စည်းအပြင် ရောက်နေခဲ့တဲ့ Marilyn Manson ဖန်တီးပြသွား ခဲ့တဲ့ တွေးတော စဉ်းစားစရာ များ
…………………………………………………………………… ……
မာရီလင်မန်ဆန် ဆိုတဲ့ ဘဲကြီးကို သူ့ရဲ့ ဂီတ ပုံစံ နဲ့ ပက်သက်လို့ ပြောပြနေစရာ မလိုလောက် အောင်ပဲ ခင်ဗျား တို့သိထားကြပြီးသားပါ။ ဒီဘဲကြီးက ပုံမှန် အတိုင်းဆို အဆိုတော် နဲ့ ဂီတပညာရှင်, အနုပညာရှင် တစ်ယောက်လည်း ဖြစ်ခဲ့ပြီး ဒဿ န (သို့) အတွေးအခေါ် ပိုင်းတွေနဲ့ပါ ပညာရှင် လို့ပြောရမယ် လူတစ်ယောက် လို့ ပြောတတ်ကြပါတယ်။
သူရဲ့ အတွေးအခေါ်တွေ နဲ့ပက်သက်ပြီး ပွင့်ပွင့်လင်းလင်း နဲ့ ဒဲ့တွေ ပြောတတ်ခဲ့သလို အထူးသဖြစ် သူရဲ့ သေခြင်းတရားနဲ့ ပက်သက် တဲ့ အမြင်တွေ, အရင်းရှင်စနစ် အပေါ် ဝေဖန်ထားခဲ့တဲ့ နိုင်ငံရေး အမြင်တွေ, အတုအယောင် ဘာသာတရားတွေနဲ့ ပက်သက်တာတွေ, ဆေတန် ကိုးကွယ်မှု ပုံစံတွေ အပြင် သူရဲ့ လူနေမှု ပုံစံတွေကြောင့် မန်ဆန် ကို အော့နှလုံး နာလောက်အောင် ဖြစ်ခဲ့ တဲ့ လူတွေရှိသလို ကြိုက်နှစ်သက်တဲ့ လူတွေ လည်း ရှိခဲ့တာပဲဖြစ်ပါတယ်။ ဒါဟာ မေဆန်ပါ ဒါမှမဟုတ် စည်းပြင်ကလူသား Marilyn Manson ပါပဲ။
မန်ဆန်ဟာ သူရဲ့ ရှိုးပွဲတစ်ခုမှာ လက်ဝါးကပ်တိုင် ကိုမီးရှို့ပြလိုက်ပါတယ်။ ဒါဟာ ပြဿ နာ ရှာသလို ဖြစ်သွားခဲ့ပြီး သူ့အပေါ်မှာ ပြောစရာတွေ ဖြစ်သွား ခဲ့သလို ဂယက်ထ သွားစေခဲ့တဲ့အပြင် ပေါ်ပင်ဖြစ်ချင်လို့ သူလုပ်ခဲ့တာလား ဒါမှာမဟုတ်ဘာအတွက်လည်း, ပေါ်ပင်ဖြစ်ချင် လို့မဟုတ်တာကတော့ ကျိန်းသေသလောက်ရှိ ပါတယ်။ သူကနံမည် ကြီးနေပြီဖြစ်တဲ့ ရောခ့်စတား တစ်ယောက်ဖြစ်နေပါပြီ။ ဘာအတွက်လည်း ဆိုတာကိုတော့ စဉ်းစား ဆင်ခြင်စရာတွေ ကိုသူစပေးထားခဲ့တာပါ။
အဲဒါနဲ့ ပက်သက်လို့ တစ်ခြားတစ်ဖက်က စဉ်းစားစရာစရာတွေဖြစ်လာခဲ့ပါပြီ။
ဘာသာ တရားတိုင်းဟာ ယဉ်ကျေးသိမ်မွေ့တဲ့ လူအဖွဲ့ အစည်း အတွက် အသိတရားနဲ့
စဉ်စားဆင်ခြင် ဥဏ် တွေကို လမ်းပြထားခဲ့ကြတာပါပဲ။ ဒါပေမယ့် အခု လက်ရှိမှာ
မျိုးတုန်း သတ်ဖြတ်တာတွေ, နူကလီးယား ကို လူသားတွေအတွက် ကောင်ကျိုးဆိုတာ
တွေထက် အဆိုးတွေဘက်ကို ပိုမို အားစိုက် တီထွင်ထားခဲ့တာ, အသိတရား
မြင့်မားလွန်းပါတယ် ဆိုတဲ့ လူသားတွေဟာ တစ်ဖက်သား ကို နာကျင် စေလောက်အောင်
ရိုက်နှက် သတ်ဖြတ်ပြီး လုယက်တာတွေ, ဇိမ်ခန်းတွေ ဘီယာဆိုင် အရက်ဆိုင်တွေမှာ
လူတွေ စည်းကားနေခဲ့တာတွေ ဟာ ပညာတတ်,သာမန်လူတန်းစား, ပညာမဲ့ စသဖြစ် အသိတရား
ကင်းမဲ့သွားခဲ့တာတွေအတွက် စဉ်းစားစရာတွေပါ။
ပညာတတ်ပါတယ်ဆိုတဲ့ လူတွေနဲ့ ကမ္ဘာ့ အဆင်မြင့်ဆုံး နိုင်ငံခေါင်းဆောင် တွေရဲ့ ဂျီ 8 ဆွေးနွေးပွဲ တွေမှာ အံသြစရာကောင်းလောက် အောင် ပျက်ဆီးလာနေပြီ ဖြစ်တဲ့ ကမ္ဘာ့ကြီး အတွက် မစဉ်းစားပဲ ယူရို ဒေါ်လာတန်ဖိုးကျဆင်း တာတို့ အခွန် ကင်းလွတ်ရေး တို့တွေကို အဓိကဆွေးနွေးခဲ့တာ, အာဏာရှင် တွေအုပ်ချူ ပ် တဲ့ နိုင်ငံတွေမှာ (ကျွန်တော် တို့နိုင်ငံအပါအဝင်) လူတစ်စု ကောင်းစားရေး အတွက် လူသန်းပေါင်း များစွာဟာ အတိဒုက္ခပေါင်းများစွာ ဖြစ်ခဲ့တာ, ဘာသာရေး အကြောင်းပြပြီး လူသတ်ပွဲတွေ ဆင်နွဲနေခဲ့တာ, လူတွေဟာ လိမ်လည်ဖို့လွယ်ကူ နေခဲ့သလောက် အမှန်တရားအတွက် စဉ်းစား ဆင်ခြင်ဖို့ ခက်ခဲနေခဲ့တာတွေ အပြင် စစ်အေးခေတ်တစ်လျှောက်လုံး လူသားတွေ ကို မျိုးသုဉ်းသွားစေလောက်တဲ့ လက်နက်တွေ ကို အပြိုင်အဆိုင် တပ်ဆင်ခဲ့တာတွေ နဲ့ အသိတရား မြင့်မားပါတယ်ဆိုတဲ့ လူ့ယဉ်ကျေးမှု အဖွဲ့အစည်း ဆိုတာချည်း ဟာ ဘယ်ကို သွားနေခဲ့တာလည်း ဆိုတာ ကို သူက သတိပေးသွားခဲ့သလို ဖြစ်နေတာပါ။
သူပြောချင်ခဲ့တာက လူသားတွေဟာ အပြင်ပန်း ကဟန်ဆောင် နေခဲ့ကြတာဖြစ်ပြီး အတွင်းစိတ် ထဲမှာတော့ ယဉ်ကျေးသိမ့်မွေ့တဲ့ လူသားအဖွဲ့ အစည်းကြီး ကို မီးရှို့ လိုက်တာနဲ့ တူနေပြီ ဆိုတာကို သတိပေးလိုက်သလိုပဲ ဖြစ်နေတော့တာပဲဖြစ်ပါတယ်။
…\m/ထွဋ်\m/…
ခင်သောမင်သော
စေကာ္ပီယံမ် ား
……………………………………………………………………
မာရီလင်မန်ဆန် ဆိုတဲ့ ဘဲကြီးကို သူ့ရဲ့ ဂီတ ပုံစံ နဲ့ ပက်သက်လို့ ပြောပြနေစရာ မလိုလောက် အောင်ပဲ ခင်ဗျား တို့သိထားကြပြီးသားပါ။ ဒီဘဲကြီးက ပုံမှန် အတိုင်းဆို အဆိုတော် နဲ့ ဂီတပညာရှင်, အနုပညာရှင် တစ်ယောက်လည်း ဖြစ်ခဲ့ပြီး ဒဿ န (သို့) အတွေးအခေါ် ပိုင်းတွေနဲ့ပါ ပညာရှင် လို့ပြောရမယ် လူတစ်ယောက် လို့ ပြောတတ်ကြပါတယ်။
သူရဲ့ အတွေးအခေါ်တွေ နဲ့ပက်သက်ပြီး ပွင့်ပွင့်လင်းလင်း နဲ့ ဒဲ့တွေ ပြောတတ်ခဲ့သလို အထူးသဖြစ် သူရဲ့ သေခြင်းတရားနဲ့ ပက်သက် တဲ့ အမြင်တွေ, အရင်းရှင်စနစ် အပေါ် ဝေဖန်ထားခဲ့တဲ့ နိုင်ငံရေး အမြင်တွေ, အတုအယောင် ဘာသာတရားတွေနဲ့ ပက်သက်တာတွေ, ဆေတန် ကိုးကွယ်မှု ပုံစံတွေ အပြင် သူရဲ့ လူနေမှု ပုံစံတွေကြောင့် မန်ဆန် ကို အော့နှလုံး နာလောက်အောင် ဖြစ်ခဲ့ တဲ့ လူတွေရှိသလို ကြိုက်နှစ်သက်တဲ့ လူတွေ လည်း ရှိခဲ့တာပဲဖြစ်ပါတယ်။ ဒါဟာ မေဆန်ပါ ဒါမှမဟုတ် စည်းပြင်ကလူသား Marilyn Manson ပါပဲ။
မန်ဆန်ဟာ သူရဲ့ ရှိုးပွဲတစ်ခုမှာ လက်ဝါးကပ်တိုင် ကိုမီးရှို့ပြလိုက်ပါတယ်။ ဒါဟာ ပြဿ နာ ရှာသလို ဖြစ်သွားခဲ့ပြီး သူ့အပေါ်မှာ ပြောစရာတွေ ဖြစ်သွား ခဲ့သလို ဂယက်ထ သွားစေခဲ့တဲ့အပြင် ပေါ်ပင်ဖြစ်ချင်လို့ သူလုပ်ခဲ့တာလား ဒါမှာမဟုတ်ဘာအတွက်လည်း, ပေါ်ပင်ဖြစ်ချင် လို့မဟုတ်တာကတော့ ကျိန်းသေသလောက်ရှိ ပါတယ်။ သူကနံမည် ကြီးနေပြီဖြစ်တဲ့ ရောခ့်စတား တစ်ယောက်ဖြစ်နေပါပြီ။ ဘာအတွက်လည်း ဆိုတာကိုတော့ စဉ်းစား ဆင်ခြင်စရာတွေ ကိုသူစပေးထားခဲ့တာပါ။
အဲဒါနဲ့ ပက်သက်လို့ တစ်ခြားတစ်ဖက်က စဉ်းစားစရာစရာတွေဖြစ်လာခဲ့ပ
ပညာတတ်ပါတယ်ဆိုတဲ့ လူတွေနဲ့ ကမ္ဘာ့ အဆင်မြင့်ဆုံး နိုင်ငံခေါင်းဆောင် တွေရဲ့ ဂျီ 8 ဆွေးနွေးပွဲ တွေမှာ အံသြစရာကောင်းလောက် အောင် ပျက်ဆီးလာနေပြီ ဖြစ်တဲ့ ကမ္ဘာ့ကြီး အတွက် မစဉ်းစားပဲ ယူရို ဒေါ်လာတန်ဖိုးကျဆင်း တာတို့ အခွန် ကင်းလွတ်ရေး တို့တွေကို အဓိကဆွေးနွေးခဲ့တာ, အာဏာရှင် တွေအုပ်ချူ ပ် တဲ့ နိုင်ငံတွေမှာ (ကျွန်တော် တို့နိုင်ငံအပါအဝင်) လူတစ်စု ကောင်းစားရေး အတွက် လူသန်းပေါင်း များစွာဟာ အတိဒုက္ခပေါင်းများစွာ ဖြစ်ခဲ့တာ, ဘာသာရေး အကြောင်းပြပြီး လူသတ်ပွဲတွေ ဆင်နွဲနေခဲ့တာ, လူတွေဟာ လိမ်လည်ဖို့လွယ်ကူ နေခဲ့သလောက် အမှန်တရားအတွက် စဉ်းစား ဆင်ခြင်ဖို့ ခက်ခဲနေခဲ့တာတွေ အပြင် စစ်အေးခေတ်တစ်လျှောက်လုံး လူသားတွေ ကို မျိုးသုဉ်းသွားစေလောက်တဲ့ လက်နက်တွေ ကို အပြိုင်အဆိုင် တပ်ဆင်ခဲ့တာတွေ နဲ့ အသိတရား မြင့်မားပါတယ်ဆိုတဲ့ လူ့ယဉ်ကျေးမှု အဖွဲ့အစည်း ဆိုတာချည်း ဟာ ဘယ်ကို သွားနေခဲ့တာလည်း ဆိုတာ ကို သူက သတိပေးသွားခဲ့သလို ဖြစ်နေတာပါ။
သူပြောချင်ခဲ့တာက လူသားတွေဟာ အပြင်ပန်း ကဟန်ဆောင် နေခဲ့ကြတာဖြစ်ပြီး အတွင်းစိတ် ထဲမှာတော့ ယဉ်ကျေးသိမ့်မွေ့တဲ့ လူသားအဖွဲ့ အစည်းကြီး ကို မီးရှို့ လိုက်တာနဲ့ တူနေပြီ ဆိုတာကို သတိပေးလိုက်သလိုပဲ ဖြစ်နေတော့တာပဲဖြစ်ပါတယ်။
…\m/ထွဋ်\m/…
ခင်သောမင်သော
စေကာ္ပီယံမ် ား
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။