Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 31, 2015

"မှော်ဆရာရဲ့ဆေးကြိမ်လုံးနဲ့ထိတို့ခံရတဲ့ကလေးရဲ့သင်ယူမှုအရည်အချင်းကထက်မြက်တယ်" 2


(တစ်နေ့က အဆက်...)

ခင်ခင်ရဲ့ဖေဖေက ခင်ခင်နေ့တိုင်းစာကြိုးစားတာတောင် အဆင့်က အလယ်အလတ်မှာပဲရှိတယ်။ တကယ်လို့ ကျောင်းပြင်ပစာပေးဖတ်လိုက်ရင် အဆင့်ကျသွားရင် ဘယ်လိုလုပ်မလဲလို့ပြောတယ်။

မောင်မောင်ရဲ့မိခင်က မောင်မောင်ကိုကျောင်းပြင်ပစာပေးဖတ်လိုက်ရင် သင်ယူမှုမှာဝန်ပိုပိလာနိုင်တယ်၊ မောင်မောင်က တစ်ပတ်မှာ ကျောင်းပြင်ပသင်တန်း ၆ခုနဲ့ ဂီတသင်တန်းတစ်ခုတက်ရသေးတယ်၊ တစ်ပတ်လုံး အားလပ်ရက်မရှိဘူး၊ အိမ်ကလည်း ဝေးတာကြောင့် ဘတ်စ်ကားပေါ်မှာပဲ အသွားအပြန် ၂နာရီခွဲကျော်လောက် အချိန်သုံးနေရတယ်။ တစ်နေ့ကို သူ ၆နာရီလောက်ပဲအိပ်ရတယ်၊ ဒါကြောင့် မောင်မောင်ကို ဝန်ထပ်ပိစေလို့မဖြစ်ဘူးလို့ ဆိုပါတယ်။

ဒီကလေးတွေက အခုမှမူလတန်းတက်စရှိသေးတာမို့ စာမေးပွဲမှာ တစ်ခါတလေ အမှတ်အနည်းငယ်နိမ့်တာ၊ မြင့်တာတွေက အရေးမကြီးဘူးလို့ သူတို့ကိုကျွန်မပြောပြပါတယ်။ လောလောဆယ်ဖြစ်နေတဲ့ အဓိကပြဿနာက သူတို့မှာ သင်ယူအားမသန်စွမ်းဘူး၊ ဒါကမှ တကယ့်ပြဿနာဖြစ်တယ်။ ဒါဟာ သူတို့ရဲ့အနာဂတ်သင်ယူမှုကို ပြင်းပြင်းထန်ထန်ထိခိုက်စေတတ်ပါတယ်။ ကျောင်းပြင်ပသင်တန်းတွေ ဒီလောက်များများမတက်စေဘဲ၊ စာမေးပွဲအမှတ်စာရင်းကို အတင်းအကျပ်မကန့်သတ်ဘဲ၊ သူတို့ကို ကျောင်းပြင်ပစာတွေ များများပေးဖတ်စေတာဟာ သူတို့ရဲ့သင်ယူမှုဝန်ကို လျော့နည်းစေနိုင်ပြီး သင်ယူအားကို တိုးမြင့်စေပါတယ်။ နောင်တစ်ချိန်မှာ တကယ့်ရလဒ်ကောင်းတွေကို ရရှိစေမှာဖြစ်တယ်။

ပြဿနာကို ရှင်းလင်းမြင်သာအောင် ကျွန်မအတတ်နိုင်ဆုံးပြောပြပါတယ်။ ပြောနေချိန်မှာလည်း ကျွန်မရဲ့အကြံပေးချက်ကို သူတို့သဘောတူလက်ခံကြောင်းပြောပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ ကလေးတွေကို ကျွန်မမေးကြည့်တော့ အရင်အတိုင်းမပြောင်းလဲဘူးလို့ ဆိုပါတယ်။ ခင်ခင်ရဲ့ဖေဖေက သတင်းစာမှာလို့ “ဖတ်စရာ” မဂ္ဂဇင်းလက်ဆောင်ရတာဟာ ကလေးကို သင်ယူမှုမှာစိတ်ပါဝင်စားမှုမရှိစေလို့ဆိုပြီး လက်ဆောင်မဂ္ဂဇင်းအစား နွားနို့ကိုပြောင်းလဲယူခဲ့ပါတယ်။

မောင်မောင်က နဂိုတည်းက စာဖတ်ဝါသနာမပါတာကြောင့် သူ့မေမေကလည်း သူ့ဝါသနာကိုပျိုးထောင်မနေခဲ့တော့ပါဘူး။ ကလေးကို တိုက်ကွန်ဒိုသင်တန်း ထပ်တိုးတက်စေခဲ့ပါတယ်။ အကြောင်းရင်းက မောင်မောင်တစ်နေ့ကုန်သင်ယူနေလို့ ကိုယ်လက်လှုပ်ရှားမှုနည်းတယ်၊ တိုက်ကွန်ဒိုသင်တန်းတက်ရင် အားကစားလုပ်နိုင်သလို ကိုယ့်ကိုယ်ကိုလည်း ကာကွယ်နိုင်တယ်လို့ဆိုတယ်။ မောင်မောင်အတွက် ဘယ်ကနေဘယ်လို ဒီသင်တန်းတက်ဖို့ သူအချိန်ဖဲ့ယူခဲ့သလဲဆိုတော့ကိုတော့ ကျွန်မလည်း မသိတော့ပါဘူး။ မောင်မောင်တက်တဲ့သင်တန်းတွေထဲမှာ စာစီစာကုံးရေးသားနည်း သင်တန်းတစ်ခုပါတယ်ဆိုတာကို ကျွန်မသိလိုက်ရပါတယ်။

ခင်ခင်၊ မောင်မောင်နဲ့ နှိုင်းစာကြည့်ရင် အောင်အောင်နဲ့သူရတို့ရဲ့ စာစီစာကုံးအရေးအသားက အရမ်းကောင်းမွန်တာကို တွေ့ရတယ်။ စာစီစာကုံးတစ်ပုဒ်လုံးမှာ စာလုံးပေါင်းအမှား၊ ညံ့တဲ့အသုံးအနှုန်း မတွေ့ရသလောက်ပါပဲ။ အောင်အောင်ရဲ့ အရေးအသားက သပ်ရပ်သန့်ရှင်းပြီး စာပုဒ်ထဲမှာ တမူထူးခြားတဲ့ ရှုထောင့်နဲ့အတွေးအမြင်တွေကို တွေ့ရတယ်။ သူရရဲ့အရေးအသားက သိပ်မသပ်ရပ်၊ မသန့်ရှင်းဘူးဆိုပေမယ့် သူ့စာစီစာကုံးတစ်ပုဒ်တိုင်းက သိသာထင်ရှားတဲ့အရေးအသားတွေပါပဲ။ တစ်ခါတလေမှာ သူစိတ်ပါဝင်တစားရေးတာမဟုတ်မှန်း ဖတ်ကြည့်တာနဲ့သိပေမယ့် တချို့အပုဒ်တွေက သူလေးလေးနက်နက်ရေးထားတာတွေပါ။ မသပ်ရပ်တဲ့ လက်ရေးလက်သားကနေ ဂရုတစိုက်ဖတ်ကြည့်ရင်း သူ့ရဲ့ပါရမီကို ခံစားမိနိုင်ပါတယ်။ ဖတ်ပြီးရင်လည်း ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲဖြစ်စေပါတယ်။

ဒီကလေးနှစ်ယောက်နဲ့လည်း ကျွန်မတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ သူတို့က ကျောင်းပြင်ပစာတွေဖတ်ရတာကို အရမ်းနှစ်သက်သူတွေဖြစ်မှန်း သိလိုက်ရပါတယ်။ အောင်အောင်ရဲ့အိမ်မှာ စာအုပ်တွေ အများအပြားစုဆောင်းထားပြီး နာမည်ကြီးတဲ့စာပေတွေ၊ သမိုင်း၊ သဘာဝဆိုင်ရာစာအုပ်တွေကို သူတော်တော်များများဖတ်ပြီးနေပြီဖြစ်ပါတယ်။ သူနဲ့ရွယ်တူကလေးတွေထက် သူ့စာဖတ်နှုန်းက ကျော်လွန်နေခဲ့ပါတယ်။

သူရရဲ့မိဘနှစ်ပါးက စီးပွားရေးသမားတွေမို့ အိမ်မှာသိပ်မရှိပါဘူး။ သူက အဘိုးအဘွားနဲ့ နေသူပါ။ အဘိုးအဘွားရဲ့အိမ်မှာ ကွန်ပျုတာမရှိသလို၊ တီဗွီလည်း သိပ်မကြည့်ဖြစ်ကြဘူး။ ဒါကြောင့် သူဟာ စာအုပ်တွေပဲ ဝယ်ဖတ်ဖြစ်ခဲ့တယ်။ သူရက စာအစုံဖတ်သူပါ။ တိရစ္ဆာန်အကြောင်း၊ သိပံ္ပ၊ စုံထောက်၊ သိုင်းဝတ္ထုတွေ အကုန်ဖတ်ပါတယ်။ လက်လှမ်းမိတဲ့စာအုပ်မှန်သမျှ သူဖတ်ပါတယ်။

ဒီကလေးနှစ်ယောက်က စာစီစာကုံးအရေးကောင်းသလို တခြားဘာသာ၊ တခြားသင်ခန်းစာတွေကိုလည်း ပေါ့ပေါ့ပါးပါးဖြတ်ကျော်နိုင်ကြသူတွေပါ။ အောင်အောင်က လိမ်မာတဲ့ကျောင်းသားတစ်ယောက်ဆိုပေမယ့် စာကြမ်းပိုးမဟုတ်ဘူး။ သူက ဘောလုံးကစားတာကို နှစ်သက်တယ်၊ အချိန်တော်တော်များများပေးပြီး ဘောလုံးကန်တယ်။ သူရက အဆင့်သိပ်မကောင်းခဲ့ဘူးဆိုပေမယ့် သူ့အတန်းပိုင်ဆရာမပြောသလိုပြောရရင် ဒီကလေးဉာဏ်သိပ်ကောင်းတယ်။ စာတွေကိုသုံးရက်လောက် စိတ်ပါဝင်စား သူကျက်မှတ်ရုံနဲ့ အတန်းထဲမှာ အဆင့်သုံးလောက်ကို သူရနိုင်တယ်။

အဲဒီအတန်းကို ကျွန်မဆက်မသင်ဖြစ်တော့တဲ့အခါ ကျောင်းသားတွေနဲ့ အမြဲဆက်သွယ်ရဖို့ ကျွန်မအီးမေးလ်ကို ပေးခဲ့ပါတယ်။ အခုချိန်ထိ ကျောင်းသားတချို့နဲ့ ကျွန်မအဆက်သွယ်ရှိနေတုန်းပါပဲ။ အခုချိန်မှာ သူတို့အလယ်တန်းရောက်နေကြပါပြီ။ မကြာခင် စာမေးပွဲဖြေရပါတော့မယ်။

အောင်အောင်က ကျွန်မဆီအီးမေးလ်မပို့ခဲ့ဖူးပေမယ့် သူ့မေမေက ကျွန်မနဲ့အမြဲအဆက်အသွယ်လုပ်ခဲ့ပါတယ်။ ကျွန်မတို့ အပြင်မှာမမြင်ဖူးခဲ့ကြပေမယ့် အီးမေးလ်ကနေတဆင့် ကလေးပညာပေးရေးတွေကို ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ အောင်အောင်က နာမည်ကြီးအလယ်တန်းကျောင်းတစ်ကျောင်းမှာ တက်နေပါတယ်။ သူ့မေမေရဲ့ပြောပြချက်အရ အောင်အောင်ဟာ အရင်လိုပဲ သင်ယူမှုမှာအားသန်နေပါတယ်။ သူ့ရဲ့ကျောင်းသင်ခန်းစာအမှတ်နဲ့ ဘောလုံးကစားခြင်းက တန်းတူပါလို့ဆိုတယ်။ အကောင်းဆုံးအထက်တန်းကျောင်းတစ်ကျောင်းမှာ တက်ရဖို့ သေချာနေပြီလို့လည်းဆိုပါတယ်

ခင်ခင်က ကျွန်မနဲ့အမြဲအဆက်အသွယ်ရှိပါတယ်။ သာမန်အလယ်တန်းကျောင်းတစ်ကျောင်းမှာ သူတက်ရောက်နေပါတယ်။ ဆရာသမားကောင်းအရည်အချင်းသိပ်မပြည့်ဝတဲ့ ကျောင်းဖြစ်တယ်။ သူရနဲ့ မောင်မောင်ကလည်း ဒီကျောင်းမှာတက်ရောက်နေတယ်လို့ ဆိုပါတယ်။ သူနဲ့မောင်မောင်ရဲ့ သင်ယူမှုအရည်အချင်းက အလယ်အလတ်မှာလို့ဆိုတယ်။ အထက်တန်းကို အောင်အောင်ဖြေနိုင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။ သူရက အထက်တန်းဖြေရတော့မယ်ဆိုတော့ သူ့ကိုယ်သူနည်းနည်းစိတ်ပူလာပါတယ်။ သင်ယူမှုပိုင်းမှာ ပိုအလေးအနက်ထားလာခဲ့လို့ အခုဆိုရင် အဆင့် တစ်၊ နှစ်၊ သုံးထဲမှာလို့ဆိုပါတယ်။ ခင်ခင်က ကြာလေကျောင်းမတက်ချင်လေ၊ ကြာလေစာတွေခက်လာပြီး သင်ယူရတာပင်ပန်းလေလို့ ပြောပါတယ်။

ကလေးတွေရဲ့ သင်ယူမှုအပိုင်းမှာ ဖွံ့ဖြိုးတိုးတက်နှုန်းက သိသာမြင်သာနေခဲ့ပါပြီ။

------
ဆက်ပါဦးမည်...

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။