Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 31, 2015

ဦးဝီရသူ စည်းကျော်နေပြီလား


ဦးဝီရသူ စည်းကျော်နေပြီလား
----- ----- ----- ----- -----
အမျိုးသားရေးဝါဒီများ၏ ထောက်ခံမှုကို ပြည့်ဝစွာရရှိထားပြီး နိုင်ငံတကာမီဒီယာများတွင် အစွန်းရောက် ဗုဒ္ဓဘာသာဘုန်းတော်ကြီးဟု မကြာခဏရေးသားဖော်ပြခံရလေ့ရှိသည့် ဦးဝီရသူက ဒေါ်အောင်ဆန်းစုကြည်ကို ''အသုံးမ၀င်ပါဘူး''ဟု ပြောဆိုဝေဖန်လိုက်ပြန်သည်။ ဦးဝီရသူ၏ ထိုသို့ပြောဆိုဝေဖန်မှုသည် ဒေါ်အောင်ဆန်း စုကြည်၏ လိုအပ်ချက်၊ အားနည်းချက်များကို ထောက်ပြဝေဖန်ခြင်းထက် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခြင်းအဖြစ် ကောက်ချက်ချရဖွယ်ရှိသည်။ သံဃာတပါးအနေဖြင့် အမုန်းတရားအပေါ် အခြေခံသည့် ပုဂ္ဂိုလ်ရေးပုတ်ခတ် တိုက်ခိုက်မှုများကို ပြုလုပ်ရန်မသင့်သည်မှာ များစွာထင်ရှားသည့်အချက်ပင် ဖြစ်သည်။

အမေရိကန်အခြေစိုက် စီဘီအက်စ် (CBS) သတင်းဌာနမှ သတင်းထောက် ဘီလ်ဝစ်တိတ်ကာသည် မြန်မာ့ နိုင်ငံရေးလောကမှ အဓိကဇာတ်ကောင်နှစ်ဦးဖြစ်သည့် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုး သားရေးလှုပ်ရှားမှုနယ်မှ ထင်ရှားသည့် ဦးဝီရသူတို့ကို တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့သည်။ ထိုမေးမြန်း ချက်များကို The New Burma အမည်ဖြင့် အောက်တိုဘာ ၂၅ ရက်က ထုတ်လွှင့်ပြသခဲ့သည်။

အဆိုပါတွေ့ဆုံမေးမြန်းခန်းတွင် ဦးဝီရသူက ၎င်းအနေဖြင့် အစွန်းရောက်ဝါဒီအဖြစ် တံဆိပ်ကပ်ခံရလျှင်လည်း ကျေကျေနပ်နပ်ခံယူသွားမည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် ဘုန်းတော်ကြီးဒလိုင်းလားမားကိုလည်း ဝေဖန် ခဲ့ပြီး ဒလိုင်းလားမားကို မလေးစားနိုင်ကြောင်း၊ သူသည် နိုင်ငံရေးပွဲစားတဦးသာဖြစ်ကြောင်းနှင့် ဂုဏ်ပြုသွား မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ဒလိုင်းလားမားသည် ဦးဝီရသူကို ဘာသာရေးအစွန်းရောက်အဖြစ် စွပ်စွဲ ဝေဖန်ခဲ့သူဖြစ်သည်။
မွတ်စလင်များသည် တကမ္ဘာလုံးကို လှည့်ဖြားနေကြောင်း၊ မြန်မာတနိုင်ငံလုံးကိုလည်း လွှမ်းမိုးထားချင် နေကြောင်း၊ ထိုရည်ရွယ်ချက်ပြည့်သည့်တိုင် ၎င်းတို့အနေဖြင့် ကျေနပ်မည် မဟုတ်ကြောင်း၊ တကမ္ဘာလုံးကို အစ္စလာမ်ဘာသာအဖြစ် ပြောင်းလဲပစ်နိုင်မှသာ ကျေနပ်မည်ဖြစ်ကြောင်းလည်း ဦးဝီရသူက ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍မေးမြန်းရာတွင် ''အမျိုးသားရေး၊ နိုင်ငံတော်လုံခြုံရေးတို့နဲ့ ပတ်သက်လာ ရင် ဒေါ်အောင်ဆန်းစုကြည်က အသုံးမ၀င်ပါဘူး''ဟု ပြောကြားသည်။ ''အသုံးမ၀င်ဘူးလို့ မိန့်လိုက်တာလား ဘုရား'' ဟု သတင်းထောက်က ပြန်လည်မေးမြန်းရာတွင် ''ဟုတ်ပါတယ်၊ အသုံးမ၀င်ပါဘူးလို့ ကျုပ်ပြော တာပါ''ဟု ဦးဝီရသူက ပြန်လည်ဖြေကြားခဲ့သည်။

ဦးဝီရသူအပါအ၀င် အမျိုးသားရေးဝါဒီများသည် ဘာသာရေးနှင့် ဆက်နွှယ်နေသည့်ဥပဒေများပြဋ္ဌာန်းရေး ကြိုးပမ်းရာတွင် NLD သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှုကို လက်လွှတ်ခဲ့ရသည်။ ရခိုင်ပြည် တွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားရေးဝါဒီများနှင့် တသားတည်း မရပ်ခဲ့ပေ။ အမျိုးသားရေးလှုပ်ရှားရာတွင် တချို့ပုဂ္ဂိုလ်များမှာ အစွန်းရောက်သည့်သဘော ဆောင်နေခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မထောက်ခံခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိသည်။ ဆိုခဲ့ပါအချက်များအပေါ် အခြေတည်ကာ ဦးဝီရသူဦးဆောင်သည့် အမျိုးသားရေးဝါဒီများသည် NLD ဆန့်ကျင်ရေး တောက်လျှောက်လုပ်ဆောင်လာခဲ့သည်။ ရွေးကောက်ပွဲနီးလာချိန်တွင် NLD ဆန့်ကျင်ရေးအုပ်စု တစုအဖြစ် ပီပီပြင်ပြင်ပေါ်ထွက်လာခဲ့သည်ကို တွေ့ရသည်။ ဦးဝီရသူသည် အထက်မြန်မာပြည် ကျောက် ဆည်မြို့ဇာတိ ဖြစ်သည်။ လူနာမည်မှာ ၀င်းခိုင်ဦးဖြစ်ပြီး ၁၉၈၈ ခုနှစ် အရေးအခင်းပြီးနောက်တွင် သာသနာ့ ဘောင်သို့ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ၂၀၀၃ ခုနှစ် ကျောက်ဆည်မြို့တရားပွဲတွင် လူမျိုးရေး၊ ဘာသာ ရေးလှုံ့ဆော်မှုစွပ်စွဲချက်ဖြင့် စစ်အစိုးရကဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံခဲ့ရသည်။ ဤထောင်ဒဏ် ချမှတ်ခံခဲ့ရခြင်းနှင့်ပတ်သက်၍ ဦးဝီရသူသည် မဟနအပေါ်တွင်လည်း ကျေနပ်မှုမရှိခဲ့ကြောင်း သိရသည်။
ဦးဝီရသူသည် ၂၀၁၂ ခုနှစ် ဇန်န၀ါရီတွင် မြစ်ကြီးနားထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။ ရခိုင်ပြည် ပဋိပက္ခမဖြစ်မီအချိန်အထိ ဦးဝီရသူနှင့် ဒေါ်အောင်ဆန်းစုကြည်ကြားတွင် ပြဿနာမရှိခဲ့ပေ။ ထို့အပြင် ဦးဝီရသူသည် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများတွင် နောက်ကွယ်က ကြိုးကိုင်သူဟူသော စွပ်စွဲချက်ဖြင့် အမေရိကန်၏ နာမည်ပျက်စာရင်း သွင်းခံခဲ့ရသည့် ဦးအောင်သောင်းနှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိခဲ့ကြောင်း လည်း သိရသည်။

ဦးဝီရသူသည် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် တိုက်ခိုက်သည့်ပြောစကားများကို မီဒီယာများနှင့် တွေ့ဆုံရာတွင်လည်းကောင်း၊ ၎င်း၏ တရားပွဲများတွင်လည်းကောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် ၎င်းကိုယ်တိုင် '၀ီရသူ-မစိုးရိမ်'အမည်ဖြင့် သုံးစွဲသည့် ဖေ့စ်ဘွတ်ခ် အကောင့်တွင်လည်း NLD ဆန့်ကျင်ရေး ပို့စ်များ မကြာခဏရေးတင်လေ့ရှိသည်။ ၎င်းဟောကြားသည့် 'အမျိုးသားရေး ပေါ့ပေါ့မတွေးနှင့်'အမည်ဖြင့် တရားတွင် 'ခွပ်ဒေါင်း'ဟာ 'ဖွတ်ဒေါင်း' ဖြစ်သွားပြီဟု ထည့်သွင်းဟော ပြောခဲ့သည်။ ဦးဝီရသူသည် ၎င်း၏ ပုဂ္ဂိုလ်ရေး၊ ဘာသာရေးဆန်သည့် ဟောပြောမှုများနှင့်ပတ်သက်၍ ''အမျိုးသားရေးလုပ်နေတာပါ''ဟူသော စကားလုံးဖြင့် ပြန်လည်ချေပလေ့ရှိသည်။ တချို့ ဦးဝီရသူ၏ ပြောဆိုမှုများမှာ ရင့်သီးကြမ်းတမ်းနေသည်။ ဥပမာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စရန်ဟီးလီကို ပြည့်တန်ဆာမနှင့် ခိုင်းနှိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ ယခုဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်လိုက်သည့် ''အသုံးမ၀င်ဘူး''ဟူသော စကားလုံးသည်လည်း များစွာရင့်သီးနေပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည့် သဘောဆောင်နေသည်။
ဦးဝီရသူသည် ရဟန်းတပါးမပြောအပ်သည့် ရင့်သီးသော၊ ပုဂ္ဂိုလ်ရေးဆန်သော ပြောဆိုမှုများအပြင် လုပ်ဆောင် ချက်တချို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေက တားမြစ်ထားသည့် နိုင်ငံရေးတွင် ဘာသာရေးကို အသုံးမချရဟူသော အချက်အား ဖောက်ဖျက်ကျူးလွန်နေခြင်းကြောင့် ကျင့်ဝတ်ဖောက်ဖျက်သော၊ မကြည်ညိုအပ်သော ရဟန်း တပါးအဖြစ် ရှုမြင်သုံးသပ်ခံနေရသူလည်း ဖြစ်သည်။

'ဘိက္ခုသုတ်'တွင်ပါသောအချက်များအရဆိုလျှင် ဦးဝီရသူ သည် မကြည်ညိုအပ်သော စာရင်းတွင် ပါဝင်နေသည်ကို တွေ့ရသည်။
ဘိက္ခုသုတ်ပါ အချက်ရှစ်ချက်မှတချက်ကို ကျူးလွန်ဖောက်ဖျက်လျှင် မကြည်ညိုအပ်သော ရဟန်းစာရင်း ၀င်ကြောင်း သိရသည်။ အချက် ရှစ်ချက်မှာ ၁။ လူတို့လာဘ်မရစေရန် လုံ့လပြုခြင်း၊ ၂။ လူတို့အကျိုးမဲ့ ဖြစ်စေ ရန် လုံ့လပြုခြင်း၊ ၃။ လူတို့ကို ဆဲဆိုကြိမ်းမောင်းခြင်း၊ ၄။ လူတို့ကို အခြားလူတို့နှင့် သွေးကွဲစေခြင်း၊ ၅။ ဘုရား၏ကျေးဇူးမဲ့ကိုဆိုခြင်း၊ ၆။ တရား၏ကျေးဇူးမဲ့ကိုဆိုခြင်း၊ ၇။ သံဃာ၏ကျေးဇူးမဲ့ကိုဆိုခြင်း၊ ၈။ မသင့် တော်သော ကျက်စားရာအရပ်၌ တွေ့မြင်ရခြင်းတို့ဖြစ်သည်။
ဤအချက်ရှစ်ချက်နှင့် နှိုင်းယှဉ်တိုင်းတာလျှင် ဦးဝီရသူသည် နံပါတ်ရှစ်ချက်မှလွဲ၍ ကျန်ခုနစ်ချက်လုံးကို ကျူးလွန်ဖောက်ဖျက်ခဲ့ပြီးသည့်အနေအထားကို တွေ့ရသည်။ ဦးဝီရသူ၏ ဟောပြောမှုများကြောင့် NLD အပေါ် လူထုထောက်ခံမှုကို အတိုင်းအတာတခုအထိ ထိခိုက်စေခဲ့သည်။ ဤသည်က ၁ နှင့် ၂ အချက်ကို ဖောက်ဖျက် သည်။ မစ္စရန်ဟီးလီကို ပြည့်တန်ဆာနှင့် ခိုင်းနှိုင်းခဲ့ခြင်းက ၃ အချက်ကို ဖောက်ဖျက်သည်။ ဗုဒ္ဓဘာသာ ၀င်များကြားတွင် NLD အုပ်စု၊ အမျိုးသားရေးအုပ်စုဟူ၍ ကွဲသွားခြင်းကလည်း ဦးဝီရသူ၏ ဟောပြောမှုများ ကြောင့်ဖြစ်သည်။ ယင်းမှာ ၄ အချက်ကို ဖောက်ဖျက်သည်။ ဘုရားရှင်သည် ပုဂ္ဂိုလ်ရေးဆန်သော၊ လူတဦး နှင့်တဦးကြား အမုန်းပွားစေနိုင်သော ပြောဆိုမှုများကို တားမြစ်ခဲ့သည်။ သို့သော် ဦးဝီရသူ မလိုက်နာခဲ့ပေ။ ၅ ၊ ၆ နှင့် ၇ အချက်တို့ကို ဖောက်ဖျက်သည်။ ထို့ကြောင့် ဦးဝီရသူသည် ကြည်ညိုရန်မသင့်သော ရဟန်းတပါး အဖြစ် သတ်မှတ်နိုင်ကြောင်း သုံးသပ်တင်ပြလိုက်ရပေသည်။

မင်းထင်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။