Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 28, 2015

သူတို့ မညစ်ရင် အန်အယ်လ်ဒီ နိုင်မယ်

 

သူတို့ မညစ်ရင် အန်အယ်လ်ဒီ နိုင်မယ်

“ရိုက်နှက်ဆုံးမခံရဦး၊ အမေရိုက်ရင် ကရုဏာလက်နဲ့ ရိုက်တာမို့ အဖေရိုက်တာ လောက်တော့ နာမှာမဟုတ်ဘူးဆိုတဲ့စကား ကျေးရွာအုပ်စု လူထုကြား ကြားနေရတယ်”

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ရွာသစ်ကြီးကျေးရွာသား တောင်သူ တယောက် ပြောခဲ့တဲ့ စကားတခွန်း ဖြစ်တယ်။ ဇေယျာသီရိမြို့နယ်၊ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးသွင်ရဲ့ မဲဆွယ်စည်းရုံးရေး ဟောပြောနေသံကြောင့် သူပြောတဲ့ စကား နားနားကပ်ပြီး နားထောင်ရတယ်။

အောက်တိုဘာလကုန်ပိုင်းရောက်ပြီး ရွေးကောက်ပွဲလုပ်ဖို့ တပတ်ဆယ်ရက်လောက်ပဲ လိုတော့တဲ့အချိန် ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေ ထမင်းတရွတ်တိုက်စားပြီး မဲဆွယ်နေကြရတယ်။

အသက် ၄၀ ကျော်ခါစရှိသေးတဲ့ ၀၀ပုပု ဒေါ်ခင်မျိုးသွင်က ကိုယ်လုပ်မှ ကိုယ်စားရတာဆိုတဲ့ စကားအပေါ် အလေးအနက်ထားပြီး ရှင်းပြပြောနေတယ်။

“ကျမတို့ အပြောင်းအလဲလုပ်ချင်တယ်၊ မေးကြတယ်၊ မင်းတို့မှာ အပြောင်းအလဲလုပ်ဖို့ ခေါင်းဆောင်ရှိရဲ့လားလို့ မေးစရာရှိပါတယ်၊ ကျမတို့မှာ ခေါင်းဆောင်ကောင်း ရှိပါတယ်၊ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး အမေ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်၊ အမေ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူလူထုရဲ့ ကိုယ်စားသာ မကပါဘူး၊ ကမ္ဘာ့ပြည်သူလူထုကြီးရဲ့ကိုယ်စား ဖြစ်ပါတယ်၊ နောက်တခု မြန်မာပြည်မယ် ကိုယ်လုပ်မှ ကိုယ်စားရတာလို့ ပြောကြတယ်၊ မှန်ပါတယ်၊ ကိုယ်လုပ်မှ ကိုယ်စားရတာ၊ ဒါပေမယ့် ကိုယ်လုပ်မှ ကိုယ်စားရတဲ့ထဲမှာ ပြည့်ပြည့်၀၀ စားရရဲ့လားဆိုတာ သေချာ စဉ်စားကြည့်စေချင်ပါတယ်။”

ဟောပြောနေတဲ့သူစကား နားစွင့်ရင်း ဟောပြောပွဲ တက်လာသူတွေဘက် တချက် အကဲခတ်ကြည့်မိတော့ အမျိုးသမီးအများစုက စိတ်အားထက်ထက်သန်သန် ရှိလှတာ တွေ့ရတယ်။ ပရိသတ် ၁၀၀ လောက်ထဲမှာလည်း အမျိုးသမီးအရေအတွက်က များတယ်။

ရွာခံလူကြီးတချို့နဲ့ စကားစမြည် ပြောကြည့်တော့ ရွာသစ်ကြီးရွာမှာ တောင်သူအများစု နေထိုင်ပြီး တောင်ယာလုပ်ကြတယ်၊ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး မဲပေးနိုင်တဲ့သူ ၁၃၀၀ လောက် ရှိတယ်၊ သူတို့ဘက် အကြိတ်အနယ်ပြိုင်ရမယ့် ပါတီ ၂ ခုက တခြားမြို့နယ်တွေလိုပဲ အဖွဲ့ချုပ်နဲ့ ကြံ့ခိုင်ရေး၊ ရွာလူထုက နှစ်ဘက်စလုံးရဲ့ ဟောပြောပွဲ တက်နားထောင်ကြတယ်၊ အရင်က ကြံ့ခိုင်ရေးနယ်မြေလို ဖြစ်နေပေမယ့် အခု အဖွဲ့ချုပ်က မဲဆွယ်စည်းရုံးရေး ဆင်းလာတော့ အဖွဲ့ချုပ်ပြောတဲ့ ပြောင်းချိန်တန်ပြီဆိုတဲ့ စကားနဲ့ အဓိပ္ပါယ်သိလာတယ်၊ တချို့လည်း ဇဝေဇ၀ါဖြစ်နေတုန်း၊ ဒီလိုကြားသိတယ်။

အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း အောင်နိုင်ရေး အဖွဲ့ဝင်တွေ အဆိုအရတော့ ဇေယျာသီရိမြို့နယ်မှာ ရပ်ကွက် ၄ ခုနဲ့ ကျေးရွာပေါင်း ၆၈ ရွာရှိတယ်၊ ရပ်ကွက် ၂ ခုက စစ်တပ်နဲ့ မိသားစုနေတယ်၊ မဲပေးနိုင်သူ ၇၀၀၀၀ ကျော်မှာ တပ်မဲက ၂၀၀၀၀ လောက်ရှိတယ်၊ အဖွဲ့ချုပ် မဲဆွယ်ဖို့ ၀င်မရတဲ့ရွာ ၂ ခုရှိပြီး အဲ့ဒီရွာတွေက ပရဟိတအဖွဲ့တွေကို အမျိုးဘာသာအဖွဲ့တွေက ထိန်းချုပ်ထားတယ်၊ ဒီလိုတွေဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းက အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းကို တောက်ထုတ်လိုက်လို့ရတယ်လို့ အခုနောက်ပိုင်း ပုတ်ခတ်ပြောဆိုလာတယ်၊ သူတို့မှာ အပိုင်မဲတွေရှိတယ်လို့ ထုတ်ပြောလာတယ်ဆိုတာလည်း မသက်မသာ ကြားရတယ်။

အပိုင်မဲဆိုတာ ခုမှ ကြားရပြီး ကိုယ့်အတွက် အသစ်ဖြစ်နေတယ်၊ နေပြည်တော်ရောက်မှ ကြားရတဲ့ စကားတခွန်းဖြစ်ပြီး ဒီစကားကို ပြောတဲ့သူတွေကလည်း မကြာသေးခင်ကမှ စစ်တပ်က ကမန်းကတန်း အငြိမ်းစားယူပြီး ဖုတ်ပူမီးတိုက် ရွေးကောက်ပွဲဝင်ဖို့ လုပ်ခဲ့ကြသူတွေ ဖြစ်နေပြန်တယ်၊ သြော် ခုထိ ပြောထွက်ကြတုန်း၊ အပိုင်မဲတဲ့၊ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း ကြိုတင်မဲဆိုတာတွေနဲ့ ကျော်မကောင်း ကြားမကောင်း ဖြစ်ခဲ့ပြီးပြီ၊ အခုလည်း အပိုင်မဲဆိုတာ လာပြန်ချေပြီ၊ ပြောထွက်တဲ့ ကာယကံရှင်တွေနဲ့တွေ့မှ မေးကြည့်ရဦးမယ်၊ အပိုင်မဲတွေနဲ့ အပိုင်တိုင်းပြည် ထူထောင်ဦးမှာလားဗျာ။

နေပြည်တော်တခွင် ပြဲပြဲစင်အောင် သွားလာရင်း တွေ့ထိမိသမျှ ကားသမား၊ ဆိုက်ကယ်ကယ်ရီ၊ ဈေးသည်၊ ဂျာနယ်လက်ပွေ့ရောင်းတဲ့သူ၊ ရွှေဆိုင်ပိုင်ရှင်၊ ရွာဦးကျောင်းဘုန်းကြီး၊ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း စတဲ့စတဲ့သူတွေကို ရွေးကောက်ပွဲ ဘယ်သူနိုင်မလဲ မေးစမ်းကြည့်တော့ အဖြေက တခုပဲထွက်တယ်။ သူတို့မညစ်ရင်၊ မဲမခိုးရင် အန်အယ်လ်ဒီပဲ နိုင်မယ်တဲ့။ တနိုင်ငံလုံးအနှံ့ ဖြန့်ဝေနေတဲ့ သတင်းစာ ဂျာနယ်တွေ ဖတ်ကြည့်လိုက်ရင်လည်း အစိုးရသတင်းစာနှစ်စောင် စိမ်းနေတာကလွဲလို့ ကျန်သတင်းစာ ဂျာနယ်တွေ ရဲရဲတောက်နေတာ တွေ့မြင်ဖတ်ရှုနေရတယ်။ ဒီကြားထဲ ထူးထူးခြားခြားဖတ်ရတဲ့ သတင်းတပုဒ်က သမ္မတ ဦးသိန်းစိန် အမေရိကန်ရုပ်သံ သတင်းဌာနတခုကို ပြောလိုက်တဲ့ သတင်းဖြစ်တယ်။ ဘယ်ပါတီအနိုင်ရရ အာဏာကို ငြိမ်းချမ်းစွာ လွှဲပြောင်းပေးမယ်လို့ သမ္မတက ပြောလိုက်တာပါ။ ၁၉၉၀ တုန်းက ဗိုလ်ချုပ်ကြီးစောမောင် ပြောခဲ့တဲ့ ရွေးကောက်ပွဲပြီးရင် စစ်တပ်က ဘားတိုက်ပြန်မှာဆိုတဲ့စကား ပြေးပြီး ကြားယောင်မိတယ်။ စစ်ဗိုလ်ချုပ်တွေ ဒီတကြိမ် စကားတည်မှာလား၊ မယုံတ၀က် ယုံတ၀က်နဲ့ စောင့်ကြည့်လိုက်ဦးမယ်၊ လူထုကတော့ ပြောနေပြီ၊ သူတို့မညစ်ရင် အန်အယ်လ်ဒီပဲ နိုင်မယ်တဲ့။

ကိုရွှေအောင်
KoShweAung

By ရွှေအောင်
28 October 2015
Print
Email

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။