Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, October 27, 2015

လမ်းဘေးထည်ရောင်းခဲ့တဲ့ ကမ္ဘာအချမ်းသာဆုံး သူဌေး


လမ်းဘေးထည်ရောင်းခဲ့တဲ့ ကမ္ဘာအချမ်းသာဆုံး သူဌေး

တချိန်က စပိန်မှာ သူငယ်ချင်း နှစ်ယောက် ရှိတယ်၊ ဘရန်ကိုနဲ့  အော်တေဂါလို့ ခေါ်တယ်၊ ဘရန်ကို မိဘတွေက ချမ်းသာတယ်၊ ဒီတော့ ဘရန်ကိုက ဆေးကျောင်းအရင်တက်တယ်၊ ပြီးတော့ စာမကျက်နိုင် တော့ဘူးဆိုပြီး အင်ဂျင်နီယာလိုင်း ပြောင်းတယ်၊ ဒါလည်း ကြာကြာမခံပါဘူး၊ ရုပ်ရှင် မင်းသား ပြောင်းလုပ်ပြန်တယ်၊ မအောင်မြင်ဘူး၊ နောက်ဆုတ်ဖို့  လမ်းရှိတော့ အလွယ်တကူ အရှုံး ပေးတယ်၊ အကြောင်း ပြချက် ပေါင်းစုံ ပေးပြီး နောက်ဆုံးတော့ သူ့ မိဘ လက်ငုပ် ကုန်သည်ပဲ လုပ်တော့တယ်၊ သူ့ ပုံပြင်လေးက ဒီမှာ ပြီးပြီ၊

မပြီးသေးတဲ့ ပုံပြင်ထဲက ဇာတ်လိုက်နာမည်က အမန်စီယို အော်တေဂါ၊ သူ့ မိသားစုက ဆင်းရဲတယ်၊ သူ့ အဖေ က မီးရထားဌာနက အောက်ခြေဝန်ထမ်း၊ လခတလစာ က ကြက်ဥ ဆယ်ဒါဇင် ဝယ်ရင်ကုန်ပြီ၊ ဆင်းရဲလွန်း လို့  ၁၄နှစ်မှာ ကျောင်းထွက် လိုက်ရတယ်၊ အလုပ် လိုက်ရှာရင်းနဲ့  အင်္ကျီ ရောင်းတဲ့ ဆိုင်မှာ အကူအလုပ် ရတယ်၊ ဒီအလုပ်ကို လုပ်ရင်း အရင်း အနှီးနဲ့  အတွေ့ အကြုံရှာခဲ့တယ်၊ လမ်းဘေးမှာ အထည်ဟောင်းတွေ ရောင်းတဲ့ အလုပ်ကို နှစ်ပေါင်းများစွာ လုပ်ခဲ့တယ်၊

အခက်အခဲတွေ မရေမတွက်အောင် တွေ့ လွန်း တော့ နောက်ဆုတ်လိုက်ချင်စိတ် အကြိမ်ကြိမ် ပေါ်တယ်၊ နောက်ဆုတ် ဖို့ ပြန်ကြည့် တော့ တခြား ထွက်ပေါက်မရှိဘူး၊ ဆင်းရဲ လွန်းပြီး ပညာရေးမပြီးတဲ့ အတွက် တခြား အလုပ် ရှာမရဘူး၊ ဒါနဲ့ ဒီအလုပ် တစ်ခုပဲ ဇောက်ချ လုပ်တော့ မယ်ဆိုပြီး အားတင်း ကြိုးစားတယ်၊ နောက်နှစ် နှစ်ဆယ် လောက် အကြာမှာ ကိုယ်ပိုင် အဝတ် အထည်တွေ ချုပ်ပြီး စရောင်းကြည့်ရာ ကနေ နည်းနည်း အဆင်ပြေ လာတယ်၊ အဲဒီအချိန် အသက် ၃၆နှစ်၊

သူ့ အသက် လေးဆယ်ဝန်းကျင် ၁၉၇၅ မှာ ZARA ဆိုတဲ့ တံဆိပ်တပ်ပြီး အဝတ်အထည် စရောင်း တယ်၊အဝတ်ဈေးကွက်ကို နှစ်ပေါင်းများစွာ အရည်ကျို သောက်လာတဲ့ သူဟာ ZARA ကို ဆယ်နှစ် အတွင်း အောင်မြင်အောင် ဦးဆောင်နိုင်ခဲ့တယ်၊ ၁၉၈၉ မှာ ပေါ်တူဂီ ဈေးကွက် ကို စတင်ဝင်တယ်၊ နောက် ဆယ်နှစ် မှာ ကမ္ဘာ အဝတ်အထည် လောက ရဲ့  ထိပ်တန်း ပြင်သစ်၊ လန်ဒန်ဈေးကွက်ထဲကို ZARA ရောက် လာပါပြီ၊

၂၀၀၁ မှာ ZARA ကို စတော့ဈေးကွက် တင်တယ်၊ZARA ဟာ အလွန် လျင်မြန်စွာ တိုးတက် လာတယ်၊ ၂၀၁၅ မှာ နိုင်ငံပေါင်း ၈၈ နိုင်ငံ မှာ ဆိုင်ပေါင်း (၆၇၄၆) ဖွင့်လှစ်နိုင်ခဲ့ပြီး အမြဲတမ်း ဝန်ထမ်း တစ် သိန်း လေးသောင်း ကျော်ခန့် ထား နိုင်ခဲ့ပါတယ်၊ ဖို့  မဂ္ဂဇင်းရဲ့ ၂၀၁၅ ကမ္ဘာ့ တန်ဖိုး အကြီးဆုံး တံဆိပ် တစ်ရာမှာ ZARA က တံဆိပ် တန်ဖိုးသက်သက် ကို ဒေါ်လာ ၉.၄ ဘီလီယံ နဲ့  နံပါတ် ၅၈ ချိတ်ခဲ့ပါ တယ်၊ ကျွန်တော်တို့ ကြားဖူးတဲ့ (Sony, Panasonic, Lexus, Rolex, Adidas, Hyundai, KIA, Volkswagen, Nissan, Canon, Chevrolet, Colgate, Red Bull, Estée Lauder) တို့ ထပ် ZARA ရဲ့  တံဆိပ်တန်ဖိုးက ပိုမြင့်ပါတယ်၊ လာမယ့် ၂၀၁၆ မှာ တံဆိပ် တန်ဖိုး အဆင့်ပိုတောင် တက်လာနိုင်တယ်၊

အော်တေဂါဟာ Inditex ကုမ္ပဏီကို ထူထောင်ပြီး ZARA ရဲ့ မိခင်ကုမ္ပဏီ အဖြစ် သတ်မှတ်ကာ Inditex ရဲ့ ဖွဲ့ စည်းပုံ ထဲထည့်ခဲ့ တယ်၊ Inditex ရဲ့  အောက်မှာ (ZARA, Pull&Bear, Massimo Dutti) အပါအဝင် တံဆိပ် ရှစ်ခုပိုင်ဆိုင် တယ်၊ ၂၀၀၄ နဲ့  ၂၀၁၄ ဆယ်နှစ် အတွင်း (Inditex) ဟာ ရာခိုင်နှုန်း (၅၇၀) ကြီးထွား လာပြီး ၂၀၁၄ ကနေ ၂၀၁၅ တစ်နှစ် အတွင်း နောက်ထပ် ငါးဆယ် ရာခိုင်နှုန်း ထပ် ကြီးထွားတယ်၊ Inditex ကုမ္ပဏီရဲ့  စုစုပေါင်း ရှယ်ယာတန်ဖိုး ၅၉.၂၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်တဲ့ တချိန်က ဆင်းရဲလှတဲ့ အော်တေဂါရဲ့  ကြွယ်ဝမှုဟာ တစ်ရှိန်ထိုး တိုးတက် လာပြီး ၂၀၁၀ မှာ ကမ္ဘာ အချမ်းသာဆုံး နံပါတ် ကိုး ၊ ၂၀၁၃ မှာ နံပါတ် သုံး ကိုရောက်ရှိလာ ပါတယ်၊

ပြီးခဲ့တဲ့ သောကြာနေ့  အောက်တိုဘာ ၂၃ ရက် ၂၀၁၅ မနက် အစောပိုင်းမှာတော့ Inditex ရဲ့  ရှယ်ယာ တစ်ခု တန်ဖိုး ၃၃.၉၉ ယူရိုထိ တက်သွား လို့  အော်တေဂါ ရဲ့  ကြွယ်ဝမှုဟာ ဒေါ်လာ ၈၀ ဘီလီယံ နီးပါး ဖြစ်သွားပြီး အမေရိကန် ဘီလီယံနာ မိုက်ခရိုဆော့ ပိုင်ရှင်ဘီလ်ဂိတ်ရဲ့  အချမ်းသာဆုံး နံပါတ်တစ် နေရာကို ၄ နာရီ ကြာ ရယူလိုက်ပါတယ်၊ မနက် ၁၀း၅၂ မှာ တော့ ရှယ်ယာတန်ဖိုး ၃၃.၈၀ ယူရို ထိ ပြန် ကျသွားလို့  ဘီလ်ဂိတ်က ပထမနေရာ ပြန်ရ လိုက်ပါတယ်၊ လာမယ့် ရက်တွေမှာ စတော့ ရှယ်ယာ အတက် အကျ အနည်းငယ်ပေါ်မူတည်ပြီး သူတို့ နှစ် ယောက် တလှည့်စီ ပထမဖြစ်နိုင်ပါတယ်၊

အလွန်ကြွယ်ဝနေတဲ့ အော်တေဂါဟာ အံ့သြ စရာကောင်းစွာ ပုဂ္ဂိုလ်ရေး မကျော်ကြား အောင် (Very Low Profile) နဲ့ နေထိုင်ခဲ့တယ်၊ ဈေးပေါတဲ့ အပြာရောင် ကုတ်၊ အဖြူရောင်ရှပ်နဲ့  ခဲရောင် ဘောင်းဘီပဲ ဝတ်ပြီးနေတယ်၊ တန်ဖိုး အသင့် အတင့် မြင့်တဲ့ သူ့ ကိုယ်ပိုင် ZARA တံဆိပ်တောင် မဝတ်ဘူး၊ သန်းကြွယ် သူဌေးဖြစ်နေတာ ကြာပြီ ဖြစ်တဲ့ ၁၉၉၉ ထိ သူ့  ဓာတ်ပုံ အင်တာနက်မှာ ရှာမရဘူး၊ မီဒီယာ တွေ ကို အင်တာဗျူး အလုပ်မခံ ဘူး၊ ၂၀၀၀ ခုနှစ်မှ အင်တာဗျူးလုပ်ခံရလို့  သူ့ ဘဝ အကြောင်း လူတွေသိလာတယ်၊ ဒါကလည်း ၂၀၀၁ မှာ သူ့  ကုမ္ပဏီ ကို စတော့ ဈေးကွက် တင်မှာမိုလို့  CEO Branding အနေနဲ့ မဖြစ်လို့ သာ အဗျူးခံ တာ၊

မြန်မာပြည် အဝတ်အထည် ဈေးကွက် ထဲက ကိုယ်ပိုင် တံဆိပ်နဲ့ ထုတ်လုပ်ချင်တဲ့ မိတ်ဆွေ တွေကို ZARA ရဲ့ လုပ်ဟန် တချို့ ကို ပြောပြချင်ပါ တယ်၊ အကုန်ယူလို့ မရရင်တောင် ဗဟုသုတ အနေနဲ့ ပါ၊

၁၊ ဆိုင်ခန်းအတွက် အကောင်းဆုံး နေရာ တွေကို ပဲ ရွေးဖွင့်ခဲ့တယ်၊
၂၊ ကြေငြာစရိတ်ကို လျော့ချခဲ့တယ်၊ တခြား ပြိုင်ဘက် ကုမ္ပဏီတွေ ဝင်ငွေရဲ့  ၃.၅ မှ ၅ ရာခိုင်နှုန်း ကြား ကြေငြာစရိတ်သုံးချိန်မှာ အော်တေဂါ က အံ့သြဖွယ် ၀.၃ ရာခိုင်နှုန်းပဲ သုံးခဲ့တယ်၊
၃၊ အလုပ်ချိန်ကို တိုးမြင့်ပြီး ရောင်းအားပိုကောင်း စေခဲ့တယ်၊
၎၊ အရေးအကြီးဆုံး အချက်က အဝတ်ဒီဇိုင်းတစ်ခု ရဲ့  သက်တမ်းကို အတိုဆုံးထားခဲ့တာပါပဲ၊ ဖန်တီးမှု အသစ်တွေ စဉ်ဆက်မပြတ် လုပ်နေခဲ့တဲ့ အတွက် ဒီဇိုင်းအသစ်တွေ အဆက်မပြတ်ထွက်နေခဲ့တယ်၊

အော်တေဂါဟာ ခုဆို အသက် ၇၉ နှစ်ရှိပါပြီ၊ ဆင်းရဲ လွန်းလို့  ၁၄ နှစ်မှာ ကျောင်းထွက်ခဲ့ရပြီး အလုပ် သမား ဘဝနဲ့ နှစ်ပေါင်း များစွာ နေခဲ့ရတဲ့သူဖြစ် ပါတယ်၊ အသက် ၄၀ ရောက်မှ ကိုယ်ပိုင်လုပ်ငန်း စတင်နိုင်ခဲ့တဲ့ မီးရထား အောက်ခြေ ဝန်ထမ်းတစ်ဦး ရဲ့  သားတစ်ယောက် ဖြစ်ပါ တယ်၊ လမ်းဘေး အထည် တွေ စရောင်းပြီး ဘဝစခဲ့တဲ့ အော်တေဂါ ဟာ ZARA တည်ထောင်ပြီး နှစ် လေးဆယ် အကြာ မှာ ယှဉ်ပြိုင်ဖို့ ခက်လှတဲ့ နည်းပညာခေတ်ရဲ့  ဘီလူး (Titan) တွေကို မယုံနိုင်စရာ ကျော်ဖြတ်ပြီး ကမ္ဘာ အချမ်းသာဆုံး တစ်ဦး ဖြစ်ခဲ့ပါပြီ၊

စစ်တမ်းတစ်ခုရှိပါတယ်၊ သန်းကြွယ်သူဌေး (၇၅) ရာခိုင်နှုန်းလောက်ရဲ့  မိဘတွေ ဟာ မချမ်းသာ ကြပါဘူး၊ ဖိအားများစွာနဲ့ ကိုယ်ထူးကိုယ်ချွန် ပင်ပန်းစွာ ကြိုးစားပြီးမှ အောင်မြင်ကြ ပါတယ်၊ ဒီလိုဇာတ်လမ်းမျိုးဟာ သိပ်တော့ မဆန်းပြားပါဘူး၊ ဒါပေမယ့် ဘဝကို ပင်ပန်းစွာစ ခဲ့ရတဲ့ ကမ္ဘာ့  အချမ်းသာဆုံး သူကြွယ်ကြီးရဲ့  ဇာတ်လမ်းကို ဖတ်မိတဲ့ အချိန်မှာ မရေးဘဲ မနေနိုင်တော့ပါဘူး၊ ဒီနေ့  သာမန်ဘဝမှာ ရောက်နေပေမယ့် တချိန် အောင်မြင် လာနိုင်တဲ့ မြန်မာ လုပ်ငန်းရှင် လောင်းလျာ တွေကို ဂုဏ်ယူအားကျ စေချင်တဲ့ စိတ်နဲ့ ရေးပါတယ်၊

အကယ်၍ ဒီစာဖတ်နေတဲ့ မိတ်ဆွေတို့ ရဲ့ မိဘ တွေများ မချမ်းသာခဲ့ဘူး ဆိုရင် ငါတို့ သိပ်ကံကောင်း တယ်လို့  သတ်မှတ်ပြီး ဝမ်းသာလိုက်ပါ၊ ကျွန်တော် လည်း မိတ်ဆွေတို့ အတွက် ဝမ်းမြောက်ပါတယ်၊ ဘာကြောင့် လဲ ဆို တော့ မိတ်ဆွေတို့  သန်းကြွယ် သူဌေး ဖြစ် လာဖို့  မွေးရာပါ သူဌေးသားတွေ ထက် အခွင့်အရေး ၃ ဆပိုများ နေပါတယ်။

Credit to Ko Naing
K.K(ကနောင်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။