ဒီမှာ ကိုယ့်လူ
NLD ကိုမဲပေးမယ်ဆိုတာ
ငတ်နေလို့ မဟုတ်ဘူး
ဘာမှမပြောင်းလဲလည်း
ဗိုက်ရိုက်ပြီး စားနေလို့ရတယ်
ကိုယ်နဲ့အဆင်ပြေတိုင်းသာ
ဒီစနစ်ကြီး ကောင်းပါတယ်လို့
လုပ်နေရင် ဟင်း....ဟင်း
ကိုအောင်ဆန်းက ကျောင်းပြီး
မြို့အုပ် အရေးပိုင် လုပ်နေရုံဘဲ
"မြန်မာတွေ ဒီမိုကရေစီနဲ့ မတန်ဘူး"
"ကိုယ်တိုင်ကျ စည်းကမ်းမရှိဘူး"
ခွေးစကားလာမပြောနဲ့
အမှိုက်ကို စည်းကမ်းမဲ့မပစ်စေချင်ရင်
အမှိုက်ပုံးထားပေး
ဆိုင်ကယ်ဦးထုပ်မဆောင်းရင်ဖ မ်း
ကြိုက်သလောက် ဒဏ်ကြေးဆောင်ခိုင်း
အိတ်ထဲမထည့်နဲ့ တိုင်းပြည်ကိုပေး
ဘယ်သူ့သားသမီးမို့
စကားဝှက်နဲ့ လိပ်ပြာဆိုပြီး
မလွှတ်နဲ့
အထိုင်ချတဲ့ နေရာမှာ
ဘီယာစုပ်ရင်း ဈေးမညှိနဲ့
ဘယ်လိုလဲ စမ်းကြည့်လေ
ပြည်သူတွေစည်းကမ်းရှိမရှိ.. .။
မနက်တိုင်း ဘုရားရှိခိုးပြီး
အမျှဝေတယ်
ဥပုသ်နေ့တိုင်း သီလယူတယ်
အရက်မသောက်ဘူး
မိန်းမမလိုက်စားဘူး
သူ့အိမ်လေးမှာ သီးပင်စားပင်တွေစိုက်ရင်း
ငါးပါးသီလလုံအောင်နေတယ်
ရိုးသားပြီး အေးဆေးနေတိုင်းသာ
သမ္မတလုပ်ခိုင်းရရင်
ငါ့အဖေကို
ရွေးကောက်ပွဲ ဝင်ခိုင်းလိုက်မယ်
မှတ်သွား
နိုင်ငံရေးဆိုတာ ပရိယာယ်ကြွယ်ရတယ်
သူများတိုင်းပြည်မှာ
ခေါင်းမော့ ရင်ကော့
လျှောက်ရဲရမယ်
တိုင်းတစ်ပါးက လေးစားရမယ်
မြန်မာပြည်အတွက် နောက်ထပ်
သီပေါမင်း မလိုချင်ဘူး....။
မူရင်းပို့စ်ပိုင်ရှင် - ဒေါက်တာအာကာဦး
NLD ကိုမဲပေးမယ်ဆိုတာ
ငတ်နေလို့ မဟုတ်ဘူး
ဘာမှမပြောင်းလဲလည်း
ဗိုက်ရိုက်ပြီး စားနေလို့ရတယ်
ကိုယ်နဲ့အဆင်ပြေတိုင်းသာ
ဒီစနစ်ကြီး ကောင်းပါတယ်လို့
လုပ်နေရင် ဟင်း....ဟင်း
ကိုအောင်ဆန်းက ကျောင်းပြီး
မြို့အုပ် အရေးပိုင် လုပ်နေရုံဘဲ
"မြန်မာတွေ ဒီမိုကရေစီနဲ့ မတန်ဘူး"
"ကိုယ်တိုင်ကျ စည်းကမ်းမရှိဘူး"
ခွေးစကားလာမပြောနဲ့
အမှိုက်ကို စည်းကမ်းမဲ့မပစ်စေချင်ရင်
အမှိုက်ပုံးထားပေး
ဆိုင်ကယ်ဦးထုပ်မဆောင်းရင်ဖ
ကြိုက်သလောက် ဒဏ်ကြေးဆောင်ခိုင်း
အိတ်ထဲမထည့်နဲ့ တိုင်းပြည်ကိုပေး
ဘယ်သူ့သားသမီးမို့
စကားဝှက်နဲ့ လိပ်ပြာဆိုပြီး
မလွှတ်နဲ့
အထိုင်ချတဲ့ နေရာမှာ
ဘီယာစုပ်ရင်း ဈေးမညှိနဲ့
ဘယ်လိုလဲ စမ်းကြည့်လေ
ပြည်သူတွေစည်းကမ်းရှိမရှိ..
မနက်တိုင်း ဘုရားရှိခိုးပြီး
အမျှဝေတယ်
ဥပုသ်နေ့တိုင်း သီလယူတယ်
အရက်မသောက်ဘူး
မိန်းမမလိုက်စားဘူး
သူ့အိမ်လေးမှာ သီးပင်စားပင်တွေစိုက်ရင်း
ငါးပါးသီလလုံအောင်နေတယ်
ရိုးသားပြီး အေးဆေးနေတိုင်းသာ
သမ္မတလုပ်ခိုင်းရရင်
ငါ့အဖေကို
ရွေးကောက်ပွဲ ဝင်ခိုင်းလိုက်မယ်
မှတ်သွား
နိုင်ငံရေးဆိုတာ ပရိယာယ်ကြွယ်ရတယ်
သူများတိုင်းပြည်မှာ
ခေါင်းမော့ ရင်ကော့
လျှောက်ရဲရမယ်
တိုင်းတစ်ပါးက လေးစားရမယ်
မြန်မာပြည်အတွက် နောက်ထပ်
သီပေါမင်း မလိုချင်ဘူး....။
မူရင်းပို့စ်ပိုင်ရှင် - ဒေါက်တာအာကာဦး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။