပညာတွေကို စုဆောင်းရယူနိုင်ပါတယ်။ သင်ဘယ်တော့မှ နားမလည်နိုင်တာတွေကိုလည်း ခံစားနားလည်နိုင်ကြပါတယ်။ ဘယ်အချက်တွေက မိန်းမပီသစေတယ်၊ ယောင်္ကျားပီသစေတယ်ဆိုတာတွေကို လေ့လာနိုင်သလို ဒုက္ခဆိုတာ ဘာလဲဆိုတာကိုလည်း မကြုံရသေးပဲ သိရှိနိုင်ကြပါတယ်။
စာဖတ်ခြင်းဟာ သင့်ကို ပုံသွင်းပေးနိုင်ပြီး အကျင့်စရိုက်တွေ ဖြည့်ပေးနိုင်ပါတယ်။ ဇာတ်ဆောင်တစ်ယောက်ရဲ့ အောင်မြင်မှုနဲ့ ရရှိလိုက်တဲ့သင်ခန်းစာတွေက သင့်ကိုယ်ပိုင်ဖြစ်လာနိုင်ပါတယ်။ စာရေးသူနဲ့ ထပ်တူခံစားပြီး ဘ၀ပေါင်းများစွာကို မြင်နိုင်၊ တွေ့နိုင်ပြီး သင်ခန်းစာယူနိုင်လာမှာ ဖြစ်ပါတယ်။
ဒီတော့ သင့်ဘဝကို ပြီးပြည့်စုံသွားစေနိုင်တဲ့ ဘဝလက်တွဲဖော်တစ်ယောက်ကို ရှာဖွေနေတယ်ဆိုရင်တော့ အလေးအနက်စာဖတ်သူတွေကို တွေ့အောင်ရှာပါလို့ အကြံပြုချင်ပါတယ်။ သူတို့တွေကို ကော်ဖီဆိုင်မှာ၊ ပန်းခြံထဲမှာ၊ ရထားပေါ်မှာ စသဖြင့် နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။ သူတို့ကို ကျောပိုးအိတ်နဲ့၊ လွယ်အိတ်နဲ့ ဒါမှမဟုတ် ခရီးဆောင်အိတ်တွေနဲ့ ခရီးသွားနေတာကိုလည်း တွေ့နိုင်ပါတယ်။ သူတို့က သိလိုစိတ်များပြီး စိတ်ထားပြည့်၀ကြသူတွေဖြစ်ပါတယ်။ သူတို့နဲ့ မိနစ်အနည်းငယ်လောက် စကားပြောကြည့်လိုက်ရုံနဲ့ အောက်ပါအချက်တွေကို တွေ့နိုင်ပါတယ်။
သူတို့က ဖော်ဖော်ရွေရွေ စကားပြောတတ်ပါတယ်။
သူတို့က စကားပြောသန်ကြပေမယ့် စိတ်ပျက်စရာကောင်းလောက်တဲ့အထိတော့ မပြောကြပါဘူး။ မေးတာဖြေရုံ၊ အနည်းအကျဉ်းပြန်ပြောရုံလောက်မဟုတ်ပဲ အလေးအနက် တွေးခေါ်သုံးသပ် ပေးတတ်ကြပါတယ်။ သူတို့ရဲ့ အသိပညာဗဟုသုတတွေ၊ အကြံဉာဏ်တွေ ရှင်းရှင်းပြောရရင် တော်ကီတွေနဲ့ သင့်ကို ဘဝင်ခိုက်သွားစေနိုင်ပါတယ်။
သူတို့က သင့်ကိုနားလည်ပေးနိုင်ပါတယ်။
သင့်ရဲ့စိတ်ကို မြင်နိုင်သိနိုင်သူတစ်ယောက်ယောက်နဲ့သာ ချစ်သူတွေဖြစ်သင့်ပါတယ်။ စာဖတ်သူတွေကသာ ဘယ်သူမှ မမြင်နိုင်တဲ့ သင့်ရဲ့အတွင်းစိတ်ကို ဖတ်နိုင်ပြီး အပြည့်အဝအလုံးစုံနားလည်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စာဖက်သူတွေဟာ စာအုပ်ထဲက ဇာတ်ဆောင်တွေရဲ့ စိတ်ကိုနားလည်အောင် ကြိုးစားနေကြဖြစ်တဲ့အတွက် အပြင်လောကမှာလည်း တစ်ဖက်သူရဲ့စိတ်ကို နားလည်နိုင်စွမ်းရှိကြပါတယ်။ ဒါ့အပြင် သူတို့မှာ ဝေမျှခံစားနိုင်စွမ်းလည်း ရှိပါတယ်။ သင်နဲ့အမြဲ သဘောထားချင်း မတိုက်ဆိုင်နိုင်ပေမယ့် အကြောင်းကိစ္စတစ်ခုခုဆိုရင် သင့်နေရာကလည်း ဝင်ကြည့်ပေးတတ်ကြမှာ သေချာပါတယ်။
သူတို့က ထက်မြက်ရုံမဟုတ်ပဲ ပညာရှိကြတာဖြစ်ပါတယ်။
ထက်မြက်လွန်းတာက စိတ်ပျက်စရာဖြစ်ပြီး ပညာရှိတာကတော့ တကယ်ကောင်းတဲ့အချက်ဖြစ်ပါတယ်။ အလေးအနက် စာဖတ်သူတွေဟာ အသိဉာဏ်ပညာနဲ့ ပြည့်စုံကြတဲ့အတွက် သူတို့နဲ့ စကားပြောတိုင်း ပညာရနိုင်မှာဖြစ်ပါတယ်။ သူတို့ရဲ့ စကားလုံးအသုံးအနှုန်းကြွယ်မှု၊ မှတ်ဉာဏ်စွမ်းရည်တွေနဲ့ အခြေအနေကို သုံးသပ်နိုင်စွမ်းတွေက ပြောဆိုဆက်သွယ်မှုတွေကို စေ့စပ်သေချာစွာနဲ့ အကျိုးရှိရှိ လုပ်ဆောင်သွားနိုင်တာကြောင့် ဖြစ်ပါတယ်။
ဒါ့ကြောင့် အလေးအနက်စာဖတ်သူတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ရတာဟာ လူပေါင်းများစွာနဲ့ ချိန်းတွေ့ရသလိုပါပဲ။ သူတို့ဖတ်ရှုထားသမျှ အတွေ့အကြုံဗဟုသုတတွေနဲ့ ဉာဏ်ပညာတွေကို အလွယ်တကူ ဝေမျှရယူနိုင်ပါတယ်။ ပါမောက္ခတစ်ဦး ဒါမှမဟုတ် စူးစမ်းရှာဖွေသူတစ်ဦးနဲ့ ချစ်သူဖြစ်နေရသလို အကျိုးကျေးဇူးတွေ ရရှိနိုင်မှာဖြစ်ပါတယ်။
မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
© Gentleman Magazine 🄶🄼
Thorn Htet
=====================================================

No comments:

Post a Comment

မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။