ကျွန်တော် သေဒဏ်ကျခံခဲ့ရသော ၁၇လ ၁၇ရက်
========================== ===
အမှတ်(၄၆)
(ခွပ်ဒေါင်းပျိုရဲ့ အိမ်အပြန်)
================
ဇော်သက်ထွေး
“တန်းဖြုတ်”
“ဒေါင်...ဒေါင်...ဒေါင်”
ဟူသော ထောင်ဖွင့်သံချောင်း ခေါက်သံသည် ကျွန်တော့် နားထဲသို့ သာယာနာ
ပျော်ဖွယ် ၀င်ရောက်လာသည်။ ယခု သံချောင်း ခေါက်သံသည် သေဒဏ်ကျခံ
ခဲ့ရသော ကျွန်တော်၏ ထောင်သက်တမ်းအတွင်း နောက်ဆုံးကြားခဲ့ရသော
သံချောင်းသံအဖြစ် မှတ်ယူလိုက်သည်။ အရပ်ဝတ် တစ်စုံကို အသင့်ဝတ်ဆင်
ထားပြီး အဆောင်(၃)မှ မိတ်ဆွေများ၊ သူငယ်ချင်းများကို လက်ဆွဲနှုတ်ဆက်
လိုက်သည်။ ပစ္စည်းအားလုံး ဝေငှပေးပြီးပြီဖြစ်၍ အ၀တ်တစ်ထည်၊ ကိုယ်တစ်ခုဖြင့်
အိမ်ပြန်ရန် အသင့်ဖြစ်နေပြီ။
မိနစ်အနည်းငယ် အကြာတွင် ထောင်ကျရုံးမှ တပ်ကြပ်ကြီး တစ်ဦးက ကျွန်တော်
တို့ အဆောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ပါသော နိုင်ငံရေး ပုဒ်မများကို လာခေါ်
သည်။ ရိုးရိုးအကျဉ်းသားများ ကတော့ အင်းစိန်ထောင် ဗူးတံခါးရှေ့တွင်
တန်းစီထိုင်လျက် ရှိနေကြသည်။ ကျွန်တော့်ကို အဆောင်(၃) အဆောင်မှူး
ဦးမင်းဝေက လာနှုတ်ဆက်သည်။ ကျွန်တော်လည်း ကျေးဇူးတင်ကြောင်း
ပြောပြီး တပ်ကြပ်ကြီးနှင့်အတူ အင်းစိန် ထောင်ဗူးဝရှိ ဧည့်ခန်းမသို့ လိုက်ပါ
သွားသည်။ ဧည့်ခန်းအရောက်တွင် အပြာရောင်ဝတ်စုံ ဆင်မြန်းထားသော အဘဦးဝင်းတင်ကို တွေ့၍ ထိတ်ခနဲ ၀မ်းသာသွားသည်။
အဘယ့်ကြောင့်ဆိုသော် ယခု လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါလာသည်ဟု ထင်မှတ်
သွားသောကြောင့်ပင်။ သို့သော် ဘာကြောင့်မှန်းမသိ။ အဘ ဦးဝင်းတင်အား အထူးဆောင်သို့ ပြန်ခေါ်သွားသည်။ ကျွန်တော် စိတ်မကောင်းကြီးစွာဖြင့် ဧည့်
ခန်းမထဲ ၀င်လိုက်သည်။ ဧည့်ခန်းထဲတွင် ကျွန်တော်၏ အမှုတွဲများဖြစ်သော
ဦးနိုင်မင်းကြည်နှင့် ဦးအေးမြင့်ကို တွေ့လိုက်ရသည်။ ကံကြမ္မာသာ မကျီစားဘူး
ဆိုရင် ကျွန်တော်၏ အမှုတွဲများထဲမှ ကွယ်လွန်သွားခဲ့သော ကိုအောင်လွန်းနှင့်
ဇော်ဇော်တို့ကိုပါ တွေ့ကြရမည်ဖြစ်သည်။ ယခုတော့ သူတို့ ကျန်ရစ်ခဲ့လေပြီ။
ကျွန်တော်တို့အား အကျဉ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က နိုင်ငံတော်
အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို တိုတိုပြတ်ပြတ် ဖတ်ပြသည်။
ထို့နောက် မီဒီယာများနှင့် တွေ့ဆုံအင်တာဗျူးရာတွင် ထိန်းထိန်းသိမ်းသိမ်း
ပြောဆိုကြရန် မှာကြားသည်။ ဒုချုပ် ပြောဆိုပြီးနောက် ကျွန်တော်တို့ အမှုတွဲ
များကို ဗူးတံခါးထဲသို့ ခေါ်သွားပြီး လွတ်လူ စစ်ဆေးသည်။
ထောင်မှ မလွတ်ခင် ထောင်ကို ပြန်မကြည့်ဘဲ သွားမှသာ နောင်တစ်ကြိမ်ထောင်
ထဲသို့ ပြန်မရောက်နိုင် အယူတစ်ခု ရှိသည်။ သို့သော် ကျွန်တော်ကတော့
အင်းစိန်ထောင် မိန်းဂျေးကို ဗူးတံခါးထဲ မ၀င်ခင် တစ်ချက် ပြန်ကြည့်မိခဲ့သည်။
အမိမြေပေါ်မှ အာဏာရှင်စနစ် မပျောက်သေးသရွေ့ အချိန်မရွေး ထောင်ထဲ
ပြန်ဝင်နိုင်ကြောင်း ကျွန်တော် သဘောပေါက်ပါသည်။ (ထိုအယူမှန်နေ၍လား
မသိ၊ ၂၀၀၈ခုနှစ် နာဂစ်ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ပြီးနောက် နိုင်ငံတော်
အား သိက္ခာကျစေရန် သတင်းမှားများကို နိုင်ငံတကာသို့ ဖြန့်ဖြူးသည်ဟု
ဆိုကာ ကျွန်တော့်အား ထောင် ၁၉နှစ် ချလိုက်သည့်အတွက် အင်းစိန်ထောင်
သို့ တတိယအကြိမ် ပြန်ရောက်ခဲ့ရပါသေးသည်။) ထောင်ဗူးတံခါးထဲတွင် အချက်
အလက် အားလုံး တိုက်ဆိုင်စစ်ဆေးပြီးနောက် လွှတ်ဝရမ်းကို ထုတ်ပေးသည်။
ထို့နောက် အိမ်အပြန် လမ်းစရိတ်ဟုဆိုကာ ငွေကျပ် ၂၀၀ ပေးပြန်သည်။
ကျွန်တော်လည်း ၂၀၀ တန်ကို အမှတ်တရ သိမ်းထားရန် ယူလိုက်သည်။
ဘူးတံခါးကြီးထဲမှ ထွက်လိုက်သောအခါ အပြင်လောကမှ လတ်ဆတ်သော
ဆောင်းလေ အေးအေးက ဆီးကြိုပွေ့ဖက်လိုက်သည်။ လေချင်း အတူတူတောင်
ထောင်တွင်းမှလေနှင့် ထောင်ပြင်မှလေ သန့်စင်ပုံချင်း အတော်ကွာခြားပါသည်။ အပြင်ဘက်တွင် Townace တစ်စီးဖြင့် SBများက ကြိုတင်စောင့်နေသည်။
ဦးနိုင်မင်းကြည်နှင့် ဦးအေးမြင့်က ရန်ကုန် အခြေစိုက် ILOရုံးခန်းသို့ ပို့ဆောင်
ပေးရန် SBများကို ပြောဆိုနေသည်။ သူတို့အား တစ်စီး စီစဉ်ပေးလိုက်ပြီး
ကျွန်တော်နှင့် လမ်းကြောင်းတူသည့် လွတ်မြောက်အကျဉ်းသား နှစ်ဦးနှင့်
အတူ ကားပေါ်သို့ တက်လိုက်သည်။ SBများက ဘယ်သူ့ကို အရင်ပို့ရမလဲ
ဟု မေးပြီး လမ်းကြောင်းဆွဲနေသည်။ ကျွန်တော်နှင့် ကပ်လျက် ထိုင်နေသော
တစ်ယောက်က စတင်မိတ်ဆက်သည်။
“ကိုဇော်သက်ထွေး ကျွန်တော် ရွှေဂျိုးပါ။ လှည်းတန်း NLDကပါ”
ကျွန်တော် လက်ဆွဲ နှုတ်ဆက်လိုက်သည်။ (ကိုရွှေဂျိုးမှာ ရွှေဝါရောင်တော်လှန်
ရေး အပြီးတွင် ထောက်လှမ်းရေးမှ ဖမ်းဆီးပြီး စစ်ကြောရေးတွင် သေဆုံးသွား
သော ရွှေလှိုင်ဝင်း၏ ယောက္ခမဖြစ်သည်။) ကျွန်တော့် ခုံနောက်မှ တစ်ဦး
ကလည်း ကျွန်တော့်ကို နှုတ်ဆက်ပြန်သည်။
“ကိုဇော်သက်ထွေး ကျွန်တော် ကိုကိုလှိုင်ပါ။ မှတ်မိလား”
ရုတ်တရက် ကျွန်တော့်မှတ်ဉာဏ်ကေ၀၀ါးနေသည်။ သူက ထပ်ပြီးပြောလိုက်
သည်။
“မာဂျေရဲ့ အင်တာဗျူး ဂျာနယ်မှာ ဆောင်းပါးရေးတဲ့ ဗိုလ်မှူးကြီး ကိုကိုလှိုင်ပါ။
အဲဒီတုန်းက စစ်ရုံးချုပ် ကကကြည်း(သု)ကလေ”
ကျွန်တော် ချက်ချင်း မှတ်မိသွားသည်။ သူလို တပ်မတော်တွင် အရေးပါသော
အရာရှိကြီး တစ်ဦး ဘာကြောင့် ထောင်ထဲ ရောက်ခဲ့မှန်းမသိပေ။ (ယခုအခါ ဦးကိုကိုလှိုင်မှာ နိုင်ငံတော် သမ္မတ၏ အကြံပေး ဖြစ်နေလေပြီ။) ကျွန်တော်တို့
သုံးဦးမှာ လမ်းကြောင်းတူနေသည့် အတွက် SBမှ ကားတစ်စီးတည်း စီစဉ်
ပေးပုံပေါ်သည်။ အင်းစိန်ထောင်မှ စထွက်ပြီး လှည်းတန်းကို မောင်းသွားသည်။
ကိုရွှေဂျိုးမှာ လှည်းတန်း အရောက်တွင် အားလုံးကို နှုတ်ဆက်ပြီး ကားပေါ်မှေ
ပေါ့ပေါ့ပါးပါး ဆင်းသွားသည်။ လိုက်ပို့သော ထောက်လှမ်းရေးအဖွဲ့မှ အကြီးဆုံး
ဖြစ်ဟန်တူသူက ကျွန်တော်တို့ကို လှမ်းမေးသည်။
“ကဲ ဆရာတို့နှစ်ယောက် ဘယ်သူ့အရင်ပို့ရမလဲ”
ထောက်လှမ်းရေးလက်မှ နာရီကို ကျွန်တော် လှမ်းကြည့်လိုက်သည်။ ၉နာရီ
စွန်းစွန်း ဖြစ်နေပြီ။ ဇနီးဖြစ်သူ Living Colour ရုံးခန်းသို့ မသွားခင် ကျွန်တော် အရင်ရောက်သွားလျှင် အတော် အဆင်ပြေမည် ဖြစ်သည်။ ဦးကိုကိုလှိုင်က
ကျွန်တော်၏ စိတ်ပူပန်မှုကို ရိပ်စားသွားမိပုံပေါ်သည်။ ကျွန်တော့်ကို ပြုံးပြပြီး
SBမှ ပုဂိ္ဂုလ်ကို လှမ်းပြောလိုက်သည်။
“ကိုဇော်သက်ထွေးကို အရင်ပို့လိုက်ပါဗျာ။ ပြီးမှ တာမွေကနေ ကျွန်တော့်အိမ်
ကို သွားတာ ပိုအဆင်ပြေပါတယ်”
ထို့ကြောင့် တာမွေအ၀ိုင်းထိပ်ရှိ ကျွန်တော့်အိမ်သို့ ကားခေါင်းဦးတည်လိုက်သည်။ အိမ်နား ရောက်ခါနီးလာသည် နှင့်အမျှ ကျွန်တော့်ရင်တွေ တဒိန်းဒိန်း ခုန်လာ
သည်။ လမ်းတစ်လျှောက်ရှိ မြင်ကွင်းတွေက သိသိသာသာ ပြောင်းလဲမှုမရှိ။
ထောင်ထဲတွင် ၁၇လနှင့် ၁၇ရက်သာ နေခဲ့ရသည့်အတွက် အပြင်လောကမှာ ထူးထူးခြားခြား ပြောင်းလဲရန်လည်း အကြောင်းမရှိပေ။ ပြည်ထဲရေး ၀န်ကြီးဌာန
ကို ဖြတ်ပြီး ဂွတ္တလစ်မီးပွိုင့်ကို ဖြတ်လာသည်။ ကျွန်တော့်အိမ်ကို မကြာခင်
မြင်ရတော့မည်။ ဂန္တ၀င် ဇာတ်လမ်းထဲကလို ကျွန်တော့်တိုက်တွင် ယုဇနပင်
လည်းမရှိ၊ ဖဲကြိုးဝါကိုလည်း ချိတ်ဆွဲရန် အကြောင်းလည်း မရှိပေ။
ဤသို့ဖြင့် ကျွန်တော့် တိုက်ရှေ့သို့ ရောက်လာသည်။ ကျွန်တော်က ကားပေါ်
မှဆင်းပြီး ၅လွှာရှိ ကျွန်တော့်အခန်းမှ ခေါင်းလောင်းကြိုးကို ဆွဲလိုက်သည်။
ဝရန်တာမှ ဇနီးဖြစ်သူ၏မိခင် ယောက္ခမကြီး ထွက်ကြည့်သည်။ ကျွန်တော်
လက်လှမ်းပြပြီး တိုက်ပေါ်သို့ တက်လိုက်သည်။ ကျွန်တော့်နောက်မှ သတင်း
မှတ်တမ်း ယူရန်အတွက် SBနှစ်ဦးကလည်း ဗီဒီယို ကင်မရာကြီး ထမ်းကာ
ထပ်ချပ်မကွာ လိုက်လာသည်။ သူတို့လက်မှ နာရီကို လှမ်းကြည့်လိုက်သည်။ အင်းစိန် ထောင်ဘူးဝမှ အိမ်သို့ရောက်ရန် အမှန်တကယ် မိနစ်ပိုင်းသာ ကြာမြင့်
ခဲ့သည်။
ကျွန်တော့်အား နိုင်ငံတော် ပုန်ကုန်မှုဖြင့် အမှုဆင်ခဲ့သော သူများမှာ အဆမတန် အားထုတ်ခဲ့ရပြီး အမိန့်အာဏာများကို အလွဲသုံးစားပြုလျက် ငွေအား၊ လူအား
များကိုလည်း သုံးစွဲခဲ့ရသည်။ ကျွန်တော့်မှာ သေဒဏ် ကျခံခဲ့ရခြင်းကြောင့်
စိတ်ပိုင်း၊ ရုပ်ပိုင်း ပြိုကွဲထိခိုက်ခဲ့ခြင်း များစွာ ရှိခဲ့သော်လည်း ပြစ်ဒဏ်ပေး
ခဲ့သော အစိုးရအတွက်မူ လွတ်ငြိမ်းချမ်းသာခွင့် ပေး၍ အိမ်သို့ ပြန်ပို့သည့် ကိစ္စ
မှာ ၃၇မိနစ်သာ ကြာမြင့်ခဲ့သည်။
ယခုတော့ လပေါင်းများစွာ၊ ရက်ပေါင်းများစွာ ငိုကြွေးခဲ့ရသော ဇနီးဖြစ်သူနှင့် မကြာခင်တွေ့ရ တော့မည်။
(ဆက်လက်ဖော်ပြပါမည်)
ဇော်သက်ထွေး
.
Kyaw Swar Myint
=========================
==========================
အမှတ်(၄၆)
(ခွပ်ဒေါင်းပျိုရဲ့ အိမ်အပြန်)
================
ဇော်သက်ထွေး
“တန်းဖြုတ်”
“ဒေါင်...ဒေါင်...ဒေါင်”
ဟူသော ထောင်ဖွင့်သံချောင်း ခေါက်သံသည် ကျွန်တော့် နားထဲသို့ သာယာနာ
ပျော်ဖွယ် ၀င်ရောက်လာသည်။ ယခု သံချောင်း ခေါက်သံသည် သေဒဏ်ကျခံ
ခဲ့ရသော ကျွန်တော်၏ ထောင်သက်တမ်းအတွင်း နောက်ဆုံးကြားခဲ့ရသော
သံချောင်းသံအဖြစ် မှတ်ယူလိုက်သည်။ အရပ်ဝတ် တစ်စုံကို အသင့်ဝတ်ဆင်
ထားပြီး အဆောင်(၃)မှ မိတ်ဆွေများ၊ သူငယ်ချင်းများကို လက်ဆွဲနှုတ်ဆက်
လိုက်သည်။ ပစ္စည်းအားလုံး ဝေငှပေးပြီးပြီဖြစ်၍ အ၀တ်တစ်ထည်၊ ကိုယ်တစ်ခုဖြင့်
အိမ်ပြန်ရန် အသင့်ဖြစ်နေပြီ။
မိနစ်အနည်းငယ် အကြာတွင် ထောင်ကျရုံးမှ တပ်ကြပ်ကြီး တစ်ဦးက ကျွန်တော်
တို့ အဆောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ပါသေ
သည်။ ရိုးရိုးအကျဉ်းသားများ ကတော့ အင်းစိန်ထောင် ဗူးတံခါးရှေ့တွင်
တန်းစီထိုင်လျက် ရှိနေကြသည်။ ကျွန်တော့်ကို အဆောင်(၃) အဆောင်မှူး
ဦးမင်းဝေက လာနှုတ်ဆက်သည်။ ကျွန်တော်လည်း ကျေးဇူးတင်ကြောင်း
ပြောပြီး တပ်ကြပ်ကြီးနှင့်အတူ အင်းစိန် ထောင်ဗူးဝရှိ ဧည့်ခန်းမသို့ လိုက်ပါ
သွားသည်။ ဧည့်ခန်းအရောက်တွင် အပြာရောင်ဝတ်စုံ ဆင်မြန်းထားသော အဘဦးဝင်းတင်ကို တွေ့၍ ထိတ်ခနဲ ၀မ်းသာသွားသည်။
အဘယ့်ကြောင့်ဆိုသော် ယခု လွတ်ငြိမ်းချမ်းသာခွင့်တွင်
သွားသောကြောင့်ပင်။ သို့သော် ဘာကြောင့်မှန်းမသိ။ အဘ ဦးဝင်းတင်အား အထူးဆောင်သို့ ပြန်ခေါ်သွားသည်။ ကျွန်တော် စိတ်မကောင်းကြီးစွာဖြင့် ဧည့်
ခန်းမထဲ ၀င်လိုက်သည်။ ဧည့်ခန်းထဲတွင် ကျွန်တော်၏ အမှုတွဲများဖြစ်သော
ဦးနိုင်မင်းကြည်နှင့် ဦးအေးမြင့်ကို တွေ့လိုက်ရသည်။ ကံကြမ္မာသာ မကျီစားဘူး
ဆိုရင် ကျွန်တော်၏ အမှုတွဲများထဲမှ ကွယ်လွန်သွားခဲ့သော ကိုအောင်လွန်းနှင့်
ဇော်ဇော်တို့ကိုပါ တွေ့ကြရမည်ဖြစ်သည်။ ယခုတော့ သူတို့ ကျန်ရစ်ခဲ့လေပြီ။
ကျွန်တော်တို့အား အကျဉ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က နိုင်ငံတော်
အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို တိုတိုပြတ်ပြတ် ဖတ်ပြသည်။
ထို့နောက် မီဒီယာများနှင့် တွေ့ဆုံအင်တာဗျူးရာတွင် ထိန်းထိန်းသိမ်းသိမ်း
ပြောဆိုကြရန် မှာကြားသည်။ ဒုချုပ် ပြောဆိုပြီးနောက် ကျွန်တော်တို့ အမှုတွဲ
များကို ဗူးတံခါးထဲသို့ ခေါ်သွားပြီး လွတ်လူ စစ်ဆေးသည်။
ထောင်မှ မလွတ်ခင် ထောင်ကို ပြန်မကြည့်ဘဲ သွားမှသာ နောင်တစ်ကြိမ်ထောင်
ထဲသို့ ပြန်မရောက်နိုင် အယူတစ်ခု ရှိသည်။ သို့သော် ကျွန်တော်ကတော့
အင်းစိန်ထောင် မိန်းဂျေးကို ဗူးတံခါးထဲ မ၀င်ခင် တစ်ချက် ပြန်ကြည့်မိခဲ့သည်။
အမိမြေပေါ်မှ အာဏာရှင်စနစ် မပျောက်သေးသရွေ့ အချိန်မရွေး ထောင်ထဲ
ပြန်ဝင်နိုင်ကြောင်း ကျွန်တော် သဘောပေါက်ပါသည်။ (ထိုအယူမှန်နေ၍လား
မသိ၊ ၂၀၀၈ခုနှစ် နာဂစ်ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ပြီးနောက် နိုင်ငံတော်
အား သိက္ခာကျစေရန် သတင်းမှားများကို နိုင်ငံတကာသို့ ဖြန့်ဖြူးသည်ဟု
ဆိုကာ ကျွန်တော့်အား ထောင် ၁၉နှစ် ချလိုက်သည့်အတွက် အင်းစိန်ထောင်
သို့ တတိယအကြိမ် ပြန်ရောက်ခဲ့ရပါသေးသည်။) ထောင်ဗူးတံခါးထဲတွင် အချက်
အလက် အားလုံး တိုက်ဆိုင်စစ်ဆေးပြီးနောက် လွှတ်ဝရမ်းကို ထုတ်ပေးသည်။
ထို့နောက် အိမ်အပြန် လမ်းစရိတ်ဟုဆိုကာ ငွေကျပ် ၂၀၀ ပေးပြန်သည်။
ကျွန်တော်လည်း ၂၀၀ တန်ကို အမှတ်တရ သိမ်းထားရန် ယူလိုက်သည်။
ဘူးတံခါးကြီးထဲမှ ထွက်လိုက်သောအခါ အပြင်လောကမှ လတ်ဆတ်သော
ဆောင်းလေ အေးအေးက ဆီးကြိုပွေ့ဖက်လိုက်သည်။ လေချင်း အတူတူတောင်
ထောင်တွင်းမှလေနှင့် ထောင်ပြင်မှလေ သန့်စင်ပုံချင်း အတော်ကွာခြားပါသည်။ အပြင်ဘက်တွင် Townace တစ်စီးဖြင့် SBများက ကြိုတင်စောင့်နေသည်။
ဦးနိုင်မင်းကြည်နှင့် ဦးအေးမြင့်က ရန်ကုန် အခြေစိုက် ILOရုံးခန်းသို့ ပို့ဆောင်
ပေးရန် SBများကို ပြောဆိုနေသည်။ သူတို့အား တစ်စီး စီစဉ်ပေးလိုက်ပြီး
ကျွန်တော်နှင့် လမ်းကြောင်းတူသည့် လွတ်မြောက်အကျဉ်းသား နှစ်ဦးနှင့်
အတူ ကားပေါ်သို့ တက်လိုက်သည်။ SBများက ဘယ်သူ့ကို အရင်ပို့ရမလဲ
ဟု မေးပြီး လမ်းကြောင်းဆွဲနေသည်။ ကျွန်တော်နှင့် ကပ်လျက် ထိုင်နေသော
တစ်ယောက်က စတင်မိတ်ဆက်သည်။
“ကိုဇော်သက်ထွေး ကျွန်တော် ရွှေဂျိုးပါ။ လှည်းတန်း NLDကပါ”
ကျွန်တော် လက်ဆွဲ နှုတ်ဆက်လိုက်သည်။ (ကိုရွှေဂျိုးမှာ ရွှေဝါရောင်တော်လှန်
ရေး အပြီးတွင် ထောက်လှမ်းရေးမှ ဖမ်းဆီးပြီး စစ်ကြောရေးတွင် သေဆုံးသွား
သော ရွှေလှိုင်ဝင်း၏ ယောက္ခမဖြစ်သည်။) ကျွန်တော့် ခုံနောက်မှ တစ်ဦး
ကလည်း ကျွန်တော့်ကို နှုတ်ဆက်ပြန်သည်။
“ကိုဇော်သက်ထွေး ကျွန်တော် ကိုကိုလှိုင်ပါ။ မှတ်မိလား”
ရုတ်တရက် ကျွန်တော့်မှတ်ဉာဏ်ကေ၀၀ါးနေသည်။ သူက ထပ်ပြီးပြောလိုက်
သည်။
“မာဂျေရဲ့ အင်တာဗျူး ဂျာနယ်မှာ ဆောင်းပါးရေးတဲ့ ဗိုလ်မှူးကြီး ကိုကိုလှိုင်ပါ။
အဲဒီတုန်းက စစ်ရုံးချုပ် ကကကြည်း(သု)ကလေ”
ကျွန်တော် ချက်ချင်း မှတ်မိသွားသည်။ သူလို တပ်မတော်တွင် အရေးပါသော
အရာရှိကြီး တစ်ဦး ဘာကြောင့် ထောင်ထဲ ရောက်ခဲ့မှန်းမသိပေ။ (ယခုအခါ ဦးကိုကိုလှိုင်မှာ နိုင်ငံတော် သမ္မတ၏ အကြံပေး ဖြစ်နေလေပြီ။) ကျွန်တော်တို့
သုံးဦးမှာ လမ်းကြောင်းတူနေသည့် အတွက် SBမှ ကားတစ်စီးတည်း စီစဉ်
ပေးပုံပေါ်သည်။ အင်းစိန်ထောင်မှ စထွက်ပြီး လှည်းတန်းကို မောင်းသွားသည်။
ကိုရွှေဂျိုးမှာ လှည်းတန်း အရောက်တွင် အားလုံးကို နှုတ်ဆက်ပြီး ကားပေါ်မှေ
ပေါ့ပေါ့ပါးပါး ဆင်းသွားသည်။ လိုက်ပို့သော ထောက်လှမ်းရေးအဖွဲ့မှ အကြီးဆုံး
ဖြစ်ဟန်တူသူက ကျွန်တော်တို့ကို လှမ်းမေးသည်။
“ကဲ ဆရာတို့နှစ်ယောက် ဘယ်သူ့အရင်ပို့ရမလဲ”
ထောက်လှမ်းရေးလက်မှ နာရီကို ကျွန်တော် လှမ်းကြည့်လိုက်သည်။ ၉နာရီ
စွန်းစွန်း ဖြစ်နေပြီ။ ဇနီးဖြစ်သူ Living Colour ရုံးခန်းသို့ မသွားခင် ကျွန်တော် အရင်ရောက်သွားလျှင် အတော် အဆင်ပြေမည် ဖြစ်သည်။ ဦးကိုကိုလှိုင်က
ကျွန်တော်၏ စိတ်ပူပန်မှုကို ရိပ်စားသွားမိပုံပေါ်သည်။ ကျွန်တော့်ကို ပြုံးပြပြီး
SBမှ ပုဂိ္ဂုလ်ကို လှမ်းပြောလိုက်သည်။
“ကိုဇော်သက်ထွေးကို အရင်ပို့လိုက်ပါဗျာ။ ပြီးမှ တာမွေကနေ ကျွန်တော့်အိမ်
ကို သွားတာ ပိုအဆင်ပြေပါတယ်”
ထို့ကြောင့် တာမွေအ၀ိုင်းထိပ်ရှိ ကျွန်တော့်အိမ်သို့ ကားခေါင်းဦးတည်လိုက်သည်။ အိမ်နား ရောက်ခါနီးလာသည် နှင့်အမျှ ကျွန်တော့်ရင်တွေ တဒိန်းဒိန်း ခုန်လာ
သည်။ လမ်းတစ်လျှောက်ရှိ မြင်ကွင်းတွေက သိသိသာသာ ပြောင်းလဲမှုမရှိ။
ထောင်ထဲတွင် ၁၇လနှင့် ၁၇ရက်သာ နေခဲ့ရသည့်အတွက် အပြင်လောကမှာ ထူးထူးခြားခြား ပြောင်းလဲရန်လည်း အကြောင်းမရှိပေ။ ပြည်ထဲရေး ၀န်ကြီးဌာန
ကို ဖြတ်ပြီး ဂွတ္တလစ်မီးပွိုင့်ကို ဖြတ်လာသည်။ ကျွန်တော့်အိမ်ကို မကြာခင်
မြင်ရတော့မည်။ ဂန္တ၀င် ဇာတ်လမ်းထဲကလို ကျွန်တော့်တိုက်တွင် ယုဇနပင်
လည်းမရှိ၊ ဖဲကြိုးဝါကိုလည်း ချိတ်ဆွဲရန် အကြောင်းလည်း မရှိပေ။
ဤသို့ဖြင့် ကျွန်တော့် တိုက်ရှေ့သို့ ရောက်လာသည်။ ကျွန်တော်က ကားပေါ်
မှဆင်းပြီး ၅လွှာရှိ ကျွန်တော့်အခန်းမှ ခေါင်းလောင်းကြိုးကို ဆွဲလိုက်သည်။
ဝရန်တာမှ ဇနီးဖြစ်သူ၏မိခင် ယောက္ခမကြီး ထွက်ကြည့်သည်။ ကျွန်တော်
လက်လှမ်းပြပြီး တိုက်ပေါ်သို့ တက်လိုက်သည်။ ကျွန်တော့်နောက်မှ သတင်း
မှတ်တမ်း ယူရန်အတွက် SBနှစ်ဦးကလည်း ဗီဒီယို ကင်မရာကြီး ထမ်းကာ
ထပ်ချပ်မကွာ လိုက်လာသည်။ သူတို့လက်မှ နာရီကို လှမ်းကြည့်လိုက်သည်။ အင်းစိန် ထောင်ဘူးဝမှ အိမ်သို့ရောက်ရန် အမှန်တကယ် မိနစ်ပိုင်းသာ ကြာမြင့်
ခဲ့သည်။
ကျွန်တော့်အား နိုင်ငံတော် ပုန်ကုန်မှုဖြင့် အမှုဆင်ခဲ့သော သူများမှာ အဆမတန် အားထုတ်ခဲ့ရပြီး အမိန့်အာဏာများကို အလွဲသုံးစားပြုလျက် ငွေအား၊ လူအား
များကိုလည်း သုံးစွဲခဲ့ရသည်။ ကျွန်တော့်မှာ သေဒဏ် ကျခံခဲ့ရခြင်းကြောင့်
စိတ်ပိုင်း၊ ရုပ်ပိုင်း ပြိုကွဲထိခိုက်ခဲ့ခြင်း များစွာ ရှိခဲ့သော်လည်း ပြစ်ဒဏ်ပေး
ခဲ့သော အစိုးရအတွက်မူ လွတ်ငြိမ်းချမ်းသာခွင့် ပေး၍ အိမ်သို့ ပြန်ပို့သည့် ကိစ္စ
မှာ ၃၇မိနစ်သာ ကြာမြင့်ခဲ့သည်။
ယခုတော့ လပေါင်းများစွာ၊ ရက်ပေါင်းများစွာ ငိုကြွေးခဲ့ရသော ဇနီးဖြစ်သူနှင့် မကြာခင်တွေ့ရ တော့မည်။
(ဆက်လက်ဖော်ပြပါမည်)
ဇော်သက်ထွေး
.
Kyaw Swar Myint
=========================
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။