"မှော်ဆရာရဲ့ဆေးကြိမ်လုံးနဲ့ ထိတို့ခံရတဲ့ကလေးရဲ့သင်ယူမှုအရည်အချင်းကထက်မြက်တယ်"
မူလတန်း၊ အလယ်တန်းတွေမှာ ကျောင်းသင်ခန်းစာမလိုက်နိုင်ဘူးဆိုတာ မရှိသလို ထူးချွန်တဲ့အမှတ်စာရင်းဆိုတာမျိုးလည်း မရှိပါဘူး။ ဒါတွေဟာ လှည့်ပြောင်းလို့ရပါတယ်။ စာမလိုက်နိုင်ဘူး၊ အမှတ်စာရင်းမကောင်းဘူးဆိုတဲ့ အခြေအနေကိုလှည့်ပြောင်းတဲ့ ထူးဆန်းတဲ့အင်အားက “သင်ရိုးပြင်ပစာ”တွေကို ဖတ်တာပဲဖြစ်ပါတယ်။
အစွမ်းထက်မြက်တဲ့ “မှော်ကြိမ်လုံး”တစ်ချောင်းက တကယ်ပဲရှိပါတယ်။ မှော်ဆေးကြိမ်လုံးနဲ့ အထိတို့ခံရတဲ့ကလေးက ပိုပြီးထက်မြက်ထူးချွန်သွား တတ်ပါတယ်။ သင်ယူမှုနဲ့အရည်အချင်းကိုလည်း ပိုတိုးတက်စေနိုင်ပါတယ်။
ဒီ “မှော်ကြိမ်လုံး”ကဘာလဲ...
ဘယ်သူကကံကောင်းပြီး အထိတို့ခံရမလဲဆိုတာကို လူတော်တော်များများက သိချင်ခဲ့ကြတယ်။
ကျွန်မနောက်တောက်တောက်နဲ့ ကလေးပုံပြင်ပြောနေတာမဟုတ်ပါ ဘူး။ လက်တွေ့ကျတဲ့နှိုင်းယှဉ်မှုတစ်ခုကို ပြုလုပ်နေတာပါ။ “မှော်ကြိမ်လုံး”ထက်ပိုကောင်း၊ ပိုနီးစပ်တဲ့အရာမရှိတော့လို့  မှော်ကြိမ်လုံးနဲ့ နှိုင်းယှဉ်ပြလိုက်တာဖြစ်ပါတ ယ်။
ကလေး၎ယောက်ရဲ့တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းကနေ ကျွန်မတို့ စပြောကြရအောင်…
ကျောင်းတစ်ကျောင်းက စတုတ္ထတန်းတစ်တန်းက ကလေးတွေနဲ့ ကျွန်မအချိန်တော်တော်ကြာ ထိတွေ့ဆက်ဆံခဲ့ဖူးပါတယ်။ အဲဒီအတန်းက ကလေးတွေနဲ့ ကျွန်မအရမ်းရင်းနှီးခဲ့ပါတယ်။ အတန်းထဲက ကလေး၎ယောက်ကို အဖွဲ့နှစ်ဖွဲ့ခွဲပြီး ကျွန်မစိတ်ထဲမှာ အမြဲနှိုင်းယှဉ်ကြည့်ခဲ့ပါတယ်။
ခင်ခင်နဲ့မောင်မောင်ဆိုတဲ့ ကလေးနှစ်ယောက်အကြောင်းကို ကျွန်မအရင်ပြောပါမယ်။ ဒီကလေးနှစ်ယောက်က စာကြိုးစားကြတယ်။ အမှတ်တွေက အလယ်အလတ်မှာဖြစ်တယ်။ လိမ္မာရေးခြားရှိတယ်။ ကျောင်းတက် ကျောင်းဆင်းချိန်မှာ ဆူပူဆော့ကစားတာမျိုး၊ ရန်စတာမျိုးတွေ မရှိကြဘူး။ ဒီကလေးမျိုးက အတန်းထဲမှာ ဆရာမကချစ်ပြီး အလွယ်တကူ လျစ်လျူရှုမိတတ်တဲ့ကလေးမျိုး ဖြစ်တယ်။
နောက်ကလေးနှစ်ယောက်က အောင်အောင်နဲ့သူရဆိုတဲ့ ကောင်လေးနှစ်ယောက်ဖြစ်တယ်။ အောင်အောင်က ထူးချွန်ထက်မြက်တယ်၊ ဘာသာတိုင်းအမှတ်ကောင်းပြီး လုပ်ရည်ကိုင်ရည်ထက်သန်တယ်၊ အတွေးအမြင်လည်း ထက်တယ်။ သူက ကျွန်မတွေ့ဖူးသမျှ လက်ချိုးရေလို့ရနိုင်တဲ့ ဘာချွတ်ယွင်းချက်မှမရှိတဲ့ ကလေးမျိုးဖြစ်တယ်။ သူရဆိုတဲ့ကောင်လေးက ကောင်းကွက်၊ ဆိုးကွက် သိသာမြင်သာတဲ့ကလေးဖြစ်တယ်။ ကောင်းကောင်းမသင်ယူဘူး၊ အလယ်အလတ်တန်းမှာဖြစ်တယ်။ ဒါပေမယ့် သူက စကားပြောကောင်းတယ်။ အမြဲပျင်းရိပုံပေါက်တယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့စည်းကမ်းကိုတော့ သူမချိုးဖောက်တတ်ဘူး။
ဒီကလေး၎ယောက်က ကျွန်မကိုသတိထားမိစေပြီး နှိုင်းယှဉ်မှုတွေကိုပြုလုပ်ေ စခဲ့တာဟာ သူတို့ရေးတဲ့စာစီစာကုံးက စခဲ့တာဖြစ်ပါတယ်။
ခင်ခင်နဲ့မောင်မောင်ရဲ့စာစီ စာကုံးကို ကျွန်မဖတ်ဖူးပါတယ်။ သူတို့နှစ်ယောက်ရဲ့အရေးအသား က သပ်သပ်ရပ်ရပ်ရှိတယ်ဆိုပေမယ့်  အကြောင်းအရာချို့တဲ့ပြီး အရေးအသားညံ့ပါတယ်။ စာလုံးပေါင်းမှားတာမျိုး၊ အသုံးအနှုန်းလွဲတာမျိုးတွေရှိပါတယ်။ ဒါဟာ သူတို့စာမေးပွဲရလဒ်နဲ့ သိသာမြင်သာတဲ့ ခြားနားချက်တစ်ခုဖြစ်ပါတယ်။ သူတို့ရေးတဲ့စီစာကုံးတိုင်း ကို ဆရာမက ပြန်ပြင်ရေးသားခိုင်းတာမျိုး အမြဲရှိခဲ့ပါတယ်။ သူတို့က စိတ်ပါလက်ပါ ပြန်လည်ပြင်ဆင်ရေးသားကြပေမယ့် တိုးတက်မှုမရှိခဲ့ပါဘူး။ နောက်တစ်ပုဒ်ရေးခိုင်းတဲ့အခါမှာလည်း အရည်အချင်းအဆင့်က နဂိုအတိုင်းပဲဖြစ်နေခဲ့ပါတယ်။ သူတို့ရဲ့တခြားလေ့ကျင့်ခန်း စာအုပ်ကိုကြည့်တဲ့အခါမှာလည်း ဒီကလေးနှစ်ယောက်ရဲ့ကြိုးစား မှုက သူတို့သင်ယူတဲ့အရည်အချင်းနောက် မလိုက်နိုင်တာကို သိသိသာသာတွေ့မြင်ခဲ့ရပါတယ်။
သူတို့ ဘယ်နေရာမှာ မှားယွင်းနေတယ်ဆိုတာကို အခြေခံအားဖြင့် ကျွန်မပိုင်းဖြတ်နိုင်ခဲ့ပါ တယ်။
ခင်ခင်နဲ့မောင်မောင်ကိုခေါ်ြ ပီး
ကျွန်မဆွေးနွေးခဲ့ပါတယ်။ သူတို့နှစ်ယောက်ကို “သားတို့၊ သမီးတို့
ကျောင်းပြင်ပစာတွေကို အမြဲဖတ်ဖြစ်သလား”လို့ ကျွန်မမေးခဲ့ပါတယ်။
ကျွန်မရဲ့အမေးကို ခင်ခင်က မနေတတ်မထိုင်တတ်ဖြစ်ပြီး ကျောင်းပြင်ပစာကို
သူအရမ်းဖတ်ချင်ကြောင်း၊ ကျောင်းစာထိခိုက်မှာစိုးတဲ့ အတွက်
သူ့ဖေဖေက ဖတ်ခွင့်မပေးခဲ့ကြောင်း၊ အိမ်မှာ ဖတ်လို့ရနိုင်တဲ့စာတွေကို
သော့ခတ်ထားကြောင်း ပြောပါတယ်။ သူတို့အိမ်မှာ သတင်းစာယူတော့ သတင်းစာနဲ့အတူ
မဂ္ဂဇင်းတစ်စောင်လက်ဆောင်ပေး ကြောင်း၊ အဲဒီမဂ္ဂဇင်းကို သူအရမ်းကြိုက်ကြောင်း၊ ဒါပေမယ့် မဂ္ဂဇင်းရောက်လာတိုင်း သူ့မိဘက သူမသိအောင်ဖွက်ထားတတ်ကြောင်း ပြောပြပါတယ်။ မောင်မောင်ကတော့ ကျောင်းပြင်ပစာတွေကို မကြိုက်လို့မဖတ်ဘူး၊ ကာတွန်းစာအုပ်လောက်ပဲဖတ်ဖြစ်ပြီး တခြားဘာစာအုပ်မှ မဖတ်ဖူးကြောင်း ပြောပါတယ်။
ဒီကလေးနှစ်ယောက် ဒီအတိုင်းသာဆက်သွားရင် အရမ်းနှမြောစရာကောင်းတယ်လို့  ကျွန်မထင်မိတယ်။ သူတို့က လိမ်မာပြီးစာကြိုးစားသူတွေမို့ သင်ယူခြင်းမှာ ထူးချွန်ထက်မြက်သင့်ပါတယ်။ ဒါကြောင့် သူတို့ရဲ့မိဘအုပ်ထိန်းသူကို သီးသန့်ခွဲခြားဖိတ်ခေါ်ပြီး တွေ့ဆုံဆွေးနွေးမှုတစ်ခု ကျွန်မပြုလုပ်ခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးတဲ့ရည်ရွယ်ချက်က ကလေးတွေ ကျောင်းပြင်ပစာဖတ်ရှုမှုကို အလေးထားဖို့၊ ကျောင်းပြင်ပစာဖတ်ရှုရာကနေ ကလေးရဲ့သင်ယူမှုအခက်အခဲကို ဖြေရှင်းဖို့ဖြစ်တယ်။
-------- (ဆက်လက်မျှဝေပါဦးမယ်..)
ဘာသာပြန်လက်စ "မိခင်ကောင်းက ဆရာသမားကောင်းထက် သာလွန်တယ်" သို့မဟုတ် "လက်ဦးဆရာ" စာအုပ်မှ...
မူလတန်း၊ အလယ်တန်းတွေမှာ ကျောင်းသင်ခန်းစာမလိုက်နိုင
အစွမ်းထက်မြက်တဲ့ “မှော်ကြိမ်လုံး”တစ်ချောင်းက တကယ်ပဲရှိပါတယ်။ မှော်ဆေးကြိမ်လုံးနဲ့ အထိတို့ခံရတဲ့ကလေးက ပိုပြီးထက်မြက်ထူးချွန်သွား
ဒီ “မှော်ကြိမ်လုံး”ကဘာလဲ...
ဘယ်သူကကံကောင်းပြီး အထိတို့ခံရမလဲဆိုတာကို လူတော်တော်များများက သိချင်ခဲ့ကြတယ်။
ကျွန်မနောက်တောက်တောက်နဲ့ ကလေးပုံပြင်ပြောနေတာမဟုတ်ပါ
ကလေး၎ယောက်ရဲ့တကယ့်ဖြစ်ရပ်မ
ကျောင်းတစ်ကျောင်းက စတုတ္ထတန်းတစ်တန်းက ကလေးတွေနဲ့ ကျွန်မအချိန်တော်တော်ကြာ ထိတွေ့ဆက်ဆံခဲ့ဖူးပါတယ်။ အဲဒီအတန်းက ကလေးတွေနဲ့ ကျွန်မအရမ်းရင်းနှီးခဲ့ပါတယ
ခင်ခင်နဲ့မောင်မောင်ဆိုတဲ့ ကလေးနှစ်ယောက်အကြောင်းကို ကျွန်မအရင်ပြောပါမယ်။ ဒီကလေးနှစ်ယောက်က စာကြိုးစားကြတယ်။ အမှတ်တွေက အလယ်အလတ်မှာဖြစ်တယ်။ လိမ္မာရေးခြားရှိတယ်။ ကျောင်းတက် ကျောင်းဆင်းချိန်မှာ ဆူပူဆော့ကစားတာမျိုး၊ ရန်စတာမျိုးတွေ မရှိကြဘူး။ ဒီကလေးမျိုးက အတန်းထဲမှာ ဆရာမကချစ်ပြီး အလွယ်တကူ လျစ်လျူရှုမိတတ်တဲ့ကလေးမျိုး
နောက်ကလေးနှစ်ယောက်က အောင်အောင်နဲ့သူရဆိုတဲ့ ကောင်လေးနှစ်ယောက်ဖြစ်တယ်။ အောင်အောင်က ထူးချွန်ထက်မြက်တယ်၊ ဘာသာတိုင်းအမှတ်ကောင်းပြီး လုပ်ရည်ကိုင်ရည်ထက်သန်တယ်၊ အတွေးအမြင်လည်း ထက်တယ်။ သူက ကျွန်မတွေ့ဖူးသမျှ လက်ချိုးရေလို့ရနိုင်တဲ့ ဘာချွတ်ယွင်းချက်မှမရှိတဲ့ ကလေးမျိုးဖြစ်တယ်။ သူရဆိုတဲ့ကောင်လေးက ကောင်းကွက်၊ ဆိုးကွက် သိသာမြင်သာတဲ့ကလေးဖြစ်တယ်။ ကောင်းကောင်းမသင်ယူဘူး၊ အလယ်အလတ်တန်းမှာဖြစ်တယ်။ ဒါပေမယ့် သူက စကားပြောကောင်းတယ်။ အမြဲပျင်းရိပုံပေါက်တယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့စည်းကမ်းကိုတေ
ဒီကလေး၎ယောက်က ကျွန်မကိုသတိထားမိစေပြီး နှိုင်းယှဉ်မှုတွေကိုပြုလုပ်ေ
ခင်ခင်နဲ့မောင်မောင်ရဲ့စာစီ
သူတို့ ဘယ်နေရာမှာ မှားယွင်းနေတယ်ဆိုတာကို အခြေခံအားဖြင့် ကျွန်မပိုင်းဖြတ်နိုင်ခဲ့ပါ
ခင်ခင်နဲ့မောင်မောင်ကိုခေါ်ြ
ဒီကလေးနှစ်ယောက် ဒီအတိုင်းသာဆက်သွားရင် အရမ်းနှမြောစရာကောင်းတယ်လို
-------- (ဆက်လက်မျှဝေပါဦးမယ်..)
ဘာသာပြန်လက်စ "မိခင်ကောင်းက ဆရာသမားကောင်းထက် သာလွန်တယ်" သို့မဟုတ် "လက်ဦးဆရာ" စာအုပ်မှ...
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။