ခေတ်သစ် သုဘရာဇာများ
ကိုစိုးလင်းပိုင်ရဲ့ လက်နှစ်ဖက်က လက်ချောင်းတွေမှာ အရိုးခေါင်းပုံပါတဲ့ လက်စွပ်တွေ
ဝတ်ထားပါတယ်။ လက်ဖျံနှစ်ဖက်မှာလည်း ဆေးမင်ကြောင်တွေ ထိုးထားတာမို့ သူ့သွင်ပြင်က
ရော့ခ်ဂီတသမား တစ်ယောက် ပုံစံမျိုးပေါက်နေပါတယ်။
ဒါပေမဲ့ သူက ဂီတသမားတစ်ယောက်တော့ မဟုတ်ပါဘူး။ ပရဟိတသမားတစ်ယောက်
ဖြစ်ပါတယ်။
ရက်သတ္တပတ် တစ်ပတ်ကုန်ပြီးလို့ တနင်္လာနေ့ ညရောက်ပြီဆိုရင် နောက်တစ်နေ့
မနက်မှာ သွားရောက် လုပ်ကိုင်ရမယ့် သူ့ပရဟိတအလုပ်အတွက် အမြဲကြိုပြီး
ရင်ခုန်စိတ်လှုပ်ရှားတတ်သူလည်း ဖြစ်ပါတယ်။
မလုပ်ရရင် မနေတတ်တော့ဘူးလို့ပြောလာတဲ့ သူ့အလုပ်ကတော့ 'အလောင်းသယ်တဲ့ အလုပ်'၊
'မီးသင်္ဂြိုဟ်စက်ထဲက ပြန်ထွက်လာတဲ့ မှန်အခေါင်းတွေကို နောက်အသုဘအတွက်
ပြန်သုံးနိုင်အောင် သန့်ရှင်းရေးလုပ်ပေးတဲ့အလုပ်'ပဲ ဖြစ်ပါတယ်။
ဂျူတီချိန်နောက်ကျမှာကို သေမတတ်ကြောက်တယ်လို့ပြောတဲ့ ကိုစိုးလင်းပိုင် ဟာ အပတ်စဉ်
အင်္ဂါနေ့ မနက်တိုင်း အခမဲ့နာရေး ကူညီမှုအသင်း(ရန်ကုန်) ရုံးခန်းမှာ လက်မှတ်ဝင်ထိုးပြီးတာနဲ့
ရေဝေးမီးသင်္ဂြိုဟ်စက်ရှိရာ သုသာန်ကို အသင်းက ဖယ်ရီနဲ့ ခပ်စောစော ရောက်သွားလေ့ရှိပါတယ်။
သင်္ဂြိုဟ်စက်က ထွက်လာတဲ့ ညှော်နံ့တွေ၊ အလောင်းထည့်ထားတဲ့ အခေါင်းထဲက
အညစ်အကြေးတွေဟာ သူနဲ့ တော်တော်လေးကို ယဉ်ပါးနေပါပြီ။
"ဒီလိုနေ့ လာရမှာကို ပျော်နေတာ"လို့ သုဘရာဇာအလုပ်တွေအတွက် ငွေကြေးတစ်စုံတစ်ရာ
မယူဘဲ အားတက်သရော ကူညီနေတဲ့ ကိုစိုးလင်းပိုင် (၄၃ နှစ်)က ပြောပါတယ်။
ယေဘုယျအားဖြင့်ဆိုရရင် ငယ်သေးတာမို့ သေခြင်းတရားကို သံဝေဂယူဖို့ စောလွန်းတဲ့
သူ့အရွယ်လူငယ်လူရွယ်တွေဟာ နိမ့်ကျတဲ့ အလုပ်၊ ရွံ့စရာအလုပ်ရယ်လို့ တစ်ချိန်က
လူအများ သတ်မှတ်ထားတဲ့ ဒီအလုပ်မျိုးကို အားတက်သရော ကူညီလုပ်ကိုင်ပေးနေတာဟာ
နာရေးကိစ္စနဲ့ ပတ်သက်တဲ့ အယူသီးမှုနဲ့ အစွဲအလမ်းကြီးမှုတွေကို ကိုယ်တိုင်အခေါင်းထမ်းပြပြီး
ဖယ်ရှားပေးခဲ့တဲ့ ရန်ကုန်နာရေး ကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူကြောင့်လို့ ပြောပြပါတယ်။
"ပရဟိတဆိုတာ ဘာမှန်းမသိခင်တုန်းကတော့ ကျွန်တော်တို့လူငယ်တွေက လူသေတွေ့ရင်
ကြောက်ကြတယ်။ ဦးကျော်သူက နာရေးကိစ္စတွေ ကိုယ်တိုင် လုပ်ပြလာတော့ သူ့ကိုကြည့်ပြီး
အားကျတယ်။ ခုဆို နာရေးကိစ္စတစ်ခုခုနဲ့ ကြုံလာပြီဆိုရင် လူငယ်တွေက ကူညီဖို့ကို
စဉ်းစားလာကြတယ်"လို့ ရန်ကုန်နာရေးကူညီမှုအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုစိုးလင်းပိုင်က
ပြောပါတယ်။
သေသူရဲ့နောက်ဆုံးခရီးကို အဆင်ပြေချောမွေ့စေဖို့ လုပ်ကိုင်ပေးရတဲ့အလုပ်ကို မြင့်မြတ်တဲ့
အလုပ်တစ်ခုအဖြစ် လူအများ လက်ခံလာအောင် ပြောင်းလဲပေးခဲ့တဲ့ ဦးကျော်သူကို
လေးစားအားကျတဲ့အနေနဲ့ ကိုစိုးလင်းပိုင်တို့ သူငယ်ချင်း တစ်သိုက်ဟာ 'ကျော်သူခရေဇီ'အဖွဲ့ကို
ပြီးခဲ့တဲ့နှစ်က ဖွဲ့စည်းလိုက်ပြီး အဖွဲ့ဝင်တွေဟာ နာရေးကူညီတဲ့အလုပ်တွေကို ရေဝေးနဲ့
ထိန်ပင်သုသာန်မှာ အလှည့်ကျ ထမ်းဆောင်နေကြတာဖြစ်ပါတယ်။
ကိုစိုးလင်းပိုင်တို့အဖွဲ့ရဲ့ အလုပ်ကတော့ နာရေးရှင်လာပြီဆိုတာနဲ့ အလောင်းထည့်ဖို့အတွက်
နာရေးကူညီမှုအသင်း(ရန်ကုန်)က ကူညီပေးတဲ့ မှန်အခေါင်းကို ခန်းမထဲ ထည့်ပေးရပါတယ်။
အလောင်းပြင်ဆင်တာကိုတော့ နာရေးရှင်က လုပ်ကြပါတယ်။
ပြီးမှ မှန်အခေါင်းကို ကတ္တီပါစလေးအုပ်ပေးပြီး ခန်းမထဲကနေ ထုတ်ကာ မီးသင်္ဂြိုဟ်စက်ဆီကို
တွန်းပို့ပေးရပါတယ်။
မီးသင်္ဂြိုဟ်စက်ထဲကနေ မှန်အခေါင်း ပြန်ထွက်လာပြီဆို အခေါင်းထဲမှာ ကျန်နေတဲ့ ပန်းတွေကို
သန့်ရှင်းရေး ပြန်လုပ်ပေးတာ အခေါင်းကို မှန်ကြည်ဆေးရည်နဲ့ ပိုးသတ်ဆေးရည် ဖျန်းပေးတာမျိုး
လုပ်ပေးရပါတယ်။
ဒါကတော့ ရေဝေးမှာ တာဝန်ကျတဲ့ 'ကျော်သူ ခရေဇီ' အဖွဲ့ရဲ့ တစ်နေ့တာကူညီပေးမှုပဲ
ဖြစ်ပါတယ်။
"ပရဟိတအလုပ်ဆိုတာ အင်မတန်စွဲတဲ့ အလုပ်၊ မယုံရင် လုပ်ကြည့်ပါလား"လို့ ဆိုလာတဲ့
ကိုစိုးလင်းပိုင်က ပရဟိတအလုပ် မလုပ်ခင်မှာတော့ ဂစ်တာတီးလိုက်၊ မိတ်ဆွေတွေနဲ့
လက်ဖက်ရည်ဆိုင် ထိုင်လိုက်နဲ့ မိဘအတွက် တန်ဖိုးရှိတဲ့ လူတစ်ယောက် မဖြစ်ခဲ့ပါဘူးလို့လည်း
သူ့ကိုယ်သူ သုံးသပ်ပြောဆိုပါတယ်။
"ကျွန်တော်က အပျော်အပါးမက်တော့ အိမ်အတွက် အလကားလူလို ဖြစ်နေတယ်။
ဦးကျော်သူကြောင့် နာရေးကူညီခွင့်ရတော့ ကျွန်တော်ဟာ တန်ဖိုးရှိတဲ့လူတစ်ယောက်
ဖြစ်လာတယ်။ အသင်းက လူတွေကလည်း ကျွန်တော် နာရေးသွားကူတော့မယ်ဆို
သိပ်အထင်ကြီးကြတာ"လို့ ပရဟိတအလုပ်ကို ၂၀၁၀ ပြည့်နှစ်ကတည်းက
စတင်လုပ်ကိုင်လာခဲ့တဲ့ ကိုစိုးလင်းပိုင်က ပြောပါတယ်။
သူပြောတော့သာ လွယ်မလိုထင်ရတဲ့ နာရေးကူညီပေးတဲ့ အလုပ်ဟာ တကယ်တော့
စိတ်ပင်ပန်းစရာကောင်းလှပါတယ်။
တစ်ခါတစ်ရံမှာ ခွဲစိတ်ခန်းထဲက ထွက်လာတဲ့ အလောင်းတွေကနေ သွေးစတွေ၊
အညစ်အကြေးတွေ ကပ်ပါလာတတ်ပါတယ်။
ဒါပေမဲ့ သူများ မကိုင်ဝံ့တဲ့ အရာတွေကို ကိုယ်ထိလက်ထိ ကိုင်တွယ်ကူညီပေးလိုက်ရတဲ့အ တွက်
နာရေးရှင်တွေရဲ့အပူသောက ပေါ့ပါးသွားတာကို မြင်လိုက်ရတဲ့အခါ ဒီလိုအရာတွေက
သူတို့အတွက် ဘာမှမဟုတ်တော့ဘူးလို့ ဆိုပါတယ်။
"ကျွန်တော် ဒီအလုပ်ကို စလုပ်ကတည်းက ဒီနေ့ထိ ပျက်ရက်မရှိသေးဘူး (သိပ်မကြာခင်က
ကားတိုက်ခံရလို့ ပေါင်ကျိုးသွားတဲ့အတွက် ဆေးရုံတက်ရတာကလွဲရင်)။ အလုပ်ကို
နောက်လည်းမကျဘူး။ တစ်ပတ်တစ်ရက် လုပ်ရတာကိုပဲ အားမရဘူး။ ဒီကိုရောက်တာနဲ့
စိတ်ကို ပေါ့ပါးသွားတာပဲ"လို့ ကိုစိုးလင်းပိုင်က ပြောပါတယ်။
အလောင်းထမ်းတဲ့ အလုပ်၊ အခေါင်းသန့်ရှင်းရေး လုပ်တဲ့ အလုပ်တွေကို လူငယ်အများစုဟာ
ပရဟိတအလုပ်အဖြစ် လုပ်အားပေးလုပ်ရုံမျှမက တချို့လူငယ်တွေဟာ ဒီအလုပ်နဲ့တောင်
သက်မွေးဝမ်းကျောင်းပြုလာကြပါသေးတယ်။
လူမှုကူညီရေးအသင်း(သင်္ဃန်းကျွ န်း) ပရဟိတအသင်းက လူငယ်တစ်ယောက်ဖြစ်တဲ့
ကိုတင်မိုးဇော်ဆိုရင် ဒီအလုပ်ဟာ ကုသိုလ်လည်းရ ၀မ်းလည်းဝတာမို့ ရေဝေးသုသာန်မှာ
တစ်ပတ်ခြောက်ရက် လုပ်ငန်းခွင်ဝင်နေသူ ဖြစ်ပါတယ်။
"သူများ မလုပ်တဲ့ အလုပ်ဆိုတာ အမွန်မြတ်ဆုံးပဲလေ။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိပါတယ်။
တခြားအလုပ်လုပ်ရင် ကုသိုလ်ဆိုတာ လုပ်ဖြစ်ချင်မှ လုပ်ဖြစ်မှာပါ။ ဒီအလုပ်ကတော့
ကုသိုလ်လုပ်ရင်း ၀မ်းရေးပါ အဆင်ပြေတယ်"လို့ သူ့ခံယူချက်ကို ကိုတင်မိုးဇော်က ပြောပြပါတယ်။
အလုပ်စလုပ်တုန်းကတော့ ကြောက်တာမျိုး၊ ရွံ့တာမျိုးတို့ ဖြစ်မိပေမယ့် နောက်ပိုင်းတော့
ဒီလိုခံစားချက်မျိုးထက် ပီတိခံစားမှုမျိုးသာ ဖြစ်ပေါ်လာတယ်လို့လည်း သူက ဆိုပါတယ်။
"စိတ်ဆင်းရဲနေတဲ့ မိသားစုဝင်တွေကို ကိုယ်က လုပ်ပေးရတော့ သူတို့ စိတ်ချမ်းသာမှု
ရလာတာတွေရယ်၊ ကျွန်တော်က မရွံ့မရှာလုပ်ပေးတော့ သူတို့ ကျေနပ်တာလေးတွေကို
ကြည့်ပြီးပျော်လာတယ်"လို့ အသက် ၃၀ ၀န်းကျင်လောက်ရှိပုံရတဲ့ ကိုတင်မိုးဇော်က ပြောပါတယ်။
ရန်ကုန်မြို့ရဲ့ တချို့လမ်းတွေမှာ "အသုဘယာဉ် မ၀င်ရနဲ့ မထွက်ရတဲ့လမ်း"ဆိုပြီး လူတွေ
အယူသီးမှုတွေ ရှိနေကြတုန်းပါပဲ။ သူ့ကိုလည်း ဒီအလုပ်ကိုလုပ်တဲ့အတွက် ပတ်ဝန်းကျင်က
လူတချို့က အထင်သေးတဲ့ အကြည့်နဲ့ ကြည့်ကြနေကြတုန်းပါပဲ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှု အပြည့်ရှိတယ်လို့ ကိုတင်မိုးဇော်က ပြောပါတယ်။
"အဓိကကတော့ စိတ်ပါပဲ"လို့ သူက ဆိုပါတယ်။
ခုဆိုရင် ဒီအလုပ်ကို သာမန်လူတန်းစားတွေတင်မကဘဲ ချမ်းသာတဲ့ အသိုင်းအ၀ိုင်းက
ပရဟိတစိတ်ဝင်စားသူတချို့လည်း ပါဝင်လုပ်ကိုင် လာကြတဲ့အတွက် သူတို့လိုဝန်ထမ်းတွေ
အားတက်ရတယ်လို့လည်း ပြောပါတယ်။
မင်းသမီးတချို့နဲ့ လူသိများတဲ့ မော်ဒယ်တွေဖြစ်တဲ့ နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါစတဲ့ အနုပညာရှင်တွေ
နာရေးကူညီမှုအသင်းတွေမှာ ပါဝင်လှုပ်ရှားလာကြတာဟာလည်း ဒီလိုအလုပ်တွေအပေါ်
အယူသီးနေတဲ့ လူတွေရဲ့အမြင်ကို ပြောင်းလဲလာစေခဲ့ပါတယ်။
"ကျွန်တော်တို့က သင်္ချိုင်းထဲမှာပဲ မွေးတာလေ"လို့ သစ်သားအခေါင်းအပေါ်မှာ
ပလတ်စတစ်အဖြူစကို ကျွမ်းကျင်စွာကပ်နေတဲ့ ကိုမျိုးဝင်း (၃၅ နှစ်)က ပြောပါတယ်။
သူ့ဆိုင်လေးကတော့ ရေဝေးသုသာန်အနီးက ဆိတ်ငြိမ်တဲ့ အခေါင်းဆိုင်တန်းလေးမှာ ရှိပါတယ်။
သူ့အသက် ငါးနှစ်အရွယ်ကတည်းက မိဘတွေက ကြံတောသင်္ချိုင်းထဲမှာ အခေါင်းဆိုင်ဖွင့်ထားပြီး
အခေါင်းလုပ်တဲ့ အတတ်ပညာကိုလည်း ငယ်စဉ်ကတည်းက အမြင်နဲ့ သင်ကြားခဲ့တာလို့
ဆိုပါတယ်။
၁၉၉၇ ခုနှစ်မှာ ကြံတောသင်္ချိုင်းကို ပြောင်းရွှေ့တဲ့အခါ သင်္ချိုင်းဝင်းထဲက မိဘလက်ငုတ်
လက်ရင်းဆိုင် 'ဦးညွန့်ရီ' နာရေးပစ္စည်းအရောင်းဆိုင်လေး ဟာ ရေဝေးသုသာန်အနီးက
အခေါင်းအရောင်းဆိုင်တန်းလေး ဆီကို ပြောင်းရွှေ့လာခဲ့ပါတယ်။
'ဦးညွန့်ရီ' နာရေးပစ္စည်းအရောင်းဆိုင်မှာ တော့ ခရစ်ယာန်တွေနဲ့ တရုတ်လူမျိုး နာရေးတွေအတွက်
ကျွန်းသားနဲ့ ပြုလုပ်ထားတဲ့ အခေါင်းတွေကအစ ဈေးသက်သာတဲ့ မီးသဂြုင်္ိဟ်ရာမှာ သုံးတဲ့
အခေါင်းတွေကိုလည်း ပြုလုပ်ပါတယ်။
"အရင်တုန်းကတော့ လူတွေက အခေါင်းလုပ်တဲ့ သူဆိုတော့ အကြည့်က တစ်မျိုးပေါ့။ ခုတော့
လူမှုရေးအသင်းအဖွဲ့တွေက ဒါကို လုပ်ကိုင်လာကြတော့ ကျွန်တော်တို့အပေါ်မှာ
အမြင်ပြောင်းလာကြပါတယ်"လို့ ကိုမျိုးဝင်းက ပြောပါတယ်။
ပြီးတော့ သူက "ကျွန်တော်တို့သာ မရှိရင် အသုဘတွေကို ဘယ်လိုသဂြုင်္ိဟ်မှာလဲ"
ဆိုပြီးတော့လည်း ဆက်ပြောလိုက်ပြန်ပါသေးတယ်။
Print
ဇွန်ပန်းပွင့် | Tuesday, 20 October 2015
ကိုစိုးလင်းပိုင်ရဲ့ လက်နှစ်ဖက်က လက်ချောင်းတွေမှာ အရိုးခေါင်းပုံပါတဲ့ လက်စွပ်တွေ
ဝတ်ထားပါတယ်။ လက်ဖျံနှစ်ဖက်မှာလည်း ဆေးမင်ကြောင်တွေ ထိုးထားတာမို့ သူ့သွင်ပြင်က
ရော့ခ်ဂီတသမား တစ်ယောက် ပုံစံမျိုးပေါက်နေပါတယ်။
ဒါပေမဲ့ သူက ဂီတသမားတစ်ယောက်တော့ မဟုတ်ပါဘူး။ ပရဟိတသမားတစ်ယောက်
ဖြစ်ပါတယ်။
ရက်သတ္တပတ် တစ်ပတ်ကုန်ပြီးလို့ တနင်္လာနေ့ ညရောက်ပြီဆိုရင် နောက်တစ်နေ့
မနက်မှာ သွားရောက် လုပ်ကိုင်ရမယ့် သူ့ပရဟိတအလုပ်အတွက် အမြဲကြိုပြီး
ရင်ခုန်စိတ်လှုပ်ရှားတတ်သူလည
မလုပ်ရရင် မနေတတ်တော့ဘူးလို့ပြောလာတဲ့
'မီးသင်္ဂြိုဟ်စက်ထဲက ပြန်ထွက်လာတဲ့ မှန်အခေါင်းတွေကို နောက်အသုဘအတွက်
ပြန်သုံးနိုင်အောင် သန့်ရှင်းရေးလုပ်ပေးတဲ့အလုပ
ဂျူတီချိန်နောက်ကျမှာကို သေမတတ်ကြောက်တယ်လို့ပြောတဲ့
အင်္ဂါနေ့ မနက်တိုင်း အခမဲ့နာရေး ကူညီမှုအသင်း(ရန်ကုန်) ရုံးခန်းမှာ လက်မှတ်ဝင်ထိုးပြီးတာနဲ့
ရေဝေးမီးသင်္ဂြိုဟ်စက်ရှိရာ သုသာန်ကို အသင်းက ဖယ်ရီနဲ့ ခပ်စောစော ရောက်သွားလေ့ရှိပါတယ်။
သင်္ဂြိုဟ်စက်က ထွက်လာတဲ့ ညှော်နံ့တွေ၊ အလောင်းထည့်ထားတဲ့ အခေါင်းထဲက
အညစ်အကြေးတွေဟာ သူနဲ့ တော်တော်လေးကို ယဉ်ပါးနေပါပြီ။
"ဒီလိုနေ့ လာရမှာကို ပျော်နေတာ"လို့ သုဘရာဇာအလုပ်တွေအတွက် ငွေကြေးတစ်စုံတစ်ရာ
မယူဘဲ အားတက်သရော ကူညီနေတဲ့ ကိုစိုးလင်းပိုင် (၄၃ နှစ်)က ပြောပါတယ်။
ယေဘုယျအားဖြင့်ဆိုရရင် ငယ်သေးတာမို့ သေခြင်းတရားကို သံဝေဂယူဖို့ စောလွန်းတဲ့
သူ့အရွယ်လူငယ်လူရွယ်တွေဟာ နိမ့်ကျတဲ့ အလုပ်၊ ရွံ့စရာအလုပ်ရယ်လို့ တစ်ချိန်က
လူအများ သတ်မှတ်ထားတဲ့ ဒီအလုပ်မျိုးကို အားတက်သရော ကူညီလုပ်ကိုင်ပေးနေတာဟာ
နာရေးကိစ္စနဲ့ ပတ်သက်တဲ့ အယူသီးမှုနဲ့ အစွဲအလမ်းကြီးမှုတွေကို ကိုယ်တိုင်အခေါင်းထမ်းပြပြီ
ဖယ်ရှားပေးခဲ့တဲ့ ရန်ကုန်နာရေး ကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူကြောင့်လို့ ပြောပြပါတယ်။
"ပရဟိတဆိုတာ ဘာမှန်းမသိခင်တုန်းကတော့ ကျွန်တော်တို့လူငယ်တွေက လူသေတွေ့ရင်
ကြောက်ကြတယ်။ ဦးကျော်သူက နာရေးကိစ္စတွေ ကိုယ်တိုင် လုပ်ပြလာတော့ သူ့ကိုကြည့်ပြီး
အားကျတယ်။ ခုဆို နာရေးကိစ္စတစ်ခုခုနဲ့ ကြုံလာပြီဆိုရင် လူငယ်တွေက ကူညီဖို့ကို
စဉ်းစားလာကြတယ်"လို့ ရန်ကုန်နာရေးကူညီမှုအသင်းရဲ့
ပြောပါတယ်။
သေသူရဲ့နောက်ဆုံးခရီးကို အဆင်ပြေချောမွေ့စေဖို့ လုပ်ကိုင်ပေးရတဲ့အလုပ်ကို မြင့်မြတ်တဲ့
အလုပ်တစ်ခုအဖြစ် လူအများ လက်ခံလာအောင် ပြောင်းလဲပေးခဲ့တဲ့ ဦးကျော်သူကို
လေးစားအားကျတဲ့အနေနဲ့ ကိုစိုးလင်းပိုင်တို့ သူငယ်ချင်း တစ်သိုက်ဟာ 'ကျော်သူခရေဇီ'အဖွဲ့ကို
ပြီးခဲ့တဲ့နှစ်က ဖွဲ့စည်းလိုက်ပြီး အဖွဲ့ဝင်တွေဟာ နာရေးကူညီတဲ့အလုပ်တွေကို ရေဝေးနဲ့
ထိန်ပင်သုသာန်မှာ အလှည့်ကျ ထမ်းဆောင်နေကြတာဖြစ်ပါတယ်။
ကိုစိုးလင်းပိုင်တို့အဖွဲ့ရ
နာရေးကူညီမှုအသင်း(ရန်ကုန်)က
အလောင်းပြင်ဆင်တာကိုတော့ နာရေးရှင်က လုပ်ကြပါတယ်။
ပြီးမှ မှန်အခေါင်းကို ကတ္တီပါစလေးအုပ်ပေးပြီး ခန်းမထဲကနေ ထုတ်ကာ မီးသင်္ဂြိုဟ်စက်ဆီကို
တွန်းပို့ပေးရပါတယ်။
မီးသင်္ဂြိုဟ်စက်ထဲကနေ မှန်အခေါင်း ပြန်ထွက်လာပြီဆို အခေါင်းထဲမှာ ကျန်နေတဲ့ ပန်းတွေကို
သန့်ရှင်းရေး ပြန်လုပ်ပေးတာ အခေါင်းကို မှန်ကြည်ဆေးရည်နဲ့ ပိုးသတ်ဆေးရည် ဖျန်းပေးတာမျိုး
လုပ်ပေးရပါတယ်။
ဒါကတော့ ရေဝေးမှာ တာဝန်ကျတဲ့ 'ကျော်သူ ခရေဇီ' အဖွဲ့ရဲ့ တစ်နေ့တာကူညီပေးမှုပဲ
ဖြစ်ပါတယ်။
"ပရဟိတအလုပ်ဆိုတာ အင်မတန်စွဲတဲ့ အလုပ်၊ မယုံရင် လုပ်ကြည့်ပါလား"လို့ ဆိုလာတဲ့
ကိုစိုးလင်းပိုင်က ပရဟိတအလုပ် မလုပ်ခင်မှာတော့ ဂစ်တာတီးလိုက်၊ မိတ်ဆွေတွေနဲ့
လက်ဖက်ရည်ဆိုင် ထိုင်လိုက်နဲ့ မိဘအတွက် တန်ဖိုးရှိတဲ့ လူတစ်ယောက် မဖြစ်ခဲ့ပါဘူးလို့လည်း
သူ့ကိုယ်သူ သုံးသပ်ပြောဆိုပါတယ်။
"ကျွန်တော်က အပျော်အပါးမက်တော့ အိမ်အတွက် အလကားလူလို ဖြစ်နေတယ်။
ဦးကျော်သူကြောင့် နာရေးကူညီခွင့်ရတော့ ကျွန်တော်ဟာ တန်ဖိုးရှိတဲ့လူတစ်ယောက်
ဖြစ်လာတယ်။ အသင်းက လူတွေကလည်း ကျွန်တော် နာရေးသွားကူတော့မယ်ဆို
သိပ်အထင်ကြီးကြတာ"လို့ ပရဟိတအလုပ်ကို ၂၀၁၀ ပြည့်နှစ်ကတည်းက
စတင်လုပ်ကိုင်လာခဲ့တဲ့ ကိုစိုးလင်းပိုင်က ပြောပါတယ်။
သူပြောတော့သာ လွယ်မလိုထင်ရတဲ့ နာရေးကူညီပေးတဲ့ အလုပ်ဟာ တကယ်တော့
စိတ်ပင်ပန်းစရာကောင်းလှပါတယ
တစ်ခါတစ်ရံမှာ ခွဲစိတ်ခန်းထဲက ထွက်လာတဲ့ အလောင်းတွေကနေ သွေးစတွေ၊
အညစ်အကြေးတွေ ကပ်ပါလာတတ်ပါတယ်။
ဒါပေမဲ့ သူများ မကိုင်ဝံ့တဲ့ အရာတွေကို ကိုယ်ထိလက်ထိ ကိုင်တွယ်ကူညီပေးလိုက်ရတဲ့အ
နာရေးရှင်တွေရဲ့အပူသောက ပေါ့ပါးသွားတာကို မြင်လိုက်ရတဲ့အခါ ဒီလိုအရာတွေက
သူတို့အတွက် ဘာမှမဟုတ်တော့ဘူးလို့ ဆိုပါတယ်။
"ကျွန်တော် ဒီအလုပ်ကို စလုပ်ကတည်းက ဒီနေ့ထိ ပျက်ရက်မရှိသေးဘူး (သိပ်မကြာခင်က
ကားတိုက်ခံရလို့ ပေါင်ကျိုးသွားတဲ့အတွက် ဆေးရုံတက်ရတာကလွဲရင်)။ အလုပ်ကို
နောက်လည်းမကျဘူး။ တစ်ပတ်တစ်ရက် လုပ်ရတာကိုပဲ အားမရဘူး။ ဒီကိုရောက်တာနဲ့
စိတ်ကို ပေါ့ပါးသွားတာပဲ"လို့ ကိုစိုးလင်းပိုင်က ပြောပါတယ်။
အလောင်းထမ်းတဲ့ အလုပ်၊ အခေါင်းသန့်ရှင်းရေး လုပ်တဲ့ အလုပ်တွေကို လူငယ်အများစုဟာ
ပရဟိတအလုပ်အဖြစ် လုပ်အားပေးလုပ်ရုံမျှမက တချို့လူငယ်တွေဟာ ဒီအလုပ်နဲ့တောင်
သက်မွေးဝမ်းကျောင်းပြုလာကြပ
လူမှုကူညီရေးအသင်း(သင်္ဃန်းကျွ
ကိုတင်မိုးဇော်ဆိုရင် ဒီအလုပ်ဟာ ကုသိုလ်လည်းရ ၀မ်းလည်းဝတာမို့ ရေဝေးသုသာန်မှာ
တစ်ပတ်ခြောက်ရက် လုပ်ငန်းခွင်ဝင်နေသူ ဖြစ်ပါတယ်။
"သူများ မလုပ်တဲ့ အလုပ်ဆိုတာ အမွန်မြတ်ဆုံးပဲလေ။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိပါတယ်။
တခြားအလုပ်လုပ်ရင် ကုသိုလ်ဆိုတာ လုပ်ဖြစ်ချင်မှ လုပ်ဖြစ်မှာပါ။ ဒီအလုပ်ကတော့
ကုသိုလ်လုပ်ရင်း ၀မ်းရေးပါ အဆင်ပြေတယ်"လို့ သူ့ခံယူချက်ကို ကိုတင်မိုးဇော်က ပြောပြပါတယ်။
အလုပ်စလုပ်တုန်းကတော့ ကြောက်တာမျိုး၊ ရွံ့တာမျိုးတို့ ဖြစ်မိပေမယ့် နောက်ပိုင်းတော့
ဒီလိုခံစားချက်မျိုးထက် ပီတိခံစားမှုမျိုးသာ ဖြစ်ပေါ်လာတယ်လို့လည်း သူက ဆိုပါတယ်။
"စိတ်ဆင်းရဲနေတဲ့ မိသားစုဝင်တွေကို ကိုယ်က လုပ်ပေးရတော့ သူတို့ စိတ်ချမ်းသာမှု
ရလာတာတွေရယ်၊ ကျွန်တော်က မရွံ့မရှာလုပ်ပေးတော့ သူတို့ ကျေနပ်တာလေးတွေကို
ကြည့်ပြီးပျော်လာတယ်"လို့ အသက် ၃၀ ၀န်းကျင်လောက်ရှိပုံရတဲ့ ကိုတင်မိုးဇော်က ပြောပါတယ်။
ရန်ကုန်မြို့ရဲ့ တချို့လမ်းတွေမှာ "အသုဘယာဉ် မ၀င်ရနဲ့ မထွက်ရတဲ့လမ်း"ဆိုပြီး လူတွေ
အယူသီးမှုတွေ ရှိနေကြတုန်းပါပဲ။ သူ့ကိုလည်း ဒီအလုပ်ကိုလုပ်တဲ့အတွက် ပတ်ဝန်းကျင်က
လူတချို့က အထင်သေးတဲ့ အကြည့်နဲ့ ကြည့်ကြနေကြတုန်းပါပဲ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှု အပြည့်ရှိတယ်လို့ ကိုတင်မိုးဇော်က ပြောပါတယ်။
"အဓိကကတော့ စိတ်ပါပဲ"လို့ သူက ဆိုပါတယ်။
ခုဆိုရင် ဒီအလုပ်ကို သာမန်လူတန်းစားတွေတင်မကဘဲ ချမ်းသာတဲ့ အသိုင်းအ၀ိုင်းက
ပရဟိတစိတ်ဝင်စားသူတချို့လည်
အားတက်ရတယ်လို့လည်း ပြောပါတယ်။
မင်းသမီးတချို့နဲ့ လူသိများတဲ့ မော်ဒယ်တွေဖြစ်တဲ့ နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါစတဲ့ အနုပညာရှင်တွေ
နာရေးကူညီမှုအသင်းတွေမှာ ပါဝင်လှုပ်ရှားလာကြတာဟာလည်း ဒီလိုအလုပ်တွေအပေါ်
အယူသီးနေတဲ့ လူတွေရဲ့အမြင်ကို ပြောင်းလဲလာစေခဲ့ပါတယ်။
"ကျွန်တော်တို့က သင်္ချိုင်းထဲမှာပဲ မွေးတာလေ"လို့ သစ်သားအခေါင်းအပေါ်မှာ
ပလတ်စတစ်အဖြူစကို ကျွမ်းကျင်စွာကပ်နေတဲ့ ကိုမျိုးဝင်း (၃၅ နှစ်)က ပြောပါတယ်။
သူ့ဆိုင်လေးကတော့ ရေဝေးသုသာန်အနီးက ဆိတ်ငြိမ်တဲ့ အခေါင်းဆိုင်တန်းလေးမှာ ရှိပါတယ်။
သူ့အသက် ငါးနှစ်အရွယ်ကတည်းက မိဘတွေက ကြံတောသင်္ချိုင်းထဲမှာ အခေါင်းဆိုင်ဖွင့်ထားပြီး
အခေါင်းလုပ်တဲ့ အတတ်ပညာကိုလည်း ငယ်စဉ်ကတည်းက အမြင်နဲ့ သင်ကြားခဲ့တာလို့
ဆိုပါတယ်။
၁၉၉၇ ခုနှစ်မှာ ကြံတောသင်္ချိုင်းကို ပြောင်းရွှေ့တဲ့အခါ သင်္ချိုင်းဝင်းထဲက မိဘလက်ငုတ်
လက်ရင်းဆိုင် 'ဦးညွန့်ရီ' နာရေးပစ္စည်းအရောင်းဆိုင်လေး
အခေါင်းအရောင်းဆိုင်တန်းလေး
'ဦးညွန့်ရီ' နာရေးပစ္စည်းအရောင်းဆိုင်မှာ
ကျွန်းသားနဲ့ ပြုလုပ်ထားတဲ့ အခေါင်းတွေကအစ ဈေးသက်သာတဲ့ မီးသဂြုင်္ိဟ်ရာမှာ သုံးတဲ့
အခေါင်းတွေကိုလည်း ပြုလုပ်ပါတယ်။
"အရင်တုန်းကတော့ လူတွေက အခေါင်းလုပ်တဲ့ သူဆိုတော့ အကြည့်က တစ်မျိုးပေါ့။ ခုတော့
လူမှုရေးအသင်းအဖွဲ့တွေက ဒါကို လုပ်ကိုင်လာကြတော့ ကျွန်တော်တို့အပေါ်မှာ
အမြင်ပြောင်းလာကြပါတယ်"လို့
ပြီးတော့ သူက "ကျွန်တော်တို့သာ မရှိရင် အသုဘတွေကို ဘယ်လိုသဂြုင်္ိဟ်မှာလဲ"
ဆိုပြီးတော့လည်း ဆက်ပြောလိုက်ပြန်ပါသေးတယ်။
ဇွန်ပန်းပွင့် | Tuesday, 20 October 2015
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။