ကြက်သားဒံပေါက် ချက်နည်း
------------------------------
ပူတီနာ၊ မုန်လာဥနီ၊ ပဲစိမ်း၊ သဗျက်သီးခြောက်၊ သီဟိုစေ့ ၊ကြက်သွန်နီကျော်၊
ကြက်သွန်နီကျော်ဆီရေနဲ့ထောပတ်တို့ကို ရောထားပါ။ ဒန်ပေါက်အရောင်ကိုရေဖျော်ထားပါ။ ဒန်ပေါက်မဆလာ အဆင်သင့်ထားပါ။
ဆန်ကတော့ ဘတ်စ်မာတီး သုံးပါတယ်။ပေါ်ဆန်းမွှေးသုံးရင်လဲ ဆန်ဟောင်းသုံးပါ။ ထမင်းစစ်ချဖို့ ဇကာတခုအဆင်သင့် ထားပါ။
ထမင်းစချက်ပါမယ်။ ရေနွေးအရင်တည်ပါ။ ဆူရင်ဆေးပြီး စစ်ထားတဲ့ဆန်ကိုထည့်ပါ။ ဆူလာရင်ပဲနီလေးထည့်ပါ။ ထမင်းမှာ အရမ်းစိမ့်ပါတယ်။ ပြီးရင်ဆားနဲ့သကြားကိုထည့်ပါ၊ ထမင်းအတွက်အပေါ့အငံကို တခါထဲမြည်းပါနော်။
ထမင်းအိုးပွက်လာလို့ ဆန်အနေတော်ရရင် ဇကာထဲစစ်ချလိုက်ပါ။
ထမင်းနှပ်မဲ့အိုးကို ထောပတ်သုတ်ပါ။ ပြီးရင်ထမင်းကို တထပ်ခင်းပါ။ အိမ်စားမှာဆိုတော့ တပြည်ချက်လောက်ကို နှစ်ထပ်ပဲထပ်ပါတယ်။
ထမင်းထည့်ပြီးရင် အရောင်နဲနဲဖြန်းပါမယ်။ ပြီးရင်ရောထားတဲ့ဆီနဲ့
ထောပတ်ရည်ဆမ်းပါမယ်၊ ပဲစိမ်း၊ မုံလာဥနီနဲ့ သီဟိုစေ့ သဗျက်သီးခြောက်တို့ ထည့်ပါမယ်၊ ကြက်သွန်ကျော် ထည့်ပါမယ်။ ပူတီနာရွက်ထည့်ပါမယ်။ ဒန်ပေါက်မဆလာဖြူးပါမယ်။ ပြီးရင်ထမင်း တထပ်ပြန်အုပ်။
မဆလာ၊ အရောင်နဲ့ရောထားတဲ့ ဆီရည်ဆမ်းပါ။ ပူတီနာရွက်ထည့်ပါ။ မုံလာဥနီ ပဲစိမ်းနဲ့ သဗျက်သီးခြောက်၊ သီဟိုစေ့တို့ထည့်ပါ။ မဆလာနဲနဲလေး အပေါ်ကဖြူးပါ။ ထမင်းနဲနဲချန်ထားတာလေး အုပ်လိုက်ပါ။ အိုးကို အလျူမီနီယမ်နဲ့ လုံအောင်ပိတ်ပါ။ မလွယ်ရင်လဲ အ၀တ်သန့်သန့်ခံပြီး အဖုံးကိုလုံအောင်ပိတ်ပါ။
မီးဖိုမီးကို ခပ်ဖြေးဖြေးနဲ့ထမင်းနပ်ပြီး အငွေ့ထွက်လာတဲ့အထိ နှပ်ပါမယ်။
အချိန်ယူပြီး မီးဖြေးဖြေးနဲ့ပဲ နှပ်စေချင်ပါတယ်။
.
ချစ်သူငယ်ချင်းအားလုံးကိုချစ်ခင်လေးစားတဲ့
မနီ(နော်ဝေး)
ကြက်သားဟင်း ချက်နည်း
ကြက်သားတွေကိုရေဆေးပြီးစစ်ထားပါ။
ပြီးရင်ဇလုံတလုံးထဲထည့်ပါမယ်။
ပူတီနာရယ်ဂျင်းကြက်သွန်ဖြူ၊ငရုပ်သီးစိမ်းတို့ကိုဘလန်ဒါနဲ့ကြိတ်ပါသို့မဟုတ်ထောင်းပါ။
ပြီးရင်ကြက်သားထဲထည့်ပါ။ဆားဆနွင်းနဲ့သကြားထည့်ပါ။ငရုပ်သီးအရောင်တင်မူံ့အနဲငယ်ထည့်ပါဒန်ပေါက်အရောင်အနဲငယ်နဲ့ဒိန်ချဉ်ထဲ့ပါ။ဒန်ပေါက်မဆလာထည့်ပါ။ပြီးရင်သေခြာနယ်ပြီးခနနှပ်ထားပါ။
ပြီးရင်တော့ဆီသင့်ရုံထည့်ပြီးကြက်သွန်နီအနှစ်လိုသလောက်မှန်းထည့်ပြီးရွှေရောင်သန်းလာတဲ့အထိကျော်ပြီးဆယ်ထားပါ။(ဟင်းချည်းသတ်သတ်ချက်ချင်သူချက်လို့ရအောင်ပါ။)
ဒန်ပေါက်နဲ့တွဲချက်မယ်ဆိုရင်တော့ထမင်းအတွက်ကြက်သွန်ကျော်ရင်းနဲ့ရောကျော်ပြီးဟင်းအတွက်ခွဲထားပါ။
ကြက်သွန်ကျော်ကိုဆယ်ထားပါ။ဆီများနေမယ်ထင်ရင်ပြန်လျော့ထားပါ။
ပြီးရင်ကြက်သားလုံးထားတာထည့်ပါ။မွှေပေးပါ။လူပ်လူပ်ပေးပါ။ဆီပြန်လာရင်ရေထည့်ပါ။မီးကိုတော့ဖြေးဖြေးနဲ့စိတ်ရှည်ရှည်ချက်ရပါတယ်။ရေကိုလည်းနှစ်ခါလောက်ခွဲထည့်စေချင်ပါတယ်..ပြီးမှကြက်သွန်ကျော်ကိုပြန်ထည့်ပြီးအနှစ်ကျလာတဲ့အထိချက်ပါနော်။ကြက်သွန်ကျော်နဲ့တခါထဲထည့်ချက်ရင်အိုးကပ်တတ်လို့ပါ။ ဆီပြန်အနှစ်ကျရင်တော့ကြက်သားဟင်းရပါပြီ။
ချစ်သူငယ်ချင်းအားလုံးကို ချစ်ခင်လေးစားတဲ့
မနီ(နော်ဝေး)
--------------------------
ပူတီနာ၊ မုန်လာဥနီ၊ ပဲစိမ်း၊ သဗျက်သီးခြောက်၊ သီဟိုစေ့ ၊ကြက်သွန်နီကျော်၊
ကြက်သွန်နီကျော်ဆီရေနဲ့ထောပ
ဆန်ကတော့ ဘတ်စ်မာတီး သုံးပါတယ်။ပေါ်ဆန်းမွှေးသုံ
ထမင်းစချက်ပါမယ်။ ရေနွေးအရင်တည်ပါ။ ဆူရင်ဆေးပြီး စစ်ထားတဲ့ဆန်ကိုထည့်ပါ။ ဆူလာရင်ပဲနီလေးထည့်ပါ။ ထမင်းမှာ အရမ်းစိမ့်ပါတယ်။ ပြီးရင်ဆားနဲ့သကြားကိုထည့်
ထမင်းအိုးပွက်လာလို့ ဆန်အနေတော်ရရင် ဇကာထဲစစ်ချလိုက်ပါ။
ထမင်းနှပ်မဲ့အိုးကို ထောပတ်သုတ်ပါ။ ပြီးရင်ထမင်းကို တထပ်ခင်းပါ။ အိမ်စားမှာဆိုတော့ တပြည်ချက်လောက်ကို နှစ်ထပ်ပဲထပ်ပါတယ်။
ထမင်းထည့်ပြီးရင် အရောင်နဲနဲဖြန်းပါမယ်။ ပြီးရင်ရောထားတဲ့ဆီနဲ့
ထောပတ်ရည်ဆမ်းပါမယ်၊ ပဲစိမ်း၊ မုံလာဥနီနဲ့ သီဟိုစေ့ သဗျက်သီးခြောက်တို့ ထည့်ပါမယ်၊ ကြက်သွန်ကျော် ထည့်ပါမယ်။ ပူတီနာရွက်ထည့်ပါမယ်။ ဒန်ပေါက်မဆလာဖြူးပါမယ်။ ပြီးရင်ထမင်း တထပ်ပြန်အုပ်။
မဆလာ၊ အရောင်နဲ့ရောထားတဲ့ ဆီရည်ဆမ်းပါ။ ပူတီနာရွက်ထည့်ပါ။ မုံလာဥနီ ပဲစိမ်းနဲ့ သဗျက်သီးခြောက်၊ သီဟိုစေ့တို့ထည့်ပါ။ မဆလာနဲနဲလေး အပေါ်ကဖြူးပါ။ ထမင်းနဲနဲချန်ထားတာလေး အုပ်လိုက်ပါ။ အိုးကို အလျူမီနီယမ်နဲ့ လုံအောင်ပိတ်ပါ။ မလွယ်ရင်လဲ အ၀တ်သန့်သန့်ခံပြီး အဖုံးကိုလုံအောင်ပိတ်ပါ။
မီးဖိုမီးကို ခပ်ဖြေးဖြေးနဲ့ထမင်းနပ်ပြီး
အချိန်ယူပြီး မီးဖြေးဖြေးနဲ့ပဲ နှပ်စေချင်ပါတယ်။
.
ချစ်သူငယ်ချင်းအားလုံးကို
မနီ(နော်ဝေး)
ကြက်သားဟင်း ချက်နည်း
ကြက်သားတွေကိုရေဆေးပြီးစစ်
ပြီးရင်ဇလုံတလုံးထဲထည့်ပါ
ပူတီနာရယ်ဂျင်းကြက်သွန်ဖြူ၊
ပြီးရင်ကြက်သားထဲထည့်ပါ။ဆား
ပြီးရင်တော့ဆီသင့်ရုံထည့်ြ
ဒန်ပေါက်နဲ့တွဲချက်မယ်ဆိုရ
ကြက်သွန်ကျော်ကိုဆယ်ထားပါ။
ပြီးရင်ကြက်သားလုံးထားတာထည
ချစ်သူငယ်ချင်းအားလုံးကို
မနီ(နော်ဝေး)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။