စတင်ကြသူများ (၂)
=============
လူတိုင်းလိုလို ကိုယ်ပိုင်လုပ်ငန်းကို ကိုယ်တိုင်ဦးစီးပြီး လုပ်ကိုင်ချင်ကြတာပါ။ ကိုယ်ပိုင်လုပ်ငန်းတစ်ခု ကို စတင်ဖို့  ရည်ရွယ်ချက်ရှိသူတွေ ဘာလို့ အကောင်အထည် မဖေါ်နိုင်ကြသေးတာလည်းလို
့ မေးခွန်းထုတ်ကြည့်ပါ။ ရည်ရွယ်ချက်ကြီး ဘယ်လောက်ပဲရှိရှိ၊ စီမံကိန်းတွေ
ဘယ်လောက်ပဲ ထားထား၊ ဆောက်ဖြစ်မှ ကျောင်းဒကာဆိုသလို
အကောင်အထည်မဖေါ်နိုင်သေးခင် အထိတော့ စိတ်ကူးသက်သက်ပါပဲ။
သူတို့ မှာလည်း အခြေအနေ၊ အကြောင်းတရားတွေ ရှိကြပါတယ်။ ရည်ရွယ်ထားတဲ့
ကိုယ်ပိုင်လုပ်ငန်း ဖြစ်မလာရခြင်း အခြေခံ အကြောင်းတရား (၄)ချက်ရှိပါတယ်။
(၁) အရင်းအနှီး
မှန်ပါတယ်။ လုပ်ငန်းတစ်ခုလုပ်ကိုင် ဖို
့အရင်းအနှီးဆိုတာ အဓိကဇာတ်ကောင် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီကနေ
့ခေတ်မှာတော့ အရင်းအနှီး စိုက်ထုတ်ပေးမယ့် ရင်းနှီးမြှုပ်နှံသူ
(Investor) တွေ ရှိလာပါပြီ။ စတင်မယ့် ကိုယ်ပိုင်လုပ်ငန်းဟာ
ဈေးကွက်ဖြစ်နိုင်ချေမျာြး ပီး လုပ်ငန်းကို စနစ်တကျ လုပ်ကိုင်တတ်သူတွေဆီမှာ ရင်းနှီးမြှုပ်နှံလိုသူတွေ ရှိပါတယ်။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံလိုက်တဲ့ ငွေအရင်းအနှီးကို ဘယ်လိုစီမံခန့် ခွဲမှာလည်း။ ဘယ်လို အကျိုးအမြတ်ရအောင်လုပ်နို င်မလဲဆိုတဲ့ စီမံကိန်းတွေ အဆင်သင့်ရှိထားပြီလားဆိုတဲ့  အချက်ကသာ စဉ်းစားစရာပါ။ ကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်ဖို
့ အရင်းအနှီး မရှိလို့ ဆိုတာထက် အရင်းအနှီးရလာရင် ဘယ်လို
စီမံကိန်းတွေနဲ့  ဘယ်လို အကျိုးအမြတ်တွေရအောင် လုပ်မလဲဆိုတဲ့
အချက်အလက်တွေကိုသာ စနစ်တကျပြင်ဆင်သင့်ပါတယ်။
(၂) လက်ရှိဝင်ငွေ
လက်ရှိအလုပ်အကိုင်မှာ ရနေတဲ့ သေချာတဲ့ ဝင်ငွေကို ရပါ့မလားဆိုတဲ့ အတွေးဟာ ကိုယ်ပိုင်အလုပ် မစတင်နိုင်ရသေးခြင်းရဲ့  ဒုတိယအကြောင်းအရင်းတစ်ခုပါ။
လစာဆိုတာ သေချာသလောက် ကိုယ်ပိုင်အလုပ်မှာတော့ အရှုံးဆိုတာလည်း
ရှိနိုင်ပါတယ်။ စားဝတ်နေရေး ပြေလည်စေတဲ့ သေချာတဲ့ လစာကို မစွန့် 
နိုင်သေးတာကြောင့် ကိုယ်ပိုင်လုပ်ငန်း ဖြစ်မလာသေးတာပါ။ ဒီနေရာမှာ
စဉ်းစားသုံးသပ်ရမှာက ကိုယ်လုပ်မယ့် အလုပ်ပေါ်မှာ ဘယ်လောက်ထိ
ကျွမ်းကျင်ပိုင်နိုင်လည်း ဆိုတာပါပဲ။
အလုပ်တစ်ခု စတင်တော့မယ်ဆိုရင် အဓိက အချက်နှစ်ချက်ကို အသေအချာ
သုံးသပ်သင့်ပါတယ်။ ပထမအချက်က သင်လုပ်မယ့် အလုပ်က လက်ရှိဈေးကွက်ထဲမှာ
လစ်ဟာနေတဲ့ ကွက်လပ်ဖြစ်ရဲ့ လား ဆိုတာပါ။ မဟုတ်ရင် သင်ဟာ
လက်ရှိဈေးကွက်ဝေစု ရပြီးသားသူတွေနဲ့ ယှဉ်ပြိုင်ရမှာမို့ 
ပိုမိုခက်ခဲနိုင်ပါတယ်။ ဒုတိယ အချက်ကတော့ လက်ရှိ ဈေးကွက်ထဲမှာ
လစ်ဟာနေတဲ့ ကွက်လပ်မှာ သင့်အတွက်ရော ဈေးကွက်ရှိရဲ့ လား ဆိုတာပါ။
ဘယ်လိုမှ ဈေးကွက် မရှိတဲ့ ကွက်လပ်မှာ သင်ဟာ စီးပွားရေး မလုပ်မိဖို့ 
အရေးကြီးပါတယ်။
(၃) အိုင်ဒီယာ
အချို့ သောသူတွေဟာ ကိုယ်ပိုင်လုပ်ငန်းလုပ် လိုတဲ့
ဆန္ဒမျိုး ပြင်းပြင်းထန်ထန်ရှိပေမယ့် ဘာလုပ်ရမှန်း မသိသူတွေပါ။
အချိန်တိုင်း ကိုယ်ပိုင်အလုပ် လုပ်ချင်တယ်လို့  နှုတ်က တဖွဖွ
ပြောနေကြသူတွေကို တွေ့ ဖူးကြမှာပါ။ ကိုယ်ပိုင်လုပ်ငန်းလုပ် ဖို့  အလုပ်က ထွက်စာတင်တာတွေလည်း ကြုံတွေ့ ဖူးကြပါလိမ့်မယ်။ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်လုပ်ကိုင်လိုစိတ်ရှိ တာ ကြိုဆိုရမှာပါ။ ဒါပေမယ့် ဘယ်လို အလုပ်မျိုးကို အခြားသူတွေနဲ့  မတူအောင် ဘယ်လိုတီထွင်ဆန်းသစ်လုပ်ကိုင်မှာလည်း ဆိုတဲ့ အိုင်ဒီယာ အရင်ရှိထားမှ ဖြစ်မှာပါ။
(၄) Risk မယူလိုခြင်း
Risk ဆိုတဲ့ နေရာမှာ ခန့် မှန်း တွက်ချက်နိုင်တဲ့အနေအထား (Calculated Risk) မျိုးဖြစ်ရဲ့ လားဆိုတာ သေချာဆန်းစစ်ဖို့  လိုပါတယ်။ စတင်လုပ်ကိုင်တဲ့ လုပ်ငန်းဆယ်ခုမှာ ကိုးခုဟာ ကျရှုံးသွားလေ့ရှိတယ်လို့  စစ်တမ်းတွေက ဖော်ပြထားပါတယ်။ ကျရှုံးမှာကို စိုးရိမ်ကြောက်လန့် နေမယ်ဆိုရင် ကိုယ်ပိုင်လုပ်ငန်း ဖြစ်လာမှာ မဟုတ်ပါဘူး။ Risk ဆိုတာကတော့ ဘယ်နေရာမှာ မဆို ရှိနိုင်တာမို့ မိမိကိုယ်တိုင် သေချာလေ့လာ ဆန်းစစ်ရမှာပါ။ Risk ကို ကြောက်ရွံ့  ပုန်းကွယ်နေဖို့  မလိုပါဘူး။ တွက်ချက်လို့  မရတဲ့ အန္တရာယ်မျိုး၊ ခြိမ်းခြောက်မှုမျိုးရှိတဲ့ Risk မျိုးကို တော့ ရှောင်ရှားရမှာပါ။ ဒါဟာ Risk ယူတာ မဟုတ်ပဲ အသိဥာဏ်မဲ့ မိုက်ရူးရဲရာကြပါတယ်။
(Ref: Start It Up by Luke Johnson)
📰📰📰
စတင်ကြသူများ (၁) ကို ဖတ်လိုလျင် ...
https://www.facebook.com/ htetzanlinndotcom/posts/ 472397176281235:0
www.htetzanlinn.com
https://www.facebook.com/ htetzanlinndotcom
(ဆက်ရန်)
— at သင်္ဃန်းကျွန်း.=============
လူတိုင်းလိုလို ကိုယ်ပိုင်လုပ်ငန်းကို ကိုယ်တိုင်ဦးစီးပြီး လုပ်ကိုင်ချင်ကြတာပါ။ ကိုယ်ပိုင်လုပ်ငန်းတစ်ခု
(၁) အရင်းအနှီး
မှန်ပါတယ်။ လုပ်ငန်းတစ်ခုလုပ်ကိုင်
(၂) လက်ရှိဝင်ငွေ
လက်ရှိအလုပ်အကိုင်မှာ ရနေတဲ့ သေချာတဲ့ ဝင်ငွေကို ရပါ့မလားဆိုတဲ့ အတွေးဟာ ကိုယ်ပိုင်အလုပ် မစတင်နိုင်ရသေးခြင်းရဲ့  ဒုတိယအကြောင်းအရင်းတစ်ခုပ
(၃) အိုင်ဒီယာ
အချို့ သောသူတွေဟာ ကိုယ်ပိုင်လုပ်ငန်းလုပ်
(၄) Risk မယူလိုခြင်း
Risk ဆိုတဲ့ နေရာမှာ ခန့် မှန်း တွက်ချက်နိုင်တဲ့အနေအထား (Calculated Risk) မျိုးဖြစ်ရဲ့ လားဆိုတာ သေချာဆန်းစစ်ဖို့  လိုပါတယ်။ စတင်လုပ်ကိုင်တဲ့ လုပ်ငန်းဆယ်ခုမှာ ကိုးခုဟာ ကျရှုံးသွားလေ့ရှိတယ်လို့  စစ်တမ်းတွေက ဖော်ပြထားပါတယ်။ ကျရှုံးမှာကို စိုးရိမ်ကြောက်လန့် နေမယ်ဆိုရင် ကိုယ်ပိုင်လုပ်ငန်း ဖြစ်လာမှာ မဟုတ်ပါဘူး။ Risk ဆိုတာကတော့ ဘယ်နေရာမှာ မဆို ရှိနိုင်တာမို့ မိမိကိုယ်တိုင် သေချာလေ့လာ ဆန်းစစ်ရမှာပါ။ Risk ကို ကြောက်ရွံ့  ပုန်းကွယ်နေဖို့  မလိုပါဘူး။ တွက်ချက်လို့  မရတဲ့ အန္တရာယ်မျိုး၊ ခြိမ်းခြောက်မှုမျိုးရှိတဲ့ Risk မျိုးကို တော့ ရှောင်ရှားရမှာပါ။ ဒါဟာ Risk ယူတာ မဟုတ်ပဲ အသိဥာဏ်မဲ့ မိုက်ရူးရဲရာကြပါတယ်။
(Ref: Start It Up by Luke Johnson)
📰📰📰
စတင်ကြသူများ (၁) ကို ဖတ်လိုလျင် ...
https://www.facebook.com/
www.htetzanlinn.com
https://www.facebook.com/
(ဆက်ရန်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။