ချစ်သူ'ပျင်းတဲ့အခါဖတ်ဖို့ ပုံပြင်ငါးပုဒ်
♡♡♡♡♡♡♡♡♡♡♡♡♡
ပုံပြင် - ၁
တခါက ဥယျာဉ်မှူးတစ်ယောက်က ပန်းပင်လေးတစ်ပင်ကိုသေချာပျိုးနေတယ်
ထိုပန်းပင်လေးကနေ ရိုးတံလေးကနေ
အဖူးလေး ပြီးတော့ အပွင့်လေး ပြီးတော့အလှဆုံးပွင့်ပြီြးေ ကွသွားတယ် ။
ကျွန်တော်မခံမရပ်နိုင်ဘဲ သူ့ကိုသွားပြောတယ်
" ဒီမယ် ဥယျာဉ်မှူး ပန်းတစ်ပွင့်ကို ကြွေဖို့သက်သက်များ ဘာလို့ဖူးပွင့်အောင်ကြိုးစားနေရသလဲ ဗျာ
ပန်းအပေါ်လည်း မတရားဘူး ခင်ဗျားလည်းအဓိပ္ပါယ်မရှိဘူး " လို့ ကျွန်တော်ပြောတော့
သူက ပြုံးတယ်
" မင်း ချစ်ဖူးသလား ! " တဲ့
တစ်ချိန်မှာခွဲရမှာသိနေရက်နဲ့ ချစ်ကြတယ်ဆိုတာ လူသားဆန်တာပဲ
လူတွေလည်း ပန်းတစ်ပွင့်သစ္စာလိုပဲ အလှဆုံးတစ်ကြိမ်တော့ရဲရဲဖူး ပွင့်ရမယ်
" အချစ်ဆိုတာ လောကအလှတရား " ပါကွာ ... တဲ့ ။
___
ပုံပြင် - ၂
တစ်နေ့ ငှက်တစ်ကောင်နဲ့စကားစမည်ပြောဖြစ်တယ် ..
" ငှက်တွေဟာ အတောင်တွေကို လေးတယ်လို့မခံစားရဘူးလားလို့  " ကျွန်တော်မေးတယ်
ငှက်ကလေးက ရယ်တယ်
ကျွန်တော်မကျေနပ်လို့ ထပ်ပြောတယ်
" ငါတို့လူတွေဆို ကျောမှာ ကျောပိုးအိပ်လေးတစ်လုံးတင်ရ င်တောင် တော်တော်လေးနေတာ
မင်းတို့ဆို အမြဲတမ်းထမ်းထားရသေး ချွတ်လို့လည်းမရ " လို့
သူကကျွန်တော့်ကိုပြောတယ်
" တချို့အရာတွေက လေးတယ်လို့ သင်ထင်ပေမယ့်
ထိုအရာတွေကြောင့် ပိုပေါ့ပါးသွားစေတယ်တဲ့
ဥပမာ ကျုပ်တို့အတောင်တွေကြောင့် ကျုပ်တို့ပိုပေါ့ပါးပြီးပျံ နိုင်တာ သက်သေပဲလေ " တဲ့
အချစ်ရော ... ! လို့ ကျွန်တော်တွေးမိတယ်
ဟုတ်တယ်
သူ့အပြုံးတွေက ပင်လယ်တွေကိုဖြတ်သန်းနိုင်ေ လာက်တဲ့ ပေါ့ပါးမှုတွေပေးတယ် ။
___
ပုံပြင် - ၃
ကြယ်တွေဘာလို့ကြွေတာလဲလို့
ငယ်ငယ်ကမေးတော့
တချို့က နတ်သက်ကြွေတာတဲ့ တချို့ကလူလာဝင်စားတာတဲ့
တချို့က ဥက္ကာပျံတွေပြတ်ကျတာတဲ့ အမျိုးမျိုးပြောကြတယ်
တချို့ဒဏ္ဏာရီတွေထဲမှာဆို ကြယ်တွေကလူ့မိတ်ဆွေတွေတဲ့
လူ့ကနဦးအစတဲ့ ...
ဒါပေမယ့် ခုချိန်ထိကြယ်တွေကြွေနေတုန်းပဲ
တချို့ကဆုတောင်းနေကြတုန်းပဲ ... !
တနေ့ကြယ်ကြွေသွားတော့ အဖိုးကမေးတယ်
ဘာတွေဆုတောင်းလိုက်လဲ !
" ကြယ်တွေမကြွေပါစေနဲ့ " လို့ဆုတောင်းလိုက်တယ်လို့ ကျွန်တော်ပြန်ပြောတော့ အဖိုးကပြုံးတယ် ...
ခုချိန်ထိ ဆုတောင်းမပြည့်ခဲ့ပါဘူး
ကြယ်တွေ ကြွေနေတုန်းပဲ !
တွေးကြည့်တယ်
အချစ်ဆိုတာရော ဘာလို့ချစ်ကြတာလဲ !
လူတွေအမျိုးမျိုးပြောကြပါလိ မ့်မယ်
ခုချိန်ထိ ချစ်နေကြတုန်းပဲ
" မချစ်ကြပါစေနဲ့လို့ ဆုတောင်းလိုက်ရင်ရော "
ငယ်ငယ်ကထက်ပိုရင့်ကျက်လာလို့ ထင်တယ်
အဲ့လိုတော့ ဆုမတောင်းချင်စိတ်ဖြစ်လာတယ် ။
___
ပုံပြင် - ၎
ကြေးမုံသည် ပြောင်းပြန်ပြန်ပေါ်၏ တဲ့
ကျွန်တော်က သူငယ်ချင်းမိန်းကလေးတစ်ယောက်မှန်ကြည့်ရင်းအလှပြင်နေတာေ တွ့တော့ ကျွန်တော်က စ'လိုက်တယ်
" မှန်က ပြောင်းပြန်ပေါ်တာ ဟ
နင်လှအောင်မပြင်နဲ့ မှန်ထဲမှာလှတယ်လို့မြင်နေတာ တကယ်ကရုပ်ဆိုးနေတာဆိုတဲ့ သဘောပေါ့ " လို့ပြောတော့
သူ ကျွန်တော့်ကို စကားမပြောတော့ဘူး
တခါတလေ စဉ်းစားကြည့်တယ်
တချို့သော ဒုက္ခတွေက စည်းစိမ်အစစ်ဖြစ်နေမလားလို့
ဥပမာ - လူတစ်ယောက်ကို ချစ်ရတာ ၊ လွမ်းရတာ ၊ အသဲကွဲရတာ ၊ စိတ်ပူရတာ ။
သင်ရော ... !
___
ပုံပြင် - ၅
တိမ်တွေကိုကြည့်ပြီး အမေ့ကိုမေးတယ်
" မေမေ အာ့တိမ်တွေက ဘယ်လိုဖြစ်တာလဲဟင် ! " လို့
ရေခိုး ရေငွေ့တွေက မြေပြင်ကနေပျံတက်ပြီးတော့အများကြီးစုပေါင်းမိပြီး
တိမ်စိုင်တွေဖြစ်တည်တယ်
ပြီးတော့ တိမ်စိုင်တွေက အများကြီးဖြစ်လာတဲ့အခါ မိုးအဖြစ်နဲ့ရွာချတယ် "
ဘာမှမပြောပဲ နူတ်ဆိတ်နေခဲ့ပါတယ်
နောက်နေ့ , ရေခိုးရေငွေ့တွေပျံတက်သွားေ အာင် တိုင်စည်ထဲကရေတွေကိုအမြဲမွှေ နေမိတယ်
အမြဲမြင်နေရတော့ အမေက မေးတယ်
" သား , ဘာလုပ်နေတာလဲ " တဲ့
" မိုးရွာအောင်ပါ မေမေ "
" ဘယ်လို ... ဘယ်လို မိုးရွာအောင်လုပ်တယ် ... ဟုတ်လား ! "
" ဟုတ်တယ်လေ မေမေပဲပြောပြီးတော့ ...
ရေငွေ့တွေအများကြီးအပေါ်ကိုေ ရာက်မှ မိုးအဖြစ်နဲ့ပြန်ရွာချမှာဆို " လို့ ...
မေမေက ရယ်လိုက်တာ ဟက်ဟက်ပက်ပက် ...
" အော် ... ငါ့သားနှယ့် " တဲ့ ။
ခုလည်း အဲ့သလိုပါပဲ
ကျွန်တော်ကမြေပြင်ကနေလေ သူ့အချစ်ကကောင်းကင်မှာတိမ်စိုင်လေးတစ်ခုနဲ့တူတယ် ...
သူ့ဘက်ကတုန့်ပြန်လာဖို့ ကျွန်တော့်အချစ်တွေရေခိုးရေ ငွေ့အဖြစ်နဲ့အမြဲပို့လွှတ်နေ ရမယ်လေ
ဒါမှ တစ်နေ့...သူကျွန်တော့်ထံ ထစ်ချုန်းရွာချလာလိမ့်မယ် ဆိုတဲ့မျှော်လင့်ချက်နဲ့ ပေါ့ ။
UlayKyi ( ကို လင်း )
♡♡♡♡♡♡♡♡♡♡♡♡♡
ပုံပြင် - ၁
တခါက ဥယျာဉ်မှူးတစ်ယောက်က ပန်းပင်လေးတစ်ပင်ကိုသေချာပျ
ထိုပန်းပင်လေးကနေ ရိုးတံလေးကနေ
အဖူးလေး ပြီးတော့ အပွင့်လေး ပြီးတော့အလှဆုံးပွင့်ပြီြးေ
ကျွန်တော်မခံမရပ်နိုင်ဘဲ သူ့ကိုသွားပြောတယ်
" ဒီမယ် ဥယျာဉ်မှူး ပန်းတစ်ပွင့်ကို ကြွေဖို့သက်သက်များ ဘာလို့ဖူးပွင့်အောင်ကြိုးစာ
ပန်းအပေါ်လည်း မတရားဘူး ခင်ဗျားလည်းအဓိပ္ပါယ်မရှိဘူး
သူက ပြုံးတယ်
" မင်း ချစ်ဖူးသလား ! " တဲ့
တစ်ချိန်မှာခွဲရမှာသိနေရက်န
လူတွေလည်း ပန်းတစ်ပွင့်သစ္စာလိုပဲ အလှဆုံးတစ်ကြိမ်တော့ရဲရဲဖူး
" အချစ်ဆိုတာ လောကအလှတရား " ပါကွာ ... တဲ့ ။
___
ပုံပြင် - ၂
တစ်နေ့ ငှက်တစ်ကောင်နဲ့စကားစမည်ပြေ
" ငှက်တွေဟာ အတောင်တွေကို လေးတယ်လို့မခံစားရဘူးလားလို
ငှက်ကလေးက ရယ်တယ်
ကျွန်တော်မကျေနပ်လို့ ထပ်ပြောတယ်
" ငါတို့လူတွေဆို ကျောမှာ ကျောပိုးအိပ်လေးတစ်လုံးတင်ရ
မင်းတို့ဆို အမြဲတမ်းထမ်းထားရသေး ချွတ်လို့လည်းမရ " လို့
သူကကျွန်တော့်ကိုပြောတယ်
" တချို့အရာတွေက လေးတယ်လို့ သင်ထင်ပေမယ့်
ထိုအရာတွေကြောင့် ပိုပေါ့ပါးသွားစေတယ်တဲ့
ဥပမာ ကျုပ်တို့အတောင်တွေကြောင့် ကျုပ်တို့ပိုပေါ့ပါးပြီးပျံ
အချစ်ရော ... ! လို့ ကျွန်တော်တွေးမိတယ်
ဟုတ်တယ်
သူ့အပြုံးတွေက ပင်လယ်တွေကိုဖြတ်သန်းနိုင်ေ
___
ပုံပြင် - ၃
ကြယ်တွေဘာလို့ကြွေတာလဲလို့
ငယ်ငယ်ကမေးတော့
တချို့က နတ်သက်ကြွေတာတဲ့ တချို့ကလူလာဝင်စားတာတဲ့
တချို့က ဥက္ကာပျံတွေပြတ်ကျတာတဲ့ အမျိုးမျိုးပြောကြတယ်
တချို့ဒဏ္ဏာရီတွေထဲမှာဆို ကြယ်တွေကလူ့မိတ်ဆွေတွေတဲ့
လူ့ကနဦးအစတဲ့ ...
ဒါပေမယ့် ခုချိန်ထိကြယ်တွေကြွေနေတုန်
တချို့ကဆုတောင်းနေကြတုန်းပဲ
တနေ့ကြယ်ကြွေသွားတော့ အဖိုးကမေးတယ်
ဘာတွေဆုတောင်းလိုက်လဲ !
" ကြယ်တွေမကြွေပါစေနဲ့ " လို့ဆုတောင်းလိုက်တယ်လို့ ကျွန်တော်ပြန်ပြောတော့ အဖိုးကပြုံးတယ် ...
ခုချိန်ထိ ဆုတောင်းမပြည့်ခဲ့ပါဘူး
ကြယ်တွေ ကြွေနေတုန်းပဲ !
တွေးကြည့်တယ်
အချစ်ဆိုတာရော ဘာလို့ချစ်ကြတာလဲ !
လူတွေအမျိုးမျိုးပြောကြပါလိ
ခုချိန်ထိ ချစ်နေကြတုန်းပဲ
" မချစ်ကြပါစေနဲ့လို့ ဆုတောင်းလိုက်ရင်ရော "
ငယ်ငယ်ကထက်ပိုရင့်ကျက်လာလို
အဲ့လိုတော့ ဆုမတောင်းချင်စိတ်ဖြစ်လာတယ်
___
ပုံပြင် - ၎
ကြေးမုံသည် ပြောင်းပြန်ပြန်ပေါ်၏ တဲ့
ကျွန်တော်က သူငယ်ချင်းမိန်းကလေးတစ်ယောက
" မှန်က ပြောင်းပြန်ပေါ်တာ ဟ
နင်လှအောင်မပြင်နဲ့ မှန်ထဲမှာလှတယ်လို့မြင်နေတာ
သူ ကျွန်တော့်ကို စကားမပြောတော့ဘူး
တခါတလေ စဉ်းစားကြည့်တယ်
တချို့သော ဒုက္ခတွေက စည်းစိမ်အစစ်ဖြစ်နေမလားလို့
ဥပမာ - လူတစ်ယောက်ကို ချစ်ရတာ ၊ လွမ်းရတာ ၊ အသဲကွဲရတာ ၊ စိတ်ပူရတာ ။
သင်ရော ... !
___
ပုံပြင် - ၅
တိမ်တွေကိုကြည့်ပြီး အမေ့ကိုမေးတယ်
" မေမေ အာ့တိမ်တွေက ဘယ်လိုဖြစ်တာလဲဟင် ! " လို့
ရေခိုး ရေငွေ့တွေက မြေပြင်ကနေပျံတက်ပြီးတော့အမ
တိမ်စိုင်တွေဖြစ်တည်တယ်
ပြီးတော့ တိမ်စိုင်တွေက အများကြီးဖြစ်လာတဲ့အခါ မိုးအဖြစ်နဲ့ရွာချတယ် "
ဘာမှမပြောပဲ နူတ်ဆိတ်နေခဲ့ပါတယ်
နောက်နေ့ , ရေခိုးရေငွေ့တွေပျံတက်သွားေ
အမြဲမြင်နေရတော့ အမေက မေးတယ်
" သား , ဘာလုပ်နေတာလဲ " တဲ့
" မိုးရွာအောင်ပါ မေမေ "
" ဘယ်လို ... ဘယ်လို မိုးရွာအောင်လုပ်တယ် ... ဟုတ်လား ! "
" ဟုတ်တယ်လေ မေမေပဲပြောပြီးတော့ ...
ရေငွေ့တွေအများကြီးအပေါ်ကိုေ
မေမေက ရယ်လိုက်တာ ဟက်ဟက်ပက်ပက် ...
" အော် ... ငါ့သားနှယ့် " တဲ့ ။
ခုလည်း အဲ့သလိုပါပဲ
ကျွန်တော်ကမြေပြင်ကနေလေ သူ့အချစ်ကကောင်းကင်မှာတိမ်စ
သူ့ဘက်ကတုန့်ပြန်လာဖို့ ကျွန်တော့်အချစ်တွေရေခိုးရေ
ဒါမှ တစ်နေ့...သူကျွန်တော့်ထံ ထစ်ချုန်းရွာချလာလိမ့်မယ် ဆိုတဲ့မျှော်လင့်ချက်နဲ့ ပေါ့ ။
UlayKyi ( ကို လင်း )
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။