Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 31, 2015

•ကေအေတီပြောပြခဲ့တဲ့ သူ့အကြောင်း •


•ကေအေတီပြောပြခဲ့တဲ့
သူ့အကြောင်း •
*************************************
ကျွန်တော်က ရန်ကုန်မှာ မွေးရုံတင်မွေးခဲ့ပြီး မုံရွာမှာကြီးခဲ့တာပါ။ကျွန်တော်ငယ်ငယ်က ပန်းချီလေးတွေ လျှောက်ဆွဲရာကနေ ပြိုင်ပွဲလေးတစ်ခုကြုံရပါတယ်။ခေါင်းစဉ်တစ်ခုပေးပြီး ၀င်ပြိုင်ရတာ...ကျွန်တော်က သက်ငယ်တန်း ၄တန်းမှာဝင်ပြိုင်တာ။ မှတ်မှတ်ရရပါပဲ...သူတို.ပေးထားတဲ့ခေါင်းစဉ်က လုပ်အားအလှ။ ကျွန်တော်က ဘာပြိုင်ဖြစ်သွားလဲဆိုတော့ ချောင်းလေးပေါ်က တံတားလေးဆောက်နေတဲ့ပုံကို Water Color ပေါ့ရေဆေး ကိုယ်ဆွဲတတ်သလောက်လေး။ အဲဒီတုန်းက ဘယ်သူမှသင်မပေးဘူးပေါ့။ ဆွဲတတ်လောက်သလေးဝင်ဆွဲပြီး...၀င်ပြိုင်လိုက်တဲ့အခါ မထင်မှတ်ပဲ သက်ငယ်တန်းမှာဆုရသွားတယ်။ ပျော်လည်းပျော်မိတယ်။ ကလေးတို့ ဘာသာဘာဝ။ အဲဒီမှာ ပြိုင်ပွဲကျင်းပရေးကော်မတီက ဘာဆုပေးလည်းဆိုတော့ ပန်းချီစုတ်တံလေးတွေရယ်၊ Water Color ဘူးလေးတွေရယ် ဆုပေးတော့ ပိုပြီးရူးသွပ်သွားတယ်။ ပန်းချီ စိုက်လိုက်မတ်တတ် ဆက်ဆွဲဖြစ်ခဲ့တယ်။ ပြီးတော. ကျွန်တော်တို.မြို.မှာပဲ နွေရာသီ ကျောင်းပိတ်ရက်ဆို ပန်းချီကို အခြေခံကနေ စသင်ပေးပြီးတော့ ပန်းချီ သင်တန်းလေးတွေ တစ်လ နှစ်လ ပေါ့ ဖွင့်ဖွင့်ပေးတယ်။ ဒါကိုနှစ်စဉ် တက်ဖြစ်တယ်။ တစ်ဆင့်တစ်ဆင့် တက်ရင်းနဲ့ အခြေခံကနေ ပန်းချီအကြောင်းကို တော်တော်လေး နားလည်လာပါတယ်။ ပန်းချီရဲ့ သိမ်မွေ့မှုတွေ နုးညံ.မှုတွေကို ရှာဖွေတွေ.ရှိလာတယ်။ အဲဒီတော့ ပန်းချီကို ရူးသွပ်လာပြီးတော့ တောက်လျှောက် ပန်းချီ ဆွဲဖြစ်ခဲ့ပါတယ်။

ပန်းချီဆွဲနေရင်းက အနုပညာကဆက်စပ်မှု ရှိတယ်ပြောရမလားမသိဘူး။ ၆တန်း ၇ တန်းလောက်မှာသီချင်းကို အရမ်းဝါသနာပါတယ်။ ဘာဖြစ်လို့ ၀ါသနာပါသွားလဲဆိုတော့ အဓိက အချက်က ဘေးအိမ်မှာ ကက်ဆက်ရှိတယ်။ ကက်ဆက်က မနက်အိပ်ရာထတဲ့အချိန်ဆို သီချင်းတွေဖွင့်တယ်။ အဲဒီသီချင်းတွေ နားထောင်ရင်းက သီချင်းကို ကြိုက်တတ်လာတယ်။ မသိစိတ်ကနေကြိုက်တတ်လာတယ်။ ဂီတပိုးလေး ၀င်လာတယ်လို့ပြောရမယ်။ ၈တန်းနှစ်လောက်မှာ ဂစ်တာကိုစပြီး အိမ်ကမသိအောင်ခိုးသင်တယ်။စိုက်လိုက်မတ်တတ် သင်ဖြစ်တာကတော့၈တန်းစာမေးပွဲဖြေပြီးတဲ့အချိန်မှာပဲ ၂လလောက်မှာ တော်တော်တီးတတ်သွားပြီး သီချင်းလေးဘာလေး တီးနေပြီ ဆိုပေမယ့် စနစ်တကျမဟုတ်ဘူး။ ဘားတွေ ဘာတွေခွဲပြီးတော့ ၂ယောက် ၃ယောက်တွဲတီးတာမျိုးကတော့ ဘယ်အချိန်လောက်မှလဲဆိုတော. ၁၀တန်း ဒုတိယနှစ်လောက်ကျမှပေါ့။ အဲ့လို တီးခဲ့တာပေါ့။ အဲဒီကျတော့ ရပ်ကွက်ထဲက ကိုယ့်ထက်အသက်နည်းနည်းကြီးတဲ့ ကိုဝင်းနိုင်လို့ ခေါ်ပါတယ်။ သူက အင်္ဂလိပ် သီချင်းတွေပဲဆိုတယ်။ အဲဒါတွေပဲတီးတယ်။ သူ့ကို ကိုယ်က အရမ်းအားကျတယ်။ အားကျပြီးတော့ သူ့ကိုသွားပေါင်း၊ မိတ်ဆွေဖွဲ့ ပြီးတော့ သူ့ဆီမှာသင်လိုက်တော့ နောက်တစ်ဆင့်အနေနဲ့ ဂစ်တာ ဘားတွေ၊ တိုင်ပင်တွေနဲ့နုတ်စ်တွေ အတိအကျ စသိရပါတယ်။ ဒါဖြတ်ပြောလိုက်တာပါ။ တကယ်တမ်းကျတော့ ဂစ်တာတီးလိုက်တဲ့အချိန်မှာပဲ စာအရမ်းပဲ ဖတ်နေပါပြီ။ စာဖတ်ဖြစ်သွားတာက ကျွန်တော်တို့ ငယ်ငယ်တုန်းက ကလေးတွေ ဘာသာဘာဝ ရုံးဝင်းထဲမှာဆော့ကြတာပေါ့။ ကျွန်တော့်အမေကလူတစ်မျိုးဗျ။ သူများတွေလိုပေးမကစားဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ခိုက်မိမှာအရမ်းစိုးတော့ ဘာလုပ်လည်းဆိုတော့ ကျွန်တော်တို့ကို အိမ်ပေါ်မှာ စာအုပ်တွေ ၀ယ်ပေးထားတယ်။ တိုင်းရင်းမေတို့ ရွှေသွေးတို့ စာအုပ်တွေအများကြီး ၀ယ်ပေးထားတော့ စာပဲထိုင်ဖတ်နေရတယ်။ စဖတ်တော့ စာဖတ်ချင်လို့ ဖတ်တာ မဟုတ်ဘူး။ ပျင်းလို့ ဖတ်တာ။ ပျင်းလို့ဖတ်ရင်းက ကြိုက်လာတာ။ ကြိုက်လို့ဖတ်ရင်း ၈တန်းနှစ်လောက်မှာ ဂစ်တာ တီးနေချိန်မှာ စာဖတ်တာ အရမ်းဝါသနာပါသွားပြီ။ ၉တန်းလောက်ကျတော့ ကျွန်တော့်ဆရာဖြစ်လာမယ့် ကိုသန်းထွန်းပေါ့။ ကိုသန်းထွန်းဆိုတာ ကျွန်တော်တို့မြို့ရဲ့ နာမည်ကြီးတဲ့ လဘက်ရည်ဆိုင်ပေါ့။ အဲဒီဆိုင်က အနုပညာသမားတွေ နိုင်ငံရေးသမားတွေထိုင်ကြတဲ့ဆိုင်ပေါ့။ သူတို့ကဖွင့်ရင်လည်း ပေါ်ပြူလာဖြစ်တဲ့ သီချင်းတွေဖွင့်တာမဟုတ်ဘဲ အနုပညာဆန်တဲ့ သီချင်းတွေပဲ ဖွင့်တယ်။
ညဘက်ကျမှဖွင့်တဲ့ဆိုင်ပေါ့။ သူ့ဆီမှာစာအုပ်တွေ အများကြီးရှိတယ်ဆိုတာ သတင်းရတော့ ပေါင်းရတယ်ပေါ့။ ပေါင်းဖြစ်သွားတယ်သူနဲ့ စကားတွေဝင်ဝင်ပြောတယ်။ ပြောရင်းနဲ့ သူနဲ့ကျွန်တော်နဲ့ ရှေးရေစက်လို့ပြောရမလား မသိဘူး။ သူကကျွန်တော်ကို ကြည့်ရလာတယ်ပေါ့။ ခင်လာပြီးအနုပညာစကားတွေပြောလာတယ်။ သူ့ဆီကစာအုပ်တွေငှားဖို့ ကျွန်တော်ကြိုးစားတာပေါ့။ သူကပေးငှားတယ်။ တစ်အုပ်ပြီးတစ်အုပ်ပေါ့။ မသိတာလေးတွေပြန်မေး။ သူကရှင်းပြတယ်။ သူကတကယ်တော့ ကျွန်တော့်အတွက် စာပေဟင်းလေးအိုးကြီးပါပဲ။ သူဖတ်ထားတဲ့စာတွေအားလုံး ခေါင်းထဲမှာသူကအလွတ်ရတယ်။ မရှင်းလို့မေးရင် အလွတ်ပြောနိုင်တယ်။ သူကကျွန်တော့်ကို စာဖတ်တာကိုလည်း စနစ်တကျ ပေးဖတ်ခဲ့တယ်။ ဘာဖြစ်လာလည်းဆိုတော့ အချိန်တိုတို ခဏလေးအတွင်းမှာပဲ ဖတ်တဲ့စာအုပ်တွေနည်းပေမယ့် Focus ပြတ်လာတယ်..နားလည်လာတယ်..ပြတ်ပြတ်သားသားမြင်လာတယ်..နောက်တစ်ခုက နားမလည်တာရှိရင် ချက်ချင်းမေး ချက်ချင်းဖြေပေးတဲ့ အထောက်အပံ့ကြီးတစ်ခုပါပဲ။ သူနဲ့ ကျွန်တော်ပေါင်းလာရင်း အတန်းကြီးလာလေ အနုပညာ ဘာလဲဆိုတာ ပိုပိုသိလာတယ်။ တကယ်တမ်းပြောရင် သူဟာကျွန်တော့်ရဲ့ ဆရာပါပဲ။

အဲဒီအချိန်မှာပဲ သူ့ဆီကနေကျွန်တော် ဘာကိုဆည်းပူးလဲဆိုတော့ ကဗျာကို ဆည်းပူးတယ်။ သီချင်းကို စိတ်ဝင်စားနေသလို တစ်ပြိုင်တည်းမှာပဲ ကဗျာကိုလည်း စိတ်ဝင်စားနေပြီ။ ဆယ်တန်းဒုတိယနှစ်မှာ ရုပ်ရှင်အောင်လံ မဂ္ဂဇင်းမှာ ပထမဆုံးကဗျာလေး ပါလာတယ်။ အဲဒီတုန်းက မောင်မောင်လွမ်းအောင်ဆိုတဲ့ နာမည်နဲ့ ရေးပါတယ်။ အဲ့လိုကဗျာတွေရေးရင်း ပါလာတော့ ကဗျာပိုး ပိုဝင်သွားရင်း သီချင်းဘက်ထက် ကဗျာဘက် ရောက်သွားပြန်ရော။ အဲ့ဒီအချိန်မှာ ပန်းချီလည်း ဆွဲဖြစ်နေတယ်။ ဆယ်တန်း ဒုတိယနှစ်မှာပဲ မုံရွာ အထက ၃ မဂ္ဂဇင်းလုပ်တယ်။ ကျွန်တော်တို့သရုပ်ဖော်ပုံတွေ၊ ကာတွန်းတွေ၊ ကဗျာတွေ ရေးဆွဲရင်း အနုပညာပိုးက ပိုသန်လာတယ်။ ဒါပေမယ့် အဲ့အချိန် သီချင်းမရေးဖြစ်သေးဘူး။ အဲ့ဒီစာမေးပွဲဖြေပြီးတော့ အဖေနဲ့ စိတ်ဆိုးပြီး မော်လမြိုင်မှာ အဖွားရှိတာကိုး။ အဖွားဆီထွက်လာခဲ့တယ်။ မော်လမြိုင်မှာ အရမ်းပျင်း နေရထိုင်ရတာလည်း အပေါင်းအသင်းက သိပ်မရှိတော့ ကျွန်တော့်ဘ၀မှာ ပထမဆုံးဖြစ်လာမယ့် ကိုယ်ပိုင်သံစဉ် သီချင်းလေးတစ်ပုဒ် ရေးဖြစ်လာတယ်။ နာမည်က လွမ်းကြောင်းပြောပေးပါ ဆိုတဲ့ သီချင်းလေး။ အဲဒီကနေအရှိန်တက်လာပြီး မန္တလေး တက္ကသိုလ် ရောက်သွားတော့ ခုနာမည်ကြီး အဆိုတော်တွေ ဖြစ်နေကြတဲ့ လေးဖြူတို့ အငဲတို့ ၀ိုင်ဝိုင်းတို့နဲ့ အပေါင်းအသင်းဖြစ်သွားပါပြီ။

သူတို့တွေဆီက ကျွန်တော် ပညာတွေ ရခဲ့ပါတယ်။ သူတို့တွေက ၁၇ နှစ် ၁၈ နှစ်အရွယ်ထဲက အခြေခံ အရမ်းကောင်းနေကြပါပြီ ဂီတနဲ့ပတ်သက်လို့အခြေခံအ၇မ်းကောင်းနေပြီ။ သူတို့ဆီက Notes တွေပြန်သင် ခုနာမည်ကြီးနေတဲ့ DAX လှိုင်ဝင်းဦးပေါ့ ဂီတမိတ်မှာ ဂစ်တာဆရာလုပ်ပါတယ်။ သူနဲ့ လည်းပေါင်းဖြစ်ပါတယ်။ သူကအတန်းကြီးတယ်။ ဒါပေမယ့် တစ်တန်း တစ်တန်း ကျကျနေတဲ့ အခါကျတော့ ကျွန်တော်နဲ့ကျောင်းအတူပြီးတာပေါ့။ သူ့ဆီကနေ ဂစ်တာ Notes တွေ သေချာသင်ဖြစ်ပါတယ်။ ပညာပိုရတာပေါ့။ ဂီတဘက်ကို ပိုရောက်လာပြီလို့ ပြောလို့ရပါတယ်။ ကဗျာ ရေးနေပေမယ့် ကဗျာစာအုပ်ထုတ် လက်ရေးမူလေး ထုတ်နေပေမယ့် သီချင်းဘက်ပိုရောက်နေပြီလို့ ပြောလို့ရတယ်။ ကျောင်းအဆောင်ကျောင်းသားဘ၀နဲ့ ကိုယ်ပိုင်သံစဉ်သီချင်းအပုဒ် ၅၀ လောက်ရှိမယ်။ ရေးဖြစ်ခဲ့ပါတယ်။ အဲ့လိုရေးခဲ့တယ်ဆိုတာလည်း ဘာရည်ရွယ်ချက်မှ ဖြစ်ချင်လို့ မဟုတ်ဘူး။ သီချင်းရေးကျင့်တဲ့ သဘောမျိုးပေါ့။ အဲ့လိုရေးနေချိန် Finalနှစ်မှာ မန္တလေးတက္ကသိုလ်ကို ရန်ကုန်က အဆိုတော် တစ်ယောက်ရောက်လာခဲ့တယ်။ သူကနာမည်ကြီးတေးရေးဆရာတွေကိုလည်း အပ်ထားတယ်။ နယ်တက္ကသိုလ်က အဆောင်သီချင်းတွေကို လိုချင်လို့လိုက်ရှာနေတဲ့ သူတစ်ယောက်ပေါ့။ သတင်းရပြီး ကျွန်တော်က သီချင်းလေးတွေအများကြီးပြဖြစ်တယ်ပေါ့။ သီချင်းတစ်ပုဒ် ကြိုက်လို့ဆိုပြီး ၀ယ်သွားတယ်။၂၀၀ ရပါတယ်။ ပြောရရင် စရောင်းတည်းက အလကားမပေးခဲ့ရပါဘူး။ အဲဒီတုန်းက ၂၀၀ ဆိုတာလည်းတော်တော်များပါတယ်။ ဒါပေမယ့် အဲဒီအခွေက သွင်းပြီးတဲ့အခါကျမှ
မထွက်ဖြစ်ခဲ့ပါဘူး။ အဲဒီအဆိုတော်က နိုင်ငံခြား သင်္ဘောလိုက်သွားတယ်။ အဲ့ဒီလိုမျိုးနဲ.ကျွန်တော်က သီချင်းဘက်ကို ရူးသွပ်ဖြစ်ခဲ့ပါတယ်။

၁၉၈၇မှာ ကျောင်းပြီးသွားပြီး ၁၉၈၉မှာ အလုပ်လုပ်မယ်ဆိုတော့ ဘာလုပ်ရမလဲ စဉ်းစားတော့ အခြားစီးပွားရေးတွေစိတ်မ၀င်စားဘူး။ ကိုယ်ဝါသနာပါတာပဲလုပ်မယ်ဆိုပြီး ကျွန်တော့်အိမ်ရှေ.မှာ တိုက်ခန်းလေး တစ်ခန်းဆောက်ပြီး Recording ဆိုင်လေးတစ်ဆိုင်ဖွင့်ခဲ့ပါတယ်။ ၁နှစ်ခွဲလောက်ပြီးတော့ ဆိုင်ကိုဖြုတ်လိုက်ရပါတယ်။ ဘာလို.ဖြုတ်လိုက်ရလည်းဆိုတော့ ရောင်းဖို့ ကူးဖို့ ၀ယ်ထားတဲ့အခွေတွေက ကြိုက်လို့နောက်ထဲ ဖယ်ရင်းဖယ်ရင်းနဲ. ရှေ.မှာရောင်းစရာ ကူးစရာ မရှိတော့ဘူး။ မရှိတော့ ဆိုင်ကိုဖြုတ်လိုက်ပြီး အခွေတွေသိမ်းလိုက်တယ်။ ကျွန်တော် ဘွဲ့သွားယူချိန်မှာ လေးဖြူနဲ့ပြန်တွေ.တယ်။ သူကမုံရွာမှာ လာအလုပ်လုပ်မယ်ဆိုတော့ ကျွန်တော်ခေါ်လာပြီး အိမ်မှာပဲ အတူတူ နေပါတယ်။ ကန္တာရ လမင်းလုပ်မယ်ဆိုတဲ့ အချိန်ကျတော့ ကျွန်တော့်စုထားတဲ့ အခွေထဲက သီချင်းလေးတွေပဲ ၀ိုင်းရွေးကြပြီးတော့ ၁၉၉၀ မှာရန်ကုန်ကိုရောက်ရှိခဲ့ပါတယ်။ အဲ့အခွေမလုပ်ဖြစ်ခင် တက္ကသိုလ်ကနေ ကျောင်းပြီးလို့ ပြန်လာတော့ ကျွန်တော်တို့မြို.မှာ အဆိုတော် သျှိုင်းအောင်ဆိုတာရှိတယ်။ ကိုယ်ပိုင်သံစဉ်သီချင်းတွေပဲ ရေးတာက ကိုသားထွေးတို့ ကိုရာပြည့်တို့ ကိုနေ၀င်းတို့ ကိုရဲလွင်တို့ ရေးတာများတယ်..ရေးကြတယ်။ သူကဒုတိယခွေလုပ်မယ်ပြောတယ်။
ကျွန်တော့်ဆီမှာသီချင်းတွေရှိတယ်ပြောလိုက်တယ်။ သူ့ညီက ကျွန်တော်နဲ့ ကျောင်းနေဘက်ဗျ။ Own Tuneတွေ ရှိတယ် သွားနားထောင်ကြည့်ပါလားဆိုပြီး ၃ပုဒ်ပြတာ
သူတစ်ပုဒ်ကြိုက်သွားတယ်။ အားနည်းချက်နဲ့လူဆိုတဲ့ ကိုယ်ပိုင်သံစဉ်လေးသူယူသွားတယ်။ အဲ့အခွေလေးထွက်ခဲ့ပါတယ်။ အဲ့ဒီတုန်းက ၅၀၀ ရပါတယ်။ အမှတ်တရဖြစ်ပါတယ်။ ကိုယ်ရေးခဲ့တဲ့ သီချင်းလေးကို ကိုယ့်နားနဲ့ ဆတ်ဆတ် ပြန်ကြားခွင့်ရခဲ့လို့ပါ။

အဲဒါပြီးတော့ လေးဖြူရဲ. ကန္တာရ လမင်း သီချင်းလေးလုပ်ပါတယ်။ ကော်ပီ ၇ ပုဒ်ရေးဖြစ်ပါတယ်။ အဲ့အချိန်က ကျွန်တော်တို့ဘာဖြစ်နေလဲဆိုတော့ Rock ဂီတ တအားရူးသွပ်နေပါပြီ။ သီချင်းအားလုံး Rock သီချင်းတွေပါပဲ။ လေးဖြူနဲ့အတူ ရန်ကုန် ဆင်းလာပြီး ၃၅ လမ်းက သူငယ်ချင်း တစ်ယောက်တိုက်ခန်းမှာ အတူနေဖြစ်ပါတယ်။ နေရင်း လင်းစတူဒီယိုမှာ သွင်းပါတယ်။ ထွက်လာတော့ ကန္တာရလမင်း အောင်မြင်ပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော် ကန်တော်လေးမှာ တိုက်ခန်းငှားပြီး နေဖြစ်ပါတယ်။ ဘယ်သူနဲ.နေလည်းဆိုတော့ ကိုအရိုင်း မီမီဝင်းဖေရဲ. အကို (ခုတော.ဆုံးသွားပါပြီ) ကိုအောင်ကျော်ဆန်းရယ်။ နေပါတယ်..ဒိဇိုင်းမျိုးဆွေသန်း လည်းပါပါတယ်။ ၄ယောက်စုပြီးငှားနေပါတယ်။ ကျွန်တော် အခြေချတော့မယ်ဆိုတဲ့ သဘောနဲ့ စုနေပြီး အငဲတို့ ဘိုဘိုတို့ရောက်လာကြပြီး သူတို့ကလည်း စီးရီး လုပ်မယ်ဆိုပြီး ကျွန်တော်နဲ. အတူလာနေပါတယ်။ နောက်ပိုင်း ဇော်သက်ထွေး က ကိုအရိုင်းနဲ့ ပတ်သက်ပြီးရောက်လာပါတယ်။ အတူနေရင်း သရဖူက အမှတ်တရ တစ်ခုလောက် ရေးပေးပါလားပြောလာတော့ ကျွန်တော်တို့ ၃ယောက်က ထူးထူးဆန်းဆန်းလေးလည်းဖြစ်သွားအောင် ရသဇာတ်လမ်းလေးရေးရအောင်ဆိုပြီး ဘယ်သူက ဘာရေးမယ်ပြောမထားကြေး ကြိုက်သလောက်ကို ရေးထားပြီး တစ်ယောက်က ဆက်ရေးသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ. တစ်ယောက်ရေးတာကို တစ်ယောက်ဆက်ရေးတာပါ။ ကျွန်တော်ရယ်.ကိုအရိုင်းရယ်..ဇော်သက်ထွေးရယ်.အမှတ်တရရေးဖူးပါတယ်။
ဘ၀မှာရေးဖူးတဲ့ရသစာတမ်း တစ်ခုပဲရှိပါတယ်။ အဲဒါရေးပြီးချိန်မှာပဲ ကဗျာစာအုပ်လေး ကျွန်တော်ရယ်ကျွန်တော့်ဆရာ ကိုသန်းထွန်းရယ် ကိုအောင်ပွင့်ရယ် အောင်ဘညိုရယ် ၄ယောက်ပေါင်းပြီး ကဗျာစာအုပ်လေး ထုတ်ခဲ့ပြီး တော်တော်အောင်မြင်ခဲ့ပါတယ်။ အဲဒီစာအုပ်ကို ထုတ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျွန်တော့် ဆရာကိုသန်းထွန်းရဲ. ကျေးဇူးကို ဆပ်ချင်တာနဲ့ ကိုသန်းထွန်းကဗျာတွေကို ဇွတ်ယူလာပြီး သူကသူ့ ကဗျာတွေ ကိုရေးသာရေးတာ ဘယ်မှ မပို့ဘူး။ အတင်းယူချလာပြီး စာအုပ်လေး လုပ်ပေးတာပါ။

ကျွန်တော့်ဘ၀မှာ ကလောင်နာမည်တွေကတော့ အများကြီးပဲ။ စစချင်းရေးတော့ မောင်မောင်လွမ်းအောင်၊ မန္တလေး တက္ကသိုလ်တက်နေတော.လူ့ဝန် (လူတစ်ယောက်ရဲ.တာဝန်ပေါ့) အဲဒါပြီးတော့မှ ကျော်အောင်သစ်ဆိုတဲ့ နာမည်ကို ခံယူလိုက်တယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော့်နာမည် အရင်းက ကျော်အောင်။ ကျွန်တော့် နာမည်အရင်းကို အရမ်းကြိုက်ပါတယ်။ အဖေအမေ ပေးထားတဲ့နာမည်လေး အရမ်းကြိုက်ပါတယ်။ အနုပညာတွေ လုပ်ဖြစ်နေပြီဆိုတော့ နာမည်တစ်ခုအသေပေးဖို့ လိုလာပြီ ကျော်အောင်ပဲပေးချင်ပေမယ့် ကိုယ့် အရှေ.မှာ ရွှေမန်း ဦးကျော်အောင်ဆိုတာလည်း အထင်ကရ တအားနာမည်ကြီးတယ်။ စာရေးဆရာကျော်အောင်ဆိုတာလည်း ကိုယ်အရမ်းလေးစားပြီး အရမ်းကြိုက်ခဲ့တဲ့ ဆရာဖြစ်တယ်။ ကျော်အောင်နာမည်ကိုလည်း မပစ်ရက်ဘူး။ ဟိုဆရာတွေကိုလည်း မစော်ကားချင်ဘူး အဲဒါကြောင့် အသစ်ဖြစ်တဲ့ကျော်အောင် တစ်ယောက်အနေနဲ့ သွားမယ်ဆိုပြီး ကျော်အောင်သစ်ဆိုတဲ့ နာမည် ခံယူခဲ့တယ်။ နောက်ပိုင်းကဗျာရေးရင် ကျော်အောင်သစ်ဆိုတဲ့ နာမည်နဲ.ပဲရေးပါတယ်။ သျှိုင်းအောင်ရဲ. သဇင်မင်းအခွေမှာပါတဲ့ အားနည်းချက်နဲ့လူ ဆိုတဲ့ သီချင်းမှာလည်းကျော်အောင်သစ် နဲ့ပဲရေးပါတယ်။ အဲ့လိုရေးရင်း ကန္တာရလမင်း လုပ်တော့ နာမည်နဲ့ပဲရေးဖို့ပါပဲ...ဒါပေမယ့် လေးဖြူက ကျော်အောင်သစ် ကိုကဗျာအတွက်ပဲ ထားပါလားတဲ့။ Rock သီချင်းတွေဖြစ်နေတဲ့အတွက် Rockလိုင်းနဲ့ ပဲသွားမှာဆိုတော. မင်းနာမည်လေးပြောင်းပါလားတဲ့ ပြောင်းမယ်လို.ရည်ရွယ်တယ် မစဉ်းစားတတ်ဘူး။ အဲဒီမှာ.လေးဖြူက ဟေ့ကောင်တဲ့ မင်း ကေအေတီ(ကျော်အောင်သစ်) လို့ပေးလိုက်ပါလား တဲ့ ဆိုတော့ အေးဟုတ်ပြီ ကေအေတီမှာ အဓိပ္ပါယ်တော့ ရှိမှဖြစ်မယ်။ အဓိပ္ပါယ်မရှိရင်တော့ ငါမပေးချင်ဘူးဆိုတော့ သူနဲ့ ကျွန်တော် ၂ယောက် ညတွင်းချင်း Dictionary တွေလှန်ကြတာပေါ့။ လှန်တော့ ဂျာမန် ဘာသာစကားမှာ ကြောင်ကို သုံးတာ။ ကြောင်မှ ကြောင်စုန်း ကိုသုံးတာ။ သင်းကွဲကြောင်ပေါ့။ အဓိပ္ပါယ်ကိုကြိုက်သွားတယ်။ အေးပေးမယ်ကွာဆိုပြီးဆုံးဖြတ်ချက်ချလိုက်တယ်။

ကန္တာရလမင်း အရမ်းပေါက်သွားတဲ့အခါကျတော့ ကျွန်တော်လည်း Pro တစ်ယောက်အဖြစ်ရပ်တည်သွားနိုင်တယ်။ ရန်ကုန်မှာပဲနေဖြစ်သွားပြီ။ သီချင်းတွေလည်း လာအပ်ကြပါပြီ။ Rock သီချင်းတွေပဲ များပါတယ်။ အဲ့ဒီလိုရေးနေရင်းကပဲ ကျွန်တော်ငယ်ငယ်လေးတည်းက စာတွေဖတ်ရင်း ကိန်းဝပ်နေတဲ့ ဆန္ဒလေး တစ်ခုရှိတယ်။ အဲဒါက ချစ်သူများနေ.ပေါ့။ ဒါကိုမြန်မာပြည်မှာ အရမ်းလူသိစေချင်တယ်။ ထွန်းကားစေချင်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲ့အချိန်က အရမ်းဘိုဆန်တဲ့ အ၇မ်း Social ဆန်တဲ့ အသိုင်းအ၀ိုင်းလေးလောက်ပဲ ချစ်သူများနေ့ကို သိပါတယ်။ ကျွန်တော်က အဲ့လိုမဟုတ်ဘူး အကုန်လုံးသိစေချင်တယ်။ ချစ်သူများနေ့မှာ ဘာတွေလုပ်ရလဲပေါ့ ပျော်စရာကောင်းတဲ့ အချက်အလက်လေးတွေ သိပြီးတော့ ထွန်းကားစေချင်တယ်။ အဲဒါကိုလုပ်ဖို့သူငယ်ချင်းတွေ ချပြတော့ လုံးဝအယုံအကြည်မရှိဘူး။ လေးဖြူက မင်း ဘယ်သူမှ လက်ခံမှာမဟုတ်ဘူး မင်းအရူးမထနဲ့ပေါ့။ ကျွန်တော်ကလည်း လုပ်ကို လုပ်ကြည့်ချင်တယ်။ သူမယုံကြည်လို့ ပထမအခွေမှာ လေးဖြူ မပါခဲ့တာ။ လုပ်တော့လည်း ခက်ခဲပါတယ်။ အဲ့တုန်းက သတိထားကြည့်မိရင် သိပါလိမ့်မယ် နာမည်ကြီးအဆိုတော် အရမ်းနည်းပါတယ်။ သိပ်လည်းပိုက်ဆံမပေးရ အဆိုလည်းကောင်းတာရွေးပါတယ်။
ကျွန်တော်လုပ်တဲ့ စုံတွဲသီချင်းတွေက ရှေးတုန်းကလို တစ်ယောက် တစ်ကြောင်းဆိုရတာမျိုးမဟုတ်ပဲ တစ်ယောက်က First Notes ဆိုနေချိန် တစ်ယောက်က Second Notes ကိုအပေးအယူမျှမျှနဲ့ ဆိုရတာမျိုးပါ။ Harmony ဆိုတတ်သူမျိုးလည်းဖြစ်ရမယ်ဆိုတော့ ရွေးရပါတယ်..အဆိုတော်ကြီးတွေက Second Notesဆိုတတ်ပေမယ့် မခေါ်နိုင်ပါဘူး။ သီချင်းတွေကတော့ အများကြီး Copy တွေရှိတယ်။ တကယ်တော့ ကျွန်တော် သူတို့ဆိုပြီးသွားရင် ဆိုခကိုပေးနိုင်ဖို. တအားစုရပါတယ်။ IC ကိုပေးဖို့ မနည်း စုပြီး လုပ်ခဲ့ရတာပါ။ ယုံကြည်ချက်ရှိလို့သာ ဒါကို စိတ်ဓါတ်မကျပဲ လုပ်နိုင်ခဲ့တာ တကယ်တော့ အခက်အခဲတွေ အများကြီး ရှိပါတယ်။ ပြီးသွားတော့ ကိုယ့်ကိုကိုယ်မယုံဘူးဖြစ်နေတယ်။ အခွေမပြီးခင်မှာပဲ Producer ၃/၄ ယောက်က ရောင်းမလားဆိုပြီး လာပြောနေကြတယ်။ ကိုယ့်ကိုကိုယ်တောင် အံ့သြသွားတယ်။ ငါလုပ်တာမှန်သားပဲပေါ့။ လေးဖြူကလည်း အဲ့အချိန်ကျတော့ ယုံကြည်သွားတယ်။ နာမည်ကြီးဆိုင်တွေပါပေမယ့် အဲဒါတွေမရွေးပဲ ကျွန်တော်နဲ့အတူတူ သက်တမ်းရှည်လာတဲ့ မာကျုရီဆိုင်ကိုရွေးလိုက်ပါတယ်။ အဲ့ဆိုင်ကကျွန်တော့်အခွေနဲ့ စပြီးတော့ ကိုယ်ပိုင်ခွေ စထုတ်တဲ့ ဆိုင်လေးပါပဲ။ ၁၉၉၆ မှာပါ။ အခွေက တို့ရဲ့ချစ်သူများနေ့ပါ။
အ၇မ်းအောင်မြင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ကျွန်တော်လုပ်ချင်တဲ့ ဗယ်လင်တိုင်းဒေး ဆိုတာလေးကလည်း ခေတ်စားလာပါတယ်။ ဒီအခွေကို လုပ်တဲ့ရည်ရွယ်ချက်ကိုကလည်း ဘာမှမပေးဖြစ်တောင် ဒီချစ်ခြင်းဖွဲ.တေးများ ဒီအခွေလေး ပေးလိုက်ရင်ကို အဓိပ္ပါယ်ရှိနေပါပြီဆိုပြီး လုပ်ခဲ့တာပါ။


တစ်ခုထပ်ပြောချင်တာ Copy နဲ့ ကိုယ်ပိုင်သံစဉ်အကြောင်းပါ။ ၂ခုလုံးရေးတဲ့သူဆိုတော့ အရေးများတာက Copy ပါ။ စတာက ကိုယ်ပိုင်နဲ့ပါ။ ကျွန်တော်တို့ဆီမှာ အရင်က Pro
တစ်ယောက်မွေးထုတ်ပေးနိုင်တဲ့ ခမ်းခမ်းနားနား အနုပညာကျောင်း၊ Music ကျောင်းဆိုတာမရှိဘူး။ အနောက်နိုင်ငံ သီချင်းတွေပဲ နားထောင်စုတုပြုပြီး ဘယ်လိုလုပ်တယ် ဆိုတာလေ့လာသင်ခဲ့ရတာပါ။ Copy တွေရေးရင်းက တစ်ဖြေးဖြေး လေ့လာပြီးအသိတွေတိုးလာပြီးကိုယ်ပိုင်သံစဉ်ဘက်ကိုသွားခဲ့ရတာ။ Copy ရေးရင် အခက်အခဲမရှိဘူးလားဆိုတော့ ရှိပါတယ်။ မခက်ပါဘူးလို.ပြောကြပေမယ့် ကျွန်တော့်အမြင် ပိုခက်ပါတယ်။ သူ့မှာက ပေးပြီးသား Music ဘောင်ရှိတယ်။ သီချင်းအကြောင်းအရာ၊ Music Arrangement ရှိပြီးသား။ ဒီဘောင်ထဲမှာလောက်ငှတဲ့ စာသားတစ်ပုဒ် ပြီးလည်းပြီးပြည့်စုံရမယ် သူတို့ထွက်တဲ့အသံနဲ. ကျွန်တော်တို့ထွက်တဲ့အသံ ကိုက်ညီဖို့လည်း လိုအပ်တယ်။ သူတို့အော်တဲ့အပိုဒ်မှာ ကိုယ်ရေးလိုက်တာကလည်းအော်လို့ကောင်းတဲ့ စာလုံးဖြစ်ဖို့လိုတယ်။ မူရင်းအကြောင်းအရာ အတိုင်းဖြစ်ဖို့လည်းလိုလို့ ဘောင်အရမ်းကျဉ်းပါတယ်။ အောင်မြင်တဲ့သီချင်းပေါ့နော်။ အဖြစ် ရေးရင်တော့ ဖြစ်တာပေါ့။ ကိုယ်ပိုင်သံစဉ်ကျတော့လည်း ခက်ပါတယ်။ သူကသံစဉ်ရော စာသားပါ တာဝန်ယူရပါတယ်။ အခြားတေးရေးတွေ ဘယ်လိုရေးလည်းတော့ မသိပါဘူး။ ကျွန်တော်ကတော့ သံစဉ်ကိုအရင်မရှာသလို စာသားကိုလည်း အရင်မယူဘူး။ တစ်ပြိုင်တည်း ရေးပါတယ်။ သီချင်းရေးတာ ညဦးပိုင်းမှာပဲရေးပါတယ်။ Copy ဖြစ်ဖြစ်၊ ကိုယ်ပိုင်သံစဉ် ဖြစ်ဖြစ်၊ ဒါပေမယ့် ကိုယ်ပိုင်သံစဉ်ရေးရင် ညပိုနက်လေ့ရှိပြီး ညပိုနက်လေ ရေးလို့ပိုကောင်းလေပါပဲ။ ကိုယ်ပိုင်သံစဉ်ကျတော့ နည်းနည်းတော့ အလုပ်ပိုရှုပ်ပါတယ်။ ရေးပြီးအဆိုတော်ဆီသွားပြီး Key ချိန် Tempo တွက် Arrangement စဉ်းစား ဆိုတာတွေ လုပ်ပေး၊ အဆိုတော်ကိုပေးပြီး တီးဝိုင်း Player တွေနဲ့ ကိုယ်နဲ့ ညှိရပါတယ်။ CopyကတောရေးပြီးတာနဲOriginalခေါ်ပေးလိုက် အဆိုတော် အိမ်ခေါ်အဖြတ်အတောက်ချပေးပြီး ပြီးပါတယ်။

==============

ဝါးခယ်မ Blogspot မှ အမှတ်တရ အဖြစ် ပြန်လည်ကူးယူ ဖော်ပြပါသည်။

credit; music crazy te te tar tar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။