Manipur film unveils Myanmar’s Hell Hole မြန်မာပြည်ကငရဲကျတဲ့ ကသည်းရုပ်ရှင်
တယ်လီဂရပ်သတင်းစာက သတင်းဆောင်းပါးဖြစ်ပါတယ်။ အသက် ၂ဝ အရွယ်ရှိတဲ့ မဏိပူ (ကသည်) လူမျိုး Ningthoukhongjam Bobo (နိုင်ထောင်းခုန်ဂျမ် ဘိုဘို) ဆိုသူဟာ မြန်မာနယ်စပ်မြို့ မိုးရေးကိုသွားပြီး အလုပ်ရှာတယ်။ ဘာကြောင့်မှန်းမသိပဲ တဖက်နယ်စပ် တမူးက မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးတာခံလိုက်ရပြီး ထောင်ကျတယ်။ သူထောင်က လွှတ်လာတော့ သူ့ရွာမှာ သူ့ကိုသေပြီဆိုပြီး သေသွားသူအတွက်လုပ်ရိုးလုပ်စ ဉ်တွေက လုပ်ပြီးနေပြီလို့သိရတယ်။
ရုပ်ရှင်ကို Keishal jail-dugi fadoksing (ခိုင်ဟားလ်) ထောင်လို့အမည်ပေးထားတယ်။ ရုပ်ရှင်ထဲမှာ မြန်မာပြည်က ထောင်ဆိုတာ ငရဲကျသလိုပဲဆိုတာကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားတယ်လို့ဆိုပါတယ်။ လူ့အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်းချိုးေ ဖါက်တယ်။ စစ်အချုပ်ထဲမှာ ၃ လနေခဲ့ရပြီးမှာ အထောက်အထားမပါပဲ နယ်စပ်ဖြတ်လို့ဆိုပြီး တမူးတရားရုံးက ထောင် ၄ နှစ်ချတယ်။
စစ်ဆေးနေတုံးမှာ မြန်မာစစ်သားတွေကနေ သူ့ကို ရွံ့ခဲတွေ၊ သစ်ခေါက်ခြောက်တွေကို အစားခိုင်းတယ်။ လူ့မစင်နဲ့ ဆီးကို သူ့ကိုယ်ပေါ်မှာလောင်းချတယ်။ သူအဖမ်းခံချိန်လောက်မှာ မြန်မာစစ်တပ်ကနေ ဒီမိုကရေစီတောင်းဆိုမှုကိုလည်း ဖြိုခွင်း နှိမ်နင်းနေချိန်ဖြစ်လို့ ဒီမိုကရေစီလိုလားသူတွေလည်း သူ့လိုနှိပ်စက်ခံရမှာလို့ သူထင်ပါသတဲ့။
ဇာတ်ညွှန်းကို ထင်ရှားတဲ့ အဆိုတော် Tapta (တက်ပ်တား) ကနေရေးပြီး၊ Satyajit B.K. (ဆက်တယာဂျစ် ဘီ၊ ကေ) က ဒါရိုက်တာလုပ်ပါတယ်။ ဇာတ်ကားထဲမှာ မြန်မာစကားပြောတွေများတယ်။ သူထောင်ထဲမှာပဲ မြန်မာစကား တတ်လာခဲ့လို့ သူကနေ တခြားသရုပ်ဆောင်တွေကို မြန်မာစကားသင်ပေးပါတယ်။ ရုပ်ရှင်ရဲ့ အားသာချက်ကတော့ သရုပ်ဆောင်တွေဟာ မြန်မာတွေနဲ့ အတော်တူကြတာဖြစ်တယ်။ ရုပ်ရှင်ဖွင့်ပွဲကို မနေ့ညက အင်ဖါးမြို့မှာ လုပ်ပါတယ်။ ဒီရုပ်ရှင်ကိုကြည့်ရတာ Rambo IV ရမ်ဘို ၄ နဲ့ဆင်တယ်။
ရုပ်ရှင်ကို မဏိပူတီဗွီကနေလည်းပြသတယ်။ ကြည့်ရသူတိုင်း ထိန့်လန့်တုန်လှုပ်ကြရတယ်။ သရုပ်ဆောင်သူက မြန်မာပြည်ကထောင်တွေဟာ အဲလိုပဲ ငရဲနဲ့တူတာကို နိုင်ငံတကာကိုသိစေချင်တယ်လို့ ဆိုပါတယ်။
ဒေါက်တာတင့်ဆွေ
၂၆-၁ဝ-၂ဝ၁၅
တယ်လီဂရပ်သတင်းစာက သတင်းဆောင်းပါးဖြစ်ပါတယ်။ အသက် ၂ဝ အရွယ်ရှိတဲ့ မဏိပူ (ကသည်) လူမျိုး Ningthoukhongjam Bobo (နိုင်ထောင်းခုန်ဂျမ် ဘိုဘို) ဆိုသူဟာ မြန်မာနယ်စပ်မြို့ မိုးရေးကိုသွားပြီး အလုပ်ရှာတယ်။ ဘာကြောင့်မှန်းမသိပဲ တဖက်နယ်စပ် တမူးက မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးတာခံလိုက်ရပြီး ထောင်ကျတယ်။ သူထောင်က လွှတ်လာတော့ သူ့ရွာမှာ သူ့ကိုသေပြီဆိုပြီး သေသွားသူအတွက်လုပ်ရိုးလုပ်စ
ရုပ်ရှင်ကို Keishal jail-dugi fadoksing (ခိုင်ဟားလ်) ထောင်လို့အမည်ပေးထားတယ်။ ရုပ်ရှင်ထဲမှာ မြန်မာပြည်က ထောင်ဆိုတာ ငရဲကျသလိုပဲဆိုတာကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထ
စစ်ဆေးနေတုံးမှာ မြန်မာစစ်သားတွေကနေ သူ့ကို ရွံ့ခဲတွေ၊ သစ်ခေါက်ခြောက်တွေကို အစားခိုင်းတယ်။ လူ့မစင်နဲ့ ဆီးကို သူ့ကိုယ်ပေါ်မှာလောင်းချတယ်။
ဇာတ်ညွှန်းကို ထင်ရှားတဲ့ အဆိုတော် Tapta (တက်ပ်တား) ကနေရေးပြီး၊ Satyajit B.K. (ဆက်တယာဂျစ် ဘီ၊ ကေ) က ဒါရိုက်တာလုပ်ပါတယ်။ ဇာတ်ကားထဲမှာ မြန်မာစကားပြောတွေများတယ်။ သူထောင်ထဲမှာပဲ မြန်မာစကား တတ်လာခဲ့လို့ သူကနေ တခြားသရုပ်ဆောင်တွေကို မြန်မာစကားသင်ပေးပါတယ်။ ရုပ်ရှင်ရဲ့ အားသာချက်ကတော့ သရုပ်ဆောင်တွေဟာ မြန်မာတွေနဲ့ အတော်တူကြတာဖြစ်တယ်။ ရုပ်ရှင်ဖွင့်ပွဲကို မနေ့ညက အင်ဖါးမြို့မှာ လုပ်ပါတယ်။ ဒီရုပ်ရှင်ကိုကြည့်ရတာ Rambo IV ရမ်ဘို ၄ နဲ့ဆင်တယ်။
ရုပ်ရှင်ကို မဏိပူတီဗွီကနေလည်းပြသတယ်။ ကြည့်ရသူတိုင်း ထိန့်လန့်တုန်လှုပ်ကြရတယ်။ သရုပ်ဆောင်သူက မြန်မာပြည်ကထောင်တွေဟာ အဲလိုပဲ ငရဲနဲ့တူတာကို နိုင်ငံတကာကိုသိစေချင်တယ်လိ
ဒေါက်တာတင့်ဆွေ
၂၆-၁ဝ-၂ဝ၁၅
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။