Saudi Arabia နိုင်ငံဟာ သူ့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုလုံးကို အစ္စလာမ်ဘာသာရေးကျမ်းဖြစ်တဲ့ Quran ကို မှီညမ်းရေးဆွဲထားတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ Saudi Arabia က လူတွေ ဒီပြစ်မှုတစ်ခုခုနဲ့ ညှိစွန်းနေကြောင်း ယူဆပါက ဥပဒေအရ တစ်ဦးချင်း အရေးယူဖို့သာ ရှိပါတယ်။ လူတစ်ဦးတစ်ယောက်ကို အစ္စလာမ်ယုံကြည်ချက်မှ လမ်းလွှဲစေနိုင်တဲ့ အရာတစ်ခုကို ကျူးလွန်ကြောင်း သံသယရှိပါက သံသယရှိသူကို အပြစ်ဒဏ်စီရင်ဖို့ လုံလောက်ပါပြီ။ Saudi Arabia နိုင်ငံမှာ လမ်းမတွေပေါ် လူတွေ ဓာတ်ပုံရိုက်လို့ရမယ် ထင်သလား။ ဒီနိုင်ငံသို့ ဦးတည် ပျံ့သန်းတဲ့ လေယာဉ်ပေါ် ရှမ်ပိန်လေးတစ်ခွက်လောက်သောက်မိရင် သူတို့ဘာလုပ်ကြမယ် ထင်လဲ။
Saudi Arabia နိုင်ငံမှာ မလုပ်သင့်တဲ့အရာများကို ပြီးပြည့်စုံစွာ ဖော်ပြပေးလိုက်ပါတယ်။
၁။ အပြာ စာအုပ်၊ ရှပ်ရှင်များ
၂။ အဆောက်အဦးများအား ဓာတ်ပုံရိုက်ခြင်း
၃။ လူမြင်ကွင်းမှာ စားသောက်ခြင်း၊ အရက်သေစာသောက်ခြင်း သို့မဟုတ် ဆေးလိပ်သောက်ခြင်း
၎။ ဝက်အူ၊ ကြက်အူချောင်း အသားညှပ်ပေါင်မှုန့်
၅။ Valentine’s Day မှာ ဘယ်အနီရောင် အဝတ်အစားမဆို ဝတ်ဆင်ခြင်း
၆။ ရုပ်ရှင်ရုံသွားခြင်း
၇။ ကျောင်းမှာ ဂီတတူရိယာတစ်ခုခု လေ့လာသင်ယူခြင်း
၈။ အမျိုးသမီးဖြစ်ပါက အားကစားရုံ (gym) သို့ သွားခြင်း
၉။ အစ္စလာမ်ဘာသာမှတပါး အခြားဘာသာကို ကိုးကွယ်ခြင်း
၁၀။ အမျိုးသမီးများ ယာဉ်မောင်းခြင်း
၁၁။ Saudi Arabia သို့ဦးတည်ပျံသန်းသော လေယာဉ်ပေါ် အရက်သေစာသောက်စားခြင်း စတာတွေပဲ ဖြစ်ပါတယ်။
TrendMyanmar
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။