ပေါ်ထွန်း on 2015-10-29 16:30
Microsoft ရဲ့ ဥက္ကဌလည်းဖြစ်၊ တည်ထောင်သူ တစ်ဦးလည်းဖြစ်သူ ဘီလ်ဂိတ်ဟာ ယနေ့ အသက် ၆၀ ပြည့်သွားပါပြီ။ သူ့အကြောင်း သင်မသိသေးတဲ့ စိတ်ဝင်စားစရာ အချက်အလက်တချို့ကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
၁။ လူငယ်ဘဝမှာ ပြသနာ ဖန်တီးခဲ့သူ
ဘီလ်ဂိတ် ၁၃ နှစ်သားတုန်းက ကွန်ပျူတာတစ်လုံးကို ကိုယ်ကျိုးအတွက် အသုံးပြုရင်း စက်ချွတ်ယွင်းမှုဖြစ်စေတာ အမိခံရလို့ Computer Center Corporation က ကွန်ပျူတာ အသုံးပြုခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။
၂။ နေအိမ် မသပ်မရပ်ရှုပ်ပွနေခြင်း
ဘီလ်ဂိတ် နေအိမ်ဟာ heated floors ၊ custom music နဲ့ temperatures settings ၊ အိမ်ပတ်ဝန်းကျင်လှုပ်ရှားသွားလာမှုများအား ခြေရာခံပေးမယ့် sensors တွေ စတဲ့ နောက်ဆုံးပေါ်ခေတ်မီနည်းပညာများဖြင့် ပြည့်နက်နေတဲ့ ဥာဏ်ကြီးရှင် တစ်ဦးရဲ့ စိတ်ကူးကမ္ဘာတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီ့ပြင် အသုံးပြုပြီးသစ်သား၊ ပစ္စည်းကိရိယာတွေ အသုံးပြုထားပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမဖြစ်အောင် တောင်စောင်းမှာ ဆောက်ထားလို့ သဘာဝပတ်ဝန်းကျင်ကို အကျိုးပြု၊ ထိခိုက်မှုကင်းတဲ့ အိမ်လေးဖြစ်ပါတယ်။
၃။ ဈေးသက်သာသောအရာများက သူ့ကို အပျော်ဆုံးလူသားတစ်ဦးဖြစ်စေ
ကြီးပွားချမ်းသာလာတဲ့အချိန်ကစလို့ ဈေးအနည်းဆုံး ပစ္စည်းများကသာ သူ့ကို ပျော်ရွှင်မှုအပေးနိုင်ဆုံးဖြစ်တယ်လို့ ဘီလ်ဂိတ်က ဆိုပါတယ်။
၎။ ငယ်ရွယ်စဉ်က တွန်းထုတ်ပစ်ပယ်ခံနေရသူ
၁၇ နှစ်သားအရွယ်မှာ အချိန်ဇယားစီစဉ်ရေးဆွဲခြင်းအတွက်သုံးတဲ့ သူ့ရဲ့ ပထမဦးဆုံး ကွန်ပျူတာပရိုဂရမ်ကို ရေးသား၊ ရောင်းချခဲ့ပါတယ်။
၅။ Steve Jobs နဲ့ ကောင်းမွန်သော ဆက်ဆံမှုရှိခဲ့Microsoft တည်ထောင်သူဖြစ်သော သူနဲ့ Steve Jobs နဲ့ ပတ်သက်ဆက်နွယ်မှုအပေါ် Reddit သုံးစွဲသူတစ်ယောက်ရဲ့ မေးခွန်းကို တုံ့ပြန်ရာမှာ တစ်ဦးပေါ်တစ်ဦး အတတ်ပညာပိုင်းဆိုင်ရာ အလေးထားမှုရှိ ကြောင်း ရှင်းပြပါတယ်။
၆။ အကြောင်းအရာတစ်ခုမှာ စိတ်ပါဝင်စားပြီး နှံ့စပ်သူ
သူ စိတ်အားထက်သန်မှုအရှိဆုံးအရာများထဲမှ တချို့မှာ Issac Newton, Abraham Lincoln နဲ့ Leonardo da Vinci စတဲ့ နာမည်ကြီး သမိုင်းဝင်ပုဂ္ဂိုလ်များဆီက မှတ်တမ်းမှတ်ရာများပင် ဖြစ်ပါတယ်။ da Vinci ရဲ့ Codex Leicester မှတ်စုကို ၁၉၉၄ မှာ သူ ဒေါ် ၃၀ မီလျှံကျော် ပေးဝယ်ခဲ့တယ်လို့ Bill Gates က ဆိုပါတယ်။
၇။ စာအုပ်များကို အွန်လိုင်းမှ ဝေဖန်သုံးသပ်စာရေးသားခြင်း
ဘီလ်ဂိတ်လို မအားမလပ်တဲ့သူက စာဖတ်ဖို့ အချိန် ရှာကြံရယူပြီး အွန်လိုင်းမှ သူဖတ်ခဲ့တဲ့ စာအုပ်အများစုကို ဝေဖန်သုံးသပ်စာတောင် ရေးသားလိုက်ပါသေးတယ်။
၈။ တခါတလေမှသာ လျို့ဝှက်စာဖြင့်ရေးသား
ဘီလ် လျို့ဝှက်စာ အနည်းငယ် ရေးနေပါသေးတယ်။ C, C# နဲ့ တချို့ Basic တွေ ကျွန်တော် ရေးပါတယ်။ ဘယ်သာစကား အသစ်အဆန်းများက Programming ကို ရှင်းလင်းလွယ်အောင်ပြုလုပ်ရာမှာ တိုးတက်မှု ပိုမဖြစ်စေတာ အံ့သြမိပါတယ်။ အထက်တန်းကျောင်းသူ/သားအများစု programming နဲ့ အထိအတွေ့ရှိရင် ပိုကောင်းအဆင်ပြေလိမ့်မယ်လို့ သူက ဆိုပါတယ်။
Ref:popsugar
Trend Myanmar

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။