#ပြောင်းလဲချိန်တန်ပြီ ဆိုတာ နားမလည်ရှာသော သမတကြီးဦးသိန်းစိန်သို့
>>>>>>>>>>>>>>>>>>>>>>>>>
ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကိုပြောမှန်းမသိရင်လည်း ရှင်းရှင်းလင်းလင်း သိရအောင်သွားမေးလိုက်ပါလာ ဘပြောင်ရယ်။ ဒီစကားလုံး ဘယ်သူတွေ သုံးနေသလဲဆိုတာ သိသိကြီးနဲ့ ယောက်ျားဖြစ်ပြီး အတင်းတုပ်သလိုလျှောက်လုပ်နေ တော့ ဂွမ်းတာပေါ့ ...
ဒါပေမယ့် တကယ်မသိပဲဖြစ်နေပြီး မေးရမှာလည်း ကြောက်နေတယ်ဆိုရင်တော့ ကြားထဲက ရိုးရိုးသားသားရှင်းပြမယ်
၁။ လေးပွင့်ဆိုင်တွေ့မယ်ဆိုတာကို မတွေ့ရဲသူတွေ ကျုပ်တို့ နိုင်ငံစီမံခန့်ခွဲဖို့အပို င်းမှာ မရှိသင့်တော့ဘူး။ အဲ့ဒါတွေပြောင်းလဲချိန်တန်ြ ပီ။
၂။ ကျောင်းသားတွေကို နှိပ်စက်မယ့်လူတွေ များပြီး ပညာရေးတိုးတက်အောင်လုပ်ချင် သူနည်းတဲ့ စီမံခန့်ခွဲသူတွေလည်း မထားသင့်တော့ဘူး။ အဲ့ဒါလည်း ပြောင်းလဲချိန်တန်ပြီ။
၃။ ပွင့်လင်းမြင်သာမှု မရှိတဲ့ စီမံကိန်းတွေ ထပ်မကြားချင်တော့ဘူး။ အဲ့ဒါလည်း ပြောင်းလဲချိန်တန်ပြီ။
၎။ ငါးလောင်းပြိုင် မဖော်ရဲသူတွေကို ဥပဒေစိုးမိုးရေးအပိုင်းမှာ တာဝန်မယူစေချင်တော့ဘူး။ အဲ့ဒါလည်း ပြောင်းလဲချိန်တန်ပြီ။
၅။ ပိုက်ဆံတွေ အများကြီးအကုန်ခံဖောက်ထားပြီး
ရင်တထိတ်ထိတ်နဲ့ ခရီးသွားရတဲ့ ရန်ကုန်-မန္တလေး လမ်းလို အမြန်လမ်းမျိုးလည်း
ထပ်မဖောက်စေချင်တော့ဘူး။ အဲ့ဒါလည်း ပြောင်းလဲချိန်တန်ပြီ။
၆။ အခု ကျောက်စိမ်းကိစ္စ ကို သိသိကြီးနဲ့ တာဝန်ရှိသူတွေ နှုတ်ပိတ် တိတ်ဆိတ်နေကြတာမျိုးလည်း မလိုချင်တော့ဘူး။ ပြောင်းလဲချင်ပြီ။
၇။ သူ့ဟာသူ အလကားပေးချင်ပေးမယ့် ပြည်ပဖုန်းအော်ပရေတာတွေကို ကဒ်ဖိုး ၁၅၀၀ သတ်မှတ်လိုက် တစ်မိနစ် အနည်းဆုံး ၂၅ ကျပ်သတ်မှတ်လိုက်လုပ်နေတဲ့ အသုံးမကျတဲ့ ဝန်ကြီးဌာနမျိုးတွေလည်း မလိုချင်တော့ဘူး။ အဲ့ဒါတွေလည်း ပြောင်းချင်ပြီ။
၈။ လက်ပတောင်းကို ရောင်းတုန်းကရောင်းပြီး ခေါင်းရှောင်တဲ့လူစားမျိုးေ တွကိုလည်း အာဏာပေးမထားချင်တော့ဘူး။ အဲ့ဒါလည်း ပြောင်းလဲချိန်တန်ပြီ။
၉။ လူတွေ ဆန္ဒကို သိသိကြီးနဲ့ မသိချင်ယောင်ဆောင်တဲ့ အစိုးရမျိုးလည်း မလိုချင်တော့ဘူး။ မကြိုက်ရင်ချက်ခြင်းဆင်းပေး မယ့် အစိုးရမျိုးကို လိုချင်နေကြပြီ။
၁၀။ ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေးပြီး ယုတ်မာတဲ့ လူတွေကိုလည်း နေရာမပေးချင်တော့ဘူး။ အဲ့ဒါလည်း ပြောင်းလဲချိန်တန်ပြီ။
၁၁။ တပြည်လုံး ကျူးကျော်နဲ့ တပ်မြေတွေချည်းရှိသလိုလို ဘဝမှာလည်း မနေချင်ကြတော့ဘူး။ အဲ့ဒါလည်း ပြောင်းလဲချိန်တန်ပြီ။
၁၂။ ကိုယ့်မြေကိုခွဲခွာပြီး ရေခြားမြေခြားမှာ ယိုစီးနေကြရတဲ့ မြန်မာ့ဦးနှောက်တွေရဲ့ ယိုပေါက်ကိုလည်း ပိတ်ချင်နေကြပြီ။
၁၃။ ဘယ်သူရောင်းသွားမှန်းမသိတဲ့ အများပိုင်ပစ္စည်းသယံဇာတတွေကိုကြည့်ပြီး ဝမ်းနည်းတာမျိုးလည်း မဖြစ်ချင်ကြတော့ဘူး။
၁၄။ ပြည်ပမှာ ဆေးကုမှ အသက်ရှင်ခွင့်ရမယ့် ရေနစ်သလို နိုင်ငံအဖြစ်မျိုးလည်း ထပ်မဖြစ်ချင်ကြတော့ဘူး။ အဲ့ဒါလည်း အရေးတကြီးပြောင်းလဲဖို့လို နေပြီ။
၁၅။ ဘတ်ဂျက်တွေ အများကြီးယူပြီး ခွေးလို ဝက်လို စားသောက်ပြနေတဲ့ တပ်မတော်သားတွေဘဝကိုလည်း ပြည်သူကမကြည့်ရက်ကြတော့ဘူး။ အဲ့ဒါလည်း ပြောင်းလဲချိန်တန်ပြီ။
၁၆။ အထူးသဖြင့် လူထုမကြိုက်မှန်းသိသိကြီးနဲ့  မျက်ခွက်ပြောင်ပြောင်နဲ့ ခပ်တည်တည် အာဏာဆုပ်ကိုင်ထားချင်တဲ့ အစိုးရမျိုးကို မလိုချင်ကြတော့ဘူး။
၁၇။ ဂွင်ရှိမှ အသက်ဆက်နိုင်မယ့်ဘဝတွေက အရက်နဲ့မျှောချရင်း တဖြည်းဖြည်း ဆုံးတော့မယ့်ဘဝတွေကိုလည်း ပြောင်းလဲချင်နေကြပြီ။
၁၈။ တည့်တည့်ပြောရရင် ... ပြည်သူကို စေတနာထားမယ့် အစိုးရတစ်ရပ် အမြန်ဆုံးပြောင်းလဲချိန်တန် ပြီ ဆိုတာ လူတွေသိနေကြပြီ။
အချုပ်ပြောရရင်တော့ လူတွေ လိုချင်တဲ့အပြောင်းအလဲကို လက်ရှိအစိုးရက မပေးနိုင်ဘူးဆိုတာ တပြည်လုံးယုံကြည်နေကြပြီမို့  ပြည်သူ့ပါတီကက ပြည်သူ့ကိုယ်စားထင်ဟပ်တဲ့စကားလုံး
"ပြောင်းလဲချိန်တန်ပြီ" ... လို့ သုံးလိုက်တာ။
အဲ့ဒီစကားက မဲဆွယ်တဲ့စကားမဟုတ်ဘူး။
အမှန်တရား ...
တစ်ကမ္ဘာလုံးသိတဲ့အမှန်တရား
လက်ရှိအစိုးရနဲ့ အာဏာရပါတီလုံးဝနားမလည်သေးတဲ့ အမှန်တရားပေါ့။
လေးစားလျှက်
အောင်ကြီး
Credit Aung Gyee
>>>>>>>>>>>>>>>>>>>>>>>>>
ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကိုပြောမှန်းမသိရင်လည်း ရှင်းရှင်းလင်းလင်း သိရအောင်သွားမေးလိုက်ပါလာ ဘပြောင်ရယ်။ ဒီစကားလုံး ဘယ်သူတွေ သုံးနေသလဲဆိုတာ သိသိကြီးနဲ့ ယောက်ျားဖြစ်ပြီး အတင်းတုပ်သလိုလျှောက်လုပ်နေ
ဒါပေမယ့် တကယ်မသိပဲဖြစ်နေပြီး မေးရမှာလည်း ကြောက်နေတယ်ဆိုရင်တော့ ကြားထဲက ရိုးရိုးသားသားရှင်းပြမယ်
၁။ လေးပွင့်ဆိုင်တွေ့မယ်ဆိုတာက
၂။ ကျောင်းသားတွေကို နှိပ်စက်မယ့်လူတွေ များပြီး ပညာရေးတိုးတက်အောင်လုပ်ချင်
၃။ ပွင့်လင်းမြင်သာမှု မရှိတဲ့ စီမံကိန်းတွေ ထပ်မကြားချင်တော့ဘူး။ အဲ့ဒါလည်း ပြောင်းလဲချိန်တန်ပြီ။
၎။ ငါးလောင်းပြိုင် မဖော်ရဲသူတွေကို ဥပဒေစိုးမိုးရေးအပိုင်းမှာ တာဝန်မယူစေချင်တော့ဘူး။ အဲ့ဒါလည်း ပြောင်းလဲချိန်တန်ပြီ။
၅။ ပိုက်ဆံတွေ အများကြီးအကုန်ခံဖောက်ထားပြ
၆။ အခု ကျောက်စိမ်းကိစ္စ ကို သိသိကြီးနဲ့ တာဝန်ရှိသူတွေ နှုတ်ပိတ် တိတ်ဆိတ်နေကြတာမျိုးလည်း မလိုချင်တော့ဘူး။ ပြောင်းလဲချင်ပြီ။
၇။ သူ့ဟာသူ အလကားပေးချင်ပေးမယ့် ပြည်ပဖုန်းအော်ပရေတာတွေကို ကဒ်ဖိုး ၁၅၀၀ သတ်မှတ်လိုက် တစ်မိနစ် အနည်းဆုံး ၂၅ ကျပ်သတ်မှတ်လိုက်လုပ်နေတဲ့ အသုံးမကျတဲ့ ဝန်ကြီးဌာနမျိုးတွေလည်း မလိုချင်တော့ဘူး။ အဲ့ဒါတွေလည်း ပြောင်းချင်ပြီ။
၈။ လက်ပတောင်းကို ရောင်းတုန်းကရောင်းပြီး ခေါင်းရှောင်တဲ့လူစားမျိုးေ
၉။ လူတွေ ဆန္ဒကို သိသိကြီးနဲ့ မသိချင်ယောင်ဆောင်တဲ့ အစိုးရမျိုးလည်း မလိုချင်တော့ဘူး။ မကြိုက်ရင်ချက်ခြင်းဆင်းပေး
၁၀။ ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေးပြီး ယုတ်မာတဲ့ လူတွေကိုလည်း နေရာမပေးချင်တော့ဘူး။ အဲ့ဒါလည်း ပြောင်းလဲချိန်တန်ပြီ။
၁၁။ တပြည်လုံး ကျူးကျော်နဲ့ တပ်မြေတွေချည်းရှိသလိုလို ဘဝမှာလည်း မနေချင်ကြတော့ဘူး။ အဲ့ဒါလည်း ပြောင်းလဲချိန်တန်ပြီ။
၁၂။ ကိုယ့်မြေကိုခွဲခွာပြီး ရေခြားမြေခြားမှာ ယိုစီးနေကြရတဲ့ မြန်မာ့ဦးနှောက်တွေရဲ့ ယိုပေါက်ကိုလည်း ပိတ်ချင်နေကြပြီ။
၁၃။ ဘယ်သူရောင်းသွားမှန်းမသိတဲ့
၁၄။ ပြည်ပမှာ ဆေးကုမှ အသက်ရှင်ခွင့်ရမယ့် ရေနစ်သလို နိုင်ငံအဖြစ်မျိုးလည်း ထပ်မဖြစ်ချင်ကြတော့ဘူး။ အဲ့ဒါလည်း အရေးတကြီးပြောင်းလဲဖို့လို
၁၅။ ဘတ်ဂျက်တွေ အများကြီးယူပြီး ခွေးလို ဝက်လို စားသောက်ပြနေတဲ့ တပ်မတော်သားတွေဘဝကိုလည်း ပြည်သူကမကြည့်ရက်ကြတော့ဘူး။
၁၆။ အထူးသဖြင့် လူထုမကြိုက်မှန်းသိသိကြီးနဲ
၁၇။ ဂွင်ရှိမှ အသက်ဆက်နိုင်မယ့်ဘဝတွေက အရက်နဲ့မျှောချရင်း တဖြည်းဖြည်း ဆုံးတော့မယ့်ဘဝတွေကိုလည်း ပြောင်းလဲချင်နေကြပြီ။
၁၈။ တည့်တည့်ပြောရရင် ... ပြည်သူကို စေတနာထားမယ့် အစိုးရတစ်ရပ် အမြန်ဆုံးပြောင်းလဲချိန်တန်
အချုပ်ပြောရရင်တော့ လူတွေ လိုချင်တဲ့အပြောင်းအလဲကို လက်ရှိအစိုးရက မပေးနိုင်ဘူးဆိုတာ တပြည်လုံးယုံကြည်နေကြပြီမို
"ပြောင်းလဲချိန်တန်ပြီ" ... လို့ သုံးလိုက်တာ။
အဲ့ဒီစကားက မဲဆွယ်တဲ့စကားမဟုတ်ဘူး။
အမှန်တရား ...
တစ်ကမ္ဘာလုံးသိတဲ့အမှန်တရား
လက်ရှိအစိုးရနဲ့ အာဏာရပါတီလုံးဝနားမလည်သေးတဲ
လေးစားလျှက်
အောင်ကြီး
Credit Aung Gyee
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။