Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 28, 2015

မိရိုးဖလာ စီးပွားရေးလုပ်ငန်းတွေကို ဘယ်လိုကယ်တင်ကြမလဲ


မိရိုးဖလာ စီးပွားရေးလုပ်ငန်းတွေကို ဘယ်လိုကယ်တင်ကြမလဲ
သန်းနိုင်ဦး| October 27, 2015 |
မန္တလေးမြို့လည်က စီးပွားရေးကြော်ငြာဆိုင်းပုဒ်များ (ဓာတ်ပုံ – တေဇလှိုင်/ဧရာဝတီ)

မြန်မာ့စီးပွားရေးလောကအတွင်းက မိရိုးဖလာစီးပွားရေးလုပ်ငန်းတွေ ရေရှည်တည်တံ့ဖွံ့ဖြိုးဖို့ ၀ိုင်းဝန်း လုပ်ဆောင်ကြရတော့မယ့် အချိန်ရောက်လာပါပြီ။

မိရိုးဖလာလုပ်ငန်းတွေထဲမှာ စားသောက်ကုန်လုပ်ငန်းတွေ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ၊ ၀န်ဆောင်မှုလုပ်ငန်းတွေ ပါဝင်တယ်။ လက်ရှိအခြေအနေမှာ လုပ်ငန်းအများစုက တိုးချဲ့နိုင်ဖို့ အသာထား လုပ်ငန်းမပြိုလဲအောင် ကျားကန်နေကြရတယ်။

မန္တလေးမြို့မှာ အထင်ကရရှိတဲ့ မလိုင်ပေါက်စီဆိုင်ဟာ တမြို့လုံးပေါင်းလို့ လက်တဖက် (၅ဆိုင်) မပြည့်တော့ဘူး။ ကား ပစ္စည်း၊ ဆိုင်ကယ်ပစ္စည်း ပြုလုပ်ပေးတဲ့ တွင်ခုံဆရာအချို့ ဈေးထည်ပစ္စည်း ပြောင်းလုပ်နေကြရတယ်။ အိမ်တော်ရာ ထီးလုပ်ငန်း ပျောက်ကွယ်သွားတာ ကာလအတော်ကြာပြီ။ မြို့မျက်နှာဖုံးအဖြစ် ဂုဏ်သိက္ခာရှိရှိ တလျှောက်လုံး ရပ်တည်ခဲ့တဲ့ ကုန်စည်ဒိုင်က ပွဲစားကြီးအချို့ ခေတ်ကာလအလိုက် ရောင်းရေးဝယ်တာ ပုံစံပြောင်းသွားလို့ လုပ်ငန်းနားထားရတယ်။

နည်းပညာလှိုင်းလုံးတွေ တ၀ုန်းဝုန်းအောက်မှာ အချို့လုပ်ငန်းတွေ ၀ါးမျိုခံလိုက်ကြရတယ်။ နည်းပညာက ကမ္ဘာကြီးကို
ရွာကြီးတရွာ ဖြစ်စေခဲ့တယ်။ မြန်မာနိုင်ငံလို တတိယကမ္ဘာက နိုင်ငံ မဆိုထားနဲ့။ စက်မှုထိပ်သီးနိုင်ငံတွေသည်ပင် နည်း ပညာစက်ကွင်းက မလွတ်ခဲ့ဘူး။ ကက်ဆက်တွေ ဗီဒီယိုပြစက်တွေ အပြိုင်အဆိုင် ထုတ်လုပ်ရောင်းချလို့ ကောင်းနေဆဲမှာ ပဲ စီဒီဖွင့်စက်တွေ ဒီဗီဒီဖွင့်စက်တွေ ပေါ်လာတော့ ဂျပန်နိုင်ငံက ဧရာမ အီလက်ထရောနစ်ကုမ္မဏီတွေလည်း ခွက်ခွက်လန် အရှုံးပေါ်ကုန်တယ်။ စီအီးအိုတွေ နုတ်ထွက်ပေးလိုက်ရတဲ့ သာဓက တွေရှိခဲ့တယ်။

မနေ့တနေ့ကအထိ အမ်ပီသရီး အမ်ပီဖိုး ပလေယာတွေကို ကျနော်တို့ဆီမှာ တောရောမြို့ပါ အသုံးတည့်ခဲ့ကြတယ် မဟုတ် လား။ အခု အဲဒါတွေ ဘယ်သူမှ မကိုင်ကြတော့ဘူး။ စမတ်ဖုန်းတွေက ဘက်စုံသုံး ပစ္စည်းဖြစ်လာနေကြပြီ။

တကယ်တော့ လက်တွေ့လုပ်နေရတဲ့ ပြည်တွင်းက မိရိုးဖလာ လုပ်ငန်းရှင်တွေမှာ အခက်အခဲများစွာ ရှိနေတယ်။ အထူး သဖြင့် ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်နေကြသူတွေမှာ နည်းပညာ၊ ငွေကြေးအရင်းအနှီး၊ ဈေးကွက် စတဲ့ အကန့်အသတ်တွေ
ရှိနေကြတယ်။ အိမ်တွင်းမှု လုပ်ငန်းတွေမှာ ပိုပြီး အခက်အခဲကြုံကြရတယ်။ အိမ်တွင်းမှုလုပ်ငန်းဖြစ်လို့ ထွက်ကုန်များများ ရအောင်မလုပ်နိုင်ဘူး။ ကျွမ်းကျင်လုပ်သား ရှားပါးတယ်။ နည်းပညာနဲ့ အလှမ်းဝေးလို့ လူအားနဲ့ အားစိုက် လုပ်နေကြရ တယ်။ ထွက်ကုန်အရေအတွက် နည်းလွန်းတာကြောင့် ဈေးကွက်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် မထိုးဖောက်နိုင်ဘူး။ အရင်း အနှီးအများကြီး မစိုက်ထုတ်နိုင်ဘူး။

အခုလို သီတင်းကျွတ်ကာလမှာ ပိုသိသာတယ်။ မိရိုးဖလာ မီးပုံးလုပ်သူတွေ တဖြည်းဖြည်း နည်းလာနေတယ်။ တရုတ်နိုင်ငံ လုပ် ရောင်စုံမီးပုံးတွေကိုသာ ဈေးကွက်မှာ အတွေ့ရများလာတယ်။ ပြည်တွင်းဖြစ် ရောင်စုံမီးပုံးတွေက လက်နဲ့လုပ်ရတာ ဖြစ်လို့ အမြောက်အမြားလည်း မထုတ်နိုင်ဘူး။ တရုတ်ပြည်လုပ် ရောင်စုံမီးပုံးတွေက လိုသလောက်ရတယ်။စက်နဲ့လုပ်တာ ဖြစ်လို့ သပ်ရပ်မှု ပိုတယ်။ ဈေးကွက်ဝယ်လိုအား ရှိသလောက် ထုတ်ပေးနိုင်တယ်။ ဖိနပ်လုပ်ငန်းတွေလည်း ဒီအတိုင်းပဲ။ ပြည်တွင်းဖြစ် ဖိနပ်တွေက ခိုင်ခံ့မှုမှာ သာပေမယ့် ဈေးကွက်မှာ ပြည်ပက ဖိနပ်တွေသာ များတယ်။

သုံးစွဲသူတွေရဲ့ ခံယူချက်ကလည်း ပြောင်းလာတယ်။ ခိုင်ခံ့တဲ့ ဖိနပ်တရံကို အကြာကြီး စီးတာထက် ဈေးသင့်ပြီး ဒီဇိုင်း ဆန်းတဲ့ ဖိနပ်တွေကိုပဲ သုံးလေးရံ ပြောင်းပြီး ထည်လဲထည်ချွတ်စီးတဲ့ သူတွေ ပိုများလာတယ်။ ဖိနပ်တရံကို မပျက်မချင်း စီးမယ်ဆိုတဲ့သူက ဒီနေ့ခေတ်မှာ မရှိသလောက် နည်းသွားပြီ။ (အရင်ကတော့ ဖိနပ်သဲကြိုးပြတ်ခဲ့ရင်တောင် သဲကြိုး လဲ လှယ်ပြီး စီးခဲ့ကြရတာပါ။)

မိရိုးဖလာလုပ်ငန်းတွေ ရေရှည်မရပ်တည်နိုင်တာ စာရင်းဇယား မနိုင်နင်းတာလည်း အဓိကကျတဲ့ အချက်ထဲမှာ ပါတယ်။ မိရိုးဖလာ လုပ်ကိုင်နေကြတဲ့လုပ်ငန်းအချို့ အခုချိန်ထိ စာရင်းမရှိ အင်းမရှိ လည်ပတ်နေကြဆဲဖြစ်တယ်။ ရရန်ပေးရန် စာ ရင်းသွင်းထားတဲ့ လုပ်ငန်းရှင်က နည်းပါးတယ်။ ဘဏ်နဲ့ ချိတ်ဆက် လုပ်ကိုင်တဲ့သူ အရေအတွက် နည်းပါးနေသေးတယ်။ ရောင်းရတဲ့ ပိုက်ဆံ သေတ္တာထဲထည်၊ ကုန်ဖိုးရှင်းတော့ သေတ္တာထဲက ထုတ်ရှင်း။ ပိုတဲ့ပိုက်ဆံ ငါ့ပိုက်ဆံလို့သဘောထား နေတဲ့လုပ်ငန်းရှင်တွေ အခုထိရှိနေသေးတယ်။

မဝေးတော့တဲ့ ကာလမှာ AFTA (လွတ်လပ်သော အာဆီယံကုန်သွယ်ရေးနယ်မြေ) ကရောက်လာတော့မှာပါ။ ပြည်တွင်း က မိရိုးဖလာလုပ်ငန်းတွေ ဘယ်လိုရပ်တည်ကြမလဲ။ အခုထဲက ပြင်ဆင်ထားပါမှ တော်ကာကျပါလိမ့်မယ်။ ဒေသတွင်း နိုင်ငံတွေက ထုတ်ကုန်တွေ မပြောပလောက်တဲ့ အခွန်ပမာဏနဲ့ လှိမ့်ဝင်လာပါလိမ့်မယ်။ တချို့ထုတ်ကုန်တွေက အခွန် ကင်းလွတ်ခွင့်နဲ့ အလုံးအရင်း ၀င်လာဖို့ တာစူနေကြတယ်။ အခုချိန်မှာကတည်းက ကြိုတင်ပြင်ဆင်မထားရင်လှိမ့်နေ အောင် ခံကြရမှာပါ။

အဲဒီအချိန်ရောက်မှ သူများပစ္စည်း ယူရောင်းနေရင် အလုပ်ဖြစ်မှာမဟုတ်ဘူး။ ကိုယ့်အမှတ်တံဆိပ်နဲ့ကိုယ် ဂုဏ်သိက္ခာရှိရှိ
ထုတ်လုပ်ရောင်းချနေသူသာ ရှင်သန်ကျန်ရစ်မှာဖြစ်တယ်။

ကျနော်တို့ဆီက မိရိုးဖလာ လုပ်ငန်းအချို့က အခုချိန်ထိ ဆိုင်ခွဲမရှိ (ပင်ရင်းဆိုင်) ဆိုတဲ့ ဆိုင်းဘုတ်ကို အမြတ်တနိုး ချိတ်ဆွဲ နေကြဆဲဖြစ်တယ်။ နိုင်ငံတကာမှာတော့ ကိုယ့်လုပ်ငန်းကို ကမ္ဘာဖြန့်ကြက် ချိတ်ဆက် နိုင်ဖို့ကြိုးစားနေကြပြီ။ ကမ္ဘာကျော် KFC ကြက်ကြော်ကို ရန်ကုန်မြို့မှာတင် စားသုံးလို့ ရနေပြီ။ ကျနော်တို့က အခုချိန်ထိ လက်ညှစ်ရခိုင် မုန့်တီဆိုပြီး ပုံမှန် ဖောက်သည်တွေကိုသာ ဦးတည်ရောင်းချနေဆဲဖြစ်တယ်။ အနုပညာမှာ လက်ဖြစ် (hand made) က ကောင်းပေမယ့် စီး ပွားရေး ကုန်ထုတ်လုပ်မှုမှာတော့ စံချိန်မတိမ်းစောင်းစေဘဲ အမြောက်အမြား ထုတ်နိုင်တာ ဈေးကွက် ပိုကျယ်ပြန့် စေတယ် မဟုတ်ပါလား။

အားကစားဝတ်စုံတွေချုပ်တဲ့ ကမ္ဘာကျော် adidas ကုမ္ပဏီကြီးက လုပ်အားခဈေးချိုတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် လှည့်ပြီး ရင်းနှီးမြှုပ်နှံနေချိန်မှာ အရပ်ထဲက စက်ချုပ်ဆိုင်က ဦးလေးကြီးရဲ့ဆိုင်ရှေ့မှာ မူလ(လက်ဟောင်း) စက်ချုပ်ဆိုင် ဆိုင်ခွဲ မရှိပါဆိုတဲ့ ဆိုင်းဘုတ်က ဆိုင်ရှေ့မှာ အခန့်သား နေရာယူထားတယ်။ ကျနော်တို့ဆီက မိရိုးဖလာလုပ်ငန်းတွေ နည်း ပညာက ရှေ့ဆောင်နေတဲ့ ခေတ်သစ်ကမ္ဘာကြီးမှာ ဘယ်လို တိုးဝင်ကြမလဲ။ ၀ိုင်းဝန်း စဉ်းစားကြစေလိုပါတယ်။

(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။